“တစ်ခုသော သင်္ကြန်အခါ”
လာလာလေ လိုက်ခဲ့တော့ တို့စရိုက် တို့ဘာသာ နှစ်ဆန်းခါ ပိတောက်ကြွားချိန်မို့ ကစားကာ ရေကြည်ကြည်နဲ့ ပီပေသည် မြန်မာမျိုးကိုလ တိုးဆင့်၍ ချစ်ခဲ့တာ ။
လာဟေ့ လာဟေ့ ဘုရားကုန်းက၊တအုန်းအုန်းနဲ့၊ တရုန်းရုန်းလာကြ ဘယ့်နှာပါလိမ့် ထိန့်လိုက် တဲ့အိုးစည်၊နှဲကလဲ ပီသနဲ့ သီသူက သီကြ၊ ကသူကက လာ နွားကြီးလည်းပါသဟေ့ ကျောပေါ်မှာ ကော်ဇော၊ အမွှေးရော သနပ်ခါး ချိုဖျားမှာ ပိတောက်ပန်းတွေက တလျှမ်းလျှမ်းရွှေအဆင် နွားစိတ်ထဲ အခဲသားဝင်လိုက်ရ ရွှင်လိုက်မည့်ဖြစ်ခြင်း။
ဝဋ်မကင်းသူကိုဖြင့် လွှတ်ခြင်းမှာ ၀ါသနာပါတဲ့ ရွှေမြန်မာ သည်လူမျိုးမှာလ အကျိုးသည်လိုတူလိုက်ပါ့ ရွှေမဉ္ဇူနှုတ်ချိုခွန်းရယ်နဲ့ သွန်းလိုက်မိပါ ။
နှစ်သစ်ကူးတဲ့၊တန်ခူးခါမှာ ဒါနကတဝေေ၀၊ ရေတွေက တရွှဲရွှဲ ပျော်ပွဲက တ၀င့်ဝင့်၊ကဲလို့သာ ဆင့်ရော့ အရွယ်သင့် အရွယ်ငယ် မြန်မာတွေ ထယ်လိုက်ကြ။
ဘယ်မြေဟာ စေတီပေါမယ်လဲ့ ဘယ်ပြေဟာ အပျော်ကြောမယ်လဲ့ စိတ်ဇော မြန်ဗမာမှာဖြင့် သံသရာ ဂရုထားသူမို့ ပါးလိုက်ကြ ပျော်ပျော်သာ အခါက နှစ်ဆန်း။
လကလဲ ရွှင်လန်း ရွက်ဟောင်းကြွေ၊ရွက်သစ်ကယ်ဝေ လေပြေဖျန်းပြန်တော့ လွမ်းစရာပေါ့ ။
ဥသြငယ်သာ ပင်မြင့်မှာ သံဝါ၀ါနဲ့ သင်္ကြန်ခါသူက ညှင်းလေတော့ မလေးမောင် သည်ရင်တွင်းဆီသို့ သီချင်းသူဝင်လာ၍ ဖြူစင်စွာ ဂူဆင်၍သာပါ့ အောင်းမွေ့ရွှင်လန်း ။။
ဇော်ဂျီ ပန်းချီ Maung Ugga Kyaw (12years) — w
No comments:
Post a Comment