အဆီကျဆေးများက ကျောက်ကပ်ပျက်စီးစေနိုင် Saturday, April 6, 2013
အဆီကျဆေးအုပ်စုဝင်ဖြစ်သော statin သည် သွေးတွင်းကို လက်စတီရောကို ကျဆင်းစေနိုင်သော်လည်းကျောက်ကပ်ကို ပျက်စီးစေနိုင် ကြောင်းသိရှိရသည်။
အဆိုပါ statin များကို ပမာဏများစွာ သောက်သုံးခြင်းသည် နှလုံးရော ဂါနှင့် လေဖြတ်ခြင်းတွင် သင့်တော်သော်လည်းရုတ်တရက် ကျောက် ကပ်ပျက်စီးမှုနှင့်ဆက်စပ်နေကြောင်းဖော်ထုတ်နိုင်ခဲ့သည်။
အဆီကျဆေးကို သောက်သုံးအပြီး ရက်ပေါင်း၁၂၀အတွင်း ကျောက်ကပ် ပျက်စီးမှုဖြစ်ပွားနိုင်ပြီး ဆေးသောက်အပြီးနှစ်နှစ်ခန့်အကြာတွင် ရောဂါလက္ခဏာများ ပေါ်ပေါက်လာနိုင်ချေများသဖြင့် အဆီကျ ဆေးများ၏dose ကို ချင့်ချိန်ပေးရန်လိုအပ်သည်ဟု ယခုလေ့လာမှုကို ဦးဆောင်သူ University of British Columbia မှ သုတေသီDr. Pierre Ernstက ပြောကြားခဲ့သည်။
ယခုလေ့လာမှုသည် ဆေးဝါးကို လုံးဝပစ်ပယ်ရမည် မဟုတ်ကြောင်း၊ နှလုံးရောဂါရှင်များတွင် Statin ဆေးဝါးမမှီဝဲပါက အသက်အန္တရာယ် ထိခိုက်နိုင်ချေရှိကြောင်းသို့သော် ပမာဏများစွာကိုအချိန်ကြာ သောက် သုံးရခြင်းက ကျောက်ကပ်ပျက်စီးမှုစေနိုင်ကြောင်း၊နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့်ကျောက်ကပ်ပျက်စီးမှုများကို သုံးသပ်ကာ သမားတော်များ၊ဆေးဝါး ကို သေချာပေးသင့်ကြောင်း ကိုဗြိတိသျှနှလုံးကျန်းမာရေးဖောင်ဒေးရှင်းမှဒါရိုက်တာပါမောက္ခ Dr. Peter Weissberg ကရှင်းပြထားသည်။
ကျေးဇူးပါ။
ReplyDelete