Thursday, November 28, 2013

"ပိဋကတ်သုံးပုံကို သူရဿတီတကယ်စောင့်သလား ??????

"ပိဋကတ်သုံးပုံကို သူရဿတီတကယ်စောင့်သလား ??????" !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!


ထေရ၀ါဒဗုဒ္ဓဘာသာအထွန်းကားဆုံးဟုဂုဏ်ယူကြွေးကြော်လေ့ရှိတဲ့ မြန်မာနိုင်ငံတော်မှာထေရ၀ါဒဗုဒ္ဓဘာသာနှင့် လုံးဝဆန်ကျင်သောအယူမှား၊အသိမှား၊အြ မင်မှားတွေ မြောက်များစွာရှိပါတယ်။ထိုအမှားများထဲတွင် “သူရဿတီနတ်သမီးသည် ပိဋကတ်သုံးပုံစောင့်တဲ့သူဖြစ်တယ်”ဆိုသောအမှားဟာ အဆိုးဝါးဆုံးပင်ဖြစ်၏။ဗုဒ္ဓ၀ါဒသည် “၀ိဘဇ္ဇ၀ါဒ”ဖြစ်ပါတယ်၊ ၀ိဘဇ္ဇဆိုသည်မှာ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး၊ဟုတ်တယ်၊မဟုတ်ဘူး စသည်ဖြင့် မိမိ၏အသိဉာဏ်ပညာဖြင့်ဝေဘ န်ဆုံးဖြတ်လေ့လာရတဲ့ဝါဒဖြစ်၏။ထိုဗုဒ္ဓဘာသာ ၀ိဘဇ္ဇ၀ါဒီဆိုသောဂုဏ်ကိုပင်မထောက်ထားဘဲ မြှူဆွယ်လိမ်လည်နေကြတဲ့ ဓါတ်ဆရာ၊နတ် ဆရာ၊ဓါတ်၊ ဗေဒင်အမည်ခံ လူလိမ်တစ်စု၏ စားပေါင်ချောင်အောင် ဖန်တီးထားကြတဲ့လုပ်ဇာတ်များကို အဟုတ်အဟုတ်ထင်နေကြ၏။


ဝိဘဇ္ဖ၀ါဒီခေါ်ဝေဘန်သုံးသတ်မှုကိုလက်ကိုင်ထား၍ လေ့လာဝေဘန်ကြမည်ဆိုလျှင် ထေရ၀ါဒဗုဒ္ဓဘာသာအတွင်းသို့ စိမ့်ဝင်နေသော ဘာသာရေးအမှောက် ပယောဂများ၏ အဖြေ ကိုရှာဖြေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ယခုလည်း သူရဿတီပြဿနာကိုဝိဘဇ္ဇဖြင့်ဝေဘန်သုံးသတ် အဖြေရှာကြည့်ပါကမိမိကိုယ်တိုင်ပင် အဖြေထုတ်အမှန်တွေ့နိုင်မည်ဖြစ်၏။


ယခုလက်ရှိတွင် ပိဋကတ်စာပေများကိုသင်အံ့လေ့ကျက် ဟောကြားဆိုဆုံးမလမ်းပြေ ပးပြီး ပရိယတ္တိသာသနာတော် သို့မဟုတ် ပိဋကတ်တော်များကို မည်သူတွေစောင့်ေ ရှာက်နေကြပါသလ ည်း။ ဘုရားသားတော် သံဃာတော်များသာဖြစ်ပါ၏။ ဘုရားရှင်လက်ထက်တော်ကာလကစ၍ ယခုတိုင်ကျအောင်များပြားလှသောဆင်းရဲမျိုးစုံကို ဂရုပြုတော်မမူကြဘဲ ဆင်းရဲပင်ပန်းခံကာဖြင့် ပိဋကတ်တော်များကို အခက်အခဲမျိုးစုံကြားမှ စောင့်ထိန်းလာကြသည်မှာထိုဆရာတော်များပင်ဖြစ်၏၊


သီဟိုဠ်ကျွန်းတွင် ကျေးကုလားတို့၏သူဘုန်ဘေးကြီးသင့်၍ အစားအစာပင်ပန်းဆ င်းရဲရှားပါးကြပ်တည်းနေချိန်မှာပင် စာအံ့၊စာကျက်မပြုလုပ်ပါကပိဋကတ်တော်များ မေ့ပျောက် သွားမည်စိုးသဖြင့် ၀မ်းမီးအပူသက်စာစေရန် ၀မ်းဗိုက်ပေါ်တွင်သဲများတင်၍ပိဋကတ်တော်များကို သံဃာတော်များမှ ကာကွယ်ကျက်မှတ်ခဲ့ရကြောင်းကို သာသနာဝင်ကျမ်းများတွင်ကြည်ညိုဖွယ်ရာတွေ့ရှိရ၏။


ယခုထက်တိုင်မြန်မာပြည်အနှံ့ ပရိယတ္တိစာသင်တိုက်များတွင် ကလေးအရွယ် လူမမည် သာမဏေလေးများမှစ၍ သက်တော်ဝါတော်ကြီးရင့်တော်မူသောထေရ်ကြီးဝါကြီး ဆရာတော် ကြီးများအထိ မိကွဲ၊ဖကွဲဖြင့်နည်းမျိုးစုံဖြင့် သက်ဆုံးတိုင်ပိဋကတ်တော်များကို လေ့ကျက်ပို့ချ၊ ဟောပြနေကြသည့် သံဃာတော်များကိုပင်အားမနာ သူရဿတီက ပိဋကတ်သုံးပုံစောင်သည် ဆိုသော အယူမှားအထင်မှားစကားမှာ မိမိတို့ဘာသာသာသနာတော်ကို ပြန်၍စော်ကားရာကျနေေ ပ၏။


သူရဿတီသည် ပိဋကတ်သုံးပုံစောင့်သည်ဆိုရအောင် "သူသည်မည်သည့်ပရိ ယတ္တိစာသင်တိုက်မှာမှ ပရိယတ္တိစာပေများကို သင်ကြားခဲ့ခြင်းမရှိ၊ မည်သည့်စာသ င်တိုက်မှမည်သည့်ပရိ ယတ္တိဆိုင်ရာ အတန်းများကို အောင်မြင်ခဲ့ခြင်းမရှိပါဘဲ" သူများညာတိုင်း အယုံလွယ်အညာခံနေကြသည်မှာ ဗုဒ္ဓဘာသာဝိဘဇ္ဇ၀ါဒီဆိုသော နာမည်ကိုအတော်အားနာစရာကောင်းလှ၏။


အာသဝေါကင်းကွာရဟန္တာအရှင်သူမြတ်များသည်ပင် ရဟန္တာတိုင်းပိဋကတ်တော်များကို နာလည်တတ်ကျွမ်းကြသည် မဟုတ်၊”ပဋိသမ္ဘိဒါပတ္တရ ဟန္တာ”တို့သာပိဋကတ်တော်များကို တတ် ကျွမ်းတော်မူကြ၍ “သုက္ခ၀ိပဿကရဟန္တာ”တို့မှာမူ အာသဝေါကင်းကွာဝိပဿနာဉာဏ်တော်ရရှိ ပါသော်လည်းပိဋကတ်တော်များကို တတ်ကျွမ်းနားလည်းခြင်းမရှိပေ။ထို့သို့ ရဟန္တာမထေရ်မြတ် များပင်ရဟန္တာတိုင်းပိဋကတ်တော် မတတ်ကျွမ်းကြလျှင် သူရဿတီကား အဘယ်သို့ ပိဋကတ်ေ တ်ာများကို စောင့်ထိန်းနိုင်ပါမည်လော?


သူရဿတီထက် အဆင့်မြင့်ကြသောသိကြား၊ဗြဟ္မာ၊ နတ်ဒေ၀ါများပင်လျှင်၊ ဘုရားရှင်နှင့် ဆရာတော်သံဃာတော်အရှင်မြတ်တို့ထံ တရားတော်များကို မေးမြန်းလျှောက်ထားနားကြရကြောင်း ကျမ်းဂန်များတွင်အတိအလင်းဖော်ပြထား၏။ သူ့ထက်မြင်တဲ့ နတ်ဗြဟ္မာသိကြားများပင် ပိဋကတ်တော်များကို မသိလျှင်၊ အိန္ဒိယကုလားတွေ မစင်စွန့်တဲ့ မြစ်ကမ်းနဘေးမှာနေရတဲ့ ခေါင်းမြူခြုံကုလားမသူရဿတီမှာ မည်သို့ပိဋကတ်သုံးပုံစောင့်ရှောက်နိုင်မည်နည်း??


သူရဿတီသည်လည်း အမှန်တကယ်နတ်သ္မီးပေလော ?သို့တည်းမဟုတ်“လူသားေ တွကို ဘုရားသခင်(God) ကဖန်ဆင်းခြင်းမဟုတ်၊ ဘုရားသခင်ကိုသာလူသားတို့က ဖန်ဆင်းခြင်းဖြ စ်တယ်”ဆိုသော အနောက်တိုင်းပညာရှင်တစ်ဦး၏ အဆိုအမိန့်ကဲ့သို့ ရှေးဦးအိန္ဒိယသားတို့ကဘဲ သူရဿတီကိုစိတ်ကူပုံဖော်၍ ဖန်တီးခဲ့သလော?ဆိုတာကို အားလုံးဖေ၀ဘန်ဆန်းစစ်နိုင်ကြစေ ဘို့ ဖော်ပြပေးပါမည်။


သူရဿတီဆိုသည်မှာအိန္ဒိယနိုင်ငံ ကမ်ဗလ်နယ် (ယခု-အာဒ္ဓ္ရီ)ရွိဟိမ၀ႏၱာေ တာင်ကြီး၏ ဆိဝါလိတ်နှင့် ဆိရ်မုတ်ဟုခေါ်သည့်တောင်တန်းများအနီးမှ စီးဆင်းနေသည့် မြစ်တခု၏အမည်ဖြစ်၏၊ အိန္ဒိယတို့သည်၎င်းသူရဿြီ မစ်ကို”ဆရဆ်ဝတီ”ဟုခေါ်ဆို၏ ခေါ်ဆို၏ သူရဿတီဆိုသည်မှာထိုဆရဆ်ဝတီဟူသော အိန္ဒိယယအမည်ကိုသူရဿတီဟု မြန်မာလေသံဖြင့် အလွယ်ခေါ်ဆိုကြ ခြင်းဖြစ်၏။


သူရဿတီ (ဆရဆ်ဝတီ)ဟူသောအဓိပ္ပါယ်မှာ(Watery) ရေရှိသည့်အရာ(မြစ်)ဟုအဓိ ပ္ပါယ်ရပါသည်။ ရှေးဦးအာရိယာန်လူမျိုးတို့သည် အိန္ဒိယပြည်၏အနောက်မြောက်ပန်ဂျပ်ပြည် နယ်တစ်ဝိုက်တွင်အခြေချနေထိုင်ကြစဉ် ထိုဆရဆ်ဝတီမြစ်မှ ရေကို အဓိကအာားထားပြု၍ထွန်ယ က်စိုက်ပျိုးကြ၏။မြေဆီမြေလွှာကလည်းကောင်း ရာသီဦးတုကလည်းမှန်ကန်သဖြင့် ကောက်ပဲ၊ သီးနှံတို့သည် ဖြစ်ထွန်အောင်မြင်ကြ၏။ အသိပညာကမဖွင့်ဖြိုး၊ ကိုးကွယ်စရာကလည်း မည်မည် ရရမရှိသေးသည့် ကာလမို့ထုံးစံအတိုင်းလူသားတို့သည် အားထားကိုးကွယ်စရာကိုမိမိတို့အေ တွးဖြင့် ဖန်ရှင်းလိုက်ကြသဖြင့်။ဆရဆ်ဝတီဆိုသည့်မြစ်သည် နတ်သမီးအဖြစ်သို့ နေခြင်းညခြ င်းကြီးပွား၍ သွားလေတော့၏။


ဆရဆ်ဝတီမြစ်၏ရေစီးသည် ကြမ်းကြမ်းတမ်းတမ်းမစီးဆင်းဘဲ ဖြေးညင်းစွားစီး ဆင်းခြင်းကိုထောက်၍ ထိုမြစ်ကိုအပိုင်စားရသည့်နတ်သည် နတ်သားမဖြစ်နိုင် နတ်သမီးသာဖြစ်နိုင်သည်ဟု ဆိုကာဆရဆ်ဝတီမှာ နတ်သားမဖြစ်ဘဲ နတ်သမီးဖြစ်သွားရရှာ၏။ထို့အပြင် ထိုဆရဆ်ဝတီမြစ်သည် တောင်ထွတ်ေ တာင်စွယ်အကွေ့အ၀ိုက်များကြားမှ စီးဆီးလာသဖြင့် မြစ်ရေ၏ အသံသည်သာယာနာပျော်ဖွယ်ရှိသဖြင့် ဆရဆ်ဝတီနတ်သမီးသည်တေးသီချင်းများ ဂီတများကိုစောင့်သည်ဟု စိတ်ကူးဖြင့်ပုံဖော်၍ ကိုးကွယ်လာကြ၏။


ဒေ၀ခေတ်သို့ရောက်သည့်အခါတွင်မူ အလွန်အမင်းဂုဏ်တင်ပြေဆိုရေးသားလာကြ၍ ဆ်ရဆ၀တီနတ်သမီးမှာများစွာတန်ခိုးကြီးထွားလာ။ ဟိန္ဒူတို့သည် ၄င်းတို့အထွ ဋ်အမြတ်ထားရာ “ဗေဒင်သုံးပုံ”ကို ဆရဆ်ဝတီနတ်သမီးစောင့်သည်ဟု အဆင့်တိုးပူဇော်လာကြ၏။ ထို့သို့ဆရဆ၀ တီကို အမွန်တင်ရေးသားပြောဆိုကြသည်မှာ တစ်ဦးနှင့်တစ်ဦးတူညီမှုမရှိဘဲ ကိုယ့်သဘောနှင့် ကိုယ် သန်ရာသန်ရေးသားချီးကျူးအမွန်းတင်နေကြသည်ကိုေ တွ့ရှိရလေ၏။


ဝါဂ်ျဆနေဟိတကျမ်း၌ဗြဟ္မာမင်း၏ ကြင်ယာမယားဟုဆို၍တဖန်၊အသ္မိန်းအမည် ရှိသည့် နတ်ညီနောင်တို့၏ ဇနီးမယားဟု၎င်း၊ တဖန် တိုက်ထိုရိယဗြဟ္မဏကျမ်းတွင် ကမ္ဘာကြီးကိုဖန် ဆင်းထားသည့် ပဇာပတိဗြဟ္မာကြီး၏ ဇနီးအဖြစ်လည်းကောင်း၊ ဣန္ဒြသိကြား၏ ဇနီးဟူ၍လည်းကောင်းရေးသားထားပြန်၏။


ထိုဆရဆ်ဝတီနတ်သမီးအကြောင်းအရာတို့သည် ပါးစပ်ပြောပုံပြင်တို့မှ တစတစယုံကြ ည်မှု၊ ဂုဏ်တင်တင်မှုလွန်ကဲလာကြခြင်းဖြစ်၏။အချို့ကျမ်းတို့၌ မဟာမုနိရသေ့ကြီးနှင့်သမုဒ္ဒရာနတ်သမီးတို့မှ မွေးဖွားသူဖြစ်ပြီး၊ သမုဒ္ဒရာမှ ဟိမ၀င်တာတောင်ထွတ်တစ်ခုသို့ ဟင်္သာစီး၍သွား ရာလမ်းစ်ေလျှောက်တွင် ဟင်္သာကိုယ်ပေါ်မှ ကျလာသော ရေပေါက်တို့သည် မြစ်ဖြစ်သွားကြောင်းစသည်ဖြင့် အိပ်ရာဝင်ပုံပြင်အနေဖြင့် တစ်ယောက်တစ်မျိုး ပြောဆိုကြ၏။


ဗြဟ္မဏပူရာဏ်ကျမ်းတွင်ဗြဟ္မာကြီး၏သမီးဟုဖော်ပြပြီး နောက်ပိုင်းတွင် ထိုသမီးကိုပင် ဗြဟ္မာကြီးက ပြန်လည်သိမ်းပိုက်လိုက်ကြောင်းဖော်ပြထားလေ၏။ ပဒ်မပူရဏ်ကျမ်းအရဆိုရသောဆရဆ်ဝတီသည် ဒက္ခဆိုသူ၏ဇနီးဟူ၍လည်းကောင်းရေးသားထား၏။ ထို့ကြောင့် ဆရဆ၀တီသည် သမီးအဖြစ်မှဇနီးအဖြစ်သို့ တဖန်သိကြားဇနီး ဒက္ခမယားစသည်ဖြင့် တကယ်မရှိသ ည့်နတ်သမီးခမြာဘ၀မျိုးစုံကျင်လည်သွားရရှာလေ၏။


၎င်းဆရဆ်ဝတီ ခေါ်သူရဿတီနတ်သမီးသည် အိန္ဒိယတိုင်းသားတို့နှင့်အ တူမြန်မာပြည်သို့ ရောက်ရှိလာပြီး၊ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့် မြန်မာပြည်၌ကား ဆရဆ်ဝ တီသည် ဟိန္ဒူတို့၏ ဗေဒင်သုံးပုံစောင့်ဆိုလျှင်ဗုဒ္ဓဘာသာဝင်များလ က်မခံနိုင်ေ သာကြောင့်သိသဖြင့်ဗေဒင်အစားပိဋ ကတ်သုံးပုံကိုဆရဆ်ဝတီလက်တွ င်းသို့ ထည့်ပေးလိုက်ကြ၍ ဗေဒင်စောင့်ဆရ ဆ်ဝတနတ်သမီး အဖြစ်မှသည်ပိဋကတ်သုံးပုံေ စာင့် သူရဿတီနတ်သမီးအဖြစ်သို့ရောက်ရှိသွားပြီး ပညာနွမ်းပါးဝေ ဘန်ဆန်းစစ်ညဏ်မွဲပြာကျနေသည့် ဗုဒ္ဓဘာသာဘာသာအမည်ခံလူတစုနှင့်ဓါတ်၊ နတ်အယောင်ပြလူ့ကလိမ်ဆရာတို့၏ ကောင်းမှုကြောင့် အိန္ဒိယတို့၏ စိတ်ကူးယဉ်ဇာတ်ကောင် ဆာရီခြုံကုလားမဘ၀မှပတ်စပို့ဗီဇာမလိုဘဲ ပြည်တွင်ဖြစ်၃၇-မင်းနတ်စာရင်းဝင်သွားလေတော့၏။


သူရဿတီဂါထာဆိုသည်မှာလည်း ပါဠိနားလည်သည့် ဘုန်းကြီးလူထွက်ဓါတ်ဆရာတုများ၏လက်ချက်ပင်ဖြစ်သည်။မည်သည့်ဘာသာစကာမဆို သဒ္ဒါနည်းနှင့်ဝေါဟာရသိထားပါက မိမိလိုချင်ရာဝါကျကို စီနိုင်သကဲ့သို့ ယခုလည်းထိုသို့ စီထားခြင်းသာဖြစ်၏။ ပါဠိပုဒ်မြင်တိုင်း ဘုရားဟောဟု တထစ်ချမသတ်မှတ်ထားသင့်ပေ။ ပါဠိနားလည်တတ်ကျွမ်းပါကသမီးရည်းစားလည်းေ ရးလို့ရသလို အကြွေးတောင်းစားကိုလည်းရေးလို့ရ၏။


ဒီလောက်ဆိုလျှင်ပိဋကတ်တော်တို့အား မည်သူများစောင့်ရှောက်နေကြသည်ကိုရှင်းလင်းစွားသိမြင်ကြမည်ဟု ထင်မြင်မိပါသည်။ ထိုအမှန်မရှိသည့် သူရဿတီကို အမှန်တကယ်အရှိ ထင်နေလျှင်မိစ္ဆာဒိဋ္ဌိဖြစ်မှန်းမသိဖြစ်သွား၍ ရတနာမြတ်သုံးပါးထက် ပို၍အားကိုးရာဖြစ်သည်ဟု မှတ်ထင်၍ကိုးကွယ်ဆည်းကပ်ပါကသရဏဂုံပျက်၍ ဗုဒ္ဓဘာသာဟု အမည်ခံထားပါသော်လည်း ဗုဒ္ဓဘာသာဝင် စစ်စစ်မဖြစ်တော့ဘဲ အမည်ခံဗုဒ္ဓဘာသာသာဖြစ်သွားနိုင်သောကြောင့် ငွေလည်းရှုံး၊အချိန်းလည်းကု န်၊ဘာသာလည်းမှုန်၍၊ အပါယ်ဘေးမကျရလေအောင်၊ ထေရ၀ါဒဗုဒ္ဓဘာသာဝင် ၀ိဘဇ္ဇ၀ါဒီများပီပီအရာရာကို“သဒ္ဓါနောက်တွင် ပညာယှဉ်၍“ဝေဘန်ဆန်းဆစ်လေ့လာနိုင်ကြဘို့ အထူးအရေးကြီးလှပါသည်။


(၀ိဘဇ္ဇဉာဏ်ရောင်၊ ထွန်းလင်းပြောင်၍၊ အမှားအမှန်း၊ ခွဲဝေဘန်နိုင်ကြပါစေ)


ဓမ္မ၀ီရ အရှင်တေဇနိယ


ဗုဒ္ဓဂယာ၊အိန္ဒိယ


Website; www.ashintejaniya.com


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT