Thursday, November 28, 2013

"မြတ်ဗုဒ္ဓ၏ ကြည်ညိုဖွယ်ရာ (၁၀၈)ကွက် စက်လက္ခဏာတော်"

"မြတ်ဗုဒ္ဓ၏ ကြည်ညိုဖွယ်ရာ (၁၀၈)ကွက် စက်လက္ခဏာတော်" !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!


မြတ်ဗုဒ္ဓဘုရားရှ င်တော်မြတ်၏ အတုမရှိထူးခြားမွန်မြတ်လှသည့် ခြေတော်ရာတို့ကို “စက္ကေနင်္ကိတ ပါဒလက္ခဏာတော်”ဟူ၍လည်းကောင်း၊”စက်တော်ရာ၊စက်လက္ခဏာတော်”ဟူ၍လည်းကောင်းခေါ်ဆိုကြပါသည်။ယင်းခြေတော်ရာသည် ဗုဒ္ဓြ့မတ်စွာ၏ြေ ခဖ၀ါးတော်အပြင်တို့တွင် အကန့်တစ်ထောင်၊ အ ကွပ်တံကူ(အနားရေး၊ နခမ်းသတ်) ပုံတောင်ဗဟိုချက်မနှင့် (၁၀၈)ကွက် စက်လက္ခဏာတော်တို့နှင့် တင့်တယ်စွာပါရှိလေ၏။


ဗုဒ္ဓမြတ်စွာ၏ပါရ မီတော်ကြောင့်ဖြ စ်ပေါ်လာသော ထို(၁၀၈)ကွက်စက်လက္ခဏာ ခြေတော်ရာ တို့၏တန်ခိုးတော်ကြောင့် ဗုဒ္ဓမြတ်စွာကြွချီတော်မူရာအရပ်ေ ဒသများမှ မြေသားတို့သည် နှိမ့်ခြင်း၊ မောက်ခြင်း၊ချို င့်ဖြစ်ခြင်း၊မရှိတော့ပဲ မြေအပြင်သည် ဗုဒ္ဓမြတ်စွာကြွေ တ်ာမူရာလမ်းတလျှောက်တွင် သူ့အလိုအလျှောက် ညီညာပြန့်ပြူးကြလေ၏။ မြေသားနိမ့်သောအရပ်သည် မြေသားများမြင့် တက်လာပြီး၊ မြင့်မောက်သောအရ ပ်သည်လည်း မြေသားတို့သည် ညီညာချောမွေ့လာပြီး၊လမ်းတစ်လျှောက်ရှိ အမိုက်သရိုက်၊အညစ်အကြေးမှန်သမျှတို့သည် ဗုဒ္ဓမြတ်စွာမကြွ မှီကပင် အဝေးသို့လွှင့်ပျောက် ကြကု န်၏။


ဗုဒ္ဓမြတ်စွာသည် ထိုသို့ကြွတော်မူသော်လည်း ဗုဒ္ဓမြတ်စွာ၏ခြေ တော်အစုံမှ ခြေရာတော်လုံး ၀ထင်ကျန်မနေရစ်ခဲ့ပေ။ ကြွတော်မူရာနေရာ တိုင်းတွင် ဗုဒ္ဓမြတ်စွာ၏ခြေ တော်ရာများထင်ကျ န်နေရစ် ပါက သတ္တ၀ါတို့သည် ထိုခြေတော်ရာတို့ကို ကျော်ခွခြင်း၊ နင်းလျှောက်ခြင်းစသည်တို့ပြုသည်အခါ အကု သိုလ်အပြစ်ဖြစ်မ ည်ကို သနားတော်မူသေြာေ ကာင့် ကြွတော်မူရာလမ်းတစ်လျှောက်တွင် ခြေတော်ရာ မထင်ကျန်ရစ်စေရန တန်ခိုးတော်ဖြင့် အဓိဋ္ဌာန်းပြုကြွေ တ်ာမူသောကြောင့် ခြေရာတော်များ မထင် ကျန်ရစ်ခြင်းဖြစ်၏။ထို့အပြင် ဗုဒ္ဓမြတ်စွာသည် အလွန်နူးညံ့ခြင်းနှင့် အားကြီးတော်မူခြ င်းကြောင်းလည်း ခြေတော်ရာမထင်ဖြ စ်ဖြစ်၏။ “လူ၊နတ်၊နဂါး၊အစရှိသောသူတို့သည် ခြေတော်ရာကို ပူဇော်ကြည်ညိုလိ သည့်အတွက် တောင်းပန်လျှောက်ထားသောအခါ” ကုသိုလ်အကျိုးရည်မျှော်ကိုး၍ (၁၀၈)ကွက်စက်လ က္ခဏာတော်နှင့် ပြည့်စုံတော်မူသည့် ခြေတော်ကိုချထား တော်မူလေ့ရှိ၏။


ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် ခြေတော်ရာချထားေ တ်ာမူသဖြင့် ခြေတော်ရာ ထင်ကျန်တော်မူ ရစ်သည့် ပါဒခြေတော်ရာစေတီတော် (၉)ဆူရှိကြောင်းကို ဓမ္မကျမ်းဂန်တို့တွင် တွေ့ရှိရပါသည်။ ထိုပါဒ ခြေတော်ရာ(၉)ဆူတို့မှာ-(၁) ဒေါဏပုဏ္ဏာကြီး၏ အကျိုးအတွက် ချထားတော်မူခဲ့ေ သာ “ဥက္ကဋ္ဌမြို့နှင့် သေတဗျမြို့”တို့၏အကြားတွင် ချထားတော်မူခဲ့သည့် ပါဒစေတီတော်တစ်ဆူ” (၂) မာဂဏ္ဍီပုဏ္ဏားဇနီးမောင်နှံတို့၏ အကျိုးအတွက် ချထားတော်မူခဲ့သော “ကမ္မာသဒနိဂုမ်းရွာကြီးနှင့် တောအုပ်အကြား”တွင်ချထားတော်မူခဲ့သည့် ပါဒစေတီတော်တစ်ဆူ။ (၃) ကုက္ကဋမိတ္တမုဆိုးသားအဖတို့၏ အကျိုးအတွက် ချထားတော်မူခဲ့သော “ရာဇဂြိုဟ်မြို့ တော်အနီးတော်အုပ်အတွင်း” မှာ ချထားတော်မူခဲ့သည့် ပါဒစေတီတော်တစ်ဆူ။ (၄) အဇိတရသေ့နှင့် နောက်ပါရသေ့အများအကျိုးအတွက် ချထားတော်မူခဲ့သော “သာဝတ္ထိပြည်၊ဇေတ၀န်ကျောင်းတိုက် တော်အတွင်ရှိ ဗုဒ္ဓမြတ်စွာသီတင်းသုံးတော်မူရာဂန္ဓကုဋီကျောင်းတော်”အနီးတွင် ချထားတော်မူခဲ့သည့် ပါဒခြေတော်ရာတစ်ဆူ။ (၅) အရှင်သာရိပုတ္တရာအလောင်း၏ အကျိုးအတွက်ချထားတော်မူခဲ့သော “ဟိမ၀န္တာတောင်ဝှ မ်းအတွင်း” ချထားတော်မူခဲ့သည့် ပါဒခြေတော်ရာတစ်ဆူ။ (၆) နမ္မဒါ နဂါးမင်းမှ ပူဇော်ကိုးကွယ်ြ ကည်ညိုရန်အတွက် တောင်ပန်လျှောက် ထားသဖြင့်”သုနာပရန္တတိုင်း၊ နမဒါမြစ်ကမ်းအနီး (ယခု-မြန်မာနိုင်ငံ၊ မကွေးတိုင်း၊မင်းဘူး-စကုမြို့နယ်၊မန်းစက်တော်ရာ-ရွှေစက်ရာ”တွင် ထာဝရပူးဇော်နိုင်ရန်ချထားတော်မူခဲ့သည့် ပါဒခြေတော်ရာတစ် ဆူ။ (၇) သစ္စာဗန္ဓရဟန္တာမထေရ်မြတ်မှ တောင်းပန်လျှောက်ထားသဖြင့် “သစ္စာဗန္ဓတော်ပေါ် ကျောက်ဖြာထက်တွင်” ထာဝရပူဇော်နိုင် ရန်ချထားတော်မူခဲ့သည့် ပါဒခြေတော်ရာတစ် ဆူ။ (၈) သုမနနတ်မင်းမှ တောင်းပန်လျှောက်ထားသဖြင့် “သီဟိုဠ်ကွန်(ယ္ခု) သီရိလင်္ကာနိုင်ငံ၊ သမန္တကူဋ သုမနတောင်တော်ပေါ်”တွင် ထာဝရပူဇော်နိုင် ရန် ချထားတော်မူခဲ့သည့် ပါဒခြေတော်ရာတစ် ဆူ ထိုပါဒခြေတော်ရာ (၈)ဆူတို့တွင် ရှေ့(၅)ဆူတို့သည် မြင်တော်မူလိုသည ဆိုင်ရာသူများဖူးမြင်ပြီး အကျိုးရရှိပြီးေ သာအခါတွင် အလိုအလျှောက်ပျောက်ကွယ်သွားပြီး၊ နောက်ဆုံး (၃)ဆူကိုသာ လူ၊ နတ်ဗြဟ္မာသတ္တာတို့ အစဉ်အမြဲ ကုသိုလ်တော်ယူ ဖူမြော်ကြည်ညိုနိုင်ရန် ထာဝရထင်ကျန်ရစ်ေ အာင် ချထားတော်မူခြင်းဖြစ်ပါသည်။


ဗုဒ္ဓမြတ်စွာ၏ အံ့သြကြည်ညိုဖွယ်ရာ (၁၀၈)ကွက်သော စက်လက္ခဏာတော်တို့ကို စာဖတ် ပရိဿတ်တို့အား ဗဟုသုတတိုးပွား ကုသိုလ်များစေရန်အတွက် အကျဉ်းမျှ ရေးသားပူဇော်ပါမ ည်။ ထိုစက်လက္ခဏာတော် (၁၀၈)ပါးတို့မှာ -(၁) သတ္တိ=လှံမပုံတော် (၂) ဆီရိဝစ္ဆ=ကျက်သရေတိုက်တော (အိမ်မွန်တော်)ပုံ (၃) နန္ဒိယာဝဋ္ဋ=ဇာလပ်ပန်းသဏ္ဍာန်က လာပ်တော်ပုံ (၄) သောဝတ္ထိက =လည်ရေးသုံးဆင့်တော်ပုံ (၅) ၀ဋံသကာ=ဦးဆောက်ပန်းတော်ပုံ (၆) ထမင်းပွဲပုံတော် (သို့) ယောင်္ကျားတဦးက အခြားတဦးကိုထမ်းသည့်ပုံတော် (ရ) ဘဒ္ဒပိဋ္ဌ=ရွှေအင်းပျဉ် (သို့) ရွှေသလွန်တော်ပုံ (၈) အင်္ကုသ=ရွှေချွန်းတောင်းပုံတော် (၉) ပါသာဒ=ရွှေပြာသာဒ်ပုံတော် (၁၀) တောရဏ=တံခါးတိုင်(သို့) တံတိုင်းပုံတော် (၁၁) သေတစ္ဆတ္တ= ထီးဖြူတော်ပုံ (၁၂) ခဂ္ဂ=သန်လျက်ပုံတော် (၁၃) တာရ၀ဏ္ဍ=ထန်းရွက်ယပ်ဝန်းတော်ပုံ (၁၄) မယုရဟတ္ထ= ဥဒေါင်းမြီးယပ်ပုံတော် (၁၅) ဥဏှိသ=သင်းကျစ်တော်ပုံ (၁၆) ပတ္တမြားကျောက်မျက်ရတနာပုံတော် (၁၇) အရောင်တဖိတ်ဖိတ်လက်သော သပိတ်တော်ပုံ (၁၈) မြတ်လေးပန်းဆိုင်း (သို့)မုလေးပန်း ဆိုင်းပုံတော် (၁၉) ကြာညို (ကြာပြာ) ပုံတော် (၂၀) ကြာနီးပုံတော် (၂၁) ကြာဖြူပုံတော် (၂၂) ပဒုမ္မာကြာပုံတော် (၂၃) ပုဏ္ဍရတ်ကြာ ပုံတော် (၂၄) ရေပြည့်အိုး ပုံတော် (၂၅) ရေပြည့်ဖလားပုံတော် (၂၆) မဟာသမုဒ္ဒရာပုံတော် (၂၇) စကြာဝဠာတော် ပုံတော် (၂၈) ဟိမ၀န္တာတောင် ပုံတော် (၂၉) မြင့်မိုရ်တောင် ပုံတော် (၃၀) နေ၀န်း ပုံတော် (၃၁) လ၀န်း ပုံတော် (၃၂) နက္ခတ်၊တာရာများ ပုံတော် (၃၃) ကျွန်းငယ်အရံ နှစ်ထောင်နှင့်တ ကွသော အရှေ့ကျွန်း ပုံတော် (၃၄) ကျွန်းငယ်အရံ နှစ်ထောင်နှင့်တ ကွသော အနောက်ကျွန်း ပုံတော် (၃၅) ကျွန်းငယ်အရံ နှစ်ထောင်နှင့်တ ကွသော မြောက်ကျွန်း ပုံတော် (၃၆) ကျွန်းငယ်အရံ နှစ်ထောင်နှင့်တ ကွသော ဇမ္ဗူဒိပ် (တောင်) ကျွန်း ပုံတော် (၃၇) အခြွေအရံပရိဿတ်၊ ရတနာခုနှစ်ပါးနှ င့်ပြည့်စုံသော စကြ၀တေးမင်း ပုံတော် (၃၈) လက်ယာရစ် ခရုသင်းဖြူ ပုံတော် (၃၉) ရွှေငါးကြင်း အစုံ ပုံတော် (၄၀) စက်လက်နက် ပုံတော် (၄၁) ဆားငံသမုဒ္ဒရာ ပုံတော် (၄၂) ကြံရည်အဆင်းရှိသော သမုဒ္ဒရာ ပုံတော် (၄၃) သေရည်အဆင်းရှိသော သမုဒ္ဒရာ ပုံတော် (၄၄) အမှုခပ်သိမ်းပြီးစေသော သမုဒ္ဒရာပုံတော် (၄၅) နို့ဓမ်းအဆင်းရှိသော သမုဒ္ဒရာပုံတော် (၄၆) နို့ရည်အဆင်းရှိသော သမုဒ္ဒရာပုံတော် (၄၇) ရေချိုသမုဒ္ဒရာ ပုံတော် (၄၈) ယုဂန္ဓတောင် ပုံတော် (၄၉) ဤသဓတောင် ပုံတော် (၅၀) ကရ၀ိကတောင် ပုံတော် (၅၁) သုဒဿနတောင် ပုံတော် (၅၂) နေမိန္ဓတောင် ပုံတော် (၅၃) ၀ိနတကတောင် ပုံတော် (၅၄) အဿကဏ္ဏတောင်ပုံတော် (၅၅) အနောတတ္တရေအိုင် ပုံတော် (၅၆) ကဏ္ဏမုဏ္ဍရေအိုင် ပုံတော် (၅၇) ရထကာရ ရေအိုင်ပုံတော် (၅၈) ဆန္ဒန္တရေအိုင် ပုံတော် (၅၉) ကုဏာလရေအိုင် ပုံတော် (၆၀) မဏ္ဍကိနီရေအိုင် ပုံတော် (၆၁) သီဟပ္ပပါတ ရေအိုင်ပုံတော် (၆၂) ဂဠုန်ငှက်မင်း ပုံတော် (၆၃) မိကျောင်းမင်း ပုံတော် (၆၄) တံခွန်လျားပုံတော် (၆၅) တံခွန်ကုက္ကား ပုံတော် (၆၆) ရတနာသံလျင်း ပုံတော် (၆၇) ရွှေစာမရီသားမြီး ယပ်တောင် ပုံတော် (၆၈) ကေလာသငွေတောင် ပုံတော် (၆၉) ခြင်္သေ့မင်း ပုံတော် (၇၀) ကျားမင်း ပုံတော် (၇၁) ၀လာဟကမြင်းမင်း ပုံတော် (၇၂) ဥပေါသထ ဆဒ္ဒန္တဆင်းမင်း ပုံတော် (၇၃) ဗာသုကီ နဂါးမင်းပုံတော် (၇၄) ရွှေဟင်္သာမင်း ပုံတော် (၇၅) ဥသဘနွားမင်း ပုံတော် (၇၆) ဧရာဝဏ်ဆင်းမင်း ပုံတော် (၇၇) ရွှေမကာရ်း ပုံတော် (၇၈) မုခ်ထွဋ်လေးခုရှိသော ရွှေလှေပုံတော် (၇၉) ဗြဟ္မာမင်း ပုံတော် (၈၀) နွားသားအမိ ပုံတော် (၈၁) ကိန္ဒရာ၊ ကိန္ဒရီ အဖိုအမ ပုံတော် (၈၂) ကရ၀ိတ်ငှက်မင်း ပုံတော် (၈၃) ဥဒေါင်းမင်း ပုံတော် (၈၄) ကြိုးကြာငှက်မင်း ပုံတော် (၈၅) စက္က၀ါက် ငှက်မင်းပုံတော် (၈၆) ဇီဝဇိုဝ်း ငှက်မင်းပုံတော် (၈၇) စတုမဟာရာဇ်နတ်ဘုံ ပုံတော် (၈၈) တာဝတိံသာနတ်ဘုံ ပုံတော် (၈၉) ယာမာနတ်ဘုံ ပုံတော် (၉၀) တုသိတာနတ်ဘုံ ပုံတော် (၉၁) နိမ္မာနရတီနတ်ဘုံ ပုံတော် (၉၂) ပရနိမ္မိတ၀သ၀တ္တီနတ်ဘုံ ပုံတော် (၉၃) ပါရိသဇ္ဇာ ဗြဟ္မာဘုံပုံတော် (၉၄) ပုရောဟိတ ဗြဟ္မာဘုံပုံတော် (၉၅) မဟာ ဗြဟ္မာဘုံပုံတော် (၉၆) ပရိတ္တာဘာ ဗြဟ္မာဘုံပုံတော် (၉၇) အပ္ပမာဏာဘာ ဗြဟ္မာဘုံပုံတော် (၉၈) အာဘဿရာ ဗြဟ္မာဘုံပုံတော် (၉၉) ပရိတ္တသုဘာ ဗြဟ္မာဘုံပုံတော် (၁၀၀) အပ္ပမာဏာသုဘာ ဗြဟ္မာဘုံပုံတော် (၁၀၁) သုဘကိဏှာ ဗြဟ္မာဘုံပုံတော် (၁၀၂) ဝေဟပ္ဖလာ ဗြဟ္မာဘုံပုံတော် (၁၀၃) အသညသတ္တာ ဗြဟ္မာဘုံပုံတော် (၁၀၄) အ၀ိဟာ ဗြဟ္မာဘုံပုံတော် (၁၀၅) အတပ္ပါ ဗြဟ္မာဘုံပုံတော် (၁၀၆) သုဒဿာ ဗြဟ္မာဘုံပုံတော် (၁၀၇) သုဒဿီ ဗြဟ္မာဘုံပုံတော် (၁၀၈) အကနိဋ္ဌာ ဗြဟ္မာဘုံပုံတော်


အထက်ဖော်ပြပါ (၁၀၈)ကွက်သော ဗုဒ္ဓမြတ်စွာ၏ စက်လက္ခဏာတော်ခြေ တော်ရာတို့သည် ရေတွက်ပြရုံ၊ အကျဉ်းချုပ်မျှသာဖြစ်၏။ စက်လက္ခဏာတော်တစ်ခုချင်းဆီ၌ ဆိုင်ရာအဓိပ္ပါယ်များရှိကြပါ သည်၊၄င်းအဓိပ္ပါယ်အကျယ်အားရေးသားဖော်ပြရလျှင် ကျမ်းတစ်ဆောင်ပေတဖွဲ့ရေးသားမှသာ ပြည့်စုံပါ လိပ်မည်။


ဗုဒ္ဓမြတ်စွာ၏ (၁၀၈)ကွက် စက်လက္ခဏာတော်တို့ကိုအာရုံယူပူဇော်ကြသူတို့အား အခြံအရံ၊ မိတ်ကောင်းဆွေကောင်း၊ ဆွေမျိုးသားချင်းပေါများခြင်း၊ လောကခရီးများဖြစ်သည့် ကုန်းလမ်း၊ လေလမ်း၊ရေလမ်းတို့တွင် ဖြောင့်ဖြူသာယာအ န္တရာယ်ကင်းခြင်း၊သံသရာခရီးတွင်လည်း အပါယ်မကျ၊ သုဂတိဘုံဘ၀များ၌သာ ကျင်လည်ရခြင်း၊ ရုပ်ရည်ရူပါအဆင်း တင့်တယ်လှပရှုချင်စဖွယ်ခြင်း၊ ခေါင်းေ ဆာင်ဦးမြတ်ဖြစ်ရခြင်း၊ နောက်ဆုံးဘ၀တွင် အာသဝေါကင်း နိဗ္ဗာန်ရောက်ရှိ နိုင်ခြင်းစသည့် အကျိုးထူး တရားများ ရရှိနိုင်ပါသည်။


ဗုဒ္ဓမြတ်စွာ၏ စက်လက္ခဏာတော်မြတ်အား ရှိခိုးပူဇော်ခြ င်းဖြင့် ကုသိုလ်အကျိုးထူးများနိုင်ကြေ စရန်အတွက် “ပုံတော်မှသည်-ဂ ဏ်တော်ဆီသို့”အားရုံပြုပူဇော်ကြပြီး ပစ္စုပ္ပန်၊ သံသရာ၊လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးထူးတရားများရရှိကြ၍ “မိမိ၏အကျိုး၊ အမျိုးဘာသာ၊သာ သနာတော် ၏အကျိုး၊သည်ပိုးဆောင်ရွက်နိုင်ကြသည့်၊ တန်ဖိုးမြင့်၊တန်ဘိုးရှိ၊လူတော်လူမွန်၊ဒကာ၊ ဒကာမ များဖြစ်ကြပါစေဟု ဆုတောင်မေတ္တာပြု လိုက်ရပါသည်။”


ဓမ္မ၀ီရ အရှင်တေဇနိယ ဗုဒ္ဓဂယာ၊ အိန္ဒိယ Web Site; www.ashintejaniya.com


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT