Wednesday, January 22, 2014

engineering ဆိုင်ရာ စာအုပ်များ

Myanmar Civil Engineering Knowledge Share Center အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)

(၁)ဒီဇယ်အင်ဂျင် (ဦးအုန်းမြင့် (စက်မှုအင်ဂျင်နီယာ-စွမ်းအား))

http://www.mediafire.com/download/1v9iekjb00vh0nc/U_Ohn_Myint_dies el_.pdf

(၂)အေစီ မှ ဒီစီသို့ နှင့် ဒီစီမှ အေစီသို့ (ဦးအုန်းမြိုင်-[လျှပ်စစ်]) http://www.mediafire.com/download/vkb2pl14qq7vbis/AC_to_DC_-U_Ohn. .(onairmm).pdf

(၃)ရာစုသစ်အခြေခံအီလက်ထရွန်းနစ် (၀င်းထက်ဝင်း)(စ/ဆုံး) http://www.mediafire.com/? 7oq5yn190wlceu6

(၄)Learning Autocad 2010 (အောင်ဇော်လတ်) အပိုင်း (၁) http://www.mediafire.com/? c5a8hjh0w876ddh အပိုင်း (၂) http://www.mediafire.com/? vn98mvlrauxpmlj အထက်ပါစာအုပ်များနှင့် တွဲလေ့လာရန် Work File http://www.mediafire.com/? asdb6q21f1r034n

(၅)ခေတ်မီသံပန်းသံတံခါးပုံစံများစာအုပ် http://www.mediafire.com/download/5aum5ju2idr24ux/thanpandesigns.pdf

(၆)လေကြောင်းပညာသိချင်စရာ (လေသူရဲတစ်ဦး) http://www.mediafire.com/download/ea97ap7xc5jm9pp/laykyaungpyinyar.pdf

(၇)ခေတ်မီမော်တော်ယာဉ်ဆိုင်ရာ လျှပ်စစ်နည်းပညာများ (မင်းသိန်း-စက်မှု) ( part 1) http://www.mediafire.com/download/dcn9hmasdxx37le/Electricaltechfo rmotorcar_(part1).pdf ( part2) http://www.mediafire.com/download/6nosonia5qvgfif/

(၈)နှိုက်နှိုက်ချွတ်ချွတ်ခေတ်ပေါ်မော်တော်ကားထိ န်းသိမ်းနည်းလက်စွဲ (ဒိုဂျေဆန်း) http://www.mediafire.com/download/256r47t46jwqa90/JDOSAN_(part1).pdf http://www.mediafire.com/download/zha3ae19nqf8g2k/JDOSAN_(part2).pdf

(၉)လျှပ်စစ်အင်ဂျင်နီယာလက်စွဲ လုပ်ငန်းခွင်သုံးလက်တွေ့ပြစ်ချက်ရှာဖွေနည်းများ (ဦးကိုကိုလေး) http://www.mediafire.com/download/80nznkyw5vo5bg1/UKOKOLAy.pdf

(၁၀)ဂြိုလ်တုစလောင်းတပ်ဆင်နည်းန င့်ကျူးနစ်ကုတ်ဒ်နံပါတ်များ (ဦးသန်းဆင့်-နေ လင်းအီလက်ထရွန်းနစ်) http://www.mediafire.com/download/8vi29q8idd88786/Satellite.pdf

(၁၁)အဆောက်အအုံလုပ်ငန်းဆိုင်ရာ အင်ဂျင်နီယာလက်စွဲ http://www.mediafire.com/download/kh3jwkxbm88ziyd/building_enginee ring.pdf

မူရင်း= http://bluenavyblog.blogspot.com/2013/11/blog-post_19.html

Myanmar Civil Engineering Knowledge Share Center

Tuesday, January 21, 2014

"ပဋ္ဌာန်း(၂၄)ပစ္စည်း အဓိပ္ပါယ်အကျဉ်းလင်္ကာ"



"ပဋ္ဌာန်း(၂၄)ပစ္စည်း

အဓိပ္ပါယ်အကျဉ်းလင်္ကာ"

ဟေတုဆိုတာ ရင်းမြစ်တရားပေါ့

အာရုံများမတော့ အာရမ္မဏာ ။

ကြီးမှူးဖြစ်တာအဓိပတိပေါ့

အခြားမဲ့မတော့ အနန္တရာ ။

သမနန်မှာ ကောင်းစွာအခြားမဲ့

တကွဖြစ်ရဲ့ သဟဇာ။

အညမညာ ပြန်လှန်ဖြစ်၍

နိဿယဓလေ့ မှီခိုရာ။

အားကြီးမှီရာဥပနိဿ်မို့

ရှေး၌ဖြစ်လို့ ပုရေဇာ ။

နောက်မှ ပစ္ဆာ /အာသေဝနတော့

အဖန်တလဲလဲမှီဝဲတာ ။

ကမ္မဆိုတာ မျိုးစေ့ပေါ့ဗျ

ဝိပါကက အကျိုးပါ။

ထောက်ပံ့ခိုင်တာ အာဟာရပေါ့

အစိုးရတော့ ဣန္ဒြိယာ ။

ဈာနဆိုတာ ကပ်ရှုရလို့

မဂ္ဂကတော့ လမ်းကြောင်းပါ။

ယှဉ်ဖက်ဖြစ်တာ သမ္ပယုတ္တပေါ့

ဝိပ္ပယုတ်မတော့ မယှဉ်ပါ။

အတ္ထိဆိုတာ ရှိသည်ဖြစ်လို့

နတ္ထိပေမို့ မရှိပါ ။

ဝိဂတမှာ ကင်းသည်ဖြစ်၍

အဝိဂတဓလေ့ မကင်းပါ။

နှစ်ဆယ့်လေးဖြာ ပစ္စည်းတရားကို

မြတ်စွာဘုရားဟောခဲ့တာ ။

ချဲ့လျှင်မကုန်ချုံ့မလုံမို့

အထုံဓလေ့ ဖြစ်ဖို့ရာ။

သင်ပါ မှတ်ပါ ကျင့်ကြပါကွဲ့

မပျင်းကြနဲ့ ထိုက်သင့်စွာ ။

လေ့လာ ကျင့်ပါ။

{မှတ်ချက်။ ။ ဤလင်္ကာကို ကလေးတွေအတွက် ရည်ရွယ်ပြီး ၂၀၀၈ ခုနှစ်ကတည်းကရေးဖြစ်ခဲ့ပါတယ်။ ၂၀၁၀- ခုနှစ်၊ ဧပြီလမှာ "ရွာတိုင်းအတွက်ကဗျာလက်ဆောင်" ဘလော့ကလေးမှာ တင်ဖြစ်ခဲ့ပါတယ်။

အွန်လိုင်းစာမျက်နှာအချို့မှာ မူရင်းရေးသားသူ ဤအရှင်၏ အမည်ကို မဖော်ပြဘဲတဆင့်ကူးယူဖော်ပြနေကြတာ မျိုးတွေကို တွေ့ရပါတယ်။ဒီလင်္ကာနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုသော ဝေဖန် အကြံပြုချက်တွေ ရှိလာခဲ့ရင် မူရင်းရေးသားသူဤအရှင်နှင့်သာ သက်ဆိုင်နေတဲ့အတွက် တဆင့် ကူးယူဖော်ပြကြသူတွေအနေနဲ့မူရင်းရေးသားသူရဲ့ အမည်ကိုပါ ထည့်သွင်းဖော်ပြပေးကြဖို့အကြောင်း အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ်။ ဓာတ်ပုံကို Google မှ ရယူဖော်ပြပါတယ်။ မူရင်းပိုင်ရှင်များ ခွင့်ပြုတော်မူနိုင်ကြပါစေ။}

{ချဲ့၍လည်းမကုန်နိုင်၊ချုံ့၍လည်းမလုံနိုင်သော ပဋ္ဌာန်းတရားတော်မြတ်ကို စွမ်းနိုင်သမျှ သင်ကြားလေ့ကျင့်နိုင်ကြပါစေသတည်း။ }

မေတ္တာဖြင့် အရှင်ဝိသာရဒ (ရမ္မာဝတီ) 20/01/2014

ဦးနရပတိ ဆရာတော်ထံ မှ ပြန်လည် ကူးယူ မျှဝေ ပူဇော်ပါသည်။—wi
Posted via BlogPost

Friday, January 3, 2014

** * ..ကိုယ့်ဝန်လမ်းကို ထမ်းမှ တော်မည် ..* * *

လွတ်လပ်နေ့ အထိမ်းအမှတ်အဖြစ် ပြန်လည်ဖော်ပြလိုက်ပါသည်.... -----------------------------------------------------------------------၁၃၀၉-ခုနှစ်၊ပြာသိုလပြည့်ကျော်(၉)ရက်၊၁၉၄၈-ခုနှစ်၊ ဇန်န၀ါရီလ(၄)ရက်၊တနင်္ဂနွေနေ့တွင် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင်ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာရောက်ရှိကြောင်း အာဒိဝဋံသကာထေရ် ကြားသိတော်မူပါသဖြင့် ၀မ်းမြောက်တော်မူလှပါသောကြောင့် ရေးသားဖွဲ့စည်းအပ်သော ပါဠိ ဂါထာနှင့် မြန်မာစကားပြေ မြန်မာ ကဗျာတို့မှကောက်နှုတ်၍ ဖော်ထုတ်ပူဇော်အပ်ပါသည် ...။

** * ..ကိုယ့်ဝန်လမ်းကို ထမ်းမှ တော်မည် ..* * * = = = = = = = = = = = = = = = = = = = = = = = သာသနာစက်ရောင် - ထက်ယခေါင်မှ

လက်ပြောင်ဝေပ -အောင်မြေချမှု

ဆွဆွနု ပျို - လန်းလန်းစိုသား

နဂို မူလ- သဘာဝဖြင့်

မြပန်းချီဆေး- ကံရှိန် ရေး၍

သွေးဖြင့်တည်ထောင် - ကိုယ့်ပြည်ထောင်ကို

နောင်တစ်ဖန်ခေတ်- ပြန်မနစ်ဖို့

အားသစ်မွေးမြူ - အလေးမူလျက်

ရှင် လူနှစ်ခန်း- ကိုယ့်ဝန်လမ်းကို

ထမ်းမှတော်မည် - သွေးချစ်ရည်တို့

ကြည်တမြမြ - ကိုယ့်ငန်းမှလျှင်

မချသောစိတ် - မမှိတ် မျက်စိ

သတိခိုင်ကြည် - လုံ့လစည်လျက်

ဉာဏ်ရည်လင်းပွင့်- ကပ်လုံးတင့်အောင်

ဆင့်ဆင့်ကြိုးအား- သန်ကြစို့...။

အာဒိဝဋံသကာထေရ် အရှင်ဝိစိတ္တသာရာဘိဝံသ (အာဒိကမ္မိက တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက) ဓမ္မနာဒကျောင်းတိုက်၊မင်းကွန်းတောင်ရိုး၊ စစ်ကိုင်းတိုင်းဒေသကြီး

ထေရ၀ါဒမော်ကွန်းစာစောင် (အတွဲ ၁-၊အမှတ် ၁)မှ ထပ်ဆင့်ပူဇော်ပါသည်..။ ဦးနရပတိ ဆရာတော် မန်း/ ငြိမ်းချမ်းရေးပရိယတ္တိစာသင်တိုက်

ငယ်ချစ်ဦး

ငယ်ချစ်ဦး

တစ်သက် တစ်ခါ ၊ တစ်လွှာ တစ်ရွက် တစ်ခက် တစ်ပွင့် ၊ ငုံအဆင့်မို့ ရင့်လို့ပဲ ဝါဝါ ညှာတံပဲ ပြုတ်ပြုတ် ဖြုတ်ခနဲပဲ ကြွေကြွေ မြေမှာပဲ ရောက်ရောက် ဖွဖွလေးကောက်လို့ ပန်းခြောက်လေးဘဲ မြတ်နိုးမယ်...။
မောင်စိန်ဝင်း (ပုတီးကုန်း)

ကြိုးမဲ့ဆက်သွယ်ရေး စနစ်များ

မိုဘိုင်းဖုန်းဟာ ကြိုးမဲ့ ဆက်သွယ်ရေး ပစ္စည်းဖြစ်တဲ့အတွက် သူ့အထဲမှာ ကြိုးမဲ့ဆက်သွယ်ရေး စနစ် တစ်မျိုးမက ပါလာပါတယ်။ ဖုန်းဆက်ရုံလောက် ကိစ္စမှာ အဲဒီ စနစ်တွေအကြောင်း မသိရင် ကိစ္စ မရှိပေမယ့် မိုဘိုင်းဖုန်း အင်တာနက်နဲ့ ပတ်သက်လာပြီဆိုရင် ကြိုးမဲ့စနစ်တွေအကြောင်း နားလည်ဖို့ လိုလာပါတယ်။ ကြိုးမဲ့ ဆက်သွယ်ရေး စနစ်အကြောင်း နားမလည်တဲ့အတွက် handset ဝယ်တဲ့ နေရာမှာ အမှားတွေ ကြုံပါတယ်။ အင်တာနက်ချိတ်ဆက်ရေး ကိစ္စမှာ အခက်အခဲတွေ တွေ့ရပါတယ်။ ၁၅၀၀ ကျပ်တန် ဖုန်းတွေထွက်မှ မိုဘိုင်းဖုန်း သုံးဖြစ်တဲ့ အခြေခံ လူတန်းစား မပြောနဲ့ ပိုက်ဆံပေါလို့ ၁၅ သိန်းခေတ်က မိုဘိုင်းဖုန်းဝယ်သုံးခဲ့တဲ့ လူတွေတောင် ကြိုးမဲ့ဆက်သွယ်ရေး စနစ်တွေကို နားမလည်တာတွေ အများကြီးပါ။ ဒါကြောင့် မိုဘိုင်းဖုန်းတစ်လုံးကို ပြည့်ပြည့်စုံစံ သုံးချင်သူတွေအတွက် ကြိုးမဲ့ ဆက်သွယ်ရေး စနစ်သုံး၊ ဝေါဟာရတွေကို လေ့လာကြည့်ရအောင်။

Bluetooth

Bluetooth ဆိုတာ တာတိုကြိုးမဲ့ ဆက်သွယ်ရေးစနစ်ပါ။ Bluetooth ပါတဲ့ ဖုန်းအချင်းချင်း၊ Bluetooth ပါတဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေကြားမှာ ကြိုးမဲ့ ချိတ်ဆက်ပြီး data တွေ ဖလှယ်နိုင်ပါတယ်။ လူပြိန်း နားလည်အောင် ပြောရရင် ဖုန်းတစ်လုံးနဲ့ တစ်လုံး ချိတ်ပြီး သီချင်းတွေ၊ ဂိမ်းတွေ ဖလှယ်ကြတာမျိုးပေါ့ဗျာ။ ကျွန်တော်တို့ဆီမှာ လောလောဆယ် ဝင်နေတဲ့ handsetအများစုမှာ Bluetooth 2.0 ကို သုံးပါတယ်။ တချို့မှာက Bluetooth 2.0 EDR (Enhanced Data Rate) ဆိုတာလည်း သုံးတယ်။ သူက data တွေကို ပိုပြီး မြန်မြန်ဆန်ဆန် လွှဲနိုင်ပါတယ်။

အခုဆိုရင် ခလုတ်ဖုန်း အတော်များများတောင်မှ Bluetooth စနစ်ပါနေပါပြီ။ အဆင့်မြင့် တို့ထိဖုန်းတွေမှာတော့ Bluetooth နားကြပ်နဲ့ ချိတ်ဆက်ပြီး ကားမောင်းရင်း လက်မကိုင်ဘဲ ဖုန်းပြောဖို့ သိပ်ပြီး အသုံးတည့်ပါတယ်။ နားကြပ်နဲ့ ဖုန်းနဲ့ကို Bluetooth ချိတ်ပြီး ဖုန်းပြောချင်သူတွေ 4.0 version ကို ရှာပြီးဝယ်ပါ။ Bluetooth ရဲ့ မူလ ဆက်သွယ်နိုင်တဲ့ အကွာအဝေးက ပေ ၃၀ အတွင်း ဖြစ်ပေမယ့် Bluetooth 4.0 မှာတော့ ပေ ၁၀၀ အတွင်းထိ ဆက်သွယ်နိုင်ပါတယ်။ ကြားမှာ နံရံတွေ ခြားရင် ဆက်သွယ်နိုင်တဲ့ အကွာအဝးတို့ပါမယ်။ အလုံပိတ်အခန်းတွေကြားမှာ နံရံဖောက်ပြီး မဆက်သွယ်နိုင်ပါဘူး။ သူ့ရဲ့ data လွှဲပြောင်းနှုန်းက 2.0 မှာ 50 kbps လောက်ရှိပြီး 4.0 မှာ 100 kbps ဝန်းကျင်ရှိပါတယ်။ MP3 သီချင်း တစ်ပုဒ် လွှဲရင် တစ်မိနစ်နီးပါး ကြာပါမယ်။ Bluetooth သုံးချင်ရင် setting ဆိုတဲ့ စက်သွားပုံ ပင်နယံအဝိုင်းလေးကို ရှာရမယ်။ setting > Wireless & networks > Bluetooth အောက်ကိုဝင်ပြီး သုံးရပါမယ်။ ချိတ်ဆက်မယ့် ဖုန်းနှစ်လုံးစလုံး Bluetooth ဖွင့်ထားရမယ်။ Bluetooth setting ထဲဝင်ပြီး device အချင်းချင်းသိအောင် discoverable/visible ကိုဖွင့်ထားပြီးBluetooth ဖွင့်ထားမယ့်ကာလ (discoverable time out) လုံလောက်အောင် ပေးရပါမယ်။

Wi-fi

သူကလည်း တာတိုကြိုးမဲ့ ဆက်သွယ်ရေး စနစ်ပါပဲ။ Bluetooth ထက်ပိုပြီး ဝေးဝေး ဆက်သွယ်နိုင်တယ်။ လှိုင်းတွေက နံရံဖောက်ဝင်အား ပိုပြီး ကောင်းပါတယ်။ လောလောဆယ်သုံးတဲ့ n စနစ်က ကြားမှာ အတားအဆီး မရှိရင် ပေ ၃၀၀ အကွာအဝေးအထိ ဆက်သွယ်နိုင်ပါတယ်။ ခလုတ်ဖုန်းအတော် များများမှာ wifi စနစ်ပါလေ့ မရှိပါဘူး။ တို့ထိ ဖုန်းတွေမှာပဲ ပါပါတယ်။ Wi-fi စနစ်က အမျိုးအစားတွေများတော့ သူ့ကို ခွဲခြားပြီး ပြောရင် 802.11 ဆိုတဲ့ စာလုံးကို ရှေ့ကခံပြီး ပြောပါတယ်။ ဒီနေ့အထိ အများသုံးနေတာဟာ a/b/g/n ဆိုပြီး စနစ်လေးမျိုးရှိပါတယ်။ (n) က အမြန်ဆုံးဖြစ်တဲ့ အတွက် handset ဝယ်ရင် (n) အမျိုးအစားပါမပါ သတိထားပြီး ဝယ်ရမယ်။

data လွှဲပြောင်းတဲ့ အမြန်နှုန်းကိုကြည့်ရင် a/b/g အမျိုးအစားတွေမှာ 54 Mbps (mega bit per second) ရပြီး၊ 2.4 GHz လှိုင်းခွင်ကနေ လွှင့်နိုင်ပါတယ်။ (n) အမျိုးအစားက 450 Mbps အထိ data လွှဲပြောင်းမှု အမြန်နှုန်းရှိပြီး 2.4 GHz နဲ့ 5 GHz လှိုင်းခွင်နှစ်ခုကနေ လွှင့်နိုင်တဲ့ အားသာချက် ရှိပါတယ်။ အခုနောက်ပိုင်း အဆင့်မြင့် handset တွေမှာ wifi direct စနစ်ပါလာပြီမို့ handset အချင်းချင်း တိုက်ရိုက်ချိတ်ပြီး data တွေ လွှဲနိုင်ပါတယ်။ ကျွန်တော်တို့ အသုံးများတဲ့ Zapya ကလည်း Wi-fi direct စနစ် တစ်မျိုးပါပဲ။

Wi-fi ရဲ့ အားသာချက်က အချင်းချင်း ချိတ်ဆက်တဲ့ နေရာမှာ Bluetooth လို အသိအမှတ်ပြုတဲ့စနစ် (pair) လုပ်ဖို့ မလိုတာဖြစ်ပါတယ်။ ဒါပေမယ့် wifi ကွန်ရက်ထဲမှာ password ခံထားရင်တော့ အဲဒီ password သိမှ ဝင်လို့ ရပါမယ်။ မိုဘိုင်းဖုန်းေ တွမှာ ကျွန်တော်တို့ အသုံးများတာက portable hospot ပါ။ setting>Wireless & Network> tethering & portable hotspot>portable WLAN hotspot ဖြစ်ပါတယ်။ ကိုယ်က တခြားလူ တစ်ယောက်ယောက်ကို ဒါမှမဟုတ် ကွန်ပျူတာ တစ်လုံးကို အင်တာနက် ပေးသုံးမယ်ဆိုရင် hotspot ကို သုံးပါတယ်။ WLAN hotspot configuration ထဲဝင်ပြီး၊ Network SSID/ security (လုံခြုံမှု စနစ်ဖြစ်ပြီး အများအားဖြင့် WPA2 ဆိုတဲ့ အလုံခြုံဆုံး စနစ်ကို သုံးပါတယ်။)

password တွေ မဖြစ်မနေ ထည့်ပေးရပါတယ်။ လုံခြုံမှု အားကောင်းစေဖို့ password ၈ လုံး ထည့်ပေးရလေ့ရှိပါတယ်။

EVDO

အင်တာနက်သုံးမယ်ဆိုရင် သိထားရမယ့် အင်တာနက် ဆက်သွယ်ရေး စနစ်တစ်မျိုး ဖြစ်ပါတယ်။ CDMA 800 MHz (၇၃၀ ဖုန်းစနစ်လို့လည်း လူသိများပါတယ်) မှာ သုံးတဲ့ အင်တာနက် စနစ်က EVDO စနစ်ပါ။ အရှည်က Evolution Data Optimized ဖြစ်ပါတယ်။ handsetမျက်နှာပြင်ပေါ်မှာ 3G စာလုံးအနေနဲ့ မြင်ရပါမယ်။ ကျွန်တော်တို့ လောလောဆယ် သုံးနေတာက EVDO Revolution A စနစ်ဖြစ်ပြီး အင်တာနက် ဆွဲချအမြန်နှုန်း 3.1 Mbps/အင်တာနကပေါ် ပို့လွှတ်အမြန်နှုန်း 1.8 Mbps ရှိပါတယ်။ Revolution B စနစ်က ပိုမြန်ပေမယ့် ကျွန်တော်တို့ဆီမှာ လောလောဆယ် မသုံးနိုင်သေးပါဘူး။

EDGE

သူကတော့ GSM ဖုန်းတွေမှာ သုံးတဲ့ အင်တာနက် စနစ် ဖြစ်ပါတယ်။ အရှည်က Enhanced Data rate ဖြစ်ပါတယ်။ handset မျက်နှာပြင်ရဲ့ အပေါ်နားမှာ E ဆိုတဲ့ စာလုံးလေးနဲ့ မြင်ရပါမယ်။ သူတို့ဆီမှာ GSM ကလည်း 3G စနစ်အမြန်နှုန်းက ရောက်နေပါပြီ။ ကျွန်တော်တို့ဆီမှာ စပြီး ပွဲထွက်တာက 2.5 စနစ် အမြန်နှုန်း စနစ် ဖြစ်ပါတယ်။ အင်တာနက်ကနေ ဆွဲချ အမြန်နှုန်း 384 kbps နဲ့ အင်တာနက်ပေါ် လွှတ်တင် အမြန်နှုန်း 59 kbps ဖြစ်ပါတယ်။ အင်တာနက် စနစ်မှာ အလွန်နှေးကွေးတဲ့အတွက် handset ဝယ်ရင် WCDMA/GSM နှစ်မျိုးတွဲကို ဝယ်ပြီး WCDMA အပေါက်မှာ GSM ကတ်ထည့်ပြီး သုံးသင့်ပါတယ်။

HSDPA

သူကတော့ WCDMA ဖုန်းတွေမှာ သုံးတဲ့ အင်တာနက် စနစ် ဖြစ်ပါတယ်။ အရှည်က High Speed Downlink Packet Access ဖြစ်ပါတယ်။ Handset မှာ အင်တာနက် ချိတ်ထားရင် H ဆိုတဲ့ စာလုံးလေးကို မျက်နှာပြင်အပေါ်နားမှာ မြင်ရပါတယ်။ မြန်မာပြည်မှာ သုံးနေတာက3.75 G စနစ်လို့ ပြောပါတယ်။ ကမ္ဘာ့စံ သတ်မှတ်ချက်အရဆိုရင် 3G+ စနစ်ပါ။ သီဝရီအရဆိုရင် အင်တာနက်ပေါ်က ဆွဲချ အမြန်နှုန်း (7.2Mbps) နဲ့ အင်တာနက်ပေါ်ပို့ အမြန်နှုန်း (2Mbps) ရတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ လက်တွေ့ရနေတဲ့ အမြန်နှုန်းကတော့ သီဝရီမှာ ပြောတာရဲ့ အပုံတစ်ရာပုံ တစ်ပုံက အများဆုံးပါ။ ဒါပေမယ့် မြန်မာပြည်ရဲ့ မိုဘိုင်း အင်တာနက်မှာတော့ အမြန်ဆုံး ဖြစ်ပါတယ်။

1G/2G/3G/4G

Gဆိုတာက Generation ပါ။ ဆက်သွယ်ရေး စနစ် မျိုးဆက်တွေပေါ့။ 1G ဆိုတာက ပထမမျိုးဆက် ဆက်သွယ်ရေး စနစ်ပေါ့။ မျိုးဆက်တစ်ဆင့် တက်လာတိုင်း အမြန်နှုန်းရော အရည်အသွေးပါ ပိုကောင်းလာပါတယ်။ 4G လို့ခေါ်တဲ့ စတုတ္ထမျိုးဆက်ကတော့ လက်ရှိမှာ အမြန်ဆုံး အကောင်းဆုံး ဆက်သွယ်မှု စနစ်ပါ။

(Mobile Guide Journal ထံမှပြန်လည်ကူးယူဝေမျှပါသည်)

လူတွေ ဘယ်ကဖြစ်

လူဟာ မျောက်ကနေ ဖြစ်လာတာပါလား

အမေး။ အရှင်ဘုရား….ကမ္ဘာဦးကာလ လူများဟာ မျောက်ကနေ ဆင်းသက်လာ တယ်လို့ ဆိုပါတယ်။ ဗြဟ္မာများ စုတေပြီး ကမ္ဘာဦးကာလ လူလာဖြစ်ပုံကို ဘုရားရှင် ဟောထားတာ ဖတ်ရပါတယ်ဘုရား။ ပဌာန်း တရားတော်မှာက လူတွေ ပဋိသန္ဓေနေပြီးမှ ဖြစ်တယ်လို့လဲ ပြောထားပါတယ်ဘုရား။ ဒါဆိုရင် ကမ္ဘာဦးအစ လူဖြစ်တာနဲ့ နောက် ပိုင်းလူဖြစ်တာ လွဲမနေဘူးလားဘုရား။ တပည့်တော်ဥာဏ်မမီတဲ့အတွက် ဖြေ ကြား ပေးတော်မူပါဘုရား။ စောဝတ်မှုံခင် ခေတ္တ ဂျပန်

အဖြေ။ ။ကမ္ဘာကြီးတည်စကာလ ရသပထ၀ီ မြေဆီ ပေါ်ပြီးတဲ့အခါ ကမ္ဘာပျက်တုန်းက မပါ ခဲ့တဲ့ ဗြဟ္မာများဟာ အောက်အောက်ဗြဟ္မာ့ ဘုံနတ်ဘုံ များကို ရောက်ကြရပါတယ်။ အချို့ ဗြဟ္မာများဟာ လူ့ပြည်မှာ ပဋိသန္ဓေ တည်ကြ ပါတယ်။ ကမ္ဘာဦးကလူများဟာ ဗြဟ္မာ့ပြည်က စုတေပီး လူလာဖြစ်ကြတာပါ။ မျောက်ကနေ တဆင့် လူဖြစ်လာတယ်ဆိုတာ လုံးဝမဟုတ် ပါဘူး။ ဘာ့ကြောင့်ဆိုရင် သုံးဆယ့်တစ်ဘုံဘ၀ သံသရာ ကြီးထဲ ကျင်လည်နေကြရတဲ့သူတိုင်း မဖြစ်ဖူးတဲ့ဘ၀ရယ်လို့ မရှိဘူးလို့ပါပဲ။ (သဂြိုလ်ဘာသာဋီကာ-နှာ၃၂၄) နောက်တစ်ခုက ကမ္ဘာဦးအစ ပဋိသန္ဓေနေကြ တဲ့လူများနဲ့ နောက်ပိုင်း ပဋိသန္ဓေနေကြတဲ့လူများ မတူကွဲပြားပုံနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင်…. သံသေဒဇ၊ သြပပါတိက၊ အဏ္ဍဇ၊ ဇလာဗုဇ ဆိုပြီး ပဋိသန္ဓေ လေးမျိုး ရှိပါတယ်။ (သုတ်ပါထေယျ၊သံဂီတိသုတ်ဋီကာ)

(က) သံသေဒဇပဋိသန္ဓေ ပဒုမ္မာကြာတိုက်၊ ကိုယ်ဝန်အညစ်အကြေး၊ ပန်း မှိုက်ပုပ်၊ ငါးပုပ်၊ရေပုပ်၊ မစင်ပုပ်စတဲ့ စိုစွတ်တဲ့ နေရာအရပ်မှာ ဖြစ်တဲ့သတ္တ၀ါများဟာ သံသေဒဇ ပဋိသန္ဓေ လို့ခေါ်ပါတယ်။ပဒုမ္မာကြာမှာ ပဋိသန္ဓေ တည်တဲ့ ပဒုမ၀တီမိဖုရားနဲ့ပေါက္ခရသာတိပုဏ္ဏား၊ ၀ါးလုံးခေါင်းမှာ ပဋိသန္ဓေနေတဲ့ ဝေဠုဝတီမိဖုရား၊ ပဒုမ၀တီရဲ့သားတော်၄၉၉ယောက်ဟာပဒုမ၀တီ မိဖုရားရဲ့ကိုယ်ဝန်အညစ်အကြေးကြောင့် ဖြစ်တယ်။ ဒါတွေဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။

(ခ) သြပပါတိက ဘ၀ဟောင်းမှ ခုန်လွှားကျရောက်လာသလို လူ့ဘ၀ မှာ ဘွားကနဲ ဖြစ်ပေါ်လာတာဟာ “သြပပါတိကပဋိ သန္ဓေ” လို့ခေါ်ပါတယ်။ သြပပါတိက ပဋိသန္ဓေ နေ ကြတဲ့သူများက ငရဲသား၊ ပြိတ္တာ၊ တိရစ္ဆာန်အချို့၊ ကမ္ဘာဦးကလူများနဲ့ နတ် ဗြဟ္မာများ ဖြစ်ပါတယ်။

(ဂ)အဏ္ဍဇပဋိသန္ဓေ ဥခွံအတွင်းမှာ ပဋိသန္ဓေနေတာကို အဏ္ဍဇပဋိသန္ဓေ လို့ခေါ်ပါတယ်။ ငှက်အမျိုးမျိုး၊ မြွေ၊ လိပ်၊ ငါးစတဲ့ သတ္တ၀ါများဟာ ဥခွံအတွင်း ပဋိသန္ဓေ နေကြတဲ့ သတ္တ၀ါများ ဖြစ်ပါတယ်။

(ဃ)ဇလာဗုဇ သားအိမ်မှ ဖြစ်တာကို ဇလာဗုဇ ပဋိသန္ဓေ လို့ခေါ် ပါတယ်။ လူ၊ ဆင်၊ မြင်း၊ ခွေး စတဲ့ သတ္တ၀ါများဖြစ် တယ်။ဆိုခဲ့တဲ့ပဋိသန္ဓေများအနက် လူများဟာ သံသေဒဇ၊ သြပပါတိက၊ ဇလာဗုဇ များမှာ ပဋိသန္ဓေ ဖြစ်နိုင်ပါတယ်။ ကမ္ဘာဦးလူများရဲ့ပဋိသန္ဓေက ဘွား ကနဲဖြစ်ပေါ်လာရတဲ့ သြပပါတိကပဋိသန္ဓေဖြစ်ပြီး ၊ နောက်ပိုင်းမှာတော့ အမိဝမ်းတွင်းပဋိသန္ဓေ နေရတဲ့ ဇလဗုဇ ပဋိသန္ဓေ ဖြစ်ပါတယ် ဆိုတာ ဖြေကြားပေး လိုက်ရပါတယ်။

စာရေးသူ- ဦးကောဝိဒ(မြိတ်) |

Thursday, January 2, 2014

သကြားနှင့်ဆား စားမှသိ ဝေဘူ ဆရာတော်ဘုရားကြီး

သကြားနှင့်ဆား စားမှသိ

ဝေဘူ ဆရာတော်ဘုရားကြီး

ဒကာကြီးရဲ. သည်.လိုပြောပါမယ်၊ သကြားတို. ဘာတို.တော ဒကာကြီးက ချိုတယ်လို. ပြော မယ် မဟုတ်လား၊ ဒို.ကတော. မစားဖူးသေးဘူးလေ၊ တောထဲက ရဟန်းက ဒကာကြီးတို.ကို သကြားချို သလား ပြောစမ်းပါ ဆိုရင် ဒကာကြီးက ချိုတယ်လို. ပြောမှာပဲ မဟုတ်လား။ သည် တော. ဒို.က ဒကာကြီးရဲ. သကြားချိုတာ ကိုပြောစမ်းပါ ဆိုရင် ဘယ်နှယ်ပြောမလဲ။ (တပည်. တောက စားဖူးလို ပြောတတ်ပါတယ်ဘုရား။ မစားဘူတဲ. ပုဂ္ဂိုလ်များကတော. မပြောတတ်ပါ ဘုရား။) ဒို.က မစားဘူးလို. သကြားချိုတာ ဘယ်လိုလဲ လို.ပြောစမ်းပါ။(ထန်းလျက်ထက် အ များကြီး ကောင်းပါတယ် ဘုရား) ဒါဖြင်.ဒို.ကပြောမယ်၊သကြားဟာ ချိုတယ်ဆိုတာက ထန်းလျက် ထက်ကောင်းတယ် ဆိုတော.ဒို.ကသိပါ.မလား။ (မသိပါဘုရား)။

မေး။ သကြားအချို တကယ်သိအောင် ဒို.ကို ပြောစမ်းပါဦး။

ဖြေ။ သကြားအချို တကယ်သိအောင် မပြောတတ်အောင် ဖြစ်နေပါတယ်ဘုရား။

ဒကာကြီးက စားဖူးသားပဲ၊ ဘာကြောင်.မပြောတ တ်ရမှာလဲ။(တပည်.တော်မပြောတတ်တော .ပါဘုရား၊

အရှင်ဘုရားပဲ ဘုဉ်းပေးကြည်.ပါလို.ပြောရမှာ ပါဘုရား။)

မေး။ သကြားရဲ.ပုံသဏ္ဍာန် ပြောစမ်းပါ ဆိုတော. ဘယ်.နှယ် ပြောမလဲ။

ဖြေ။ ဆားနှင်.တူတယ်လိုပြောရမှာပါဘုရား။ ဒါပေမယ်.ဆားကတော.ပုရွက်ဆိတ်မတက်ဘူး၊

သကြားကတော. ပုရွက်ဆိတ်တက်တယ်၊ အခုလိုပြောပေမယ်.၊ အရှင်ဘုရားသိမှာမဟုတ်ပါ ဘုရား။ဒါဖြင်.ဘယ်တော.မှသိမှာလဲ။ (အရှင်ဘုရားဘုဉ်းပေးမှ သိမှာပါဘုရား) သကြားပုံသဏ္ဍာန်က ဆားနှင်.တူတယ်ဆိုတော.ဒို.က ဆားရော သကြားရော ကောင်းကောင်းမမြင်ဖူးဘူး။ သည်တော. ဆားနှင်. သကြားကွဲပြားအောင် ဘယ်လိုပြောမလဲ။

(ထုံးမှုန်. နှင်. ခပ်ဆင်ဆင် ပါဘုရား။) ဖြူဖြူဖွေးဖွေးလား။ ဒို.က ဆားကိုသာ မြင်ဖူးတော. သည်ဆားကိုပဲ သကြားဆို ပြီး စားရေားဗျာ၊သည်ေ တာ. ဘယ်နှယ်လဲ၊သကြားအမှန်ကို တွေ.ပါ.မလား။ (ဆားနှင်.ပဲတွေ. မှပါဘုရား။)သည် တော.ဒို.ကမှတ်ရတော.မယ်။ သကြားဆိုတာ ငန်တာ ထင်ပါရဲ. လို.မှတ်ရတော.မယ်။ (တပည်.တော်ပာာ အနိစ္စဘယ်လို မှတ်ရမှန်း မသိသလို လွဲနေမှာပါပဲဘုရား။)

အဲသည်တော.သကြားပုံသဏ္ဍာန်ကိ လျှောက်ပြောရင် လွဲစရာတွေ အများကြီး ဖြစ်နေပြီ၊ သေသေချာချာ ပြောမှဖြစ်မယ်။ (သကြားကိုယူလာပြီး အရှင်ဘုရား ဘုဉ်းပေးပါလို ပြောမှပဲ ဖြစ်မှာပါဘုရား။) သကြားတော.သိပြီေ ပြာစမ်းပါလို. ဆိုတော. ဘယ်.နှယ်လဲ။

(ပြောတော. ပြောပါရစေနှင်.၊ဘုဉ်းပေး ပါလို.ပြောရမှာပါပဲဘုရား။) စားရင်ငန်မှာလား။

(သကြားစားရင်တော.ချိုမှာပါပဲ ဘုရား။ မေး။ အဲသည်တော. ဒကာကြီးက သကြားစားနေတဲ.လူနားက ထိုင်ပြီး ချိုပြီ ချိုပြီ လို ပြောနေရ ဦးမှာလား။

ဖြေ။ မပြောရပါဘုရား။

မေး။ အဲသည်လိုပါးစပ်က မပြောတော. သကြားကရောမချို တော့ဘူးလား။

ဖြေ။ ချိုတာပါပဲဘုရား၊ ပြောလဲ နားငြီးရုံ ရှိမှာပါ ဘုရား။

မေး။ သကြားဟာ စားသည်နှင်. တပြိုက်နက် ဘယ်.နှယ်လဲ။

ဖြေ။ အဟုတ်ဆိုရင် ချိုမှာပါပဲ ဘုရား။

မေး။ သည်ရဟန်းကတောထဲက ရဟန်းဗျာ့၊ ငါ အကုန်လုံး မချိုဘူး၊မြို.ထဲက ဒကာကြီးတွေ လောက် ပြည်.ပြည်.စုံစုံမချိုပဲ တ၀က်လောက် ချိုလိုက်မယ် ၊လျော.ချိုလိုက်မယ်ဆိုပြီး ချိုမှာလား။

ဖြေ။ မျက်နှာမလိုက်ပဲ အတူတူချိုမှာပါ ဘုရား။

ဒါကြောင်. ခုနကရုပ်နာမ်များကိုလဲ ခုနက လိုမှတ်လေ။ သကြားလိုပဲ ချိုပါလိမ့်မယ်ဗျာ။

သည်လိုမှတ်ရင်း မှတ်ရင်းနှင်. သကြားနှင်.ဆားလွဲမှား နေဦးမှာလားဗျာ.။ ဒကာကြီးက ဆားနှင်. သကြားသေသေချာချာ ကွဲသလား။ဒကာကြီးဟာ ဈေးထဲကို မကြာမကြာရောက်သွားပြီး ဆားဝယ်စမ်း ဆိုရင် သကြားဝယ်လာမှလား။ (မမှားပါဘုရား၊ ကုလားကိုယ်တိုင်ဆားဆိုရင် ဆားပဲ ပေးလိုက်တာပါပဲ ဘုရား)

အခုလဲ ကုလားကတောင် မမှားဘူးဆိုတော. အတု အတူမရှိတဲ. ဘုရားရှင် သေသေချာချာ

ကိုယ်တော် တိုင်ထိုးထွင်းပြီး သိပါတဲ.အတိုင်း ဆင်းရဲကလွတ်ချင်တဲ. လူနတ်ဗြဟ္မာ တို.ကို စား ဆိုပြီးသေသေချာချာပေးလိုက် တာပဲ၊ စားသာစား၊ မမှားပါဘူးဗျာ.၊ မှားမှားစိုးတာန င်. မစားဘဲနေတာလား။ (သည်အချိန်တောင်မ ရောက်သေးပါဘုရား၊ပြောတာ နားထောင်တုန်းပါပဲ ဘုရား။) ဒါဖြင်.ခုနကပြောသလိုစားဗျာ့၊ မမှားပါဘူးတဲဗျာ.၊အေး..ဘာကြောင်. မမှားသလဲဆိုရင် ရုပ်နာမ်ဆိုတဲ.ဟာ အစဉ်အမြဲ ဖြစ်ပြီးပျက်နေတာတွေ.ပဲ။

မေး။ ဒါပေမဲ.ဘာကြောင်.အခုမသိသေးသလဲဆိုရင် စားဆိုရုံနှင်. မစားဘဲနေရင်သိပါ.မလား။

ဖြေ။ မစားဘဲနှင်.ချိုတာငန်တာကိုမသိနိုင်ပါဘုရား။

အေး…အခုလဲ သည်လိုကတော. သိနေတယ်။ ဒါကရုပ်၊ဒါကနာမ်၊ဒါကသုတ်၊ဒါက၀ိနည်း၊ဒါက အဘိဓမ္မာ၊ သည်လိုတော.သိနေပါပြီ။ဘုရားရှင် ဟောတာကိုတော. မေတ္တာရှင်၊ကရုဏာရှင် တွေကလဲ မအားမပြတ်ရအောင် ညွှန်ကြားဆုံးမထားတော. ဒါကသမထ၊ ဒါက၀ိပဿနာ ဆိုပြီးသိနေတယ် မဟုတ်လား။(ဒါလဲ လုံးလုံးထွေးထွေးပါပဲဘုရား။) ထွေးလဲထွေးပစေ၊ အခုနလိုသာဂရုစိုက်ဗျာ.၊ နောက်ကျရင်လုံးထွေးမှာ မဟုတ်တော.ပါဘူး။သူ.ဟာနှင်. သူသီးသန်. နေပါမယ်ဗျာ.။

အရှေ.သွားတော. အရှေ.ရောက်မယ်၊ အနောက်သွားတော. အနောက်ရောက်ပါတယ်။ (တပည်. တော်က မျက်စိလည်ပြီး အရှေ.ကိုအနောက်မှတ်ပြီး လျှောက်နေမိမှာ စိုးပါတယ်ဘုရား။) သည်နေရာမှာတော. မီးရထားစီးသလိုပေါ.။ ဒကာကြီးက သည်ကနေပြီး ဘယ်ကိုစီးချင်သလ (မန္တလေး စီးချင်ပါတယ်ဘုရား)

အေး..မန္တလေးရထားသာ မှန်မှန်တက်စီး ၊ တောင်ခေါင်းထဲ သွားချင်သွားပါစေ၊ မဆင်းနဲ. အဲဒါဆင်းရင် လွဲသွားမှာပဲဗျာ.။ ဆင်းသာမဆင်းနဲ.။ မန္တလေးရောက်မှာပဲ။

ရထားကဘာတဲ.ဆိုရင် နှာသီးဖျား၊ နှာသီးဝ ကလေးကို လက်နှင်.ထိတော. သိသလိုပဲ သည်လို စူးစူးစိုက်စိုက်ကလေးသာ သိနေ၊ အဲဒါ မီးရထား ပဲဗျာ၊ဘာတုံး ဆိုရင် မဂ္ဂင်တည်းဟူသာလှေ၊ မဂ္ဂင်တည်ဟူသောဖောင် သည်လိုပြောကြတယ် မဟုတ်လား။ စီးသာစီး မဂ် ဖိုလ်ရမယ်

သုဘလုလင်မေးသော မေးခွန်း(၁၄) ခု **************************************

သုဘလုလင်မေးသော မေးခွန်း(၁၄) ခု ************************************** သုဘလုလင်အမေး ၁။ လူချင်းတူပါလျက်အချို့ မှာ အသက်တိုပြီး ၂။ အချို့ မှာ အသက်ရှည်ရသနည်း။

မြတ်ဗုဒ္ဓ အဖြေ ၁။ အချို့မှာ အသက်တိုရခြင်း ဤလောက၌ အချို့သော ယောင်္ကျား မိန်းမတို့သည် သတ္တ၀ါတို့ကို သနားကြင်နာခြင်း ကင်းမဲ့လျက် သူတစ်ပါး အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်လေ့ရှိသည်။ ထိုသူတို့သည် သေသောအခါ ငရဲသို့ ကျရောက်ရသည်။ ရှေးကုသိုလ်ကံ တစ်ခုခု ထောက်မမှုကြောင့် လူ့ပြည်သို့ ရောက်ပြန်လျှင်လ ည်း ကြာရှည်စွာ နေခွင့်မရ၊ အသက်တိုလေ့ရှိသည်။

၂။ အချို့မှာ အသက်ရှည်ရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် သတ္တ၀ါတို့ကို သနားကြင်နာခြင်း ဂရုဏာထားလျှက် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကြသည်။ ထိုသူတို့သည် သေသောအခါ နတ်ပြည်သို့ ရောက်ကြသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အသက်ရှည်စွာ နေရသည်။

......................................................................

သုဘလုလင်အမေး ၃။ လူချင်းတူပါလျက်အချို့ မှာ အနာရောဂါများပြီး ၄။ အချို့ မှာ အနာရောဂါကင်းရသနည်း။

မြတ်ဗုဒ္ဓအဖြေ ၃။ အချို့မှာ အနာရောဂါ များရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် တစ်စုံတစ်ယောက်သော သတ္တ၀ါကို လက်ဖြင့်သော်လည်းကောင်း၊ ခဲ, တုတ်, ဓား စသော လက်နက်များဖြင့် ညှင်းဆဲလေ့ရှိသည်။ ထိုသူတို့သေသောအခါ ငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျင်လည်း အနာရောဂါ ထူပြောလေ့ရှိသည်။

၎။ အချို့မှာ အနာရောဂါ ကင်းရှင်းရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် တစ်စုံတစ်ယောက်သော သတ္တ၀ါကို လက်ဖြင့်သော်လည်းကောင်း ၊ ခဲ, တုတ်,ဓား စသော လက်နက်များဖြင့် ညှင်းဆဲနှိပ်စက်လေ့မရှိ။ ထိုသူတို့သေသောအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျင် လည်း အနာရောဂါ ကင်းရှင်းကြပေသည်။ .........................................................

သုဘလုလင်အမေး ၅။ လူချင်းတူပါလျက်အချို့ မှာ ရုပ်ဆိုးပြီး ၆။ အချို့ မှာ အဆင်းလှပါသနည်း။

မြတ်ဗုဒ္ဓအဖြေ ၅။ အချို့မှာ ရုပ်ဆိုးရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် အလွန်ဒေါသကြီး၏။အနည်းငယ်သော စကားကို ပြောလျှင်လည်း သူတစ်ပါးကို စော်ကားပုတ်ခတ်၍ ပြောလေ့ရှိသည်။ ထိုသူတို့သေသောအခါ ငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း မျက်နှာပုပ်သိုးနှင့် အရုပ်ဆိုးတတ်လေသည်။

၆။ အချို့မှာ အဆင်းလှရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ဒေါသမထွက်၊ သူတစ်ပါးကို အပြစ်ပြောလေ့မရှိ၊ စိတ်ထားနူးညံ့ သိမ်မွေ့သူများ ဖြစ်သည်။ ထိုသူတို့ သေသောအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း ကြည်လင်လှပသော ရုပ်အဆင်းအင်္ဂါနှင့် ချောမောလှပကြသည်။ .......................................... သုဘလုလင်အမေး

၇။ လူချင်းတူပါလျက်အချို့ မှာ အခြွေအရံတန်ခိုး အာဏာ နည်းပါးပြီး ၈။ အချို့ မှာ အခြွေအရံတန်ခိုးအာဏာ ကြီးမားရသနည်း။

မြတ်ဗုဒ္ဓ၏ အဖြေ

၇။ အချို့မှာ အခြွေအရံ တန်ခိုးအာဏာ နည်းပါးရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ဣသာ (ငြူစူခြင်း) တရား အားကြီးကြသည်။ ထိုသူတို့သေသာအခါ ငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အခြွေအရံ တန်ခိုးအာဏာ နည်းပါးရလေသည်။ ဣသာ၏အဓိပ္ပါယ် - သူတစ်ပါးတို့သည်ကံ, ဉာဏ်, ၀ိရိယ အားလျော်စွာ စည်းစိမ်၊ ဥစ္စာပေါများခြင်း၊ ရာထူးဂုဏ်သိမ် ကြီးမားခြင်း၊ ထင်ရှားကျော်စော ခြင်း၊ တတ်သိ လိမ္မာခြင်းတို့ကို မနာလိုမှု၊ မကြည်ဖြူနိုင်မှု၊ စောင်းမြောင်းမှု၊ ငြူစူမှု စသည်တို့ကို နှုတ်ခမ်းစူ၍ ပြောဆိုမှုများသည အတွင်းက ဣသာတရား၏ အစွမ်းပင်ဖြစ်သည်။

၈။ အချို့မှာ အခြွေအရံ တန်ခိုးအာဏာ ကြီးမားရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ဣသာ (ငြူစူခြင်း) တရား မရှိ၏ကြပေ။ ထိုသူတို့သေသာအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အခြွေအရံတန်ခိုးအာဏာ များပြားရလေသည်။ .................................................. သုဘလုလင်အမေး ၉။ လူချင်းတူပါလျက်အချို့ မှာ ဥစ္စာမဲ့မွဲ ဆင်းရဲရပြီး ၁၀။ အချို့ မှာ ဥစ္စပစ္စည်းကုံလုံ ကြွယ်ဝရသနည်း။

မြတ်ဗုဒ္ဓ၏ အဖြေ

၉။ အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိ၊ မစ္ဆေရ (၀န်တိုခြင်း) တရား အလွန်အားကြီးကြ ကုန်၏။ ထိုသူတို့သေသာအခါ ငရဲသို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း ဥစ္စာမွဲလျှက် ဆင်းရဲကြကုန်၏ ။ မစ္ဆေရ၏ အဓိပ္ပါယ် - မိမိ၌ရှိသောပစ္စည်း၊ မိမိနှင့်ဆိုင်သော ပစ္စည်းများကို သူတစ်ပါးတို့နှင မပတ်သက် မပေးကမ်းလိုမှု၊ မလှူဒါန်းလိုမှု၊ မိမိ၏ စည်းစိမ်ဥစ္စာများကို သူတစ်ပါးရသွားမှာ စိုးရိမ်ခြင်းတို့ကို မစ္ဆေရ ဟုခေါ်သည်။

၁၀။ အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိခြင်း၊ မစ္ဆေရ (၀န်တိုခြင်း) တရား မရှိကြကုန်။ ထိုသူတို့ သေသာအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝခြင်းနှင့် ပြည့်စုံကြကုန်၏။ ............................................................................

သုဘလုလင်အမေး ၁၁။ လူချင်းတူပါလျက်အချို့ မှာ အမျိုးယုတ်ရပြီး ၁၂။ အချို့ မှာ အမျိုးမြတ်ရသနည်း။

မြတ်ဗုဒ္ဓ၏အဖြေ ၁၁။ အချို့မှာ အမျိုးယုတ်ရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် အလွန်မာနကြီးကြကုန်၏။ သူတစ်ပါးကိုအလွန် အထင်အမြင် သေးကြကုန်၏။ ကိုယ့်ကိုယ်ကိုသာ အထင်ကြီးကြကုန်၏။ ရိုသေ လေးစားထိုက်သော သူတို့ကို ရိုသေ လေးစားရမှန်း မသိပေ။ ထိုသူတို့ သေသာအခါ ငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အောက်ကျနောက်ကျြ ပီး ယုတ်ညံ့သော အမျိုးတွင် ဖြစ်ရလေသည်။

၁၂။ အချို့မှာ အမျိုးမြတ်ရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် မာန်မာနမရှိကြကုန်။ သူတစ်ပါးကို အထင်အမြင်သေးခြင်း မရှိကြကုန်။ ရိုသေလေးစားထိုက်သော သူတို့ကို ရိုသေလေးစားကြကုန်၏။ ထိုသူတို့သေသာအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ပြန် ရောက်လာလျှင်လည်း မြင့်မြတ်သောအမျိုးတွင် ဖြစ်ရလေသည်။ ....................................................................... သုဘလုလင်အမေး ၁၃။ လူချင်းတူပါလျက်အချို့ မှာ အသိဥာဏ်ပညာနည်းပါးပြီး ၁၄။ အချို့ မှာ အသိဥာဏ်ပညာကြီးမားရသနည်း။

မြတ်ဗုဒ္ဓ၏ အဖြေ ၁၃။ အချို့မှာ အသိပညာဉာဏ် နည်းပါးရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ပညာရှိထံ ချဉ်းကပ်၍ ကုသိုလ်၊ အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊ မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်သော အရာကိုလည်းကောင်း၊ နောင်သံသရာဝယ် အကျိုးပေး မပေးကို လည်းကောင်း မေးမြန်းလေ့ မရှိ။ မိမိထင်ရာမြင်ရာ ပြုလုပ်ပြီး ဒုစရိုက်များဖြင သေလွန်သည့်အခါ ငရဲ၌ ဖြစ်ရလေသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အသိပညာ ကင်းမဲ့သော လူဖျင်း၊ လူညံ့၊ လူအ၊ လူမိုက်ဖြစ်ရလေသည်။

၁၄။ အချို့မှာ အသိပညာဉာဏ် ကြီးမားရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတို့သည် ပညာရှိထံချဉ်းကပ်၍ ကုသိုလ်၊ အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊ မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်သော အရာကိုလည်းကောင်း ၊ နောင်သံသရာဝယ် အကျိုးပေးမပေးကိုလည်း ကောင်းမေးမြန်းလေ့ရှိသည်။ မိမိထင်ရာမြင်ရာ မပြုလုပ်ဘဲ သုစရိုက်များဖြင့် သေလွန်သည့်အခါ နတ်ပြည်၌ ဖြစ်ရလေသည်။ လူ့ပြည်သို့ပြန် ရောက်လာ လျှင်လည်း အသိပညာဉာဏ်ကြိးမားရလေသည်။

(ဥပရိပဏ္ဏာသပါဋ္ဌိတော်၊ ၀ိဘင်္ဂ၀ဂ်၊စူဋ္ဌကမ္မ ၀ိဘင်္ဂသုတ်)

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT