ကန်ဇွန်းမှိုအစပ်အရည်ဆမ်း http://chawsufoodfriends.wordpress.com/2012/11/01/
**ကန်ဇွန်းမှိုအစပ်အရည်ဆမ်းအတွက် လိုအပ်တာလေးတွေ…
ဆီ – ဟင်းခပ်ဇွန်းကြီး၁ဇွန်း ပါးပါးသေးသေးလှီးထားသော ကြက်သွန်နီ – ဟင်းခပ်ဇွန်းကြီး၁ ဇွန်း အကွင်းလိုက်လှီးကာ ၂ ပိုင်းဖြတ်ထားသောခရမ်းချဉ်သီး–တရုတ်ပန်းကန်လုံး၁လုံးမောက်မောက် စိမ်းစားငပိ– လက်ဖက်ရည်ဇွန်း၁ ဇွန်း ပုဇွန်ခြောက်မှုန်. – လက်ဖက်ရည်ဇွန်း ၁ဇွန်း ငရုတ်သီးအကြမ်းမှုန်. – ထမင်းစားဇွန်း၁ ဇွန်းခွဲ ရေဆေးပြီးလှီးထားသောကန်ဇွန်းရွက်(ရေစစ်ထားပါ။) – ၃၅၀ ဂရမ်ခန်. ပုံပါအတိုင်းခပ်ကြီးကြီးလှီးထားသော မှို – ၃၅၀ ဂရမ်ခန်. အရသာမှုန်.(chicken powder)- လက်ဖက်ရည်ဇွန်း၂ ဇွန်း
ဆီ နှင့် ကြက်သွန်နီကိုအိုးထဲ ထည့်ပြီးhigh heatနှင့် ကြော်ပေးပါ။
ကြက်သွန်နီနွမ်းလျှင် ခရမ်းချဉ်သီးများထည့်ကာ ကြေသွားအောင် ဇွန်းနှင့် ဖိချေမွှေကြော်ပေးပါ။
ခရမ်းချဉ်သီးနွမ်းသွားလျှင် mediumheatသို. လျှော့ပြီး ငရုတ်သီးအကြမ်းမှုန်.၊ ငပိ နှင့် ပုဇွန်ခြောက်မှုန်. ထည့်ကာ ၃၀ စက္ကန်.ခန်. ဖိချေမွှေကြော်ပေးပါ။
ပြီးလျှင် ကန်ဇွန်းရွက်ကို ထည့်ပါ။
မှို ထည့်ပြီးသည်နှင့်high heat တို.တိုး၍ရေ(ဟင်းခပ်ဇွန်းကြီး ၁ ဇွန်း) ထည့်ကာ ၁ မိနစ်ခန်. တည်ထားပါ။
အရသာမှုန်.ထည့်ကာအထက်အောက်မွှေပေးပြီးရေ(ဟင်းခပ် ဇွန်းကြီး ၂ဇွန်း) ထပ်ထည့်၍၂ မိနစ်ခန့်မွှေကြော်ပေးပြီးလျှင် ထမင်းမြိန်လှသည့်ကန်ဇွန်းမှိုအစပ်အရည်ဆမ်းလေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
No comments:
Post a Comment