ပိတောက်ပန်း မခူးချင် စမ်းပါနဲ့နှစ်ဆန်းခါတော်မီမို့ ဇမ်ဗော်ရည် ပြေပြေလိမ်းကာပ ခပ်သိမ်းနယ်စုံစုံသို့ ပွင့်ငုံကို လင့်ကုန်ကြတော့လို့ ခေါင်းကြွကာဆာဝေေ၀နဲ့ သူလဲလေ လောကီသားလိုပ ကြွားချင်လှပေလိမ့်မယ်။ တသိန်တင့်ပါဘိ တိမ်မြင့်ရီပြာပြာက ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့် တီတာတာ ပွင့်ရွှေဖူးငယ်တို့ လည်ယှက်ကာ ဘယ်ညာလူးလေတော့ သူတို့လို ဘယ်သူမြူးနိုင်ပ ထူးပါဘိတယ်. တ၀ါဝါဆင်သင်္ကန်းရယ်က ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့ သာသနာရွှင်ရွှင်လန်းအောင်လို့ တမင်မှန်းကာပ သတိဆွယ် ရည်ရွယ်တော့သလား။ ခူးပါနဲ့ကွယ် ပွင့်ဖူးမှာ အ၀ါခြယ်၍ မာလာအလယ်မှာ နွှဲချင်တဲ့နှလုံးရယ်ကြောင့် နှစ်ဆုံးကုန် အတာဝင်သို့ မာန်အင်ကို ဥာဏ်ဆင်မွေးကာဖြင့် အရေးအခါသာမှ ခမျာမှာတစ်ဂုဏ်ဆန်းရတယ် ပန်းပိတောက်များ။
ဆရာဇော်ဂျီ( ဖျာပုံမြို့)
No comments:
Post a Comment