Tuesday, November 19, 2013

ဝိသုဒ္ဓိမဂ် အဋ္ဌကထာ မိတ်ဆက်

ိဝိသုဒ္ဓိမဂ် အဋ္ဌကထာ မိတ်ဆက်


မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော နိကာယ်ငါးရပ် ဒေသနာတော်တို့အား အကျဉ်းရုံးလိုက်ပါက “သီလ, သမာဓိ, ပညာ” ဟူသော ကျင့်စဉ်သုံးပါး ရသည်။ ထိုဒေသနာတော်တို့၏ ရည်ရွယ်ချက်သည်ကား နိဗ္ဗာန်ဖြစ်သည်။ ၀ိသုဒ္ဓိမဂ် ခေါ် ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာသည် နိကာယ်ငါးရပ်နှင အဖွင့် အဋ္ဌကထာကျမ်းများ၏ အနှစ်သာရကို စနစ်တကျ အကျဉ်းခြုံးကာ ထေရ၀ါဒနည်းအတိုင်း အဓိပ္ပါယ်ဖွင့်ဆိ ပြထားသည့် စင်ကြယ်ခြင်းတည်းဟူသော နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ကျမ်း (၀ိသုဒ္ဓိ - စင်ကြယ်ခြင်း + မဂ္ဂ =လမ်း) ဖြစ်၏။ ကျမ်းပြုသူမှာ နိကာယ်ငါးရပ်၏ အဖွင့်အဋ္ဌကထာ ကျမ်းပေါင်းများ စွာကို ပြုစုခဲ့၍ ဗုဒ္ဓမတညု (မြတ်စွာဘုရား၏ အလိုတော်ကို သိသူ)ဟု တင်စား ခေါ်ဆိုခံရသူ အရှင်မဟာဗုဒ္ဓဃောသမထေရ် ဖြစ်သည်။ သီဟိုဠ်နိုင်ငံအနုရာဓပူရမြို့ မဟာဝိဟာရ ကျောင်းတိုက်မှ သံဃပါလမထေရ်၏ တိုက်တွန်း ပန်ကြားချက်အရ သာသနာက္ကရာဇ် ၉၇၀ ခုနှစ်ဝန်းကျင်တွင် ရေးသားပြုစုခြဲ့ ခင်း ဖြစ်သည်။


ကျမ်းပြုစုပုံ


သီလေ ပတိဋ္ဌာယ နရော သပညော, စိတ္တံ ပညဉ္စ ဘာဝယံ။ အာတာပီ နိပကော ဘိက္ခု,သော ဣမံဝိဇဋယေ ဇဋန္တိ။ (သံ-၁-၂၃၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ ဒေ၀တာသံယုတ်၊ သတ္တိဝဂ်၊ ဇဋာသုတ်)


“ပညာရှိသည် သီလကို တည်၍ ပူပန်စေမှု(လုံ့လ )ရှိလျှက် ရင့်ကျက်သည် (ဆင်ခြင်ဉာဏ်ရှိသည်) ဖြစ်၍ စိတ်ကိုလည်းကောင်း၊ ပညာကိုလည်းကောင်း ပွားစေသော် ထိုရဟန်းသည် ဤအရှုပ်အထွေးကို ရှင်းနိုင်ပေ၏။” ၀ိသုဒ္ဓိမဂ်အဋ္ဌကထာသည် သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်လာ အထက်ပါ ဂါထာအားမူတည်၍ သီလ, သမာဓိ, ပညာဟူသော သိက္ခာသုံးရပ်ကို အကျယ်တ၀င့် ဖွင့်ဆိုထားသည့် “အဋ္ဌကထာ” ဖြစ်သည်။ သီဟိုဠ်ဘာသာဖြင့် ရှိနေသော နိကာယ်ငါးရပ်၏ ရှေးအဋ္ဌကထာဟောင်းများကို ကိုးကား အနှစ်ထုတ်ကာ ဖွင့်ဆိုထားခြင်း ဖြစ်၍ နောင်တွင် နိကာယ်တစ်ခုစီ၏ အဋ္ဌကထာကျမ်းများ ပြုစုသောအခါ အကျယ်ကို ၀ိသုဒ္ဓိမဂ်အဋ္ဌကထာတွင် ကြည့်ရန် ပြန်လည် ရည်ညွှန်းလေ့ရှိသည်။


သီလ, ဓုတင်, အလုံးစုံသော ကမ္မဋ္ဌာန်း၊ စရိုက်အစီအရင်နှင့် တကွသော ဈာန် သမာပတ်အကျယ်ကို လည်းကောင်း၊ အလုံးစုံသော အဘိညာဉ်, ပညာကို ပေါင်း၍ ဆုံးဖြတ်ချက်၊ ခန္ဓာ, ဓာတ်, အာယတန, ဣနြေ္ဒ, အရိယသစ္စာ လေးပါးတို့ကို လည်းကောင်း၊ ကောင်းစွာ စင်ကြယ်၍ နက်နဲသိမ်မွေ့သော ပဋိစ္စသမုပ္ပါဒ်ဒေ သနာ၊ ပါဠိတော်အစဉ်လာက မလွတ်သော ၀ိပဿနာဘာဝနာပွား များနည်းတို့အား ၀ိသုဒ္ဓိမဂ်ကျမ်းတွင် ပြည့်စုံ စင်ကြယ်စွာ ဆိုအပ်ခဲ့ပြီ။ ထို့ကြောင့် ဤအဋ္ဌကထာတွင် အပိုထပ်မံ၍ စိစစ်ခြင်း မပြုတော့။ (သုတ္တန္တနိကာယ် လေးရပ် အဋ္ဌကထာများ၏ ကျမ်းဦးအဖွင့်အ မှာစာများ)


ထို့အပြင် အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ရှင်မဟာကဿပစသော မထေရ်ကြီးများ၏ အစဉ်အဆက် မဟာဝိဟာရ ကျောင်းတိုက်တွင သီတင်းသုံးကြသော မထေရ်ကြီးများ၏ ဒေသနာနည်းကိုမှီကာ အခြားသော ဂိုဏ်းများ၏ အယူဝါဒနှင့် မရောထွေးစေပဲ စင်ကြယ်စွာ ဖွင့်ဆိုထားပါသည်ဟု ကျမ်းပြုဆရာက မိန့်ဆိုခဲ့သည်။ ထိုခေတ်က သီဟိုဠ်နိုင်ငံတွင် အဘယဂီရိကျောင်း, ဇေတ၀န်ကျောင်းတိုက်တို့တွင် ထေရ၀ါဒကျမ်းစာများအပြင် အခြားသော ဝေတုလ္လဂိုဏ်း, ဓမ္မရုစိဂိုဏ်းတို့မှ ကျမ်းစာများနှင့်  မဟာယာနကျမ်းစာများကိုပါ ရောနှော သင်ကြား ပို့ချလျှက်ရြှိ က၏။ ၀ိသုဒ္ဓိမဂ်ကျမ်းတွင် မဟာဝိဟာရ၀ါသီ မထေရ်တို့၏ အယူနှင့် ဆန့်ကျင်သော အယူဝါဒကွဲများအားလည်း အလျဉ်းသင့်သလို ဖော်ထုတ်ကာ အကျိုးအကြောင်းနှင့်တကွ ချေဖျက်ထားသည်။ ထို့ကြောင့် နိကာယ်ငါးရပ် အနှစ်သာရအား ထုတ်နှုတ်၍ ထေရ၀ါဒနည်းအရ အဓိပ္ပါယ်ဖွင့်ဆိုထားခြင်း ဖြစ်သဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာ လက်စွဲကျမ်းတစ်ဆူဟု ခေါ်ဆိုနိုင်သည်။


ကျမ်းဖွဲ့စည်းပုံ


ဝိသုဒ္ဓိမဂ်ကျမ်းသည် အရွယ်ပမာဏအားဖြင ၅၈ ဘာဏ၀ါရရှိ၍ အခန်းပေါင်း ၂၃-ခန်း ပါဝင်သည်။ (မရပ်နားပဲ တကြိမ်တည်းရွတ်ဆိနိုင်သော ပမာဏအား တစ်ဘာဏ၀ါရဟုခေါ်၍ အက္ခရာအလုံးရေ ရှစ်ထောင်ရှိသည်။) မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၊ သြပမ္မ၀ဂ်၊ရထ၀ိနီတသုတ် (မ-၁-၂၅၂) တွင်လာသော ၀ိသုဒ္ဓိ (စင်ကြယ်ခြင်း) ၇-ပါး အစီအစဉ်ဖြင့် ကျမ်းကိုရေးသာြး ပုစုထား၍ ၀ိသုဒ္ဓိမဂ္ဂဟု ခေါ်ခြင်းလည်း ဖြစ်သည်။


အခန်း ၁ နှင့် ၂ တွင် သီလအမျိုးမျိုးတို့နှင့်တကွ ဓုတင် ၁၃-ပါးအား အကျယ်ဖွင့်ဆိုထား၏။ သီလ၀ိသုဒ္ဓိ (အကျင့်စင်ကြယ်ခြင်း) အပိုင်းဖြစ်သည်။


အခန်း ၃ မှ ၁၁ အထိ အခန်းများမှာ ကမ္မဋ္ဌာန်း ၄၀ အား အကျယ်ပြဆိုထားသည့် စိတ္တ၀ိသုဒ္ဓိ (စိတ်စင်ကြယ်ခြင်း) အပိုင်းဖြစ်သည်။ ရှေးဦးစွာ ကြိုတင်ဖယ်ရှားထားရမည့် ပလိဗောဓ ခေါ် သမာဓိဘာဝနာ၏ အနှောက်အယှက်၁၀-ပါး, ကမ္မဋ္ဌာနာစရိယဆရာ, စရိုက်အလိုက် ကမ္မဋ္ဌာန်းပေးခြင်း, ဈာန်သမာပတ်များ ရသည့်တိုင် သမာဓိဘာဝနာ ပွားများ အားထုတ်နည်းအမျိုးမျိုးတို့ကို ဖွင့်ဆိုထားသည်။


အခန်း ၁၂ နှင့် ၁၃ တွင် သမာဓိဘာဝနာကို ပေါက်မြောက်အောင် ပွားများပါက ရရှိလာနိုင်မည့် ဣဒ္ဓိဝိဓ (တန်ခိုးဖန်ဆင်း မှုအမျိုးမျိုး)နှင့် အဘိညာဉ် (ထူးသောအသိဉာဏ်)အကြောင်းတို့အား ဖွင့်ဆိုထားသည်။


အခန်း ၁၄ မှ ၁၇ အထိတွင် ပညာ၏ အခြေခံဖြစ်သော ခန္ဓာ, အာယတန, ဓာတ်, ဣနြေ္ဒ, သစ္စာ, ပဋိစ္စသမုပ္ပါဒ်တို့၏ သဘောတရားကို ရှင်းလင်းထားသည်။ ရှေ့အခန်းများတွ င် ဖော်ပြခဲ့သော သီလ၀ိသုဒ္ဓိနှင့် စိတ္တ၀ိသုဒ္ဓိနှစ်ပါးသည် သစ်ပင်၏ အမြစ် (မူလ) နှင့်တူ၏။ ပညာ၏ အခြေခံမြေလွှာ (ပညာဘူမိ) နှင့်တူသော ခန္ဓာ, အာယတန စသည်တို့အား နားလည်သဘောပေါက်အောင် မေးမြန်းသင်ယူလေ့ကျက်ပါက ထိုမြေလွှာပေါ်တွင် အပင်၏ ကိုယ်ထည် (သရီသ) နှင့်တူသည့် ဒိဋ္ဌိဝိသုဒ္ဓိစသော ကျန်အဆင့်မြင့် ၀ိသုဒ္ဓိတရားများ ဖြစ်ပေါ်လာနိုင်ေ ပမည်။ စာသိ, သဘောတရားသိအားဖြင့် သိအပ်သည်တို့ကို ပိုင်းခြားသိခြင်း (ဉာတပရိညာ) အပိုင်းဟုလည်း ခေါ်နိုင်သည်။


နောက်အခန်းများတွင် စာသိ, သဘောတရားသိမှသည် ကိုယ်တိုင် ရှုမှတ်ပွားများဆင်ခြင်၍ သိသော အသိသို့ ကူးပြောင်းရန် နည်းနိဿယများကို ဖော်ပြထားသည်။ အခန်း ၁၈တွင် နာမ်ရုပ်တရားတို့ကို ပိုင်းခြားသိမြင်သော ဒိဋ္ဌိဝိသုဒ္ဓိ (အမြင်စင်ကြယ်ခြ င်း)၊ အခန်း ၁၉ တွင် နာမ်ရုပ်တရားတို့၏အကြောင်းတရားကို သိမြင်သော ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ (ယုံမှားခြင်းလွန်မြောက်၍ စင်ကြယ်ခြင်း)၊ အခန်း ၂၀ တွင် ရုပ်နာမ်တရားတို့အား အနိစ္စ, ဒုက္ခ, အနတ္တဟု လက္ခဏာရေးသုံးပါးတင်၍ ရှုမှတ်သော သမ္မာသနဉာဏ်, မဂ်တုစသော ၀ိပဿနာညစ်ညူးကြောင်းတရား, မဂ္ဂါမဂ္ဂဉာဏဒဿန ၀ိသုဒ္ဓိ (လမ်းမှန်လမ်းမှားသိမြင်၍ စင်ကြယ်ခြင်း)၊ အခန်း ၂၁ တွင် ဖြစ်ပျက်မြင်သည့် ဥဒယဗ္ဗယဉာဏ်မှသည် မဂ်တရားနှင့်လျော်သော အနုလောမဉာဏ်, ပဋိပဒါဉာဏဒဿန ၀ိသုဒ္ဓိ (အကျင့်လမ်းမှန် ကို သိမြင်စင်ကြယ်ခြင်း)တို့ကို ဖွင့်ပြထားသည်။


အခန်း ၂၂ ဉာဏဒဿန၀ိသုဒ္ဓိနိဒ္ဒေသတွင် သောတာပတ္တိမဂ်, သကဒါဂါမိမဂ်, အနာဂါမိမဂ်,အရတ္တမဂ်ဟူသော မဂ်လေးပါး, ဗောဓိပက္ခာယတရား ၃၇-ပါး, မဂ်ဉာဏ်တို့က အသီးသီးပယ်သတ်သော ကိလေသာ, သံယောဇဉ်စသော တရားများအား ဖွင့်ပြသည်။


အခန်း ၂၃ ပညာဘာဝနာ အာနိသံသနိဒ္ဒေသအခန်းတွင် ပညာဘ၀နာ၏ အကျိုးရလဒ်ဖြစ်သော ဖလသမာပတ်, နိရောဓသမာပတ်နှင့် နိဗ္ဗာန်တရားတို့ကို ရှင်းလင်းဖော်ပြ ထားသည်။


ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ


ဝိသုဒ္ဓိမဂ်အဋ္ဌကထာကျမ်း၏ ခက်ခဲသောအနက်များကို အဖွင့်ဆိုသည့် ပရမတ္ထမဉ္ဇူသာ (၀ိသုဒ္ဓိမဂ်မဟာဋီကာ) ကျမ်းကို ဒုတိယအဋ္ဌကထာဆရာဟု တင်စားခံရသည့် အရှင်ဓမ္မပါလမထေရ် ရေးသားပြုစုခဲ့သ ည်။ ၀ိသုဒ္ဓိမဂ်၌ ပယ်ထားသော အချက်အလက်တို့၏ ကျမ်းစာ, ကျမ်းပြုပုဂ္ဂိုလ်၏အမည်, ဂိုဏ်းစသည်တို့ကို မဟာဋီကာကျမ်းက အတိကျ ဖော်ထုတ်ပြထားသည်။ အရှင်မဟာနာမထေရ် ရေးသားပြုစုသော သဒ္ဓမ္မပကာသနီ (ပဋိသမ္ဘိဒါမဂ္ဂပါ ဠိတော်၏ အဖွင့် အဋ္ဌကထာ) ကျမ်းတွင် ၀ိသုဒ္ဓိမဂ်အဆိုအချို့အား ဝေဖန်ထားသည်များရှိရာ၊ အရှင်ဓမ္မပါလက မဟာဋီကာတွင် ပြန်လည် ချေပရေးသားထားသည်။ အရှင်ဓမ္မပါလသည် မဟာဋီကာတွင် နေရာအတော်များများ၌ ယုတ္တိဗေဒနည်းများသုံး၍ ဝေဖန်တတ်သည်။ ထိုခေတ်က အိန္ဒိယနိုင်ငံတွင် ထင်ရှားခဲ့သည့် နျာယ, ၀ိသေသိက, သင်္ချ, ယောဂ, မီမံသ, ဝေဒန္တစသော ဒဿနဂိုဏ်း ၆-ဂိုဏ်းတို့၏ အယူဝါဒများနှင့် လည်း စိတ်ဝင်စားဖွယ် နှိုင်းယှဉ်ဆွေးနွေးထားသည်။ သို့သော် ၀ိသုဒ္ဓိမဂ်ကျမ်းတွင်ကဲ့သို့ ပုံဝတ္ထုများဖြင် တန်ဆာဆင်၍ ရေးသားခြင်းမပြု ခဲ့ပေ။


ဘာသာပြန်ကျမ်းများ


ဝိသုဒ္ဓိမဂ်အဋ္ဌကထာအား ပြည်ဆရာတော် အရှင်မေဓာလင်္ကကာရက“ပါဠိတစ်ချက်-မြ န်မာတစ်ချက်”တွဲ၍ နိဿယဘာသာပြန်ခဲ့ သည်။ ကျိုက်ထိုမြို့ဘုရားသုံးဆူဆရာတော် အရှင်နန္ဒမာလာသည် “၀ိသုဒ္ဓိမဂ်အဋ္ဌကထာ မြန်မာပြန်ကျမ်း ”ဟူသောအမည်ဖြင့် မြန်မာဘာသာ သက်သက်ဖြင့် ရေးသားခဲ့ဖူးသည်။ မဟာစည်ဆရာတော်ဘုရား ရေးသားပြုစုခဲ့ေ သာ “၀ိသုဒ္ဓိမဂ်မြန်မာပြန်” ကျမ်းမှာ ထင်ရှား အသုံးများသည်။ ညောင်လေးပင်တောရဆရာတော် ရှင်အရိယ၏ “၀ိသုဒ္ဓိမဂ်အရသာ”,ဆရာဦးသော်ဇင်၏ “၀ိသုဒ္ဓိမဂ်”တို့သည် ၀ိသုဒ္ဓိမဂ်အဋ္ဌကထာအား အကျဉ်းခြုံး ဘာသာပြန်ထားသော ကျမ်းများဖြစ်သည်။


ဝိသုဒ္ဓိမဂ်အဋ္ဌကထာအား ဆရာဦးဖေမောင်တင်က“The Path of Purity”ဟူသောအမည်ဖြင့် အင်္ဂလိပ်ဘာသာပြန် ဆိုကာ အင်္ဂလန်နိုင်ငံ ပါဠိကျမ်းစာအသင်း (PTS) က ၁၉၂၂-ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ နောင်တွင် ထပ်မံပုံနှိပ်ခြင်းမပြုတော့၍ အင်္ဂလိပ်လူမျိုး ရဟန်းတော် ဘိက္ခုဉာဏမောဠိက မိမိကိုယ်တိုင် အသုံးပြုရန် မှတ်စုသဘောအဖြစ် ဘာသာပြန်ခဲ့သည်။ ထို့နောက် ပြန်လည် တည်းဖြတ်ကာ “The Path of Purification” ဟူသောအမည်ဖြင့် သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာပုံနှိပ်ထုတ်ဝေရေးအသင်း (BPS) က ၁၉၅၆-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။


ဝိမုတ္တိမဂ္ဂအဋ္ဌကထာ


ဝိသုဒ္ဓိမဂ်အဋ္ဌကထာကဲ့သို့ပင် သီလ, သမာဓိ, ပညာကို အကျယ်ဖွင့်သည့် ကျမ်းတစ်စောင် ၀ိသုဒ္ဓိမဂ်ထက် စော၍ ပေါ်ထွန်းခဲ့ဖူးသ ည်။ အရှင်ဥပတိဿမထေရ် ပြုစုသော “၀ိမုတ္တိမဂ်အဋ္ဌကထာ” ကျမ်းဖြစ်သည်။ ၀ိမုတ္တိမဂ်ကျမ်းမှ အချက်အချို့အား ၀ိသုဒ္ဓိမဂ်တွင် ရှင်ဗုဒ္ဓဃောသက ဧကစ္စေ၀ါဒ (အချို့၏ အယူအဆ) ဟူ၍ ပယ်ဖျက်ခဲ့၍ မဟာဋီကာ ဆရာက ထိုအချက်တို့သည် အရှင်ဥပတိဿပြုစု သော ၀ိမုတ္တိမဂ်ကျမ်းမှ ဖြစ်သည်ဟု ဖော်ထုတ်ပြသည်။ ၀ိမုတ္တိမဂ်အဋ္ဌကထာ လာအယူအဆအချို့သည အဘယဂီရိဝါသီတို့၏အယူများဖြစ်သည်ဟ မဟာဋီကာဆရာက ဖော်ပြခဲ့သည်။ ၀ိမုတ္တိမဂ်အဋ္ဌကထာကျမ်းသည် ပျောက်ကွယ်လုနီးပါး တိမ်မြုတ်နေ၍ ခရစ်သက္ကရာဇ် ၅၀၅-ခုနှစ်တွင် သံဃပါလမည်သော ရဟန်းတော်က တရုတ်ဘာသာ ပြန်ဆိုထားသည့်မူကို ပြန်လည်တွေ့ရှိရသည်။ ၁၉၆၁-ခုနှစ်တွင် အရှင်သောမထေရ်နှင့် အရှင်ခေမိန္ဒတို့က “Path of Freedom”ဟူသော အမည်ဖြင့် ဘာသာပြန်ကာ သီရိလင်္ကာနိုင်ငံကိုလံဘိုမြို့တွ င် ထုတ်ဝေခဲ့သည်။


ဝိသုဒ္ဓိမဂ်နှင့် ၀ိမုတ္တိမဂ်ကျမ်းနှစ်စောင်၏ နှိုင်းယှဉ်သုံးသပ်ချက်များအား P.V. Bapat ရေးသားသည့် Vimutti Magga and Visuddhi Magga – A Comparative Study နှင့် မဟာစည်ဆရာတော်, အနီးစခန်းဆရာတော်, တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဆရာတော် ဦးဝိစိတ္တနှင့် တိပိဋကပါဠိ-မြန် မာအဘိဓာန်ကျမ်းပြု ဆရာတော် ဦးသီလာနန္ဒတို့ စုပေါင်းပြုစုခဲ့ ကြသော “၀ိသုဒ္ဓိမဂ္ဂနိဒါနကထာ”(၀ိသုဒ္ဓိမဂ်မြန် မာပြန်နိဒါန်း)တွင် ဖတ်ရှုနိုင်သည်။


ဧရာ (မန္တလေး)


စာညွှန်း ၁။ မဟာစည်ဆရာတော် - ၀ိသုဒ္ဓိမဂ်မြန်မာပြန် နှင့် နိဒါန်း ၂။ Bhikkhu Ñānamoli – The Path of Purification ၃။ U Pe Maung Tin – The Path of Purity ၄။ အရှင်ကေလာသ - ဗုဒ္ဓစာပေ ကျမ်းပြုပုဂ္ဂိုလ်များ ၅။ အရှင်ကေလာသ- ၀ိမုတ္တိမဂ္ဂပါဠိမူ ၆။ P.V. Bapat – Vimuttimagga and VisuddhiMagga – A Comparative Study ၇။ Bhikkhu Anālayo – The Treatise on The Path ofLiberation and the Visuddhi Magga


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT