"ဆုတ်ခေတ်လူသားများ "
* စိတ်ဆန်းသလောက် ကံဆန်းများအတွင်လုပ်၍ သူ့ထက်ငါအယုတ်ပြိုင် လာကြတော့၏။
* ကံအလုပ်စိတ်ယုတ်သလောက် ဥတုပူ မြေဆီခန်း အစာများလည်း ကြမ်းလာကြ၏။
* ဥတုကြမ်းအစာကြမ်းစားရသလောက် ကိုယ်စိတ်နှုတ်ကြမ်း သွေးသုံးများလည်းကြမ်းကြတော့၏။
သွေးသုံးကြမ်းသလောက်ပင် ထိုလူသားများ သက်တမ်းများပါ တိုလိုက်ကြတော့ရာ...
* အရပ်အမောင်းများ တစ်စ တစ်စ ပုဝင်လာကြသည်။ * စိတ်ကောင်းများလည်း တစ်စ တစ်စ နိမ့်ဆင်းလာကြပြီ။
ထိုအခါတတ်ခေတ်လူသားများ၏ကိုယ်နေအမူအရာများ ယဉ်ကျေး သိမ်မွေ့ငြိမ်သက်သော ဓလေ့ဖြင့် ပျော်မွေးအေးဆေးနေကြပုံကို ဤဆုတ်ခေတ်လူသားများ မလိုက်လိုကြတော့ပါ။ ယင်းအစား ယင်းနှင့်ပြောင်းပြန် ..
* ဆပ်ကော့လပ်ကော့မျိုး ချိုးပြကြ၏။ ဒါမှ သွက်လက်ချက်ချာ သူလေး ဟူ၍ချီးမွမ်းခံရမည်။
* မဟုတ်မခံ ဇတ်ဇတ်ကြဲမျိုးချိုးပြကြ၏။ ဒါမှ ရဲတင်းပွင်းလင်း သူလေး ဟူ၍ချီးမွမ်းခံရမည်။
* လမ်းဘေးမှာ နေပုံစားပုံမျိုးချိုးပြကြ၏။ ဒါမှ စီးပွားရှာကောင်း သူလေး ဘွဲ့ရတော့သည်။
ဆုတ်ခေတ်တွင်းနေ လူသားများခံစားခွင့်ရ အာရုံထားများကား နွေခေါင်ခေါင်မီးလောင်နေရာ ကွင်းပြင်ကြီးဖြတ်သွားသူများခံစား ရသော အရသာမျိုးချည်းတည်း။
* တက်ခေတ်ထွန်းကားရာတုန်းက ခေတ်ကို လူတန့်ပိုင်းရှိ လူကြီးများ၊သူကြီးများက ဦးဆောင်သည်။ ချင့်ချင့်ချိန်ချိန်လမ်းပြ လိုနေသောခေတ်တည်း။
* ဆုတ်ခေတ် အပျက်သန်ရာကျလျှင်ကား ခေတ်ကို ဤလူတက် ပိုင်းနေ လူငယ်လူရွယ်များကဦးဆောင်ကြမည်။ဘာဖြစ်ဖြစ် လမ်းပြ မလို တုံးတိုက်တိုက် ကျားကိုက်ကိုက် ခေတ်တည်း။ တစ်ဖန်-
* တတ်ခေတ်သားများကား ငြိမ်သက်အေးဆေးရိုးသားခြင်းကို ဇောင်းပေးသည်။
* ဆုတ်ခေတ်လူသားများက လှုတ်ရှားပူပြင်းအဆန်းထွင်ခြင်းကို အားပေးသည်။ ထိုနှင့်အတူ တက်ခေတ်သားများက ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း ကိုသာ ဂုဏ်ယူလေ့ရှိပြီး ဆုတ်ခေတ်လူသား များမှာမူကား ပစ္စည်းကောင်းအိမ်ကောင်းဖြင့်နေရသည်ကို ဂုဏ်ယူကြမည်။
- ကျေးးဇူးတော်သျှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး
No comments:
Post a Comment