“သစ်ကြားသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ”
သစ်ကြားသီး စားရင်အဆီတက်မှာ စိုးလို့ဆိုပြီးတချို့က ရှောင်တတ် ကြပါတယ်။ တကယ်က သစ်ကြားသီးမှာပါဝင်တဲ့ အဆီက ကောင်းတဲ့အဆီပါ။တစ် နေ့မှာ အသင့်အတင့် ပမာဏကို စားပေး ရင် ကိုယ်အလေးချိန်ကိုထိန်းပေးနိုင်တဲ့အပြင် အောက်ပါ ကျန်းမာရေးစွမ်းပကား တွေကိုလည်းရရှိ ပါလိမ့်မယ်။
(၁) နှလုံးရောဂါ မဖြစ်အောင် ကာကွယ် ပေးပါတယ် သစ်ကြားသီးမှာ ပရိုတင်းဓာတ်၊အမျှင်ဓာတ်၊ဗီတာမင်၊ သတ္တုဓာတ်နဲ့အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ သစ်ကြားသီးမှာ အိုမီဂါ၃ ဖက်တီးအက်စစ်လည်း ပါဝင် နေပါတယ်။ ဒါကြောင့် သစ်ကြားသီးကို စားတာက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက် အဆင့်ကို လျော့ကျ စေ တာကြောင့် နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။
(၂) စိတ်ကျရောဂါ သက်သာစေပါတယ် သစ်ကြားသီးနဲ့ သစ်ကြားသီးအဆီမှာအိုမီဂါ ၃ဖက်တီးအက်စစ်ပါဝင်မှု များတာကြောင့် ဦးနှောက်ရဲ့လုပ်ငန်း ဆောင်တာတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်စေပြီးစိတ်ကျရောဂါကို သက်သာ စေပါတယ်။စိတ်ကျရောဂါခံစားနေ ရသူအများစုဟာ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပမာဏလျော့နည်းနေတတ်ပါတယ်။ကလေး တွေမှာ အိုမီဂါ၃ ဖက်တီးအက်စစ်လျော့ကျနေရင် အာရုံစူးစိုက်မှုချို့တဲ့တဲ့ရောဂါ(ဗီံ)နဲ့ ဆက်စပ်မှုရှိတယ်လို့လေ့ လာမှုများစွာက ဆိုပါတယ်။
(၃) ကိုယ်အလေးချိန်ကိုလျော့ကျစေပါတယ် သစ်ကြားသီးရဲ့ ကောင်းတဲ့ အကျိုးတစ်ခုကကိုယ်အလေးချိန်ကိုထိန်းပေး နိုင်တာပဲ ဖြစ်ပါတယ်။ လိုမာလင်ဒါတက္ကသိုလ်ရဲ့ လေ့လာမှုတွေအရ ထမင်းမစားခင် သစ်ကြားသီး အနည်းငယ် စားတာက အစာစား ချင်စိတ်ကို လျော့ကျစေပြီးအစာကို နည်းနည်းပဲ စားဖြစ်စေတယ်လို့သိရပါတယ်။
(၄) ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါပါတယ် သစ်ကြားသီးမှာ အာဟာရတန်ဖိုးများစွာ ပါဝင်တာကြောင့် တစ်နေ့တာ အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကိုကောင်းကောင်းရရှိစေပါတယ်။ သစ်ကြားသီးမှာ ပရိုတင်းဓာတ်၊ဗီတာမင်ဘီ၊ဗီတာမင်အီး၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ပိုတက်စီယမ်နဲ့ မဂ္ဂနိစ်တွေ ပါဝင် နေတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေသလို ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု အတွက်လည်းအရေးပါ ပါတယ်။
(၅) ဆီးကျိတ်ကင်ဆာကိုကာကွယ် ပေးနိုင်ပါတယ် သစ်ကြားသီးမှာ အင်တီအောက် ဆီးဒင့်များစွာ ပါဝင်တာကြောင့် ဆီးကျိတ်ကင်ဆာကိုကာကွယ်နိုင်စွမ်းရှိတယ်လို့ ဗြိတိန် အာဟာရ ဂျာနယ်မှာ လတ်တလော တွေ့ရှိချက် တစ်ရပ်ကို ရေးသားဖော်ပြ ထားပါတယ်။
(၆) မှတ်ဥာဏ်ကို ကောင်းမွန် စေပါတယ် သစ်ကြားသီးကို ဦးနှောက်အာဟာ ရလို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ အကြောင်းကတော့ သစ်ကြားသီးက ဦးနှောက်အခွံပုံ သဏ္ဌာန် ရှိတဲ့အပြင်မှတ်ဥာဏ်အားကောင်းစေတဲ့ အိုမီဂါ ၃အဆီတွေ များစွာ ပါဝင်တာကြောင့်ပါ။ဦး နှောက်ဟာ အဆီ ၆၀ ရာခိုင်နှုန်းကျော်နဲ့ တည်ဆောက် ထားပါတယ်။ဦးနှောက် ဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ် နိုင်ဖို့ အဆီတည်ဆောက်ရာမှာအိုမီဂါ ၃အဆီ လိုအပ်ပါတယ်။
(၇)သည်းခြေ ကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်အမျိုးသမီးရှစ်သောင်းကျော်ကို နှစ် ၂၀ ကြာလေ့လာမှုအရ တစ်ပတ်မှာ သစ်ကြားသီးလိုအခွံမာတဲ့ အစေ့အဆန် တစ်အောင်စ စားတဲ့ အမျိုးသမီးတွေကမစားသူ တွေထက် သည်းခြေကျောက်တည်နိုင်ခြေ ၂၅ရာခိုင်နှုန်းလျော့နည်းကြောင်းသိရပါတယ်။တစ်အောင်စဆို တာ ပျမ်းမျှ အားဖြင့်သစ်ကြားသီးအစေ့ ၂၈စေ့ခန့်နဲ့ညီမျှပါတယ်။ ဒါမှမဟုတ် နေ့လယ်စာစားပြီးချိန်မှာ သစ်ကြားသီး လက်တစ်ဆုပ်စာ ပမာဏကို စားပေးရင်လည်းသည်းခြေ ကျောက်တည်တာ အပါအဝင်သည်းခြေအိတ် ဆိုင်ရာ ရောဂါ တွေကို ကာကွယ် ပေးနိုင်ပါတယ်။
(၈) ကောင်းကောင်း အိပ်မောကျစေပါတယ် ညစာစားရာမှာ ဟင်းရွက် သုပ်ထဲ သစ်ကြားသီး ထည့်စားပေးရင် ကောင်းကောင်းအိပ်မောကျစေပါတယ်။ သစ်ကြားသီးမှာပါတဲ့ မယ်လတို နင်ဟာ ညဆိုင်းအ လုပ်လုပ်ရသူ၊ လေယာဉ်အကြာကြီးစီးရ သူတွေမှာ အိပ်ရေးဝ၀အိပ်ပျော် စေပါတယ်။
(၉) ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှု ကို တွန်းလှန်နိုင်ပါတယ် သစ်ကြားသီးကို စားရင် ဖရီးရယ် ဒီကယ်ကြောင့် ထိခိုက်မှုဖြစ်လာတဲ့ ရောဂါတွေကို ကာကွယ် ပေးပါတယ်။ ဥပမာ ကင်ဆာရော ဂါ ဖြစ်နိုင်ခြေကိုလျော့ကျစေပြီး နှလုံးသွေးကြော ဆိုင်ရာ ရောဂါနဲ့ ပါကင် ဆန်ရောဂါ၊ အယ်လ်ဇိုင်းမား ရောဂါ တို့လို ရောဂါတွေကို သက်သာ စေပါတယ်။
(၁၀)အရိုး ကျန်းမာရေးကို ကောင်းမွန် ပေးပါတယ် သစ်ကြားသီးမှာပါတဲ့ Alpha linolenic acidဟာ အရိုးဖြစ်ပျက်မှုကို အလွန်အမင်းမဖြစ်အောင် ကာကွယ်ပေး တာကြောင့် အရိုးကျန်းမာရေးကိုကောင်းမွန် စေပါတယ်။ သစ်ကြားသီးမှာ အိုမီဂါ ၃အဆီပါဝင်မှုကြောင့်အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
No comments:
Post a Comment