Monday, April 8, 2013

အဆိပ်ပြေစေပြီးထူးကဲတဲ့အစွမ်းများနဲ့ကန်စွန်းရွက်

အဆိပ်ပြေစေပြီးထူးကဲတဲ့အစွမ်းများနဲ့ကန်စွန်းရွက် -------------------------------------------------------မြန်မာများချက်ပြုတ်စားကြသည့် ကန်စွန်း ပင် ၏ တိုင်းရင်းဆေးဖက်ဝင် အသုံးဝင်ပုံ များကိုရေးသားတင်ပြရန် ရွေးချယ်ထားပါတယ်။ ကုန်စိမ်းဆိုင်များတွင်ရောင်းချကြသော ကန်စွန်းကြီးရွက် (တရုတ်ကန်စွန်း)၊ ကန်စွန်းရိုးနီများသည် မြန်မာတို့ မကြာခဏ ချက်ပြုတ်စားသုံးလေ့ရှိသော ဟင်းရွက်များထဲတွင် ပါဝင်ပါသည်။ယင်းတို့ကို ချက် ပြုတ် စားသောက်ခြင်းဖြင့် ငွေကုန်သက်သာစေသည့်အပြင်လူတို့အတွက် အာဟာရဓာတ် တို့လည်းဖြစ်စေပါသည်။

မြန်မာ့စားသုံးမှု

ကန်စွန်းရွက်ကိုငါး၊ ပုစွန်ဖြင့် အချို့ဟင်းတစ်ခွက် ချက်စားခြင်းပြုတ်တို့စားခြင်း၊ ကြော်လှော်စားခြင်း၊အသုပ်အဖြစ် စားသုံးခြင်း၊ချ ဉ်ဖတ်နှင့် ပြုတ်၍သနပ်စုံထည့်စားခြင်း၊ပဲ၊ငါး စသည့်တို့နှင့် ငါးပေါင်းကြော် အဖြစ်လည်း ကြော်လှော်စားသုံးကြသည့်အပြင်အခြား ဟင်းရွက်များနှင့်ရောနှောချက်စားေ လ့ရှိကြပါသည် ။

အဆိပ်အတောက်ပြေစေသည့် ကန်စွန်းရွက်

မှိုဟင်းများချက်စားသုံးရာတွင် အဆိပ်အတောက်များကို ပြေစေရန် ကန်စွန်းရွက်ကို ရောနှောချက်ပြုတ်ကြော်စားလေ့ ရှိကြပါသည်။ကန်စွန်းရွက်သည် ချက်ပြုတ်စားသုံးရာတွင် ဟင်းလျာအဖြစ် စားသုံးရသကဲ့သို့ကျန်းမာရေးကဏ္ဍတွင်လည်း ဆေးဝါး ဓာတ်စာအဖြစ် အသုံးဝင်စေပါသည်။

မြန်မာ့ဆေးကျမ်း၏အဆိုများ

ကန်စွန်းရွက်နှင့်ပတ်သက်၍မြန်မာ့ဆေးကျမ်းများတွင် တိုင်းရင်းဆေးဖက်ဝင်ပုံများကို အကျယ်တဝင့် ဖော်ပြထားကြသည့်အနက် ဥတုသောဇနသင်္ဂဟ ကျမ်းတွင် ရေးသားဖော်ပြချက်များကိုဆက်လက်တင်ပြထားပါသည်။ ကန်စွန်းရွက်သည် ချို၏။နို့ရည်၊ သုက်တို့ကို ပွားများစေ၏ ရှုတော်မူဆေးကျမ်းနှင့်ရသ ဓာတုကျမ်းတွင် ကန်စွန်းရွက်သည် ဝမ်းမီးကိုဖြောင့်စေခြင်း၊ငန်းမန်းကြေခြင်း၊သုက်ကို ပွားများစေ၏ရူးသောအနာ၊သည်းခြေနှင့် ယှဉ်သောအနာ၊ အဆိပ်အတောက်အမျိုးမျိုး၊သွေးကင်း၊ လေကင်း၊အပုပ်ကင်း၊ အဖျားကင်း စသည်တို့ကို ကုသရာတွင် အသုံးဝင် ကြောင်းကို ဖော်ပြပါသည်။

မျက်စဉ်းဆေးရည်

ကျေးလက်တိုင်းရင်းဆေးဆရာများအသုံးပြုခဲ့သည့် ကန်စွန်းရွက်ပါဝင်သော မျက်စဉ်းဆေးရည်မှာ သန့်စင်ဆေးကြောထားသော ကန်စွန်းရွက်ကြိတ်ညှစ်ရည်ကို လူနို့ နှင့်ဖျော်ပြီးမျက်စဉ်းဆေးရည်အဖြစ် ခတ်ပေးခြင်းဖြင့် မျက်ခမ်းစပ်နာ၊မီးယပ်မျက်စိနာ၊မျက်စိမှုန်ဝါးဝါးဖြစ်ပေါ်နေသော ဝေဒနာတို့ကို ကုသပေးနိုင်ပါသည်။

ဆေးမှာဖြေဆေးကန်စွန်းရည်

မြန်မာ့တိုင်းရင်းဆေးဝါးများအနက်သမားတော်ကိုင် ဆေးဝါးအချို့တို့တွင် စိန်ဓာတ်ဖြင့် ဖော်စပ်ထားသော ဆေးဝါးများကို လူတို့သုံးဆောင်နေစဉ် သံပရာရည်ကို သောက်မိပါကစိန်အဆိပ်အတောက်ကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုသို့ ဖြစ်လျှင် လတ်ဆက် သန့်ရှင်း စင်ကြယ်သော ကန်စွန်းရွက်ကိုထုထောင်း၍ အရည်နှင့်အဖတ်တို့ကို သောက်ပေးခြင်းဖြင့် အဆိပ်အတောက်များကို ပြေစေနိုင်ပါသည်။

ဝမ်းဗိုက်ရောဂါကုဆေးဝါးဓာတ်စာ

တစ်ခါတစ်ရံတွင် လူကြီးများ အစာမှားခြင်းကြောင့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊မစားချင် မသောက်ချင်၊ နေရထိုင်ရအခက်တွေ့ခြင်း၊ မစားချင်မသောက်ချင်၊ နေရထိုင်ရအခက် တွေ့ခြင်းနှင့် ကိုယ်လက်ယားယံပါက ကန်စွန်းရွက်နှင့်ထန်းလျက်ကို အတူကြိတ်ပါ။ရလာသော အရည်ကို ဟင်းစားစတီးဇွန်းထက်ဝက်ခန့် နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် သောက်သုံးပေးခြင်းဖြင့် ပကတိအတိုင်း ကျန်းမာလာစေနိုင်ပါသည်။

ရေနွေးနှင့် မီးလောင်နာ

မိသားစုဝင်များတွင် မကြာခဏကြုံရတတ်နေသော ကျန်းမာရေးပြဿနာမှာ ရေနွေးပူလောင်ခြင်းနှင့် မီးပူလောင်ခြင်းတို့ပင် ဖြစ်ကြပါသည်။ခြေ၊လက်တို့တွင် မီးလောင် နာထပါကကန်စွန်းရွက်ကြိတ်ရည်ကို လိမ်းပေးပါ။ ကန်စွန်းရွက်ကြိတ်ညှစ်ရည်နှင့် သကြားကို ထည့်ဖျော်လျက်လိ မ်းပေးခြင်းဖြင့်လည်းအဖုများကို ဖြစ်ပေါ်စေခြင်းမှ ကင်းဝေးစေပါသည်။

အကြောတက်ခြင်းနှင့် ကန်စွန်းရွက်

မကြာခဏဇက်ကြောတက်ကြသူများ၊ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့်ဖျားချင်သကဲ့သို့ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများခံစားရပါက သိန္ဓောဆားအနည်းငယ်မျှကို ကန်စွန်းရွက်ကြိ တ်ညှစ်ရည်စပ်ပေးပါ။ ထိုဆေးရည်ကို လူကြီးဆေးတစ်ခွက်စာအတွက် ဟင်းစာစတီးဇွန်းနှင့် တစ်ခွန်းကိုနံနက် တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ညတစ်ကြိမ် တစ်နေ့သုံးကြိမ် တိုက်ကျွေးပေးပါ။အဆိုပါ လက္ခာဏာများအတွက် ဤဆေးရည်တစ်စက်ကိုသန့်ရှင်းသောရေ ဆယ်စက်နှင့် ရောစပ် ၍မျက်စဉ်းဆေးရည်အဖြစ် ခပ်ပေးနိုင်ပါသည်။

ဟင်းလျာတစ်ခွက် ကျန်းမာရေးအတွက်

လတ်ဆက်သည့် ကန်စွန်းရိုးနီ၊ရွက်ကျပန်းလိန်ရွက်ကို ရေးနွေးနှင့်ဖျောပါ။ထို့နောက် ပါးပါးလှီးဖြတ်တောက်၍ ငါးကျည်းခြောက်၊ငရုတ်၊ကြက်သွန်နီ၊ ဆီ၊ဆားထည့်၍ သံပရာရည်ဆမ်းကာ အသုပ်အဖြစ်စားသုံးပေးခြင်းဖြင့် အူလမ်းကြောင်းတွင် ဖြစ်ပေါ်နိုင်သော ဝမ်းကိုက်ရောဂါ၊ သွေးဝမ်းကိုက်ရောဂါ၊ အမျိုးသမီးတို့တွင် ဖြစ်ပေါ်တတ်သော မီးယပ်သွေးပုပ် ကျန်သောရောဂါ၊မီးယပ်သွေးမမှန်သောရောဂါ၊ သားအိမ်လျှောကျသော ရောဂါ၊သားမြတ်နာ (နို့အုံနာ)၊ နို့ထွက်နည်းခြင်း၊ဇက်ကြောထိုးခြင်း၊ဇက်ကြောတက်ခြင်း၊ ချောင်းဆိုးခြင်း၊အသားအရေနှင့် ပတ်သက်သော အရေပြားရောဂါများ၊အသံဝင် အသံ ပျက်ရောဂါအပြင် ဆီးအိမ်နှင့် ပတ်သက်သော ရောဂါတို့တွင် ကုသရာ၌ အသုံးဝင် စေပါသည်။

ကျန်းမားရေး

မကြာခဏကန်စွန်းရွက်ကို စားသုံးပေးခြင်းဖြင့် ကျန်းမာမှုကို မြှင့်တင်ပေးနိုင်ပြီးခွန်အားဗလရှိခြင်း၊ဝမ်းတွင်းရောဂါကို သန့်စင်ပေးခြင်း၊အပူဒဏ်၊အအေးဒဏ်ကို ခံနိုင်ရည် ရှိ စေခြင်း၊ ရောဂါတစ်စုံတစ်ရာလွယ်ကူစွာ ဝင်ရောက်မှုကို တားဆီးကာကွယ်စေနိုင်ပါ သည်။

Ref : Health Digest

No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT