Tuesday, November 26, 2013

"ဇောတိကဥပမာပြ အနှစ်ချုပ် တရားတော်'' မိုးကုတ်ဆရာတော်ဘုရားကြီး

"ဇောတိကဥပမာပြ အနှစ်ချုပ် တရားတော်"


ဒကာ ဒကာမတွေအတွက် အားရှိစရာအချက်ကို ပြောပြပါမယ်၊ ဘုန်ကြီးများနဲ့တွေ့တယ်ဆိုရင်ဖြင့်၊ ကလျာ ဏမ...ိတ္တသူတော်ကောင်းနှင့်တွေ့လို့၊ တို့သည်ကားဆိုလို့ရှိရင်ဖြင့် အာရုံတက်ပြီဆိုတာ မှတ်ထားကြပါ၊ အာရုံ တက်တယ်ဆိုတာ နီလာပြီ၊ နေ၏အရောင်တွေဖြာ လာတာ၊ ဪ..နေထွက်မလို့ဆိုတာ ငြင်းဖို့လိုသေး လား၊ ဆရာကောင်းသမားကောင်း၊ နည်းကောင်းနည်းမှန်းပေးတဲ့ ဆရာနဲ့တွေ့ရင် အာရုံတက်ပြီ၊ ဪ..အာရုံ တက်တယ်ဆိုရင် နေကြီးက နောက်ကလိုက်လာတာပဲ၊ ဒီမှာလဲ ဘုန်းကြီးက ရှေ့ကနေ ဝိပဿနာဉာဏ်တွေ ပေးပြီး ဝေဒနာတွေရှုကြပါ ရှုကြပါလို့ အမျိုးမျိုးအဖုံ ဖုံသော တရားတွေဟောပြီး၊ ပေးသွားတဲ့အတွက် ခင်ဗျား တို့သန္တာန်၌ ကိလေသာအမှောင်ဓာတ်တွေ ငြိမ်းပြီသကာလ မဂ်တည်းဟူသော အရောင်ဓာတ်တွေ ယှက် သန်းပြီးလာပါလိမ့်မယ်။ ဒါကြောင့် ဒကာ ဒကာမတွေ ကံကောင်းလိုက်တာဆိုတော့ ဘုန်ကြီးတို့ပြောချင်ပါတယ်တဲ့၊ ဘယ် လောက်ထိ ကံကောင်းလဲဆိုတော့ ခင်ဗျားတို့ဘိုးဘွားတွေ သေကြပျက်စီးကုန် ကြငြားသော်လည်း ဒီလို လက်တွေ့တရား မရသွားရှာကြဘူး။ ဒီတော့ ဒကာ ဒကာမတွေမှာဖြင့် ကံထူး၊ ဉာဏ်ထူး၊ ဘုန်းထူး၊ သမ္ဘာ ထူးတွေ ဗုံးအမျိုးမျိုး ချတဲ့အထဲ ခင်ဗျားတို့ လွတ်လာကြတာမဟုတ်လား၊ လောကီမှာနေဖို့ ထိုင်ဖို့၊ စားဖို့၊ သောက်ဖို့ဆိုတာ တရားသာအားထုတ်ပါ၊ တရားကဆောင်ပါလိမ့်မယ်၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟော ထားတဲ့ တရားတွေ ဘုန်းကြီးတို့က တစ်သဝေမတိမ်းဟောပြန်တော့ ခင်ဗျားတို့သန္တာန်လဲ ဘုရားပွင့်နေ တာပဲ၊ အဲဒီတော့ ကိုယ့်ချမ်းသာကိုယ်ရှာတာ၊ အားပျော့ပျော့၊ ခါးနွဲ့နွဲ့ရှာလို့ မရဘူး အားကြိုးမာန်တက် ရှာ ပစ်လိုက်၊ ဝေဒနာသည် ဒကာ ဒကာမတို့ အခုနေရတာလဲ နေကောင်းတယ်ဆိုတာလဲ သုခဝေဒနာနဲ့နေရ တာ၊ နေမကောင်းဘူးဆိုတော့ ဘာဝေဒနာနဲ့နေရတာလဲ (ဒုက္ခဝေဒနာနဲ့နေ ရတယ်) အကောင်းကြီးလည်း မဟုတ်၊ မကောင်းဘူးလည်းမဟုတ်ဆိုတော့ ဘာတဲ့လ (ဥပေက္ခာဝေဒနာနဲ့နေရတယ်) ဝေဒနာမရှိဘူးဆို တာဖြင့် မဖြစ်ကြပါစေနဲ့ဆိုတာ အထူးပဲ သတိပေးလိုက်တယ်။ အဲဒီတော့ ဘုန်းကြီးတရားက. .ဘုရား..အရှာခက်လိုက်တာလို့ ဆိုလို့ရှိရင်ဖြ င့် ခင်ဗျားတို့မှားတယ်၊ နေကောင်းတယ်ဆိုရင် ဝမ်းထဲမှာရှူတာရှိုက်တာကအစ သက်သက်သာသာနဲ့ မရှူရဘူးလား (ရှူရ ရှိုက်ရ မယ်) အဲဒါ သုခဝေဒနာလေးတြွေ ဖစ်ပြီး ပျက်နေတာ၊ သူကပြောနေတာ၊ အဲဒီတော့ ဝေဒနာရှာလို့ မတွေ့ ဘူးလို့ မရီ တို့က ဆိုချင်သေးလား (မဆိုချင်ပါဘူးဘုရား) ရှူကောင်း ရှိုက်ကောင်းရင် ဘာဝေဒနာလဲ (သုခ ဝေဒနာပါဘုရား) အင်း....ဟဒယဝတ္ထု အပေါ်မှာတည့်ပြီး သုခဝေဒနာလေးကလဲ ရှူတာလေးကလဲ ရှိုက်တဲ့ အချိန်မှာ မလိုက်သောကြောင့် ဒီနေရာတွင် ပျက်ပြီး ဒီနေရာမှာ အနိစ္စရောက်ပလား၊ ရှိုက်တာလေးကလဲ ဒီနေရာမှာပေါ်ပြီး ဒီနေရာမှာပဲ ပျက်စီးသွားပါလားဆိုတော့ ကမ္မဋ္ဌာန်းထိုင်လိုက်လို့ ဘာမှမတွေ့ရင် သူ့ပြန် ကြည့်လိုက်တာပေါ့၊ သူ့ပြန်ကြည့်လိုက်တော့ ဝေဒနာကြည့်ပြီးသားမကျဘူးလား၊ ကိုယ်ကဖိပြီးထိုင်ထားရ တာ၊ အင်း...အောက်ကနာတယ်၊ ခြေမျက်စေ့ကနာတယ်၊ ခြေဖျားကနာတယ်၊ ခြေမကနာတယ်ဆိုပြန်တော့ လဲ ဟိုသုခဖြုတ်ပြီး ဒီဘက်ကိုဉာဏ်ကလှ ည့်ပစ်လိုက်ပါ၊ ဒီဘက်က ဖြစ်ပျက်လေးက ချုပ်သွားတယ်လို့ ဆို ပြန်တော့လဲ ရှာမတွေ့ပါဘူးဘုရားလို့တော့ မလျှောက်ပါနဲ့၊ ဟဒယဝတ္ထုပေါ် ရှူလေရှိုက်လေအားထုတ်တဲ့ စိတ်ကလေး သုခကို ပြန်ရှုလိုက်၊ အဲဒီတော့ ဒကာ ဒကာမတွေ အားသေးရဲ့လား၊ မအားတာဘာပါလိမ့်မ တုံးလို့မေးတော့ ဝီရိယစိုက်နေတာ၊ ဝီရိယမဂ္ဂင်ပေါ်နေ တယ်၊ ဒေါ်အုန်းခင် ဘယ်လောက်အဖိုးတန်သလဲ၊ ဝီရိယမဂ္ဂင်ဆိုတဲ့မဂ်ရနေတာ၊ ဝီရိယစိုက်တယ်ဆိုတော့၊ ဝီရိယတင်မဟုတ်ဘူး၊ သတိလည်းထားတယ်၊ သမာဓိလဲရှိတယ်၊ ပညာလဲရှိတော့ ဟိုနေရာဖြစ်တာလေးလိုက်ရ၊ ဒီနေရာဖြစ်တာလေး လိုက်ရဆိုတော့ ဝီရိယခေါင်းဆောင်သာဖြစ်သွားတာ၊ ဒေါ်အုန်းခင်ရေ မဂ္ဂင်ရှစ်ပါးပေါ် နေတာ ရိပ်မိကြလား၊ ကိလေသာရန် သူအောင်ပွဲယူရတာ နိုင်ပွဲရနေတာ (မှန်လှပါဘုရား)၊ မဂ္ဂင်ဆိုက်တယ်၊ မဆိုက်တယ် ဘုန်းကြီးရှင်းပြမယ်၊ ဒီ အချိန်မှာ လောဘ၊ ဒေါသ၊ မောဟလာသေးလား (မလာဘူး) သူသတ်ထားတာပေါ့၊ ဒါဖြင့် အားစိုက်ထား တာက သူသတ်ထားတာပေါ့၊ဒါဖြင့် အားစိုက်ထားတာက သူသတ်ထားတဲ့ သဘောကော ထင်ရှားပါရဲ့လား၊ အားစိုက်ထားတာက သူသတ်ထားတာ၊ ကိလေသာသေနေတယ် ဆိုကတည်းက ဒါမဂ်မဟုတ်ဘာတုံး၊ မဂ်ရဖို့ဝေးသေးလား မဝေးပါဘူး ဒကာ ဒကာမတို့၊ ဘာမှလုံ့လဝီရိယမလျှော့ပါနဲ့၊ သံသယကိုမရှိဘဲနဲ့ ဒါသာ ဖိလုပ်၊ ဘာမှအားမလျှော့နဲ့၊ မရီတို့ကော ဆုံးဖြတ်ချက်ချပြီလား (မှန်ပါ့) ချပါ၊ သေချာရရမယ်။ ကိုင်း..ဒကာ ဒကာမတို့၊ ဒီသတိပဋ္ဌာန်ကို ၇-ရက် ၁၄-ရက် အစရှိသည်နှင့် အားထုတ်လိုက်လို့ရှိရင်ဖြင့် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာကျအောင် ဖြစ်နိုင်တယ်ကွာလို့ ဘုန်းကြီးကလည်းဟောတယ်၊ ဘုရားကလည်းဟောတယ်၊ အဲဒါ အားငယ်စရာရှိရဲ့လား၊ သောတာပန်၊ သကဒါဂါမ်ဖြစ်တော့ တပည့်တော် တို့လိုပဲ နေဦးမှာလား၊ သူတို့ဖီးလိမ်ြး ပင်ဆင်ပြီးသကာလ၊ ဝိသာခါတို့များဗျာ၊ ၇-နှစ်နဲ့ သောတာပန်တည် တယ်၊ ၁၆-နှစ်မှာ အိမ်ထောင်ကျတယ်၊ သား (၁ဝ) ယောက်၊ သမီး (၁ဝ) ယောက်မွေးတယ်၊ မြေး (၄ဝဝ) မြစ် (၈ဝဝ) ရှိတယ်၊ ရှိတာပဲတဲ့၊ ဒါကိစ္စမရှိပါဘူး၊ အပါယ်မကျတာနဲ့ ခင်ဗျားတို့ လားရာဂတိမမှားတာ ကိုပဲ သောတာပတ္တိမဂ်မလုပ်တာပါ၊ ဒီငါးပါးအာရုံ ကာမဂုဏ်ခံစားမှုများကိုဆိုတာ မဟုတ်ပါတဲ့။ ဖျတ်ခနဲ့ တစ် ကြိမ်တည်းမဂ်ပေါ်လိုက်တယ်ဆိုရင်၊ အပါယ်မီးတွေ အကုန်ငြိမ်းပြီး သကာလ ခင်ဗျားတို့ သန္တာန်မှာလဲ လော ဘ လေးပုံတစ်ပုံ သိမ်းသွားတယ် ဆိုတာ ထူးခြားချက်ပဲ တစ်ခြားဘာမှမရှိ ဘူး။ ဒကာ ဒကာမတို့ ဝေဒနာတွေ ပေါ်တိုင်း မျက်လုံးမှာ (ဥပေက္ခာဝေဒနာပေါ် တယ်) မြင်တယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့မြင်တာပဲရှိတယ်၊ မြင်လို့လိုချင်တယ်ဆိုတာ ဝမ်းထဲကမြင်လို့၊ မုန်းတယ်ဆိုတာ (ဝမ်းထဲကမြင်လို့) ဒါကြောင့် မြင်ရုံလေးမို့ ဥပေက္ခာဝေဒနာလို့ဆိုထိုက်ပါတယ်၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း မြင်တာလေးက ဥပေက္ခာ လို့ မှတ်လိုက်ပါဆိုတာလေးကို၊ လွဲမှာတော့ ဘုကြီးစိုးရိမ်တယ်နော်၊ ကိုယ့်မျက်လုံးထဲ ဉာဏ်နဲ့ မှန်းရှုရမှာ လား (ကိုယ့်မျက်လုံးထဲ ဉာဏ်နဲ့မှန်းရှုရ မှာပါဘုရား) အဲဒီအရှုကလေးကိုသာ ဒီနေရာမှတည်ပါစေ ၊ ဪ.. မျက်လုံးထဲမှာမြင်ပြီး မျက်လုံးထဲမှာပျ က်တာပဲ။ ခင်ဗျားတို့ တိုင်တစ်လုံးကို ဆေးကအဖြူ အနီ အဝါ အစိမ်း လေးဘက်လှည့်သုတ်ပါ၊ လှည့်ကြည့်ပါ တဲ့၊ အဖြူမြင်ပြီးမှ အနီမြင်မှာပဲ၊ အနီမြင်ပြီးမှ အဝါမြင်မှာပဲ၊ အဝါမြင်ပြီးမှ အစိမ်းမြင်မှာပဲ ၊ အဲ့ဒီတော့ မပျက် ဘူးလား၊ ပျက်သလား၊ (ပျက်ပါတယ်ဘုရား) ကဲ...ဒါဖြင့် အဖြူမြင်တာပျက်ပြီးမှ အနီမြင်တဲ့စိတ်တစ်ခု ပေါ် မယ်၊ မျက်လုံးစိတ်တစ်ခုပေါ်မယ်၊ ပြီးတော့ အဝါမြင်တဲ့ မျက်လုံးစိတ် တစ်ခုပေါ်မယ်၊ ပြီးတော့မှ အစိမ်းမြင် တဲ့ မျက်လုံးစိတ် တစ်ခုပေါ်မယ်ဆိုတော့၊ ဪ...ဒါသည်သူ့ဟာသူ အတွင်းမျက်လုံးစိတ်က မချုပ်လို့ရှိရင် အဖြူမြင်တာက အဖြူပဲဖြစ်မယ်၊ အနီကို သွားလို့မရဘူး၊ အခုတော့ သူချုပ်သွားလို့ ဟိုဘက်အနီမြင်တာ လေး ပေါ်တယ် ဆိုတော့ မြင်စိတ်ကလေး ခဏခဏ ပျက်နေပါပေါ့လားဆိုတာ ဉာဏ်မရောက်ဘူးလား (ရောက်ပါတယ်ဘုရား) ဝေဒနာကို ခင်ဗျားတို့က ဘာမှမစိုးရိမ်နဲ့  ဖြစ်စလေးသာ ဉာဏ်နဲ့ပေါ်လာတာကို ဖြစ် ပျက်ရှု၊ ရှင်မဟာကဿပကြီးက မမာဘူး၊ ခေါင်းအင်မတန်ကိုက်တယ်၊ ဘုရားက ဟေ့..ကဿပ ဘယ်နှယ် နေတုံး၊ မခံမရပ်နိုင်အော င် ကိုက်ပါတယ်ဘုရား၊ မင်း ဗောဇ္ဈင်ဆိုတဲ့ပ ညာနဲ့ ရှုပါလားကွ၊ ဒါလေးနဲ့ မင်းဖြစ် ပျက်ရှုပါလားကွ၊ အို..တပည့်တော် ဘုရား သတိမထားမိဘဲရှိနေတယ်၊ အဝိဇ္ဇာတော့ မရှိတော့ပါဘူး၊ အဝိဇ္ဇာ တော့ ရဟန္တာမို့ ချုပ်ပြီးသားပေါ့ ဗျာ...တပည့်တော် သိမထားမိဘဲ ရှိနေတယ်ဘုရားတဲ့၊ တရားတွေ့ တတ်က တည်းက ဒီဥစ္စာ၊ ဒီပညာဟာ တပည့်တော်မှာ ကိုယ်ပိုင်ရှိပြီးသား အရှင်ဘုရားလာပြီး၊ အင်း..ဝေဒနာမရှုဘူး လားလို့ မေးလိုက် တော့မှ တပည့်တော်သတိရတယ်၊ ဟေ့...ဝေဒနာ ရှုရစ်ဟေ့၊ ငါးသွားတော့မယ်၊ ဘုရား လည်း နှစ်လှမ်းသုံးလှမ်းရောက်သေးတယ်၊ ကဲ..မရီရေ ဒီဝေဒနာ ပိန်းကြာဖက်ရေ မတင်သလိုလျှောကျ သွားတာပဲ (မှန်ပါ့ဘုရား)။ ပျင်းတာလေး ဝမ်းထဲရောက်လာရင်တော့ ဝေဒနာလေးတွေပေါတ ယ်၊ မရှုမိ၊ မရှုဖြစ်တော့ ဝေဒနာပစ္စ ယာ၊ တဏှာ မလာပေဘူးလား၊ ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ရှုတဲ့ ဒကာ ဒကာမတွေဖြင့် အပျင်းလက်မခံတဲ့ အတွက် သံသရာစခန်းသတ်ပါပြီ၊ ငိုပွဲတွေ၊ မျက်ရည်ကျပွဲတွေ၊ ရင်ထုပွဲတွေ၊ မြေလူးပွဲတွေ အကုန်သိမ်းပါပြီ ဘယ်လောက်ပဲ ကျန်းမာ၊ ကျန်းမာ ဘယ်လောက်ပဲ ချမ်းသာ၊ ချမ်းသာ ခန္ဓာရှိရင် ဒါဖြစ်ရမယ်၊ ဇောတိက ဒကာလောက် ချမ်းသာတာဘယ်ရှိမတုန်း၊ သူတို့မှာစိန်တိုက်ကြီးတွေ၊ မြတိုက်ကြီးတွေ တည်ထားတာ၊ ထ မင်းချက်တာတောင်မှ နီလာဆိုတဲ့ မိုးကုတ်ကထွက်တဲ့ ထွေးခံလောက်ရှိတ နီလာသုံးလုံးကိုတည်ပြီး အအေးပေါ်မှာ ထမင်းအိုးတည်ပြီးတော့၊ ဒီအအေးဓာတ်နဲ့ ချက်ရတာ၊ မီးနဲ့ချက်တာ မစားနိုင်ဘူး၊ စားလိုက် ရင် ဝမ်းထဲမှ အူတွေအသဲတွေပါလောင်သတဲ့၊ ဗိမ္ဗိသာရ မင်းကြီးလာတဲ့အခါကျတော့၊ ရှင်မ လာခဲ့ဦး၊ ဪ ဘာလုပ်ရမှာတုန်း၊ တို့အသက်ဦးဆံပိုင်တဲ့ ဗိမ္ဗိသာရမင်းကြီး တို့အိမ်လာပြီး ထမင်းလာစားတယ်၊ ဪ.. ကံများခေလိုက်တာ၊ ကိုယ့်အထက်က ဘယ်သူမှ မရှိဘူးထင်တဲ့ဥစ္စာ၊ အခုတော့ အထက်က လူရှိသေးသတဲ့ ဆိုပြီးလိုက်လာခဲ့တယ်၊ ရှင်ဘုရင်ကို ယပ်ခတ်ပေးရတယ်၊ အဲဒါ ယပ်ခတ်တော့ ရှင်ဘုရင် အခိုးအနံ့တွေက သူ့မျက်လုံးထဲဝင်တော့၊ မျက်ရည်ပေါက်ပေါ က်ကိုကျတာ၊ ဒီလောက်ချမ်းသာတာတောင်မှ မျက်ရည်ကျမ လွတ်ဘူး၊ ဒေါမနဿလဲ ဖြစ်သေးတယ်၊ မြောက်ကျွန်းသူလဲ ဖြစ်ပြန်၊ အင်မတန်မှ ရုပ်ရည်ရှုပကာကလဲ နူး ညံ့ပြန်၊ ဘယ်အနံ့မှ ခံနိုင်တဲ့သဘောသ တ္တိလည်း မရှိဘူး၊ ရှင်ဘုရင် အံ့အားသင့်သွားတာ၊ ခန္ဓာကိုယ်ရှိတော့ မျက်ရည်ကျလွတ်ရဲ့လား (မလွတ်ပါဘုရား)။ ဒကာ ဒကာမတို့ အပျင်းကလေး ဝမ်းကထုတ်ပစ်ပေါ့၊ ဒါလေးဖြစ်ပျက် ရှုပေးလိုက်ရင်၊ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတာကဘာတုန်း (မဂ္ဂသစ္စာပါဘုရား) အဲဒီတော့ မဂ်ရတယ်ဆိုမှ ဒကာ ဒကာမတွေသည် ကိလေ သာ ရန်သူတွေသေသောကြောင့် ပျော်ပျော်နေလို က်တာပေါ့၊ ခုချိန် ပျော်ချိန်မဟုတ်သေးဘူး၊ ဘာဖြစ်လို့ တုန်း၊ ကိလေသာ ရန်သူက သတ်မလို့ဖြတ်မလို့ ခင်ဗျားတို့ဝမ်းထဲက မထွက်သေးခင် ပျော်နေလို့ရှိရ င်ဖြင့် ဒါဟာ အရူးပျော်မဆိုသော်လည်း ဆိုဘိသကဲ့သို့ အရူးပျော်ပဲပြန်ကျမှာပဲ။ ခင်ဗျားတို့ ဒီဘဝမှာ အဝတ်က လေးဝတ်ပြီး နေရငြားသော်လည်း နောက်ဘဝတိရစ္ဆာန်ဖြစ်တော့၊ အဝတ်မဝတ်ရတော့ဘူး၊ အရှက်တကွဲ အကျိုးနည်းမဖြစ်ပေဘူးလား (ဖြစ်ရပါတယ်) အရှက်တကွဲအကျိုးနည်း ဇာတ်သိမ်းချင်ရင် ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ရှု၊ မျက်ရည်ကြီးငယ်မ ကျချင်ရင်လဲ (ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ရှုပါ)။ ။


ဤကောင်းမှုကုသိုလ်ကံ စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေး ဇူးပြုခြင်းငှာ အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်  တည်ရှိပါစေသတည်း ။ ။


အရှင်ဉာဏဓဇ မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ ပင်မသံဝေဇနိယဌာန အမရပူရမြို့ ။ ။


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT