Friday, November 22, 2013

သီတဂူဆရာတော်ထေရုပ္ပတ္တိ

သီတဂူဆရာတော်ထေရုပ္ပတ္တိ =============== သီတဂူဆရာတော် ဦးဥာဏိဿရ (၁၉၃၆-) မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။ အသက်(၇)နှစ်အရွယ်တွင် သဲကုန်းမြို့တပ် အလယ်တန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့။ အသက်(၁၅)နှစ်အရွ ယ်တွင် ရှင်သာမဏေပြုခဲ့။ သက္ကရာဇ်-၁၃၁၈ - (သာသနာနှစ်-၂၅၀၀ ပြည့်နှစ်) နယုန်လဆန်း(၄)ရက်နေ့ အသက်(၁၉)နှစ်အရွယ်တွင် သဲကုန်းမြို့၌ ရဟန်းပြု။ ရှင်သာမဏေပြုချိ န်မှစ၍ ပိဋကတ် အခြေခံကျမ်းစာများကို သဲကုန်းမြို့တပ် အလယ်တန်း ကျောင်း ဆရာတော်ထံ၌ ပြည့်စုံအောင် သင်ကြားခဲ့သည်။ ၁၃၂၂ - ဓမ္မာစရိယတန်းအော င်။ ရန်ကုန်မြို့၊ တာမွေသိမ်ကုန်းတိုက် မန္တလေးမြို့အနော က်ခင်မကန်တိုက်၊ စကု တိုက်၊ တောင်သမန်တိုက်၊ မိုးကောင်းတိုက်၊ ဝေယံဘုံသာတိုက်၊ ဘုရားကြီးတိုက်၊ ရွှေရေးဆောင်တိုက်များတွင် အဆင့်မြင့် ပိဋကတ်ကျမ်းစာများကို သင်ကြားခဲ့။ ၁၃၂၃-၂၆ - ရန်ကုန်မြို့၊ ကမ္ဘာအေး သံဃာ့တက္ကသိုလ်တွင် သာသနာပြု ပညာရပ်များသင်ကြားခဲ့။ ၁၃၂၆-၂၇ - ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ -ဘီ၊ဘီအမ်အေကောလိပ် (မြန်မာဗုဒ္ဓဘာသာ၊ သာသနာပြု ကျောင်း)တွင် ပရဟိတ လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့။ ၁၃၂၉ - ၁၃၃၃ - စစ်ကိုင်းတောင် အနီးစခန်းဆရာတော်ထံ၌ ပိဋကတ်ကျမ်းစာများကို (၅)နှစ်တိုင်တိုင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားခဲ့။ ၁၃၃၄ - ၃၇ - (၄)နှစ်တိုင်တိုင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် သပိတ်အိုင်တောရစခန်း၌ ဧကစာကျင့်သုံးကာ ဓုရ နှစ်ပါးမပြတ် အားထုတ်ခဲ့။ ၁၃၃၈ - စစ်ကိုင်းတောင်၊ သဒ္ဓမ္မသီတဂူချောင်ကို စတင်တည်ဆောက်ခဲ့။ ၁၃၄၂ - ၄၇ - စစ်ကိုင်းတောင် ချောင်ပေါင်း(၉၀ ၀)ခန့်အတွက်-သီတဂူရေအလှူတော် စီမံကိန်းကို ဆောင်ရွက်ခဲ့။(တစ်နေ့လျှင် ရေဂါလံ ၅-သိန်းခန့်ပေးဝေလျှက်ရှိ။ ဧရာဝတီမြစ်အတွင်းမှရေကို စစ်ကိုင်းတောင်ရိးပေါ်အရောက် ဆောင်ရွက်ရခြင်းဖြစ်။) ၁၃၄၇ - ၀ါခေါင်လပြည့်နေ့ မှစ၍ သီတဂူ အာယုဒါနဆေးရုံကို တည်ဆောက်။ (တစ်လလျှင် ပျမ်းမျှကုန်ကျ စရိတ် ကျပ်သိန်း(၂၀)ခန့်ဖြင့် ဆေးဝါးကုသဒါနပြု လျှက်ရှိ။) ၁၃၅၁ - ဆေးရုံပြီးမြောက်။ (ကုတင်-၁၀၀ဆန့် ကျပ်-သိန်း၅၀၀ကျော်ကုန်။) ဆရာတော်ဘုရားကြီးသည် ရေအလှူတော်၊ အာယုဒါနအလှူတော်သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ကလေးငယ်များ စောင့်ရှောက်နိုင်ရေး အတွက်ပါ သိန်းပေါင်းများ စွာ လှူဒါန်းလျက်ရှိ။ ဆရာတော်ကြီးသည် မြန်မာပြည်တွင်း ကျန်းမာရေး၊ ပညာရေးနှင့် ဧရာဝတီအလှူတော်လုပ်ငန်များကို လုပ်ဆောင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ဆယ်စုနှစ်များစွာကတည်းက ဆရာတော်ကြီး၏ ရေအလှူတော်၊ ဆေးရုံနှင့် ဆေးအလှူတော် လုပ်ငန်းများမှာ ကြည်နူးဖွယ်ရာ ဖြစ်သည်။ ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊ မင်းတပ် (ချင်းပြည်နယ်)နဲ့ မြိုင်ကြီးငူ (ကရင်ပြည်နယ်) တို့၌ ဆေးရုံများတည်ဆောက်နေသည်။ ဆေးရုံ ၈ရုံ ရှိပြီး ဆေးရုံတရုံကို ကျပ်ငွေ သိန်း ၁၀၀၊ ဆေးပစ္စည်း သိန်း ၁၅၀ ကုန်ကျမှာဖြစ်သည်။ မျက်စိအလင်းရရန် ခွဲစိတ်ကုသပေးနေပြီး ပြည်သူ ၁ သောင်းခွဲ ရှိသည်။ နှစ်စဉ် ၁ သောင်းခွဲ အလင်းရဖို့ လုပ်ပေးနေခြင်း ဖြစ်သည်။


ပြည်ပသာသနာပြုခရီး


၁၉၈၁(ခရစ်နှစ်) - ထိုနှစ်မှစ၍ နိုင်ငံပေါင်းများစွာသို့ အကြိမ်ကြိမ်သွားရောက်သာသနာပြုခဲ့ ။ အင်္ဂလန်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံတို့တွင် ၀ါကပ်ဆိုခဲ့။ အမေရိကန်ပြည်ထောင်စု နက်ရှ်ဗီးမြို့၌ ၀ါဆိုစဉ် တက္ကသိုလ် ကောလိပ်များတွင် ဗုဒ္ဓဒေသနာကမ္မဌာန်း၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတို့ကို အမေရိကန်လူမျိုးများအား သင်ကြား ပို့ချဟောကြားခဲ့၊ ပြည်ပတွင်လည်း ဒါနပြုခဲ့၊ ပြည်ပမှမျက်စိကုဆရာဝန်ကြီးများအား ဖိတ်ကြား၍ ဝေဒနာရှင်များ အား အာယုဒါနဆေးရုံတွင် ခွဲစိတ်ကုသပေးခဲ့။ သက္ကရာဇ်-၁၄၅၄ - ၀ါဆိုလပြည့်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့တွင် ရဟန်းတော်(၅)ပါး၊ လူပုဂ္ဂိုလ်(၁၅)ယောက်တို့ဖြင့် ထေရ၀ါဒဓမ္မအသင်းကို တည်ထောင်ခဲ့၊ ဓမ္မပြန့်ပွားရေး ဆောင်ရွက်ခဲ့။ ထိုသင်တန်းတွင် နက်ရှ်ဗီးမြို့၊ ဗန်ဒါဗစ်တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများအား ပို့ချခဲ့။ ထိုဟောပြောချက်မှ ဓမ္မအနှစ်စာတမ်းပေါင်း (၁၅)ခု ပေါ်ထွက်ခဲ့။


ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်


ခရစ်နှစ်-၁၉၉၁ - ၄င်းနှစ်မှစတင်၍ သဒ္ဓမ္မသီတဂူချောင်တွင် ကမ္ဘာ့ဗုဒ္ဓတက္ကသို လ်ဖွင့်လှစ်၍ ပိဋကတ် ကျမ်းစာ၊ ဗုဒ္ဓသာသနာ့သမိုင်း၊ သာသနာပြုနည်း၊ ကမ္မဌာန်းတရားများအား ရဟန်းတော်၊ သာမဏ၊ သီလရှင် နှင့် လူပုဂ္ဂိုလ်များအားပို့ချပေးခဲ့။ ထိုတက္ကသိုလ်မှ B.A, M.A, Ph.D-ဘွဲ့များအပ်နှင်းနိုင်ခဲ့။ ခရစ်နှစ်-၁၉၉၄ - အမေရိကန်ပြည်ထော င်စု၊ အော်စတင်မြို့၌သီတဂူ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် တည်ထောင် ခဲ့။ ထိုကျောင်းမှ ၂-လ တစ်ကြိမ်၊ အင်္ဂလိပ် မြန်မာနှစ်ဘာသြာ ဖင့် ဗုဒ္ဓ၊ ဓမ္မစာစောင်များထုတ်ဝေခဲ့။ ဓမ္မသင်တန်း များပို့ချခဲ့။ ၂၀၀၂ - ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသည့် ဗုဒ္ဓသာသနာညီလာခံ၌ နိုင်ငံခြားသားများအား ဓမ္မစာပေပို့ချခဲ့။ ဂျပန်၌တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်၏ အကြီးအကဲအဖြစ် ခန့်အပ်။


အစိုးရက ဆက်ကပ်သည့် ဘွဲ့များ


၁၉၉၃ - မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ ၁၉၉၅ - အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ ၁၉၉၆ - အဂ္ဂမဟာပဏ္ဍိတဘွဲ့ ၂၀၀၂ - ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Doctor of Literature (Hononur-Causa) ၂၀၀၉တွင် "အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတဘွဲ့" တို့ကို ဆက်ကပ်ပူဇော်ခဲ့။ ၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆ ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်၏ နောက်ဆုံးဆန်ကာတင် ပုဂ္ဂိုလ် ၅ဦးတွင် ပါဝင်ပြီး ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှတ်တမ်း လွှာနှင့် အလှူငွေ အမေရိကန်ဒေါ်လာ ၁ ထောင်ကို ရရှိသည်။


ရေးသားပြုစုခဲ့သည့် စာပေများ


၁။ပုဏ္ဏောဝါဒ သုတ္တန်(၁၉၉၇) ၂။ဒါရုက္ခန္ဓောပမာ သုတ္တန်(၂၀၀၁) ၃။ဝေဒနာနုပဿနာ သတိပဌန်တရားတော် (၂၀၀၂) ၄။လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်(ရွှေကျင်ဆရာတော်ကြီးဘ၀ဖြစ်စဉ်အကျဉ်း)(၂၀၀၂) ၅။စကားလေးခွန်းတရားတော်(ရဌပါလသု တ်အနှစ်ချုပ်)(၂၀၀၃) ၆။လောကမျက်လုံး ကွယ်ပျောက်ခြင်း တရားတော် ၇။တက္ကသိုလ်တရားတော်(၂၀၀၄) ၈။ဗုဒ္ဓနှင့်ဗုဒ္ဓ ၀ါဒ(၂၀၀၄) ၉။မမေ့အပ်သောလေးနေရာ(သံဝေဇနိယသု တ္တန်တရားတော်) ၁၀။ဝေဒနာကိုသည်းခံခြင်း တရားတော်(မဟာပရိနိဗ္ဗာနတရားတော်) ၁၁။ကဿပဂုဏ်ရည် တရားတော် ၁၂။သံဃာ့ဂုဏ်ရည်တရားတော် ၁၃။ပညာရှိတစ်ဆူကို ပူဇော်ခြင်းတရားတော် ၁၄။သာသနာပြု သူရဲကောင်းတရားတော် ၁၅။သိကြားမင်းရေးသော ခန္တီစာတမ်းတရားေ တာ် ၁၆။ကုမုဒြာတွေပွ င့်တဲ့ည တရားတော် ၁၇။ဘ၀တန်ဖိုး တရားတော်(၂၀၀၄) ၁၈။သစ္စာနှင့်မေတ္တာတရားတော်(၂၀၀၄) ၁၉။ယုံအသင်း၏ယုံမင်းတရားတော်(သသ ပဏ္ဍိတဇာတ်)(၂၀၀၃) ၂၀။နိယာမနှင့် အနတ္တလက္ခဏသုတ်တရားတော် ၂၁။မေတ္တာသုတ်တရားတော် ၂၂။ညီတော်အာနန္ဒာ ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ်၁၃ ၃၄ -ခု၊ ၀ါဆိုလပြည့်နေ့မှစ၍ (၃၄)နှစ်ကျော်တိုင် နှစ်စဉ် တရားပွဲ ပေါင်းများစွာ ဟောကြားခဲ့ပြီး လက်ရွေးစဉ် တရားပုဒ်ရေ(၇၀)ေ ကျာ်ကို သီတဂူစာစဉ်များအဖြစ် ထုတ်ဝေပြီး ဖြစ်ပါသည်။ ကျေးဇူးတော်ရှင် ဆရာတော်ကြီးးများ၏ ထေရုပ္ပတ္တိ များကို ရှာဖွေကာတင်ပြခြ င်းဖြင့် ကျေးဇူးဆပ်နိုင်ကြပါစေ....


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT