ခွန်ဆန် လောနဲ့ နန်းဦးပြင်(ရှမ်းပုံပြင်လေးပါ)
ခွန်ဆန်လောဆိုတဲ့ရှမ်းလေးတစ်ယောက်ဟာ ဖခင်နဲ့ မိထွေးလက်မှာ ကြီးပြင်းလာပြီးဖခင်သေဆုံးတော့ မိထွေးဖြစ်သူနဲ့နေထိုင်ပြီး ကုန်ရောင်းကုန်ဝယ် အလုပ်နဲ့အသက်မွေးသတဲ့။တစ်နေ့ ခွန်ဆန်လောဟာ ကုန်ကူးရင်းရွာလေးတ
စ်ရွာအရောက်မှာတော့ မောလို့ သစ်ပင်အောက်မှာ ထိုင်နားနေတုန်းသူ့နားထဲကို ပုလွေသံချိုချိုနဲ့အတူ သီချင်းဆိုသံလေးကို ကြားလိုက်ရတယ်။အသံလေးက တအားနားထောင်လို့ကောင်းတော့ အသံပိုင်ရှင်ကို လိုက်ရှာမိတော့တွေ့လိုက်ပါပြီ။သိပ်ချောလှတဲ့ ရှမ်းမလေးတစ်ယောက် သီချင်းဆိုနေတာလေး တွေ့သွားတယ်။ အဲဒီ ရှမ်းမလေးနာမည်က နန်းဦးပြင်တဲ့။ဒီလိုနဲ့ ခွန်ဆန်လောဟာ အဲဒီရွာမှာ တည်းခိုရင်းနန်းဦးပြင်နဲ့ ချစ်မိသွားကြတယ်။နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ေ ယာက် သိပ်ချစ်ကြသတဲ့။ဒီလိုနဲ့ခွန်ဆန်လောလဲ တခြားမြို့ရွာကိုကုန်ကူးထွက်တာပေါ့။သူ့ရွာပြန်ရောက်တော့ မိထွေးဖြစ်သူကသူသဘောတူတဲ့ မိန်းကလေးကို ပြသတဲ့အတွက် ခွန်ဆန်လော က လက်မထပ်နိုင်ပဲ သူ့ချစ်သူကိုပဲ သစ္စာရှိခဲ့တယ်လေ။ဒါ့အပြင် လပေါင်းများစြွာ ကာတော့ နန်းဦးပြင်ကိုလဲလွမ်းတာနဲ့ နန်းဦးပြင်ရှိရာ ရွာလေးဆီပြန်လာပြီး အပြန်မှာတော့ တစ်ခါတည်း လက်ထပ်ခေါ်ဆောင်လာပါတော့တယ်။
အိမ်ရောက်တော့ မိထွေးဖြစ်တဲ့သူကလုံးဝသဘောမတူပေမ ခွန်ဆန်လောရှေ့မှာတော့ သမီးရင်းပမာချစ်ပြပြီးနောက်ကွယ်မှာ နှိပ်စက်ပါတော့တယ်။ တစ်နေ့ ခွန်ဆန်လော ကုန်ကူးသွားတော့ တယ်။မိထွေးက ခွန်ဆန်လောလဲ မရှိရော ပိုမိုနှိပ်စက်ပါတော့တယ်။စားမဲ့ ထမင်းဟင်းခွက်ထဲမှာ အပ်တွေမြှ့ပ်ပြီး ကျွေးတာတို့ ၊ လှေကားတွေမှာ နန်းဦးပြင်ခြေရှအောင် ၀ါးနှီးတွေ ထောင်ထားတာတို့ စသည်ဖြင့် အမျိုးစုံကို နှိပ်စက်ပါတော့တယ်။ နန်းဦးပြင်ခမျာခွန်ဆန်လောကို ပြန်အလာကို စောင့်နေပေမဲ့ ခွန်ဆန်လောကလဲ သူ့မိထွေးနဲ့ နန်းဦးပြင် အဆင်ပြေတယ်ထင်ပြီးဒီတစ်ခါခရီးသွားတာ နည်းနည်းကြာသတဲ့။နောက်ဆုံးနှိပ်စက်မှု့ဒဏ်ကို လုံးဝမခံနိုင်တာနဲ့ မိဘနေရပ်ရွာလေးဆီကို ကိုယ်ဝန်အရင့်အမာနဲ့ ပြန်သွားပါတော့တယ်။
လမ်းခရီးမှာပဲ ရင်သွေးလေးကို မွေးဖွားလိုက်ပေမဲ့ ကလေးလေးကအသက်မရှင်တော့ သစ်ပင်ခွကြားပေါ်လေးမှာ တင်ထားခဲ့ရပြီးမိဘရှိရာရပ်သို့ဆက်ထွက်ခွာလာရပြန်တယ်။ အဲဒီကလေးလေးဟာ ဥသြငှက်လေးဖြစ်သွားပြီးအဖေဖြစ်သူကို လိုက်ရှာပါသတဲ့။ဒါကြောင့် မြန်မာလူမျိုးတွေနားမှာ “ဥသြ “လို့ အသံထွက်ကြားပေမဲ့ကျွန်မတို့ရှမ်းတိုင်းရင်း သားတွေနားမှာတော့“ပေါ့ဝေ့ “(အဖေရေ)လို့ ခေါ်သံကြားရပါတယ်။တကယ်လဲ ကျွန်မသေချာနားေ ထာင်ကြည့်တာ ဒီအသံလေးအတိုင်းပါပဲ။
နန်းဦးပြင်တစ်ယောက် မိဘအိမ်အရောက်မှာတော့ နှိပ်စက်မှု့ဒဏ်၊ ခရီးပင်ပန်းဒဏ် ၊ ရင်သွေးဆုံးရှုံးရတဲ့ဒဏ်စတဲ့ ဒဏ်ချက်ပေါင်းများစွာကြောင့် အိပ်ရာထဲလဲသွားပါတော့တယ်။ အဲဒီချိန်မှာ ခွန်ဆန်လောတစ်ယောက် ရွာပြန်အရောက်မှာတော့ အိမ်နီးချင်းတွေရဲ့ပြောပြမှု့တွေကြောင့် အကြောင်းစုံသိရပြီး ချက်ချင်းပဲနန်းဦးပြင်ရှိရာသို့ လိုက်လာခဲ့ပေမဲ့ နန်းဦးပြင်က ဆုံးသွားခဲ့ပြီလေ။ ဒီမှာတင်ပဲ ခွန်ဆန်လောလဲ နှလုံးကွဲကြေလို သေဆုံးသွားပါတော့တယ်။သူတို့နှစ်ယောက်ရဲ့မီးသဂြိုလ်ရာသို့ မိထွေးဖြစ်သူကလိုက်လာခဲ့ပြီးသူကရှေးအဆိုအရ စုန်းကဝေအတတ်ကိုလဲ တတ်တော့ အလောင်းယှဉ်ထားတာကို ကြားကနေ ၀ါးလုံးတစ်ချောင်းခြားလိုက်တယ်တဲ့။ သေတာတောင် လိုက်ခွဲသေးတယ်နော်။သူတို့နှစ်ယောက်ကို မီးသင်္ဂြိုလ်လိုက်တော့ မီးခိုးနှစ်ခုက ကောင်းကင်ထက်သို့ တက်သွားပြီး ပေါင်းစုံမိပြီးကြယ်လေးအဖြစ် ဖြစ်တည်သွားပေမဲ ပေါင်းဆုံခွင့်မရရှာပါဘူး။သူတို့နှစ်ဦးကြား(ကြယ်နှစ်လုံးကြားထဲ) ကြယ်တစ်လုံးဝင်ရောက်တားဆီးနေတယ်လေ။ အခုကောင်းကင်မှာမြင်နေရတဲ့ တချို့အခေါ်ကတော့ မောင်ရင်ဆိုင်းထမ်းကြယ်ပေါ့နော်။တစ်ဘက်တစ်ချက်မှာ ရှိနေတဲ့ ကြယ်လေးနှစ်လုံးကတော့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဖြစ်ပြီးအလယ်ကတော့ မိထွေးရဲ့တားဆီးလိုက်တဲ့ ကြယ်ပေါ့။ ညမိုးကောင်းကင်မှာထွန်းလင်းနေပေမဲ့အခုချိန်ထိ ဆုံဆည်းခွင့်မရှိသေးတဲ့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဆိုတ ဒီကြယ်လေးနှစ်လုံးကို တွေ့မိတိုင်းသနားနေရဆဲပေါ့။။။။။ ကန္တာရမိုးစက်များ ခွန်သမ်လော နှင့် နန်းဦးပေငယ်ငယ်တုန်းကမေမေစီက ကြားရတဲ့ပုံပြင်တွေထဲက ခုထိ ရင်ထဲ စွဲးညှိကျန်ရစ်ခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်
sipaw Generation. (သီပေါသား/သူများ)
No comments:
Post a Comment