ကျန်းမာရေးအတွက် ငှက်ပျောသီး **************************
ယနေ့ ဈေးကွက်ထဲမှာ အံ့သြဖွယ်ရာ ဟင်းသီးဟင်းရွက်များနဲ့ အသီးအနှံများစွာရှိတဲ့အနက် အံ့မခန်းဆုံးနဲ့ အကောင်းတကာ့အကောင်းဆုံးအသီးကတော့ငှက်ပျောသီးပဲဖြ စ်ပါတယ်။တခြားအစားအစာတွေထက် အကျိုးအာနိသင်က သူ့မှာပိုမိုပါဝင်ပြီးအပြုသဘောဆောင်တဲ့စွမ်းအင်အရင်းအြ မစ်ကို ရရှိစေပါတယ်။အဆိုပါစွမ်းအင်ကိုချက်ချင်းရချင်မှရမယ် (သို့) နာရီအနည်းငယ်နဲ့ရက်အနည်းငယ်ကြာမှရနိုင်မှာ ဖြစ်ပါတယ်။ဒီဆောင်းပါးလေးမှာငှက်ပျောသီးနဲ့ပတ်သက်ပြီး အမှန်တကယ် အံ့သြဖွယ်ရာ ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်း လေ့လာစူးစမ်းဖော်ထုတ်ထားတာကို ဖတ်ကြည့် ကြရအောင်။ ငှက်ပျောသီးက ဘာကြောင့် ကျန်းမာစေတာလဲ။ သူ့မှာ tryptophan လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ပြည့်ဝစွာပါရှိပါတယ်။အဆိုပါအက်ဆစ်ဟာ serotonin အဖြစ် ပြောင်းလဲသွားပြီးဦးနှောက်၌လိုအပ်ချက်များကို အပြည့်အဝဖြည့်တင်းပေးသောကြောင့် စိတ်မရွှင်ပျခြင်း၊ ဆွေးလျခြင်းစတဲ့ခံစားမှုဝေဒနာများကို အမှန်တကယ်တွန်းလ နိုင်တဲ့ စွမ်းအင် အပြည့်အဝ ရှိပါတယ်။ဒါ့အပြင် သံဓါတ်ကိုလည်း မြင့်မားစေတဲ့အတွက် သွေးအားကောင်းစေပြီး သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။သွေးနီဥတွင် အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးသော သံဓါတ်ပါသောအရာ (ဟေမိုဂလိုဗင်)ရဲ့လုပ်ဆောင်ချက်ကိုလည်းအကူအညီပေးပါတယ်။ တခြားထူးခြားတဲ့အကျိုးကျေးဇူးကတော့ သူ့မှာ ပျော်ဝင်နိုင်တဲ့ pectin လို့ခေါ်တဲ့fiberအမျှင်ဓါတ်ပါရှိတဲ့အတွက် မစင်များကို အစာချေလမ်းကြောင်းတလျှောက် လွယ်လွယ်ကူကူရွေ့ လျားပေးဖို့ ကူညီပေးပါတယ်။၎င်းအပြင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက ခန္ဓာကိုယ်တွင်း၌အရေးပါတဲ့ electrolytesတွေ ဆုံးရှုံးတတ်ပါတယ်။ငှက်ပျောသီးမှာ အဆိုပါelectrolytes တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ potassiumများစွာပါဝင်တဲ့ အတွက် အဲဒီအချိန်မှာသင့်ဝမ်းဗိုက်အတွင်းတခုခုဖြစ်မှာကို စိုးရိမ်စရာမလိုဘဲ ငှက်ပျောသီးကိုစားပေးနိုင်တာ အကောင်းဆုံးပါပဲ။
နောက်အကျိုးထူးက သင့်မျက်စိအတွက် အထူးကောင်းမွန်တ ယ်ဆိုတာကိုရော သိပါသလား။
ငှက်ပျောသီးဟာ မျက်စိစွမ်းဆောင်ရည် ယိုယွင်းဆုတ်ယုတ်မှုအန္တရာယ်ကို လျော့နည်းစေတဲ့အတွက် မျက်စိဆရာဝန်များက လူနာများကို ငှက်ပျောသီးများများစားဖို့ တိုက်တွန်းလေ့ရှိပါတယ်။အလားတူ ငှက်ပျောသီးမှာ အာဟာရအကျိုးပြု fructooligosaccharidesပါဝင်တဲ့အတွက် အူထဲရှိ ကောင်းမွန်တဲ့ဘက်တီးရီးယားပိုးများကို ကျွေးမွေးရှင်သန်ဖို့ အထောက်အပံ့ပေးပါတယ်။ကျွန်တော်တို့ရဲ့ သွေးလည်ပတ်မှုလမ်းကြောင်း၌မကောင်းတဲ့ဘက်တီးရီးယားများကို ထိရောက်စွာ တွန်းလှံတိုက်ခိုက်ပေးတဲ့ ကောင်းမွန်တဲ့ဘက်တီးရီးယားများ အူထဲမှာရှိပါတယ်။ဒါ့ကြောင့် Probiotics(ခေါ်)အကျိုးပြုဘက်တီးရီးယားကြွယ်ဝတဲ့ အစားအစာများ(ဥပမာ-ငှက်ပျောသီး)က ခန္ဓာကိုယ်ထဲရှိ မကောင်းတဲ့ဘက်တီးရီးယားများကို ဖယ်ရှားသုတ်သင်ပေးပြီး ခန္ဓာကိုယ်ကို ပိုမိုသန်စွမ်းစေပါတယ်။
ငှက်ပျောသီးဟာ သွေးထဲရှိသကြားဓါတ်ကို ပုံမှန်ထိန်းညှိ ပေးသလို ကိုယ်ဝန်ဆောင်အမျိုးသမီးများ ပျို့ချင်အန်ချင်စိတ်ကိုလည်းတားဆီးပေးပါတယ်။ထိုနည်းတူစွာ ခန္ဓာကိုယ်ထဲကို ဗိုက်တာမင်ဘီအမြောက်အမြားပေးစွမ်းနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်ရှိခြင်းကြောင့် အင်းဆက်ပိုးမွှားကိုက်ခံရပါက ငှက်ပျောသီးစားပေးလျှင် ယားယံခြင်းကို သက်သာစေပါတယ်။ ပိုတက်စီယမ်ဓါတ်မြင့်မားခြင်းကလည်းစိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။ဒါ့အပြင် လေသင်တုန်းဖြတ်ခြင်း အန္တရာယ်ကို လျော့နည်းစေသလိုခြေထောက်ကြွက်တက်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ငှက်ပျောသီးကို အရက်နာကျဝေဒနာ ကုသရာ၌လည်း အသုံးပြုနိုင်ပါတယ်။ခန္ဓာကိုယ်ရှိ သွေးထဲသကြားဓါတ်တည်ဆောက်ဖို့ ငှက်ပျောသီးနွား နို့ဖျော်ရည်ထဲကိုပျားရည်လောင်းထည့်ပြီးသောက်ပေးပါက ငှက်ပျောသီးက အစာအိမ်ဝေဒနာကို သက်သာပျောက်ကင်း စေဖို့ ဆောင်ရွက်ပေးပါလိမ့်မယ်။
No comments:
Post a Comment