Monday, November 18, 2013

'"အဂတိ ၄ ပါး" မလိုက်စားခြင်း တရားတော် (ကျေးဇူးရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာ ဘိဝံသ ဟောကြားဆုံးမတော်မူသောတရားတော်)'

'"အဂတိ ၄ ပါး" မလိုက်စားခြင်း တရားတော် (ကျေးဇူးရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာ ဘိဝံသ ဟောကြားဆုံးမတော်မူသောတရားတော်)'


ဗုဒ္ဓ ဘာသာဝင် တွေ ပြောဆိုနေလေ့ ရှိကြတဲ့ စကား- အဂတိ လိုက်စားတယ်၊ မလိုက်စားဖူး။


၁။ အဂတိ တရား မလိုက်စား ခြင်း ဟာ လူတွေ ရဲ့ ကိုယ့်ကျင့် တရား မှာ အရေးကြီးတဲ့ (Human dignity) လို့  ခေါ်တဲ့ လူရဲ့ ဂုဏ် သိက္ခာ ကို ထိန်းသိမ်းစောင့်ရှောက်နိုင် တဲ့ တရားဖြစ်လို အင်မတန်မှ အရေးကြီး ပါတယ်။


ဒါကို ဘုရားရှင် က လူ့ ကျင့်ဝတ် အဖြစ် ဟောကြား ဆုံးမခဲ့ ပါတယ်။


အဓိပါယ်က- လူ့ ရဲ့ ကိုယ်ကျင့်တရား ကို ပျက် ပြား စေတဲ့ အတွက် မလုပ်သင့် မဖြစ် သင့် တဲ့ အရာ မလိုက်သင့် တဲ့ အရာ (ဘာကြောင့် လဲ ဆိုတော့ မသင့်လျော် တဲ့ ဘက် လိုက်မှု)----မလ ပ်သင့် မလုပ်ထိုက် တာ ကို လုပ်ပြီ၊ မဖြစ် သင့် တာ ကို ဖြစ်ေ အောင် လုပ်ပြီဆိုရင် - ဒီလို လုပ် ရင် အပါယ် ကို ရောက် စေ သော အကုသိုလ် ဖြစ် ခြင်း ဆိုတာ ကို သိ ထားရမယ်။


မြတ်စွာဘုရား က အဂတိ သုတ်မှာ -


အဂတိလိုက်တဲ့ ပုဂ္ဂိုလ် ရဲ့ ဂုဏ်သိက္ခာတွေ ဟာ လဆုတ်ရက် မှာ ထွက်တဲ့ လလို ပဲ -တစ်နေ့ တစ်ခြား ယုတ်လျော့ သေးသိမ် ပြောက်ကွယ် သွား နိုင် တယ်။ ဒါအရေးကြီး တယ်-လူရယ်လို့ ဖြစ်လာ လို့ ရှိ ရင် - အဂတိ လိုက် စားလိုက်ရင် လူ့ ရဲ့ ဂုဏ်သိက္ခာ ဟာ ညီုး နွမ်းပျက် ပျယ်ပြီး၊ မကျန်တော့ ဖူး လို့ ပြောတာ။


အဂတိ တရား မလိုက် စား ရင် ဖြင့် -လဆန်းရက် မှာ ထွက်တဲ့ လဟာ တဖြေးဖြေး ၀န်းပ ထွန်း လင်း တောက် ပြောင် လာ သလို အဂတိမလိုက်စား တဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ် သိက္ခာဟာ တိုး တက်မြင့်မားစေ တယ်။


အဂတိ လိုက်စား တယ် ဆို တာ-ဓမ္မလမ်းကြောင်း ကနေသွေဖီ သွား တဲ့ ကိုယ်ကျင့်တရား ပျက် ပြား တဲ့ လမ်း ကို လိုက်တာ အဓမ္မလမ်းကြောင်း ကို သွားနေတာ၊ ဒုစရိုက် ၁၀ ပါး ကို ကျူးလွန် စေတာ-


ဒီ လို ဖြစ်စေတဲ့ -အကြောင်းတရား ဟာ ၄မျိုး ရှိတယ်။


(၁။)ဆန္ဒာဂတိ=လောဘသံယောစဉ်ရှိတဲ့ အတွက်အဂတိလိုက်ခြင်း ဒါ ဟာ ဆန္ဒလို့  သုံး ထား ပေမဲ့ -လော ဘ ကို ရည်ညွှန်းတာ-သံယောစဉ် ဆို တဲ့ တဏှာ လောဘစိတ်နဲ့ တစ်ဘက်သား ကို ဘက် လိုက်၍ - ဓမ္မ လမ်းကြောင်း က နေ သွေဖီ ပြီး မလုပ်သင့်တာ မဖြစ် သင့်တာ ကို ဖြစ် စေတာ ၊ မပြောသင့် တာ ကို ပြောတာ ---အကုသိုလ် ဖြစ်စေတာ၊ လောဘကလွှမ်းမိုး လာပြီ၊ ဆိုရင် မှန်ကန်အောင်တွေး တော နိုင်တဲ့ မရှိတော့ တဲ့ ထို ပုဂ္ဂိုလ် မျို ရဲ့ စိတ် ကို -မြတ်ဘုရား က---မိမိ အကျိုး ကို သော် ၄င်း၊ သူတစ်ပါး အကျိုး ကို မသိတော့၊ နှစ် ဦးနှစ်ဖက် ကောင်း ကျိုး ကို မသိ တော့၊ ဒါ တင် မက- သတ်ဖို့ ဖြတ်ဖို့ လဲဝန် မလေးတော့၊ လိမ်ဖို့ ညာ ဖို့  ကို လဲ ၀န် မလေးတော့၊ စတဲ့ အကုသိုလ် တွေ ပြုဖို့ ဖြစ် ဖို့ ဝန်မလေး တော့ သလို - ဒေါ မနဿ ဝေဒ နာ ကို လဲအကျိုး ဆက် အနေ နဲ့ ခံစား ရတယ်။


ဒါကို ကြည့်ရင် ဆန္ဒာဂတိ ဆို တဲ့ ဓမ္မလမ်းကြောင်း ကသွေဖီ သွားစေတဲ့ -လောဘ စိတ် က လွှမ်းမိုး လာပြီ ဆိုရင် အကုသိုလ်တွေ စဉ်ဆက်မပြတ်ဖြစ်ပေါ်လာစေတယ်။


(၂။) ဒေါသာဂတိ= မုန်းတဲ့အတွက် အဂတိလိုက်ခြင်း


ဒီ လိုပဲ ဒေါသ နဲ့ယှဉ်ပြီး ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ကိုမုန်း လို့  ရသင့်ရထိုက် တဲ့ အခွင့် အေ ရး ကို မပေးတာ မျိုး ၊ သို့  မဟုတ်၊ တရာဥပဒေ ခွင် မှာ ပြစ်မှု ကို ပို ပြီး ချတာမျိုး၊ ပေးသင့် တဲ့ ပြစ်ဒဏ် ထက် ပို ပြီး တော့ ပေးတာမျိုး ၊ ကို ဒေါသ ဂတိ လို ခေါ်တယ်။


ဒီလို အဂတိ တရား ဆို တာ ဆရာတွေ က တပည့် အပေါ် မှာ၊ တိုင်းပြည် အုပ်ချုပ်တဲ့ သူတွေ က ပြည်သူတွေ အပေါ် မှာ ကင်းရှင်း သင့် တယ်။ ချစ်ရင် တစ်မျိုး မုန်းရင် တစ် မျိုး၊ မဖြစ်စေရပဲ၊ သတ် မှတ်ထား တဲ့ ဓမ္မ လမ်းကြောင်း က မသွေဖီပဲမှန်မှန် ကန် ကန် ရပ် တာ် မှ အဂတိ က လွတ်တယ် လို့ ဆိုရမယ်။


(၃။) မောဟာဂတိ= အမှားအမှန်ကိုမသိ၊ ဆင်ခြင်တုံတရားမရှိတဲ့အတွက် အမှန်မသိမှု -အမှား အမှန် ဝေဖန်နိုင် တဲ့ ဆင်ခြင်တုံတရား မရှိတဲ့အတွက် ဓမ္မ လမ်းကြောင်း က နေ သွေဖီ ပြီး မလုပ်သင့်တာ မဖြစ် သင့်တာ ကို ဖြစ် စေတာ --- အကုသိုလ် ဖြစ်စေတာ၊


အမှန် ကို မသိ ပဲစွတ်ရွတ် လုပ် တာ မျိုး၊ လုပ်ရမဲ့ ဟာ မလုပ်ဖူး၊ မလုပ်ရမဲ့ ဟာ လုပ် တယ်။ မဆုံးဖြတ်ရမဲ့ ဟာ ဆုံးဖြတ်တယ်၊ ဆုံး ဖြတ်ရမဲ့ ဟာ မဆုံး ဖြတ်ဖူး၊ အသိဥာဏ် နည်းတဲ့ ပုဂ္ဂိုလ် တွေ မှာ ဖြစ် လေ့ရှိတယ်။ အမှား ကို အမှန် ထင် ကာ- မောဟရဲ့ လွှမ်းမို မှု ကို ခံရပြီး -ပြောရင်လဲ ကို့ ယို့ ကား ယား၊ လုပ်ရင် လဲကို ယ့် ရို့  ကား ယား၊ အမှား တွေ ဆင့်ကဲ စုပုံ ပြီး ယဉ်ယဉ် လေး နဲ့ ရူးနေတဲ့ သူတွေ ပေါ့။


(၄။)ဘယာဂတိ= ကြောက်တဲ့အတွက်အ ဂတိလိုက်ခြင်း ဒီနေရာမှာ ကြောက်တယ် ဆို ကဒေါသနဲ့ ယှဉ် ပြီး ကြောက်တာ - အကုသိုလ် လုပ်ရမှာ ကိုကြောက်တာ မဟုတ်ဖူး -အကုသိုလ် ကိုကြောက်တာ ဆို ရင် - အသိဥာဏ် လို့  ခေါ်တယ်။


ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ကို ကြောက်၍ တရား ဥပဒေ ကို မမှန်မကန် ဆုံးဖြတ်တာ ၊ လျှော့ ပေါ့၍ ဆုံး ဖြတ်တာ၊ ကြောက်ရွံ့သော ကြောင့် ဓမ္မက သွေဖီပြီး အကု သိုလ် တရား တွေ ဆင့် ကဲဖြစ်စေ တာ၊


အဂတိဖြစ် စေ တဲ့ ဒီ လောဘ၊ ဒေါသ၊ မောဟ နဲ ယှဉ်တဲ့ စိတ်တွေ၊ အတွေးတွေ၊ အပြောအဆို၊ အလုပ်တွေ၊ ဆုံး ဖြတ်မှု တွေ ဟာ အလွန်ကြီး မား တဲ့ အကုသိုလ် အလုပ်တွေ ကျူးလွန်တာ ဖြစ်ပြီး - အပါယ် ကို ကျ စေတတ်တယ် လို့  ပြောရမယ်။


၂။ ဒီနေရာမှာ မြတ်စွာဘုရားက- ပဋ္ဌါန်း တရားတော် မှာ - ဟေတုပစ္စယော ဆိုပြီး -လောဘ တရား လွှမ်းမိုး နေတဲ့ ပုဂ္ဂိုလ် ဟာ-လော ဘနဲ့တွေး မယ်၊ လော ဘနဲ့  ပြော မယ် လော ဘ နဲ့  လုပ်မယ်- ဒါ ကြောင့် လော ဘ ဟာ- ထို သို သော အကုသို လ်တွေ ကို ဆင့် ကဲ ဖြစ် ပေါ် လာ စေတဲ့ အခြေခံရေသောက် မြစ်ပဲ လို့  ဟော ကြား ခဲ့ တယ်။ အဲဒိတော့ လောဘ စိတ်ရှိ နေသမျှ ကာလပါတ်လုံး ဓမ္မ လမ်းကြောင်းမှန် ပေါ် ကို ပြန်ရောက် ဆို အမင်တန်မှ ခဲယင်း ပါတယ်။


ဒါဟာ ဘာကိုပြတာ လဲ ဆို တော့-လူ့ ကျင့်ဝတ် တစ်ခု၊ လောက ဥပဒေတစ်ခု၊ လိုက်နာရမယ့် ဓမ္မနည် လမ်း တွေ ရှိနေ လင့် ကစား- ပုဂ္ဂိုလ် တစ် ဦးနဲ့ ပါတ်သတ် လာ တဲ့ အခါ မှာ - ဆန္ဒလို ဆို တဲ့- လော ဘ ၊ ဒေါသ၊ မောဟကို အခြေခံပြီးတော့ မှန်မှန် ကန်ကန် စဉ်းစား နိုင် မှု မရှိပဲနဲ့၊ မျှမျှတတဆုံးဖြတ်နိုင် မှု မရှိ ပဲ၊ မဆုံးဖြတ်သင့် တာ ကို ဆုံးဖြတ်ပြီး မလုပ် သင့် တာ တွေ ကို လုပ် သွားတယ်၊ ဓမ္မလမ်းကြောင်း နဲ့ ဆန့် ကျင်တာ တွေ ကို လုပ် သွားတယ် လို့  ခေါ်တယ်။ ဥပမာ ဆိုရင်-တရားဥပဒေ အရ ဖြစ်မှု ကျူးလွန်ထားတဲ့ ပုဂ္ဂိုလ် ကို တရား ဆုံး ဖြတ်ရာမှာ - မမှန်မကန် ဆုံးဖြတ် ပြီဆို ရင်သော်၎င်း၊ အားလုံး ညီတူညီမျှ ရှိရမဲ့ နေရာမျိုး မှာ -ဓမ္မ ကသွေဖီပြီး မမျှမတ ဆုံးဖြတ် ပြီဆို ရင်- ဒီ ပုဂ္ဂို မျို ရဲ့ ဏ်သိက္ခာ မရှိတော့ဖူး၊ စိတ်နေစိတ် ထား မမှန်တော့ ဖူး - အပါယ် ငရဲ အထိကျ တဲ့ အကုသိုလ် တွေ ပြု နေပြီ လို့  သိလိုက်ကြပါ။


၃။ ဒီအဂတိ တရား တွေ ဟာ- ဒုစရိုက် တွေဆင့် ကဲဆင့် ကဲကျုး လွန် စေပြီါ်- အကုသိုလ် ဆို တဲ့ အသီး အပွင့်တွေ ဝေဆာစေ တဲ့ အကြောင်းတရား ဖြစ် တယ်။ ဒါကြောင့် ဒီ အဂတိ တရား လွှမ်းမိုး နေသူ တွေ ဟာ ဘယ် ဘ၀ ရောက် ရောက် ဖြစ်ရာ ဘ၀ မှာ ထို ပုဂ္ဂို လ် တွေ ရဲ့ ဘ၀ တွေ ဖျက် ဆီး ကြပြီး အမတန် မှ ကြောက် စရာ ကောင်းတဲ့ ငရဲ၊ တရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကါယ် လို့ ခေါ် တဲ့ အပါယ် လေးပါး ကို ကျ ရောက်စေတယ်။


အဂတိ တရား ကင်းဝေးရေး ဟာ - လောက ကြီး တိုး တက် မှု လူသား တွေ တိုး တက် မှု ၊ ညီညွတ်မှု အတွက် အရေးကြီး တဲ့ တရား ပါ။


အကုသို လ် မှန် သမျှ- အပါယ် လေး ပါး ကျစတေယ်၊ ဒုစရိုက် မကောင်းမှု နဲ့  လူ့  ဂုဏ် သိက္ခာ ဆုတ်ယုတ် စေတယ်၊ ရောက်လေရာ ဘ၀ မှာ မကောင်း မှု အသီး အပွင့် တွေ ဝေပြီး သံသရာ မှာ ဆင်းရဲဒု က္ခတွေ ကျစတယ် ၊


၎။ ဒါတွေ ကို ပါယ်သတ် နိုင် ဖို့  အတွက်


လောဘ ကို-စွန့် လွှတ်ခြင်း ဖြင့်


ဒေါ သ ကို - မေတ္တာ စိတ် ဖြင့်


မော ဟ ကို -ပညာ ဆို တဲ့ ၀ိပဿနာ ဥာဏ် အသိ စတဲ့ သူတော် ကောင်း တရား တွေ ကျင့်ကြံ ကြရမယ်။ သူတော် ကောင်း တရားတွေ မိမိ ခန္ဓာ မှာ ပေါ်လာအောင် ကြိုး စား ကျင့် ကြံကြရမယ်။


ဒါကြောင့် ဒကာ၊းကာ မတွေ အားလုံး-ဓမ္မလမ်း ကြောင်းထက် မှာ မတ်မတ် ခိုင်ခိုင်ရပ် တည် ပြီး၊ လူ့ ရဲ့ ဂုဏ်သိက္ခာ တိုး တက် စေအောင်၊ အပါယ် ကျသော ဘေး မှ လွတ် နိုင် အောင်၊ ကုသိုလ် တရား တွေ ပွားများ နိုင် အောင်၊ သမထ၀ိပဿနာ ကမ္မဋ္ဌါန်း ကို ပွား များ ပြီး၊ ဒီ အဂတိ တရား တွေ ကို ဖြစ်စေတဲ့ လောဘ၊ ဒေါသ၊ မော ဟ တရားတွေ ကို အမြစ်မှ ပါယ် ရှား ၍ ကောင်းကျိုး အဖြာဖြာ ရနိုင် ကြပါစေသော်။


"(ကျေးဇူးရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာ ဘိဝံသ ၂၇-၀၈-၂၀၁၁ နေ့ မန္တလေးမြိုးတွင် ဟောကြားဆုံးမတော်မူသောတရားတော်)" မှ ကောက် နှုတ် မျှဝေပါသည်။ မူရင်းhttps://www.facebook.com/photo.php?fbid=508933892451968& set=p.508933892451968&type=1


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT