Tuesday, November 19, 2013

မိထွေးတော်ဂေါတမီ

ိမိထွေးတော်ဂေါတမီ


မိထွေးတော်ဂေါတမီသည် ဘိက္ခုနီရဟန်းမသာ သနာတော်ကို စတင်ဖော်ဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။ အမျိုးသမီးများ ဘိက္ခုနီသာသနာတော်သို့ ၀င်ရောက်ရန်အတွက် ရှေ့ဆောင်လမ်းပြ အဖြစ် ကြိုးစားခဲ့သူ တစ်ဦးလည်းဖြစ်သ ည်။ နောက်ဆုံး ရဟန်းမဘ၀တွင် သိက္ခာဝါအကြီးဆုံး(ရတ္တညူမဟတ္တ) အရာ၌ ဧတဒဂ်ရခဲ့သည်။ မဟာပဇာပတိဂေါတမီ ထေရီမကြီး၏ ကြိုးစားမူကြောင့် သာသနာတော်သို့ အမျိုးသမီးများ များစွာဝင်ရောက် ခဲ့ကြပြီး အကျွတ်တရားရသူ တရားဖြန့်ပွားသူ သာသနာပြု အမျိုးသမီးများစွာ ပေါ်ထွန်းခဲ့သည်။ သာသနာ၌ ထူးခြားစွာ ဧတဒဂ်ရခဲ့သော အမျိုးသမီး (၁၃)ဦး ပေါ်ပေါက်ခဲ့ရသည်။


ဤအရှင်မလောင်းလျာသည် ပဒုမုတ္တရဘုရားရှ င်လက်ထက် ဟံသာဝတီမြို့၌ စည်းစိမ်ကြွယ်ဝေ သာ အမတ်ကြီးတစ်ဦး၏ သမီးဖြစ်ခဲ့သည်။ တနေ့တွင် ပဒုမုတ္တရဘုရားရှ င်ထံသို့ ဖခင်နှင့်အတူ တရားနာ လိုက်သွားရာ ဘုရားရှင်က မိထွေးဖြစ်သော ရဟန္တာထေရီမကြီးအား သိက္ခာအကြီးဆုံးအ ရာ၌ ဧတဒဂ်ထားသည်ကို တွေ့ရ၍ ထိုဆုကိုတောင်းယူလိုသော ဆန္ဒဖြစ်ခဲ့သည်။ ဖခင်ထံ ခွင့်ပန်ပြီး ဘုရားအမှူးရှိသော သံဃာတော်များကို ခုနှစ်ရက် ခုနှစ်လီ အလှူကြီးပေးလှူပြီး ထိုဆုကိုပန်ခဲ့သည်။


အရှင်မလောင်းလျာသည် ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ကဿပ ဘုရားရှင် သာသနာတော် ကွယ်ပပြီးနောက် ဂေါတမဗုဒ္ဓမပွင့် ထွန်းမီ ကြားကာလတွင် အလုပ်သမားငါးရာတို့ကို ကြီးမှူးအုပ်ချု ပ်ရသော အလုပ်သမားခေါင်း ကြီး၏ ဇနီးဖြစ်ခဲ့သည်၊ ထိုဘ၀တွင် အလုပ်သမားငါးရာတို့၏ လုပ်အားဖြင့် ပစ္စေကဗုဒ္ဓါတို့ကို ၀ါဆိုကျောင်းဆော က်လုပ်လှူခဲ့သည်။ ၀ါကျွတ်တွင် ပရိက္ခရာတို့ကို လှူခဲ့သည်။


ဘ၀တခုတွင်လည်း ယက်ကန်းသည်တို့က အုပ်ချုပ်ရသောသူ၏ ဇနီးဖြစ်ခဲ့ပြီး ပဒုမ၀တီမိဖုရားမှ ဖွားသော ပစ္စေကဗုဒ္ဓါ ငါးရာတို့ကို ဆွမ်းလှူဒါန်းခဲ့သည်။


ထိုမှတဖန် လူ့ဘုံ နတ်ဘုံ အစုံအလင်ခံစားပြီးနောက် ဤဘုရားရှင် သာသနာပေါ်ချိန်နီးလာသော အခါ ဒေ၀ဒဟပြည်တွင် မဟာသုပ္ပဗုဒ္ဓမင်း ကြီး၏ သမီးတော်ငယ်ဖြစ်လာ၍ အရွယ်ရောက်သော် အစ်မတော်မာယာဒေ၀ီနှင့်အတူ ကပိလ၀တ်ပြည့်ရှင ဘုရင်သုဒ္ဓေါဒနမင်းနှင့် လက်ထပ်ထိမ်းမြှားခဲ့ရသည်။


မယ်တော်မာယာသည် ဗုဒ္ဓမြတ်စွာလောင်းလျာဖြစ်သော သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ပြီး ခုနှစ်ရက်မြောက်တွင် နတ်ရွာလားကာ တုသိတာနတ်ပြည်သို့ ရောက်ရှိသွားသည်။


မယ်တော်မာယာ နတ်ရွာစံပြီးချိ န်မှစ၍ ညီမတော်မဟာပဇာပတိဂေါတမီသည် အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး ဖြစ်ခဲ့သည်။ သူမတွင် သားတော်နန္ဒမင်းသားနှင့် သမီးတော်ဇနပဒကလျာဏီတို့ ထွန်းကားခဲ့သည်။ မိထွေးတော်ဂေါတမီသည် မိမိရင်နှစ်သည်းချာ သားလှရတနာဖြစ်သည နန္ဒမင်းသားကို နို့ထိန်းများနှ င့် လွှဲအပ်ထားပြီး မိမိကိုယ်တိုင်မူကာ ဘုရားလောင်းသိဒ္ဓ တ္ထမင်းသားကိုသာ နို့ချိုတိုက်ကျွေး၍ ပြုစုမွေးမြူခဲ့ ရသည်။ ဤကဲ့သို့ ဗုဒ္ဓမြတ်စွာလောင်းလျာ ခုနှစ်ရက်သားအရွ ယ်မှစ၍ မွေးမြူစောင့်ရှောက်ခဲ့ရသည်။ ဗုဒ္ဓလောင်းလျာသည် သက်တော် ၂၉-နှစ်အရွယ် သားတော်ရာဟုလာကိ ဖွားမြင်ပြီးနော က် တောထွက်တော်မူသွားသည်။ မိထွေးတော်ဂေါတမီနှင့် မတွေ့ဆုံခဲ့ရချေ။


မြတ်စွာဘုရားသည် ကပိလ၀တ်ပြည်သို့ ကြွတော်မူ၍ ခမည်းတော် သုဒ္ဓေါဒနမင်းနှင်တကွ ဆွေတော်မျိုးတော်တို့အား နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူခဲ့သည်တွင်မှ ပြန်လည်ဆုံတွေ့ရပြီး ဆွေတော်မျိုးတော်များနှင့်အတူ တရားနာယူရသဖြင့် သောတာပန်အရိယာ ဖြစ်ခဲ့ပါသည်။ မိထွေးတော်ဂေါတမီ၏ သားတော်ဖြစ်သူ နန္ဒမင်းသားနှင့် မြေးတော်ရာဟုလာတို့သည် ဘုရားရှင်၏ သာသနာတော်တွင်းသ ၀င်ရောက်ခဲ့ကြသည်။ ညီတော် အာနန္ဒာအပါအ၀င် သာကီဝင်မင်းသား ခြောက်ယောက်တို့သည်လည်း ဘုရားရှင်သာသနာသို့ ၀င်ရောက်သွားကြသည်။ သားတော် မြေးတော်များ ထီးရိပ်နန်းရိပ် မှ သာသနာရိပ်၌ ခိုလူံသွားကြသောအခါ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးနည်းတူ မိမိလည်း ပထမတွင် သားသမီးအချစ် မြေးအနှစ် ဆိုသကဲ့သို့ ခွဲခွာရသော ဒုက္ခကို ခံစားခဲ့ရသည်။


ဘုရားရှင် ဒုတိယအကြိမ် ကပလိလ၀တ်ပြည်သို ကြွရောက်လာသော အချိန်တွင် ဂေါတမီသည် ချောမွတ်နူးညံ့လှသော ချည်အကောင်းစာြး ဖင့် သားတော်ဘုရားအတွက် သင်္ကန်းရက်လုပ်ပြီး လှူခဲ့သည်။ ဘုရားရှင်က ထိုသင်္ကန်းကို လက်မခံဘဲ သံဃာတော်များကိုလှူလျှင် မိမိကိုလည်းလှူရာရောက်သည်ဟု ချီးကျူးကာ သံဃာကိုသာ လှူရန် လမ်းညွှန်မူပေးခဲ့သည်။


ဘုရားရှင် ကပိလ၀တ်မှ ပြန်ကြွ၍ မကြာမီ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ထီးဖြူရိပ်မှာပင် လူဝတ်ကြောင် ရဟန္တာဘ၀ဖြင့် ပရိနိဗ္ဗာန်ပြုခဲ့ သည်။ တနေ့ထက်တနေ့ တွေ့ကြုံရသော အပြောင်းအလဲ၊ မမြဲသော သင်္ခါရသဘောနှင့် သာသနာ၏ သဘောတို့ကို သိမြင်လာခဲ့သည်။


ဂေါတမီသည် ရောဟိဏီမြစ်အရေး အခင်းဖြစ်ပြီးနောက် ကောလိယနှင့် ကပိလ၀တ်မှ တစ်ဘက်(၂၅၀) စီ ရဟန်းပြုသွားကြကာ သာကီဝင် မင်းသားတို့၏ ကြင်ယာတော် ဇနီးငါးရာတို့ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ရပြန်သည်။


ဂေါတမီသည် လောကီအမြင်အရ လင်သားမရှိ၊ သားတို့မြေးတို့လည်း မရှိတော့သော မှီတွယ်ရာမဲ့ မုဆိုးမဘ၀၊ အားငယ်စရာဝဖြစ်သ ည်ဟု ထင်ဖွယ်ရှိ၏၊ သို့သော်လည်း ဂေါတမီသည် ထိုလင်သားမြေးများ မရှိခြင်းကပင် အနှောင်အဖွဲ့မှ လွတ်မြောက်သူ ဖြစ်လာ၏၊ ချစ်လှစွာသော မိဘနှင့် ဇနီး သားမယားတို့ကိုပင် စွန့်ခွာနိုင်လောက်အောင် သာသနာရိပ်ခိုလူံသွားကြသူတို့၏ ချမ်းသာကိုလည်း အားကျမျှော်မှန်းနေခဲ့မိသည်၊ ယခုမူ မိမိအလှည့်၊ မိမိအချိန်ရောက် လေပြီဟု ၀မ်းမြောက်ကာ ဘုရားသာသနာတော်၌ ၀င်ရောက်ခိုလူံရန် စိတ်ဆုံးဖြတ်လိုက်သည်၊ မင်းသမီးငါးရာတို့နှင့် တိုင်ပင်ရာ မင်းသမီးငါးရာတို့ကလည်း သာသနာတော်ဝင်ရန် သဘောတူကြသည်။


ထိုအချိန်က ဘုရားသာသနာတော်၌ ဘိက္ခုနီဝတ်သူ မရှိသေးချ။ မဟာပဇာပတိဂေါတမီသည် ဘုရားရှင်သီတင်း သုံးရာ နိဂြောဓာရုံကျော င်းသို့ဝင်ပြီး ဘုရားရှင်ကို ရိုသေစွာရှိခိုးကာ မြတ်စွာဘုရားသသနာတော်၌ အမျိုးသမီးများ ၀င်ရောက်ထမ်းဆောင်ခွင့်ပြုပါရန် လျှောက်ထားသည်။


“ဂေါတမီ --- သာသနာတော်၌ အမျိုးသမီးများ ၀င်ရောက်ထမ်းဆောင်ခွင့်ကို မတောင့်တပါလင့်”ဟု ဘုရားရှင်တားမြစ်ခဲ့သည်။


ဂေါတမီသည် ဇွဲမလျှော့ဘဲ သုံးကြိမ်တိုင်တိုင် လျှောက်ထားသည်၊ ဘုရားရှင်ကား ခွင့်ပြုတော်မမူ ၊ မျှော်လင့်ချက်လမ်းဆုံး၌ ယူကျုံးမရ၊ ၀မ်းနည်းစွာဖြင့်  နန်းတော်သို့ ပြန်ခဲ့ရသည်။


မြတ်စွာဘုရားရှင်ကလည်း ကပိလ၀တ်ပြည်မှ ယူဇနာငါးဆယ်ကွာဝေးသော ဝေသာလီပြည်သို့ ကြွသွားတော်မူပြီး မဟာဝုန်တော ကူဋာဂါရကျောင်းေ တာ်၌ သီတင်းသုံးနေတော်မူလေသည်။


မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီ နှင့်အတူ သာကီဝင်မင်းသမီး ငါးရာတို့သည် ဆတ္တာသည်တို့ကို ခေါ်၍ အမျိုးသမီးတို့၏ အမြတ်နိုးဆုံးအရာဖြစ်သော ဆံကေသာတို့ကို ပယ်ဖြတ်ကြသည်၊ ထို့နောက် အဖိုးထိုက်တန်သော ထီးသုံးနန်းသုံး အ၀တ်အစား ဆင်ယင်ထုံးဖွဲ့မူများကို ပယ်စွန့်၍ ဖန်ရည်စွန်းသော အ၀တ်များကို ၀တ်ဆင်လိုက်ကြသည်။ ထို့နောက် မြတ်စွာဘုရား ကြွတော်မူရာ အရပ်ကို စုံစမ်းပြီး ခြေလျင်ခရီးဖြင့်  လိုက်သွားခဲ့ကြသည်။


ယူဇနာငါးဆယ်ခရီးကိုပင် ဝေါယာဉ်စသည်တို့ ကို အသုံးမပြုဘဲ ခြေလျင်လျှောက်လ မ်းခဲ့ကြသည်ကို ကြည့်လျှင် မိထွေးတော်ဂေါတမီတို့၏ သာသနာတော်သို့ ၀င်ရောက်လိုသောဆန္ဒ ပြင်းပြမူကို သိသာနိုင်သည်။ ပင်ပန်းကြီးစွာ လျှောက်လှမ်းခဲ့ ရသဖြင့် ဝေသာလီပြည် ဘုရားကျောင်းတော အနီးသို့ ရောက်သောအခါ နန်းတွင်းသူမင်း သမီးတို့၏ နူးညံ့သော ခြေထောက်များ ပေါက်ကွဲကာ သွေးချင်းချင်းနီလျက် ရှိကုန်၏၊ ခန္ဓာကိုယ်တွင်လည်း ဖုံအလိမ်းလိမ်းက ပ်ငြိလျက်ရှိသည်။ ဘုရားရှင် သီတင်းသုံးရာ ကျောင်းပေါက်ဝ နံရံကိုမှီကာ ငိုယိုနေကြကုန်၏ ။


မင်းသမီးငါးရာတို့၏ ငိုယိုသံကို အရှင်အာနန္ဒာ ကြား၍ လာရောက်စုံစမ်းေ မးမြန်းသောအခါ မိထွေးတော်ဂေါတမီ၏ ဘိက္ခုနီ(ရဟန်းမ) ပြုလိုသော ဆန္ဒ ပြင်းပြမူကို သိရှိရသဖြင့် ဘုရားရှင်အား လျှောက်ထားပေးသည်။ အရှင်အာနန္ဒာက မိထွေးတော်ဂေါတမီ၏ ကျေးဇူးဂုဏ်တို့ကို ဖော်ပြ၍ အကြိမ်ကြိမ် ခွင့်ပန်လျှောက်ထား ပန်ကြားသော်လည်း ဘုရားရှင်၏ ခွင့်ပြုချက်မရ။ ထိုအခါ အရှင်အာနန္ဒာက မိထွေးတော်ဂေါတမ တစ်ဦးတည်းသာ မဟုတ်ပဲ အမျိုးသမီးအားလုံး ဘိက္ခုနီအဖြစ်ဖြင့် အရိယာဖြစ်နိုင်ခွင့်ရှိ မရှိကို မေးမြန်းလျှောက် ထားရာ မြတ်စွာဘုရားရှင်က အမျိုးသမီးများလ ည်း ဘိက္ခုနီဘ၀ဖြင့် အရိယာဖြစ်နိုင်ေ ကြာင်း ဖြေကြားတော်မူသည်။


နောက်ဆုံး ဘုရားရှင်က မိထွေးတော်ဂေါတမီအား အောက်ပါ ဂရုဓံတရားရှစ်ပါးကို ခံယူဆောက်တည်စောင့်ထိန်းနိုင်ပါ က ဘိက္ခုနီ(ရဟန်းမ)အဖြစ်ဖြင့် သာသနာတော်တွင် ရဟန်းပြုခွင့် ပေးမည်ဟု ခွင့်ပြုမိန့်ကြားတော်မူသည်။ ဂရုဓံတရား ရှစ်ပါးတို့ကား -


(၁) ရဟန်းမသည် ၀ါတရာပင်ရသည်ဖြစ်စေ၊ ယနေ့မှဖြစ်လာသော ရဟန်းသစ်ကို ရှိခိုးရမည်၊ ခရီးဦးကြိုဆိုရ မည်၊ လက်အုပ်ချီရှိခိုးရမည်၊ အရိုအသေပေးရမည်။


(၂) ယူဇနာဝက်အတွင်း၌ ရဟန်းယောက်ျားတစ်ပါးမျှ မရှိသော ကျောင်းတွင် ၀ါမဆိုရ။ (ယူဇနာဝက်အတွင်း ရဟန်းယောက်ျား ရှိရမည်၊ ဝေးကွာ၍မနေရ။)


(၃) ရဟန်းသံဃာများထံသို့ လပြည့် လကွယ် နေ့တိုင်း ဥပုသ်အမေးသွားရမ ည်၊ သြ၀ါဒခံယူရန် သွားရမည်။


(၄) ၀ါကျွတ်ပြီးသော ရဟန်းမသည် ရဟန်းနှင့် ရဟန်းမ သံဃာနှစ်ရပ်လုံး၌ ကိုယ်တိုင်မြင်ေ သာ၊ တဆင့်ကြားသော၊ ယုံမှားသင်္ကာရှိသော အပြစ်အာပတ်များကို ထုတ်ဖော်ပြဆိုရန ပန်ကြားရမည်။ (ပ၀ါရဏာပြုရမည်။ )


(၅) ကြီးလေးသော အာပတ်ကြီးများသင့်သော ရဟန်းမသည် ရဟန်းမများထံ၌သာ ကမ ရဟန်းတော်များထံသို့လည်း သွား၍ အပြစ်ကို(ဒေသနာကြား) ကုစားရမည်။


(၆) ၀ိကာလဘောဇနာတိုင်အောင် သိက္ခာပုဒ်ခြောက်ခုကို နှစ်နှစ်တိုင်တိုင် ကျင့်ခဲ့ပြီးသော သိက္ခမာန်(အကြိုးတရားကျင့်သူ အမျိုးသမီး)ကို သံဃာနှစ်ရပ်၌ ရဟန်းခံနိုင်ရန် ကြိုးစားအားထုတ်ရမည်။


(၇) မည်သို့သောအကြောင်းရှိသည်ဖြစ်စေ ရဟန်းမသည် ရဟန်းကို မဆဲရေးရ၊ ရေရွတ်တိုင်း ထွာခြင်းမပြုရ။


(၈) ဤနေ့မှအစပြု၍ ရဟန်းမတို့က ရဟန်းတို့အပေါ် ဆုံးမသြ၀ါဒပြောဆိုခွင့် မရှိပေ။


မိထွေးတော် ဂေါတမီသည် ဤဂရုဓံတရားရှစ်ပါးတို့ကို ခံယူလိုက်သဖြင့် ပထမဦးဆုံး သာသနာ့တာဝန် ထမ်းဆောင်ခွင့်ရသော ရဟန်းမတစ်ပါး ဖြစ်လာ၏။ ဤသာသနာတော်၌ ဂရုဓံတရား ရှစ်ပါးကို ခံယူခြင်းဖြင့် ရဟန်းဖြစ်ခွင့်ရ ရှိသူမှာ မိထွေးတော်ဂေါတမီ တစ်ပါးတည်းသာရှိသည်။ ထို့ကြောင့် ဤမြတ်စွာဘုရား သာသနာတော်တွင် ပထမဆုံးဘိက္ခုနြီ ပုခွင့်ရသဖြင့် ဘိက္ခုနီများတွင် သိက္ခာဝါအကြီးဆုံးရ ဧတဒဂ်ဂုဏ်ထူးဖြင ချီးမြှောက်ခြင်းကို ခံယူရသည်။


ရဟန်းတော်များနည်းတူ မြတ်စွာဘုရားအဆံးအမကို ဟောကြားဆုံးမ၍ အမျိုးသမီးများ အမျိုးသားများနှ င့်နည်းတူ သာသနာ့အခွင့်ကောင်းကြီးရအောင် ဆောင်ရွက်တော်မူခဲ့သော မဟာပဇာပတိဂေါတမီကြီးသည် သက်တော် တစ်ရာ့နှစ်ဆယ်အရောက်တွင် ပရိနိဗ္ဗာန်ပြုတော်မူလေ သည်။ ပရိနိဗ္ဗာန်ပြုခါ နီးကာလ ဟောကြားခဲ့သော တရားများနှင့် ပရိနိဗ္ဗာန်ပြုခါ နီးကာလအထိ သာသနာပြုသွားပုံမှာ ထူးခြားမှတ်သား လောက်ပေသည်။


မဟာပဇာပတိ ဂေါတမီ ထေရီမကြီး ပရိနိဗ္ဗာန်ပြုခါ နီး မြတ်စွာဘုရားရှင်အား လျှောက်ထားပူဇော်သွားေ သာ တရားစကားများတွင် အောက်ပါ တရားစကားများမှာ အထူးမှတ်သားကြည် ညိုဖွယ် ကောင်းလှသည် -


ရညော မာတာ မဟေသီတိ၊ သုလဘံ နာမ’မိတ္ထိနံ။ ဗုဒ္ဓမာတာတိ ယံ နာမံ၊ ဧတံ ပရမဒုလ္လဘံ။ သားတော်ကြီးဘုရား - မိန်းမသားတို့အား မင်း၏မယ်တော်၊ မင်း၏မိဖုရားဟူေ သာ အမည်ကို ရလွယ်နိုင်၏၊ မြတ်စွာဘုရား၏ မယ်တော်ဟူသော အမည်ကိုမူ အလွန်ရခဲလှပါသည်။ ထိုရခဲလှသော အမည်ကို ဘုရားတပည့်တော်မ ရရှိပါပြီ။ မဓုရာနိ ပဟဋ္ဌာနိ၊ ဒေါသဂ္ဃါနိ ဟိတာနိ စ။ ယေ တေ ၀ါကျာနိ သုယျန္တိ၊ တေပိ ဓညာ နရုတ္တမ။ လူတို့ထက်မြတ်တော်မူသော မြတ်စွာဘုရား -စိတ်နှလုံးကို ရွှင်ပြုံးစေတတ်ကုန်သော အပြစ်အားလုံးတို့ကို သန့်ရှင်းစေနိုင်ကုန်သော အစီးအပွားနှင့် ယှဉ်စပ်ကုန်သော အရှင်ဘုရားသားတော်ကြီး၏ ချိုမြိန်သာယာ အရသာရှိသော စကားတော်တို့ကို ကြားနာကြရကုန်သော သူတီု့သည် ဘုန်းကံ လွန်စွာ ကြီးမားကြသူတို့ ဖြစ်ကြပါ ပေကုန်သည်ဘုရား။ ယံ န ဒိဋ္ဌံ ပုရာဏေဟိ၊ တိတ္ထိကာစရိယေဟိ ပိ။ တံ ပဒံ သုကုမာရီဟိ၊ သတ္တ၀ဿာဟိ ဝေဒိတံ။ ရှေးအခါက ဖြစ်ပေါ်ခဲ့ကြသော ဘုရားအမည်ခံ တိတ္ထိဆရာကြီး အဆက်ဆက်တို့သည်ပင်လျှင် မတွေ့မမြင်ခဲ့ကြ သော နိဗ္ဗာန်ကို မြတ်စွာဘုရား သားတော်ကြီး၏ ကျေးဇူးကြောင့် ယခုအခါ အသက်ခုနှစ်နှစ်အရွယ် သတို့သမီးငယ်တို့ သည်ပင် သိမြင်ခံစားနေကြ ပါပြီဘုရား။


ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။ မူရင်းလင့်-http://www.anantametta.org/2012/10/blog-post_2953.html


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT