Monday, November 11, 2013

အဆက်ဖြတ်ကြပါစို့

“အဆက်ဖြတ်ကြပါစို့ ...” •••••••••••••••••••••• သံသရာစက်ဝိုင်းအလည်အပတ် ရပ်အောင် ဝေဒနာနိရောဓာ တဏှာနိရောဓော-လုပ်ရမယ်လို့ မနေ့ကပြောခဲ့တယ်။ ဝေဒနာနိရောဓော ဖြစ်မှ အဆက်ပြတ်မှာ။ အဆက်ပြတ်အောင် ဘယ်လိုဖြတ်ရမလဲဆိုတာ ဒီနေ့ ဆက်လက်ရှင်းပေးမယ်။


အဆက်ဖြတ်ချင်တယ်ဆိုရင် ဝေဒနာကို ၀ိပဿနာရှုရမယ်။ ဝေဒနာက သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာလို့ သုံးမျိုးရှိတယ် ။ သောမနဿဝေဒနာ၊ ဒေါမနဿဝေဒနာထည့် ပြီး ငါးမျိုးဟောထားတာလဲ ရှိတယ်။ ဒီဝေဒနာတွေဟာ ပေါ်တိုင်းပေါ်တိုင်း ပစ္စုပ္ပန်ခန္ဓာမှာ ပေါ်တာပဲ။ ဝေဒနာပေါ်တိုင်း ဉာဏ်နဲ့ ဖြစ်ပျက်ရှုပေးလိုက်။ ဉာဏ်နဲ့ရှုပေးလို က်တော့ ဝေဒနာနဲ့ တဏှာကြား အဆက်ကလေး ပြတ်သွားတယ်။ ဉာဏ်နဲ့ ရှုခိုက်မှာ မဂ်က အစပ်မြားလေးပေါ်မှာ ကျပြီး အစပ်ကို မစပ်အောင် ဖြတ်လိုက်တယ်။ တဏှာမလာတော့ဘူး။ တဏှာမလာတော့ တဏှာနိရောဓောတိ မဂ္ဂေါ- တဏှာချုပ်အောင် ရှုနိုင်တဲ့ မဂ်ပေါ်လာတယ်။


ဝေဒနာကို ဝေဒနာအတိုင်း ထားလိုက်ရင်တော့ တဏှာ ဥပါဒါန်လာမယ်။ ဝေဒနာကို ဖြစ်ပျက် အနိစ္စဆိုတဲ့ မဂ်လေး အစပ်နေရာမှာ သွင်းလိုက်တော့ မစပ်နိုင်တော့ဘဲ ပြတ်သွားတယ်။ အစပ်က ပြတ်သွားတော့ အနာဂတ်သံသရာတွေ အကုန်ပြတ်တယ်။ ဒါကြောင့် ဝေဒနာပေါ်တိုင်း ရှုနေတာသည် ပစ္စုပ္ပန်အကြောင်းတရားတွေ ဖြတ်နေတာ။ ဒီအစပ်လေးက မဖြတ်ရင် မပြတ်ဘူး။ တကယ့်ကို ၀မ်းထဲမှာ မဂ်လာမှ ပြတ်မယ်။ ပေါ်တဲ့ဝေဒနာကလဲ ၀မ်းထဲမှာ ပေါ်တဲ့ဝေဒနာ၊ မဂ်ကလဲ ၀မ်းထဲမှာ ပေါ်တဲ့မဂ်ဖြစ်ရမယ်။ မဂ်မလာဘဲ ထုံးစံအတိုင်းသာ နေရင်တော့ ဝေဒနာပစ္စယာ တဏှာ-ပဲ လာမယ်။ ဝေဒနာဖြစ်ပျက်မြ င်ရင်တော့ ကြားထဲပေါ်လာတဲ့ မဂ်က အဆက်ကိုဖြတ်တယ်၊ မစပ်နိုင်တော့ဘူး။ ဒါဖြင့် ၀ိပဿနာလုပ်တာသည် ဝေဒနာနဲ့တဏှာအစပ်ကို ဖြတ်နေတာ။ သင်္ခါရနဲ့ ၀ိညာဏ်အစပ်ကတော့ လွန်ပြီးဖြစ်လို ဖြတ်လို့မရတော့ဘူး။ ဝေဒနာနဲ့ တဏှာအစပ်ကတော့ အခုဖြတ်မယ်ဆိုရင် ရသေးတယ်။ ဒီအစပ်ကို ဖြတ်နိုင်ရင် ယခုဘ၀ နိဗ္ဗာန်ရနိုင်တယ်။ [www.facebook.com/youngbuddhistass ociation.mm] ဒါန သီလလောက်လုပ်ပြီး သားရေး သမီးရေးနဲ့ အချိန်ကုန်နေမယ်၊ ၀ိပဿနာအလုပ်မလုပ်ဘူးဆိုရင် ဝေဒနာနဲ့ တဏှာ ပြန်ဆက်မယ်။ ဝေဒနာနဲ့ တဏှာဆက်ပြီး သေသည်၏အခြားမဲ့၌ ဘ၀နဲ့ ဇာတိဆက်လိမ့်မယ်။ အဲဒီမှာ ဇာတိ ဇရာမရဏ ပြန်လာတာပဲ။ ၀ိပဿနာမလုပ်လို့ရှိရင်တော့ စပ်သာ စပ်တယ်၊ မဖြတ်ဘူး။ ၀ိပဿနာလုပ်တာသည် ကိုယ့်အစပ်ကိုယ် ဖြတ်နေကြခြင်းသာဖြစ်တယ်၊ ရှေ့လာမယ့် ကိုယ့်ဒုက္ခတွေကို ဖြတ်နေတာသာဖြစ်တယ်။


ဒါကြောင့် ကိုယ်ဖြတ်ရင် ကိုယ်သာ ပြတ်တယ်၊ သားသမီးက ဖြတ်ရင် သားသမီးသာ ပြတ်တယ်၊ မိဘကဖြတ်ရင် မိဘသာပြတ်တယ်။ ဒါန သီလလုပ်ပြီး အမျှဝေလို့ အမျှယူတော့ ကိုယ်ပါကုသိုလ်ရတယ်။ မဂ်ကတော့ ကိုယ်တိုင်ဖြတ်မှ ကိုယ်ရတာဖြစ်တယ်။ သူများ အမျှဝေတာ သာဓုလိုက်ခေါ်ရုံနဲ့ သာဓုခေါ်တဲ့ကုသိုလ်တော့ရမယ်၊ ကိုယ်ရတဲ့မဂ်တော့ ဖြစ်မလာဘူး။


ကိုယ့်ဝမ်းထဲကဝေဒနာကို ကိုယ့်မဂ်နဲ့ ရှုလိုက်တော့ အစပ်လေး ပြတ်သွားတယ်။ ဝေဒနာတွေ ဖြစ်ပျက် ချုပ်သွားတဲ့အတွ က် မဂ်ဝင်လာရင် တဏှာချုပ်တယ်၊ မလာတော့ဘူး။ ဝေဒနာကို ဖြစ်ပျက်ရှုလိုက် တော့ မဂ်က အစပ်မှာလာပေါ်တယ်၊ စပ်မယ့်တဏှာကို ဖြတ်ချလိုက်တယ်။ ဒါဟာ ကိုယ့်ဒုက္ခဖြစ်ကြောင်း ကိုယ်ဖြတ်နေတာပါပဲ။ ၀ိပဿနာမလုပ်ရင် မဂ်မပေါ်ဘူး။ မဂ်မပေါ်ရင် ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘ၀ပစ္စယာ ဇာတိ။ ဒီမှာ ကမ္မဘ၀နဲ့ ဇာတိဆက်သွားတယ်။ ဇရာမရဏလဲ လာမယ်။ (၃)နဲ့ (၄) ဆက်သွားတာ။ (၃)က သမုဒယသစ္စာ၊ (၄)က ဒုက္ခသစ္စာ၊ သမုဒယနဲ့ ဒုက္ခဆက်သွားတာ။ ဒါကြောင့် ၀ိပဿနာမလုပ်ဖြစ်ဘူးဆိုရင် (၂)နဲ့ (၃)ဆက်နေတယ်။ ဝေဒနာနဲ့ တဏှာလဲဆက်၊ ဖဿနဲ့ တဏှာလဲဆက်၊ သဠာယတနနဲ့ တဏှာလဲဆက်၊ နာမ်ရုပ်နဲ့ တဏှာလဲဆက်၊ ၀ိညာဏ်နဲ့ တဏှာလဲဆက်တယ်။ သူတို့က အရှုခံတွေ၊ အရှုခံတွေကို မရှုမိတော့ ဆက်သွားတာ။ ၀ိပဿနာမရှုဖြစ်ဘူးဆိုရင် ဝေဒနာပစ္စယာ တဏှာ၊ ဖဿပစ္စယာ တဏှာ၊ သဠာယတနပစ္စယာ တဏှာ၊ နာမရူပပစ္စယာ တဏှာ၊ ၀ိညာဏပစ္စယာ တဏှာ- ဒီလိုပဲ လာမယ်။


(၂)နဲ့ (၃)သာ ဆက်မိရင် (၄)တားမရတော့ဘူး။ တားမရတော့ ဇာတိ ဇရာမရဏ ဒုက္ခသစ္စာ ရမယ်။ (၂) ဒုက္ခသစ္စာကနေပြီး (၃)သမုဒယသစ္စာ ဆက်မိတာနဲ့ (၄)နံပါတ် ဒုက္ခသစ္စာ ကိုယ်ပိုင်သိမ်း ပိုက်လိုက်ရပြီ။ ဒါကြောင့် ဒုက္ခနဲ့ သမုဒယသာဆက်ရင် ဒီသမုဒယက နောက် ဒုက္ခအကျိုးပေးလိမ့်မယ်။ ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်ဟာ ဒုက္ခချုပ်ကြောင်းကို ရှာရမယ်။ ဒုက္ခဖြစ်ကြောင်း ထပ်ရှာလို့ ဒုက္ခက မလွတ်ဘူး။ ဒုက္ခချုပ်ကြောင်း ရှာချင်ရင် ဝေဒနာကို ဖြစ်ပျက်ရှု။ ဖဿ ဖြစ်ပျက်ရှု၊ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် ဖြစ်ပျက်ရှု။ နာမ်ကို ဖြစ်ပျက်ရှု၊ ရုပ်ကို ဖြစ်ပျက်ရှု၊ စိတ်ကို ဖြစ်ပျက်ရှု။


ဖြစ်ပျက်ရှုတော့ မဂ်က အဆက်ကိုဖြတ်လိုက်တယ်။ ဒုက္ခဖြစ်ကြောင်းတွေ ပေါ်မလာတော့ဘူး။ ဒုက္ခဖြစ်ကျိုးလဲ ပေါ်မလာတော့ဘူး။ ဒုက္ခ ဖြစ်ကြောင်းက သမုဒယသစ္စာ၊ ဖြစ်ကျိုးက ဒုက္ခသစ္စာ။ ဒါဖြင့် ဒီအဆက်ကို ဖြတ်နိုင်ရင် သမုဒယနဲ့ ဒုက္ခချုပ်တယ်။ ဝေဒနာနိရောဓာ တဏှာနိရောဓော- ဝေဒနာချုပ် တဏှာလဲချုပ်တာပဲ။ တဏှာချုပ်အောင်လ ပ်နိုင်ပြီဆိုရင် (၂)နဲ့ (၃) အဆက်ပြတ်သွားတယ်။ ပြတ်သွားတော့ (၄) ဒုက္ခသစ္စာ အကျိုးပေး မလာနိုင်တော့ဘူး။ ဒုက္ခသစ္စာအကျိုးေ ပးမလာတော့ ဒုက္ခတွေသိမ်း ငြိမ်းချမ်းသွားတာ၊ ဒါဟာ နိဗ္ဗာန်ပါပဲ။ ဝေဒနာနဲ့ တဏှာ အဆက်ပြတ်မှသာလျှင် ဒီနိဗ္ဗာန် ကိုယ့်သန္တာန်မှာပေါ်လာမှာပါ။ ဒါကြောင့် အဆက်ဖြတ်ကြပါစို့။


- (ဒေါက်တာအရှင်ပါရမီ)


Dhamma Danã Source ► www.facebook.com/youngbuddhistass ociation.mm


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT