ပေါက်စီ ပြုလုပ်နည်း
http://chawsufoodfriends.wordpress.com/2012/02/01/ေ
ကျွန်မပုံမှန်လုပ်တာက ဒီအချိုးအစားအတိုင်းဆိုရင် ပေါက်စီ ၁၆ လုံးလုပ်ပါတယ်။ကျွန်မတို.တစ်အိမ်လုံးကပေါက်စီအပြင်သား ကို မကြိုက်တာမို. ဂျုံသားပါးလေ ကြိုက်လေပါပဲ။ဒါကြောင့် ၁၆ လုံး လုပ်တာပါ။ဒါပေမယ့်ထုပ်ရတာ အရမ်းလက်ဝင်ပါတယ်။ ဒီအချိုးအစားကိုပဲ ၁၂
လုံးပဲလုပ်ရင်တော့အပြင်ဂျုံသားကနဲ နဲထူသွားပေမယ့် ထုပ်ရတာလွယ်လို.၁၂လုံးပဲလုပ်ကြတာပေါ့နော်…
**ဌာပနာ (Filling) အတွက်…
ကြိတ်ထားသော ဝက်သား ၃၀ ကျပ်သားခန်.(ကီလိုဝက်ခန်.) လှီးထားသော နံနံပင် 2 tbsp လှီးထားသော မုန်လာဥနီ 1 tbsp တောက်တောက်စင်းထားသော ကြက်သွန်နီ 1tbsp တောက်တောက်စင်းထားသော ကြက်သွန်ဖြူ1 tbsp သကြား½ tbsp ကြက်ဥ ၁လုံး အရသာမှုန့် 1tbsp ပဲငံ ပြာရည် အပျစ်(အချို)1 tbsp ခရုဆီ 2tbsp ငရုတ်ကောင်း1tsp Cooking wine 1tbsp (မထဲ့လည်းရ)
အားလုံးကိုရောနယ်ထား လိုက်လျှင် အစာသွပ်ရန် ဌာပနာရပါပြီ။
**ဌာပနာအဖြစ်အပိုထပ်ထဲ့ရမည့် အရာများ…
ကြက်ဥ ၃လုံးကိုပြုတ်ပြီး ၄စိတ်စီ စိတ်ထားပါ။ ဝက်အူချောင်း ၁ချောင်းကို ရှည်ရှည်လေး၁၂ခုလှီးထားပါ။ ၂ နာရီခန်.ရေစိမ်ထားသော မှိုမဲ (shiitake mushroom)၂ ပွင့်ကို ၁၂ခုရအောင်လှီးထားပါ။
**ပေါက်စီကလေးစလုပ်ကြရအောင်…
Warmwater –1 cup (250ml)ထဲကို 1 tsp sugar, 1 tspsaltနှင့် 2 tsp dryyeast ထည့်ကာရောမွှေပါ။
2 tbspvege oil ထည့်ကာရေမွှေပေးပါ။
ထိုထဲသို့ All purpose flour– 3 cups(750 ml) ထည့်မွှေပြီး ၂၀ မိနစ်ခန့် လက်နှင့် နာနာ ဖိနယ်ပေးပါ။dough လုပ်ခြင်းဖြစ်ပါသည်။
ပြီးလျှင်အဖုံးဖုံးကာ ရေနွေးထည့်ထား(ရေပူမဟုတ်)သော နောက်ထပ်ဇလုံ ကို အောက်ကခံကာ ၆၀ မိနစ်ခန်.ထားပါ။
၆၀ မိနစ်ထားပြီးလျှင် အနဲငယ် ပြန်ဖိနယ်ကာ အဖုံးဖုံး ပြီး နောက်ထပ် ၁နာရီ ရေနွေးဇလုံအောက်ကခံကာ ထပ်ထားပါ။
၁ နာရီ ထားပြီးလျင် ထို dough ပေါ်ကို flour အနဲငယ်ဖြူးကာ ဇလုံထဲမှာပဲ ဖိနယ်ပါ။
ညီညာသော မျက်နှာပြင် တစ်ခုပေါ်တွင်flourဖြူးကာဇလုံထဲမှ dough ကိုတင်ပြီးပေါက်ဆီ၁၂ လုံးစာ အတွက် အပိုင်း ၁၂ ပိုင်းဖြတ်ပါ။
ထိုအပိုင်းလေးများကို flourဖြူးကာ အလုံးငယ်ကလေးများလုပ်ထားပါ။
ထိုအလုံးငယ်လေးကိုလက်ပေါ်တင်ကာ CDပြားကဲ့သို့ဖြစ် အောင် ဖိဖြားပေးပါ။(သို.မဟုတ်)လှိမ့်သောတုတ်ကိုသုံးကာ ပြားအောင်လုပ်ပါ။
ပြားပြားလေးဖြစ်သွားလျှင်1 ½ tbsp ဌာပနာ (filling အတွက်လုပ်ထားသောအစာ)၊ မှိုမဲ ၁ ခု၊ကြက်ဥပြုတ်၁ စိတ် နှင့် ဝက်အူချောင်းတစ်ခုကိုထည့်ကာ လုံအောင်လုပ်ပေးပါ။
လုံသွားလျှင် ပိုနေသည့် ဂျုံသားအချို.ကိုဖြတ်ထုတ်ပစ်ကာ ပေါက်စီကို ပေါင်းအိုးထဲရှိ paper towelလေးပေါ်ပြောင်းပြ န်မှောက်ကာထားပါ။(ပေါင်းလိုက်လျှင်ပွလာမည်မို. အရမ်းကြပ်အောင် မထည့်ပါနှင့်။)
ပေါင်းအိုးတင်ကာပေါင်းမည့်အိုးထဲကရေဆူလာလျှင် 2 tbsp vinegarထဲ့ပေးပါ။(ပေါက်စီများဖြူစေရန်ထဲ့ခြင်းဖြစ်ပါတယ်။)
ပြီးလျှင် ပေါက်စီများထည့်ထားသော ပေါင်းအိုးကိုတင်ကာ medium heat နှင့် ၁၀ မိနစ်ထားပါ။
၁၀ မိနစ်ကြာပြီးလျှင် အဖုံးကိုဖွင့်ကာ အဖုံးပေါ်မှရေများကို ခါလိုက်ပါ။ (ပေါင်းအိုးအဖုံးကို လက်သုတ်ပဝါဖြင့်ပတ်ပြီးမှ ဖုံးကာပေါင်းလျှင် ရေငွေ့များကို လတ်သုတ်ပဝါက စုပ်ထားတဲ့အတွက် ရေခါစရာမလိုပါဘူး)
အဖုံး ပြန်ဖုံးကာ နောက်ထပ်၁၀ မိနစ်ထပ်ထားပြီးလျှင် ပေါက်ဆီပူပူလေးရပါပြီ။
No comments:
Post a Comment