စပ်တော့စပ်တယ် ငရုတ်သီး (Chilli) .. ........
ငရုတ်သီးဟာ စိုက်ပျိုးရ လွယ်ကူတဲ့ အတွက် ကမ္ဘာတစ်ဝန်း ဆေးကုသရာမှာ အသုံးပြု ကြပါတယ်။ရှေးလူကြီးတွေဟာ ငရုတ်သီးကို နာကျင်မှု ဝေဒနာ သက်သာအောင်မှ အစပြုပြီး ကာမရာဂ နိုးကြွစေတဲ့ ဆေးအဖြစ် ရောဂါ အားလုံး အတွက် အသုံးပြုကြပါတယ်။
ငရုတ်သီးမှာ ပါဝင်တဲ့ ပူစပ်တဲ့ အရသာရှိတဲ့ capsaicin ဟာနာကျင်မှု သက်သာစေတာကြောင့်ကြွက်သားနာကျင်တာ၊ ခွဲစိတ်အပြီးနာကျင်တာနဲ့ အဆစ်ရောင် ရောဂါတွေ သက်သာ စေတာကို ယနေ့အထိ လူသိများနေဆဲလို့ဆိုပါတယ်။
ငရုတ်သီးဟာ ဦးနှောက်အတွင်းနာကျင်မှုဝေဒနာကို သယ်ဆောင် ပေးတဲ့chemical messages တွေကို တားဆီးနိုင်တယ်လို့သိရပါတယ်။နောက်ဆုံးလေ့လာမှုအရ ငရုတ်သီးဟာ ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ ကူညီနိုင်တယ်လို့ဖော်ပြထားပါတယ်။
ငရုတ်သီးဟာ သွေးတွင်းသကြားဓာတ်ကိုလည်းထိန်းပေးနိုင်ပါ တယ်။ငရုတ်သီးပါဝင်တဲ့နေ့လယ်စာ စားသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့ ဟော်မုန်း (Insulin) မြင့်တက်နေပြီးအစာဆာလောင်စိတ်များတဲ့ ဟော်မုန်း (Ghrelin)ကျဆင်းနေတာကို တွေ့ရှိရပါတယ်လို့ သုတေသနပြုသူတွေကဆိုပါတယ်။
သင့်ရဲ့ အစားအစာထဲမှာ ငရုတ်သီးအစိမ်းလိုက်ထည့်စားတာ ဒါမှမဟုတ် အသုပ်တွေထဲမှာ ငရုတ်သီးမှုန့် ထည့်စားတာ၊ ငရုတ်သီးမှုန့်နဲ့ဟင်းချက်ပြီးစားတာတွေ လုပ်ပါ။
credit to Mg Mandalay
ကျေးဇူးပါ။
ReplyDelete