Saturday, November 23, 2013

နတ်ကိုးကွယ်မှု နှင့်သရဏဂုံပျက်ခြင်း

သရဏဂုံ ဆိုတာ ပါဠိလို"သရဏဂမန" မြန်မာလို "သရဏဂုံ" အဓိပ္ပာယ်က ကိုးကွယ်ဆည်းကပ်ခြင်း ရတနာမြတ်သုံးပါး အပေါ်လေးလေးနက်နက်နဲ့ သက်ဝင်ပြီး ယုံကြည်မြတ်နိုး ကိုးကွယ်ဆည်းကပ်တဲ့ သဒ္ဒါပညာရှေ့သွားရှိတဲ့ ကုသိုလ်စိတ်ကို "သရဏဂုံ"လို့ခေါ်ပါတယ်။


ရတနာမြတ်သုံးပါးအပေါ် လေးလေးနက်နက်ယုံ ကြည်ခြင်း ကြည်ညိုလေးစားကိုးကွယ်ဆည်းကပ်ခြင်း ရှိတဲ့သူဟာ သရဏဂုံတည်တဲ့သူပါ။ သရဏဂုံတည်သူဟာ ရတနာမြတ်သုံးပါး ကျေးဇူးကို မသိတတ်ရင် ရတနာသုံးပါးအပေါ် သံသယဝင်ခဲ့ရင် အတွေးမှား အသိမှားနေခဲ့ရင် သရဏဂုံ ညှိုးနွမ်းညစ်နွမ်းပါတယ်။


အယူဝါဒပြောင်းရင် သရဏဂုံပျက်တယ် သေဆုံးတဲ့အခါမှာလည်း သရဏဂုံပျက်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ သေဆုံးတဲ့အခါ သရဏဂုံပျက်သွားလို့ သရဏဂုံပြန်တင်ရတယ်။ အလောင်းကောင်ကြီးကိုတင်တာတော့မဟ တ်ဘူး။ ဒီအနီးအနားမှာတေ စ္ဆသရဲစတဲ့ဘဝမျိုးမှာ ဖြစ်နေခဲ့ရင် သရဏဂုံပြန်တည်ပါ စေဆိုတဲ့ အနေနဲ့ သရဏဂုံတင်ပေးရတာပါ။


ဗုဒ္ဓဘာသာဝင်တွေထဲမှာ နတ်ကိုးကွယ် ကြတာလည်းရှိပါတယ်။ ရတနာသုံးပါးထက် နတ်ကိုပိုအလေးထားရင် သရဏဂုံပျက်တယ်။ သာမန်ကိုးကွယ်နေရင် သရဏဂုံမပျက်ပေမယ့် သရဏဂုံညစ်နွမ်းညှိုးနွမ်းမှာတော့ သေချာတယ်။ ဗုဒ္ဓဘာသာစစ်စစ်တစ်ယောက်ဟာ ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်ရာ မရှာကောင်းပါဘူး။


ဘုရား တရား သံဃာကို စွန့်ပယ်၍ အခြားသော ဘိုးတော် မယ်တော်များ ၃၇-မင်းနတ်များ ရိုးရာနတ်များ နတ်စိမ်းများကို အရှင်ကြီး အရှင်ကောင်းတို့အား ကျွန်ုပ်တို့၏ အသက်နှင့် ခန္ဓာကိုယ်ကို အပ်နှင်းကိုးကွယ်ပါ၏ဟု အဓိဋ္ဌာန်ပြု၍ ဦးချလိုက်လျှင် သရဏဂုံပျက်သည်။ ယင်းသို့ပျက်ခြင်းသည် အပြစ်ရှိသော သရဏဂုံပျက်ခြင်းဖြစ်သည်။


ဘုရား တရား သံဃာကိုလည်း မစွန့် ထိုဘိုးတော် မယ်တော်များကိုလည်း ကိုးကွယ်ဆည်းကပ်နေမယ်ဆိုရင် သရဏဂုံမပျက်သော်လည်း ညှိုးနွမ်းသွားပါတယ်။ ထို့ကြောင့် သရဏဂုံတည်သူများ ရရှိမည့် ကောင်းကျိုးများကို တင်းပြည့်ကျပ်ပြည့် မရနိုင်တော့ပါ။ အပ်ဝင် ပေါက်ဆိန်ထွက် ဟူသော စကားကဲ့သို့ ဖြစ်တတ်ပါတယ်။ အပ်တစ်ချောင်းဝင်လာပြီး ပေါက်ဆိန်တစ်ချောင်း ထွက်သွားမည်ဆိုရင် မိမိအတွက် ဆုံးရှုံးတာသာဖြစ်ပါတယ်။


တစ်ဘဝတာ သရဏဂုံတည်မြဲသူများ ရရှိမယ့် ကောင်းကျိုးများကို အပါဒါန်ပါဠိတော်မှာ ဟောကြားထားတာ ရှိပါတယ်။ လွန်ခဲ့သော ၉၁ ကမ္ဘာက ပွင့်တော်မူခဲ့ေ သာ အနောမဒဿီ မြတ်စွာဘုရား လက်ထက်တော်အခါက အမျိုးသားတစ်ယော က်သည် မျက်မမြင်မိဘနှစ်ပါးကို လုပ်ကျွေးရင်း တစ်ဘဝတာ သရဏဂုံတည်ခဲ့သည်။ ထိုတစ်ဘဝတာ သရဏဂုံတည်ခဲ့သော ကုသိုလ်ကြောင့် ၉၁ကမ္ဘာ အပါယ်တံခါးပိတ်သ ည်။ အကြိမ် ၈၀ သိကြားမင်းဖြစ်သ ည်။ ၇၅ ကြိမ် စကြာမင်းဖြစ်သည် ။ ရိုးရိုးဧကရာဇ်ဘုရင် ဘဝ အကြိမ်ပေါင်းများစွာဖြစ်သည်။ ယခုဘုရားသာသနာ၌ အိန္ဒိယနိုင်ငံ၌ သူဋ္ဌေးသား သွားဖြစ်သည်။ သူ ၇နှစ်သား အရွယ်ခန့်တွင် တခြားရွယ်တူကလေးများနှင့်အတူ ပြေးလွှားဆော့ကစားရင်း ရဟန္တာတစ်ပါးသီတင်းသုံးသည့် ကျောင်းထဲသို့ ရောက်သွားသည်။ မထေရ်သည် ကလေးများကို တွေ့သည်နှင့် သရဏဂုံဆောက်တည်ပေးသည်။ ကလေးများက ရွတ်ဆို ဆောက်တည်ကြသည်။ ထိုသရဏဂုံအဆုံးမှာပင် လွန်ခဲ့သော ၉၁ ကမ္ဘာက တစ်ဘဝတာ သရဏဂုံတည်ခဲ့သော ကလေးသည် ရဟန္တာဖြစ်သွားခဲ့သည်။ သူ၏ဘွဲ့အမည်မှာ တိသရဏဂမနိယမထေရ်ဟုခေါ်သည်။ ဤကောင်းကျိုးများသည် မိမိထံမှာရှိနေသော ပေါက်ဆိန်နှင့်တူသည်။ ဘိုးတော် မယ်တော် ၃၇ မင်း ရိုးရာနတ်များကို ကနားပေးပြီး ကိုးကွယ်လိုက်လျှင် သရဏဂုံမပျက်တောင် သရဏဂုံ ညှိုးနွမ်းသွားပါတယ်။


ထိုသို့နတ်များကိုးကွယ်သည့်အတွက် စီးပွားတက်ခြင်း ရာထူးတက်ခြင်းသည် အပ်တစ်ချောင်းဝင်လာနဲ့တူပါတယ်။ အကြောင်းမှာ စီးပွားတက်ခြင်း ရာထူးတက်ခြင်းကြောင့် ရရှိလာတဲ့စီးပွားဥစ္စာဟာ တစ်ဘဝတစ်နပ်စာသာ ရှိသောကြောင့်ပဲဖြစ်ပါတယ်။ သရဏဂုံညှိုးနွမ်းသွားရင် ၉၁ ကမ္ဘာ အပါယ်တံခါးပိတ်ရခြင်း စသောကောင်းကျိုးများကို မရတော့ပါ။ ဒါဟာ မိမိထံမှ ပေါက်ဆိန်တစ်ချောင်း ပြန်ထွက်တာနဲ့တူပါတယ်။


နတ်ကိုးကွယ်မှုနဲ့စပ်လို့ အစဉ်အလာအရ နတ်ကိုပူဇော်ချင်တယ်ဆိုရင် ပူဇော်လို့ရတယ်။ ပသလို့ရတယ်။ ဒါပေမယ့်မကိုးကွ ယ်ကောင်းဘူး။ ပူဇော်တာနဲ့ ကိုးကွယ်တာဟာ မတူပါဘူး။ အချို့အိမ်တွေမှာ ကိုးကွယ်ပူဇော်မှုတွေ ရောရော နှောနှောဖြစ်နေတာတွေ့ရပါတယ်။ ဘုရားကျောင်းဆောင်မှာ နတ်ရုပ် ဘိုးတော် မယ်တော်ရုပ်တွေ မထားကောင်းပါဘူး။ ဘုရားနဲ့တစ်တန်းတည်း ဘာကိုမှမထားရပါဘူး။ တစ်ခြားဟာတွေ ပူဇော်ချင်ရင် တစ်နေရာရာမှာ သီးသန့်ပူဇော်ပါ။ ဒါပေမယ့် ကိုးတော့ မကိုးကွယ်လိုက်ပါနဲ့။ ဥစ္စာစည်းစိမ်ဆင်းရဲတာက တစ်ဘဝသာဒုက္ခရောက်မှာပါ။ အသိဉာဏ်ပညာ ဆင်းရဲခဲ့ရင်တော့ သံသရာအဆက်ဆက် ဒုက္ခရောက်သွားပါလိမ့်မယ်။


အားကိုးမလွဲစေနဲ့ -----------------လောကမှာ အမြင့်မြတ်ဆုံးဘုရားနဲ့ တွေ့လျက်သားနဲ့ ဘုရားကိုအားမကိုးပဲ နတ်တွေ ဘိုးတော်မယ်တော် စတာတွေကို အထင်ကြီးအားကိုးနေတာဟာ လူကြားလို့ မကောင်းပါဘူး။ ဒါဟာကိုယ့်ဦးနှောက်ကို ကိုယ် အလွဲသုံးစားလုပ်တာပဲ။ လောကမှာ ဘုရားကိုအားကိုးတာ ဘုရားစကားနားထောင်တာလောက် ကောင်းတာ ဘာမှမရှိဘူး။ သိပ္ပံခေတ်လူသားလုပ်နေကြပြီး အတွေးချော်မနေကြ နဲ့။


အရှင်ဝိစိတ္တသာရ(လေးအိမ်စု)


ကိုးကား-အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ) အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT