(့ ဗုဒ္ဓဘာသာနှင့် ရှိခိုးပူဇော်ခြင်း)
အရာရာတိုင်းတွင်အသွင်သဏ္ဌာန်နှင့်အနှစ်သာရဟူ၍ရှိ ကြသည်။အသွင်သဏ္ဌာန်သည်အနှစ်သာရကိုပုံဖော်ဆောင်ကြ ဉ်း ပေးရသလို၊အနှစ်သာရသည်အသွင်သဏ္ဌာန်တည်ရှိမှုအားအဓိပ္ပါယ်ပြည့်ဝစေပေသည်။ထို့ကြောင့် တစ်စုံတစ်ရာကိုအကဲခတ်တန်းဖိုးဖြတ်မည်ဆိုပါလျှင် အသွင်သဏ္ဌာန်ရောအနှစ်သာရကိုပါခြုံငုံမိရန်အရေးကြီးလှပေသည်။လူသားတို့၏ဘ၀တစ်ခုလုံးနှင့်သက်ဆိုင်ေ သာယုံကြည်ကိုးကွယ်မှုတို့အား လေ့လာဆန်းစစ်မြှု ပုရာတွင်လည်းအသွင်သဏ္ဌာန်မျှကိုသာကြည့်ပြီးအနှစ် သာရ၏တန်ဖိုးကိုအကဲဖြတ်၍မရနိုင်သည်ကိုလူသားတိုင်းအလေးဂရုပြုအပ်ပေသည်။ဗုဒ္ဓဘာသာသည်ကမ္ဘာ့လူသားထုတစ်ရပ်လုံးကိုးကွယ်အားထားရာဘာသာကြီး လေးခုအနက်မှတစ်ခုအပါအ၀င်ဖြစ်သည့် အလျောက်သုတေသီတို့ကဘက်စုံထောင်စုံမှ လေ့လာစူးစမ်းမှုများပြုလုပ်ခဲ့ကြရာ အချို့ မှာအပေါ်ယံအသွင်သဏ္ဌာန်မျှကိုသြာ ကည့်ပြီးဗုဒ္ဓဘာသာ၏တန်ဖိုးကိုအကဲဖြတ်ကြ၊စာအုပ်စာ တမ်းများ ရေးသားပြုစု ကြသည်များလည်းရှိသည် ။
ထိုသို့အကဲဖြတ်သူများထဲတွင် ဗုဒ္ဓဘာသာ၏အနှစ်သာရကို သိနားလည်ခြင်းမရှိသူအချို့ ကဗုဒ္ဓဘာသာဝင်တို့၏ ဗုဒ္ဓဆင်းတုတော်ရှိခိုးပူဇော်သည့်အလေ့အထကို ရုပ်ထုကိုးကွယ်မှုအဖြစ် အစဉ်တစိုက်ဝေဖန် ရှုတ်ချခဲ့ကြသည်။ ယင်းအလေ့အထသည်သူတို့အမြင်တွင်အဓိပ္ပါယ်မဲ့ကောင်း မဲ့နေပေလိမ့်မည်။သို့ရာတွင်ဘာသာတရားအဆုံးအမနှင့် အညီမြင့်မြတ်သောဘ၀တစ်ခုအားမည်သ ဆောက်တည်ရမည်ကိုသင်ကြားပြသပေးခဲ့ သည့်ဆရာသခင်ကျေးဇူးရှင်တစ်ဦးအားအရိုအသေပေး ဂါရ၀ပြုခြင်း၏ထူးခြားချက်ကိုကားသိနားလည်ခြင်းမရှိကြချေ။ ဗုဒ္ဓဆင်းတုတော်တို့အားရှိခိုးပူဇော်သည့်အလေ့အထသည်ဗုဒ္ဓ၏ သစ္စာဥာဏ်၊ပါရမီ၊အသိပညာ၊ဂုဏ်ကျေးဇူးများနှင့်လူသားတို့ကောင်းကျိုးအတွက်မြင့်မြတ်သောစွန့်လွှတ်မှု တို့အားအသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းပြသသည့်နည်းလမ်းတစ်ရပ်သာဖြစ်သည်။အဆိုပါအကြောင်းတရားတို့အားသိနားလည်မှုမရှိသည့်အတွက်ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ပူဇော်ခြင်းအပေါ်ဝေဖန်ပြောဆို ရေးသားကြခြင်း ဖြစ်သည် ။
ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနှင့်ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအားပူဇော်ဂါရ၀ပြုခြင်းသည်မဖြစ်မနေလုပ်ဆောင် ရမည့်ကိစ္စပေလောဟုပြန်လည် သုံးသပ်ကြည့်သင့်ပေသည်။ ဆင်းတု၊ရုပ်ပွားတော်တို့သည် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူရေးအတွက် မရှိမဖြစ်လိုအပ်ချက်မဟုတ်သော်လည်းဗုဒ္ဓရုပ်ပွားတော်အားပူဇော်ဂါရ၀ပြုခြင်းသည်အဓိပ္ပါယ်ရိပြီးအကျိုးယုတ်စရာမရှိသည့်ယုံကြည်ကိုးကွယ်မှုဆိုင်ရာအလေ့အထတစ်ရပ်သာဖြစ်ပေသည်။မြင့်မြတ်စင်ကြယ်သောဘာသာတရားတစ်ခုအား ဝေဖန်ရှုတ်ချရန်အ လို့ငှာအဘယ့်ကြောင့်ဤကိစ္စကိုရှေ့တန်းတင်အသုံးချနေကြသည်ဆိုခြင်းကိုဗုဒ္ဓဘာသာဝင်များအဖို့ နားလည်ရန်ခက်ခဲလှပေသည်။ဗုဒ္ဓဘာသာဝင်တို့ ကရုပ်ပွားတော်တစ်ဆူဖြင့်ကိုယ်စားပြုထားသည့် သူတို့၏ဆရာသခင်အားပူဇော်ဂါရ၀ပြုခြင်းသည်လူ့ဘောင်အဖွဲ့အစည်း၏ကိုယ့်ကျင့်တရားဆိုင်ရာမူဝါဒတစ်စုံ တစ်ရာနှင့်တစ်ပါးသူတို့၏လွတ်လပ်ငြိမ်းချမ်းပျော်ရွှင်မှုအားထိပါးချိုးဖောက်ရာရောက်နေပါသလော။တကယ်စစ်စစ်ဗုဒ္ဓြ မတ်စွာသည်ပကာသနလွှမ်းသောဘာသာရေးအ ခမ်းအနားများကျင်းပရန်မည်သည့်အခါကမျှအဆိုမပြုခဲ့ ပဲဓမ္မကိုဖြန်ဖြူးရန်နှင့်မှန်ကန်မြင့်မြတ်သောဘ၀တစ်ခုအား ဆောက်တည်ရေး လမ်းစဉ်တို့ကို ညွှန်ပြရန်သာ အာရုံစိုက်ခဲ့ပေ သည် ။
ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှားရှိစဉ်အခါက ဗုဒ္ဓ၏နောက်လိုက် သံဃာတော်များအား ဗုဒ္ဓကိုယ်စား ရုပ်ပွားဆင်းတုများထုလုပ်ကိုးကွယ်ကြရန်လည်းမည့်သည့်အခါကမျှတိုက်တွန်းမှုမပြုခဲ့ပေ။ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်ပြုပြီးနောက်အနည်းဆုံး ရာစုသုံးစုခန့်ကြာမှဗုဒ္ဓ၏နောက်လိုက်သံဃာတော်များကအရိုအသေပြုစရာအထိမ်းအမှတ်အဖြစ်ဗုဒ္ဓကိုယ်စားရုပ်ပွားတော်များထုလုပ်ခဲ့ကြခြင်းဖြစ်ပေသည် ။ ရုပ်ပွားတော်များက ဗုဒ္ဓ၏ပြီးပြည့်စုံသော ဖြူစင်မှု ၊ဂရုဏာတရား၊ပညာဥာဏ် နှင့်လူယဉ်ကျေးတို့အလေးထားပူဇော်ခြင်းကိုခံယူထိုက် သောမြင့်မြတ်သည့်အရည်အသွေးများအားကိုယ်စားပြုလျ က်ရှိသည်။မည်သို့ပင်ဆိုစေဗုဒ္ဓရုပ်ပွားတော်တို့သ ည်ကမ္ဘာ့အနုပညာရှင်တို့စွမ်းဆောင်ခဲ့သည့်အလှပဆုံး၊ အကောင်းမွန်ဆုံးလက်ရာတို့အနက်တစ်ခုလည်းဖြစ်ပေသည် ။ ဗုဒ္ဓဘာသာဝင် မဟုတ်စေကာမူ ဘာသာရေးအစွဲအလမ်း မကြိးသူတစ်ချို့မှာမူ ဗုဒ္ဓရုပ်ပွားတော်တို့က ကြည်ညိုသူ၏ စိတ်ဘ၀င်တွင် နက်ရှိုင်းသောတည်ငြိမ်အေးချမ်းမှု ကိုဖန်တီးပေးနိုင်စွမ်းရှိကြောင်းသိရှိကြသည်။သို့ဖြစ်ရာသူတို့၏ နေအိမ်၊ရုံးခန်းစသည်တို့တွင်ဗုဒ္ဓရုပ်ပွားတော်များကိုအမြတ်တနိုး ထားလေ့ရှိကြသည်။ထိုသို့လူ့စိတ်အာရုံကို ငြိမ်းချမ်းမှု ပေးစွမ်းနို်င်သည့်ရုပ်ပွားတော်များအားမိမိတို့အနီးဝန်းကျင်တွင်ထားရှိဖူးမြှော်အာရုံပြုခြင်းသည်ကျန်းမာရေးအတွက်လည်း တန်ဖိုးရှိသော လုပ်ရပ်တစ်ခုပင် ဖြစ်သည် ။
အခြားတစ်ဖက်တွင်ကား အမည်ခံဗုဒ္ဓဘာသာဝင်အချို့သည်ဗုဒ္ဓ ရုပ်ပွားတော်ထုလုပ်ကိုးကွယ်မှုအားဗုဒ္ဓ၀ါဒ၏အရေးကြိးဆုံးအနှစ်သာရအဖြစ်သဘောထားကာသူတို့၏ဘာသာရေးဆိုင်ရာလှုပ်ရှားမူအားလုံးကိုဤကြည်ညိုကိုင်းရှိုင်းမှု ဆိုင်ရာအသွင်သဏ္ဌာန်၌သာအဓိကဗဟိုပြုအားထားနေကြသည် ကိုလည်းတွေ့ရပေသည်။ထိုသူတို့ကိုမူရုပ်တုဆင်းတုကိုးကွယ် သူများမဟုတ်ပါဟုငြင်းဆို ပြောကြားရန်ခက်လှပေသည်။ ထိုသူတို့သည်ဒဏ္ဏာရီဆန်သောယုံကြည်မှုများကိုအသိတရားကင်းမဲ့စွာတီထွင်ခဲ့ကြသည်။ဗုဒ္ဓမြတ်စွာ၏မျက်နှာတော်အသွင်အပြင်၊လက်ဟန်ခြေဟန်၊မျက်လုံးနှင့် ဦးဆောင်းတော်တို့ကိုပုံစံအမျိုးမျိုးဖြင့်ထုလုပ်ကြသည်။ မဟာလူသားတည်းဟူသောမြတ်ဗုဒ္ဓဘုရားရှင်ကို ကောင်းကင်ဆန်စေခဲ့သည် ။တန်ခိုးရှင်၊ ဖန်ဆင်းရှင်နတ်ဘုရားအသွင်သို့ပြောင်းစေခဲ့ကြသည် ။ယင်းရုပ်ပွားတော်များထံတွင် ဆုတောင်းပတ္တနာပြုခြင်းဖြင့်သူတို့၏ လောကီရေးရာလိုအပ်ချက်များပြည့်ဝလာလိမ့်မည်ဟု စိတ်ကူးယဉ်နေကြသည် ။ထိုရုပ်ပွားတော်များသည် ယင်းတို့ကိုတီထွင် ထုလုပ်ကိုးကွယ်သူတို့၏အသိဥာဏ်ခေါင်းပါးမှု နှင့်ကစဉ့်ကလျားဖြစ်နေသည့်စိတ်နေသဘောထားတို့၏ ရောင်ပြန်ဟပ်မှုမျှသာဖြစ်ပေသည်။ယခုအချိန်အခါသည်ဓ မ္မအစစ်အမှန်ကိုအလေးအက်ထား အာရုံပြုလျက် အဆိုပါရုပ်ပွားတော်များအပေါ်အစွဲအလမ်းကြီးမှုများကို လျှော့ချရမည့်ကာလဖြစ်ပေသည် ။ကိုးကွယ်ယုံကြည်သူတို့၏ စုဝေး၀တ်ပြုရာဗဟိုချက်မအဖြစ်ဗုဒ္ဓရုပ်ပွားတော်များအား ထိန်းသိမ်းသွားရပေမည်။ ယင်းသို့ပြုနို်င်မည်ဆိုလျှင် ဗုဒ္ဓ၀ါဒ၏ ကောင်းမြတ်သော ဂုဏ်သတင်းကိုဆက်လက်ထိန်းသိမ်းသွားနိုင်ပေလိမ့်မည် ။
ကျွန်ုပ်တို့သည်မိမိတို့၏ရိုးရာယဉ်ကျေးမှုအစဉ်အလာကိုထိန်းသိမ်းရင်းဗုဒ္ဓ၀ါဒအားခံယူကျင့်သုံးသွားနိုင်ပါသည် ။ သို့သော်မိမိတို့၏မိရိုးဖလာဓလေ့ထုံးတမ်းများကို ဗုဒ္ဓ၀ါဒအတွင်းသွပ်သွင်းခြင်းဖြင့်အရိုးကိုအရွက်ဖုံးစေရန်ကား မပြုအပ်ပေ။အဘယ့်ကြောင့်ဆိုသောမိရိုးဖလာဗုဒ္ဓဘာသာ ၀င်များက သူတို့၏လူမျိုးဓလေ့ထုံးတမ်းနှင့်သက်ဆိုင်သောပွဲ လမ်းသဘင်အခမ်းအနားများအားသားစဉ်မြေးဆက်ခံယူကျင်းပကြသည်ကိုဘာသာခြားတို့ကဗုဒ္ဓ၀ါဒ၏လမ်းညွှန်မှုအရပြုလုပ်နေသည်ဟုလွဲမှားစွာမှတ်ယူတတ်ကြသော ကြောင့်ဖြစ်သည်။ဘာသာရေးအယူသီးသည့်အစွန်းရောက်ဘာ သာခြားအဖွဲ့အစည်းအချို့ကလည်းဗုဒ္ဓဘာသာဝင်ပညာမဲ့တို့အားသူတို့၏ဂိုဏ်းဂဏအတွင်းသို့ကူးပြောင်းဝင် ရောက်လာစေရန်ရည်ရွယ်ကာပရိယာယ်ဆင်လျက်ဗုဒ္ဓ၀ါဒအား သရော်လှောင်ပြောင် ဝေဖန်ရှုတ်ချမှုပြုရာတွင်ယင်းအခြေ အနေအားအသုံးချအမြတ်ထုတ်လေ့ရှိကြသည်ကိုကျွန်တော် တို့သတိပြုအပ်သည်။ထို့ကြောင့် အဆိုပါအခမ်းအနား ပွဲလမ်းသဘင်များကို ရိုးရာ ဓလေ့ထုံးစံ၏တစ်စိတ်တစ်ဒေသ အဖြစ်ကျင်းပလိုသူများအနေဖြင့် ဗုဒ္ဓ၀ါဒ နှင့်ထွေးရောယှက်တင်မဖြစ်စေရန်ယင်းတို့ကိုဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တို့၏ ပြင်ပတွင်သာကျင်းပသင့်သည် ။
ဗုဒ္ဓ၀ါဒကိုလူထုအကြား အထင်အမြင်လွဲမှားမှုနှင့် ထိပါးဖျက်ဆီးမှုကိုဖန်တီးနိုင်ရန်အခွင့်သာစေမည့် အဆိုပါအလေ့အထများအားခွင့်မပြုမိရန်သတိကြီးစွာထားကြရမည်။ဒေသတစ်ခုလူမျိုးတစ်မျိုးတွင် ရှေးကာလကပင် အမြစ်တွယ်တည်ရှိခဲ့သော မိရိုးဖလာ ယဉ်ကျေးမှုဓလေ့ထုးတမ်းတစ်ရပ်ကြောင့် ကိုးကွယ်ရာ ဘာသာတရားအပေါ် အထင်အမြင်လွဲမှားစေခြင်းသည် မိမိတို့ယုံကြည်ကိုးစားရာ ဘာသာတရားအဓွန့်ရှည်စွာတည့်တံပြန့်ပွားရေးအတွက်ြ ကီးမားသောအန္တရာယ်တစ်ခုဖြစ်သည်ဆိုခြင်းကိုကျွန်တော်တို့အလေးဂရုပြုသင့်ကြောင်းရေးသားတင်ပြလိုက်ရပါတော့သည်။ဝင်းသိန်းဦးရေးသားသည့်ကျွန်ုပ်တို့ အမှန်တကယ် ယဉ်ကျေးကြပြီလော နှင့် ဓမ္မစာစုများ ဆိုသည့်စာအုပ်မှ ကိုးကားရေးသားခြင်းဖြစ်သည် ။ မျှဝေကုသိုလ်ပြုပါသည်။အရှင်မုနိန္ဒ(ပန်းထော်)
No comments:
Post a Comment