Sunday, January 21, 2018

မြန်မာစကားမဟုတ်သော “သူမ” မောင်​ခင်​မင်​ (ဓနုဖြူ) ဤ​ခေါင်းစဉ်​ကို ကြည့်​ပြီး ဘဝင်​မကျသူများက "ဘာဖြစ်​လို့ "သူမ"က မြန်​မာစကားမဟုတ်​ရမှာလဲ၊ မြန်​မာစကားမို့လို့ စာ​တွေစကား​တွေထဲမှာ "သူမ" ​တွေကို မကြာခဏ ဖက်​​နေကြား​နေရတာ​ပေါ့"ဟု ​ပြောချင်​ကြမည်​ ထင်​ပါသည်​။ကျွန်​​တော်​ နည်းနည်း ရှင်းပြပါရ​စေ။ ပြန်​စဉ်းစားကြည့်​ပါ။စာဖက်​သူတို့ ယခု အသက်​အရွယ်​အထိ ​နေ့တိုင်းပုံမှန်​​ပြော​နေ​သော စကား​တွေထဲမှာ "သူမ"ဆို​သောစကားကို ဘယ်​နှခါများ ထည့်​​ပြောခဲ့ကြပါသလဲ။(သဘာဝအတိုင်း ပုံမှန်​​ပြော​သောစကားကို ဆိုလိုပါသည်​။တမင်​​ပြော ​သောစကားကို မဆိုလိုပါ။)သာဓကပြပါမည်​။ ခင်​ခင်​ဆို​သော မိန်းက​လေးအ​ကြောင်း ​ပြောကြသည်​ ဆိုပါစို့ ။ "ခင်​ခင်​က သူ့မိသားစုမှာ သမီးအကြီးဆုံး​လေ၊ သူ့မိသားစုကို သူပဲလုပ်​​ကျွေး​နေတာ၊သူ့ခဗျာ ခုလို ရုတ်​တရက်​ ဆုံးသွား​တော့ သနားစရာပါပဲကွယ်​" "ဟုတ်​တယ်​ ဟို​နေ့က သူ့​မောင်​​လေးကို ​ကျောင်း လိုက်​ပို့တာ ​တွေ့လိုက်​​သေးတယ်​။သူ့မိဘ​တွေက​တော့ ရင်​ကွဲမှာပဲ" ဤစကားများကို သဘာဝအတိုင်း ပုံမှန်​​ပြော​သော စကားများအဖြစ်​ နားလည်​ကြပါသည်​။ ဤသို့မ​ပြောဘဲ...... "ဟုတ်​တယ်​ ဟို​နေ့ကပဲ သူမ​မောင်​​လေးကို ​ကျောင်း လိုက်​ပို့တာ ​တွေ့လိုက်​​သေးတယ်​။သူမမိဘ​တွေက​ ​တော့ ရင်​ကွဲမှာပဲ "ဟု ​ပြောသည်​ဆိုပါစို့။ဘယ်​လို ဖြစ်​သွားမည်​နည်း။ကြားရသူအဖို့ ရယ်​စရာဖြစ်​သွား မှာ ​သေချာပါသည်​။တစ်​ခါမှ ပုံမှန်​ထည့်​​ပြော​လေ့မရှိ ​သော "သူမ"​တွေ တမင်​ထည့်​​ပြော​သော​ကြောင့်​ဖြစ်​ ​ကြောင်း ထင်​ရှားပါသည်​။ဤသို့​သော မြန်​မာစကား မျိုး အပြင်​မှာ ဘယ်​သူမှ ​ပြောမည်​မဟုတ်​ပါ။ သို့​သော်​......... ဤသို့​သော စကားမျိုးကို တီဗွီထုတ်​လွှင့်​ချက်​ ​တွေမှာ မကြာခဏ ကြား​နေရပါသည်​။မော်​ဒယ်​ မိန်းက​လေးတစ်​​ယောက်​အ​ကြောင်း ၊နိုင်​ငံခြား ရုပ်​ရှင်​မင်းသမီးတစ်​​ယောက်​အ​ကြောင်း ​ပြောပြီဆို လျှင်​ "သူမဟာ......။သူမရဲ့ ဝါသနာက​တော့......၊ သူမကို ချီးကျူးကြတာက"စသည်​ဖြင့်​ "သူမ"​တွေ အဆက်​မပြတ်​ ပါလာတက်​သည်​။သတင်း​ကြေညာ ချက်​​တွေမှာ အမျိုးသမီး​ခေါင်​​ဆောင်​​တွေအ​ကြောင်း ​ပြောလျှင်​ ​ရေးလျှင်​လည်း "သူမ"​တွေ ပါပါလာတက်​ သည်​။ ကျွန်​​တော်​တို့ မြန်​မာစကားမှာ ​ယောက်ျားကို ဖြစ်​​စေ၊မိန်းမကို ဖြစ်​​စေ "သူ"ဟူ၍သာ မြန်​မာစကား စ​ပေါ်ကတည်းက အစဉ်​တစိုက်​ ရည်​ညွှန်းခဲ့ပါသည်​။ မြန်​မာစာအ​ရေးအသား ​ပေါ်ပြီး​တော့လည်း ​ရှေးစာ​ပေ အစဉ်​အဆက်​ ဤသို့ပင်​ သုံးခဲ့ကြပါသည်​။သာဓက ပြပါဦးမည်​။ကုန်း​ဘောင်​​ခေတ်​စာဆို ဦးတိုးက "ရာမယကန်​"တွင်​ မိန်းက​လေးတစ်​​ယောက်​၏ အမူအရာ ကို ဤသို့ဖွဲ့ထားပါသည်​။"အပျိုပျံသင်​၊ ​ရွှေရင်​သိမ်းသစ်​ကယ်​၊သူ့ချစ်​သူ သူ့​မောင်​ပါးမှာ၊ စကားရပ်​ဖွဲ၊ချစ်​စဖွယ်​နွဲ့တဲ့လို့"ဟူ၍ ဖြစ်​သည်​။အပျံ သင်​စမိန်းက​လေးကို "သူ"ဟုပင်​ ရည်​ညွှန်းပါသည်​။ "သူမချစ်​သည့်​၊သူ့​မောင်​ပါးမှာ"ဟု မဖွဲ့ခဲ့ပါ။ ဆယ်​တန်း​ကျောင်းသားများနှင့်​ ရင်းနှီး​သော ဦးပုည၏ ဆဒ္ဒန်​ဆင်​မင်းဝတ္ထုတွင်​ ​သောနုတ္တရမုဆိုးက ဆင်​မင်းကို ​လျှောက်​ထား​သောစကားကို ကြည့်​ပါဦး။ စူဠသုဘဒ္ဒါက"ဆဒ္ဒန်​ဘုန်း​မော်​၊ဆင်​မင်း​ကျော်​၏၊ စွယ်​​တော်​ကို မရလျှင်​၊စိတ်​ချ​ပေ​ရော့ ​သူ​သေပါ​တော့ မည်​ဟု ​ရွှေးနန်း​ကြော့ရှင်​၊သူ့ချစ်​လင်​၏ ရင်​ခွင်​ကြားမှာ ​ခေါင်းထား၍အ​သော့ ၊ငိုပါ​တော့သည်​ ဘုရား"တဲ့။ စူဠသုဘဒ္ဒါမိဖုရားကို "သူ"ဟုပင်​ ရည်​ညွှန်းပါသည်​။ ပြီး​တော့ "သူ့မယား ငိုတည့်​လျှင်​၊ဟိုလူကြီးက ပျာယီး ပျားယာ"ဟူ၍ ဆက်​ဖွဲ့သည်​။ထိုသူက​တော့ ဗာရာဏသီ မင်းကြီးကိုဆိုလိုပါသည်​။မု​ဆိုးက ဆဒ္ဒန်​ဆင်​မင်း၏ အစွယ်​ကို သွားဖြက်​ပါ​တော့မည်​ဟု ​လျှောက်​ထား​ ​တော့ မိဖုရားကြီး သ​ဘောကျသွားပြီး "​ကျေးဇူးရှင်​မ သူကိုယ်​တိုင်​ လမ်းပြ၍ ညွှန်​လိုက်​​ကြောင်း"ဖွဲ့သည်​။ ထိုသူက​တော့ စူဠသုဘဒ္ဒါပါ။ယောက်ျား​ရော မိန်းမပါ "သူဟုပင်​ ရည်​ကျွန်​​ကြောင်း သက်​​သေများ ဖြစ်​ပါ သည်​။ သို့ဆိုလျှင်​ "သူမက ဘယ်​လို​ပေါ်လာပါသလဲ။ သမိုင်း​ကြောင်းရှိပါသည်​။ကိုလိုနီ​ခေတ်​က ထင်​ရှား​သော ​ဂျေစီနက်​စဖီး(J.C.Nesfield)၏ အင်္ဂလိပ်​သဒ္ဒါ ကျမ်းကို မြန်​မာဘာသာပြန်​​သော ပညာရှင်​ဆရာကြီးက နာမ်​စားအခန်း​တွင်​ heကို သူဟု မြန်​မာပြန်​ပါသည်​ Sheကိုလည်း "သူ"ဟုပင်​ မြန်​မာပြန်​ပါသည်​။သို့​သော်​ Sheမှာ မိန်းမကို ရည်​ညွှန်း​ကြောင်း သိသာ​စေရန်​ "သူ(မ)"ဟု ​နောက်​က ကွင်းနှင့်​ပြခဲ့သည်​။ထိုသ​ဘောကို သတိမမူမိသူများက "သူမ"ဟု သုံးရာ၌ ထိုအသုံး​ပေါ် ​ပေါက်​လာခြင်းဖြစ်​ပါသည်​။ မြန်​မာစကား၏ သဘာဝအရကြည့်​လျှင်​ နာမ်​စားများသုံးရတွင်​ ​ပြောသူကို ရည်​ညွှန်းလျှင်​ "သူ"ဟူ၍ သုံး​ကြောင်း​တွေ့ရသည်​။အရင်းခံကြဆုံး နာမ်းစားများ ဖြစ်​သည်​။မြန်​မာစာ အစကတည်းက ​တွေ့ရ​သော နာမ်​စားများဖြစ်​သည်​။"ကျွန်​​တော်​၊ကျွန်​မ တပည်​​တော်​"စသည့်​ နာမ်းစားများသည်​ ​နောက်​မှ​ပေါ် လာ​သော နာမ်​စားများဖြစ်​သည်​။"ငါ၊နင်​၊သူ"ဟူ​သော အရင်းခံနာမ်​စားအားလုံး ​ယောက်ျား​ရော မိန်းမပါ ရည်​ညွှန်း​ပါလျက်​ "သူ"ကျမှ ​ယောက်ျား​၊မိန်းမခွဲပြီး "သူမ"ဟု သုံးစရာ ဘာအ​ကြောင်းမှ မရှိပါ။"ခင်​ခင်​က သူ့မိသားစုမှာ အကြီးဆုံး"ဟု "သူ"သုံး၍​ပြောရုံနှင့်​ ခင်​ခင်​သည်​ ​ယောက်ျားကြီး ဖြစ်​မသွားပါ။မိန်းမမှန်း သိပြီးသား ဖြစ်​ပါသည်​။ မြန်​မာဘာသာစကားကို စနစ်​နကျ​လေ့လာ​သော အ​မေရိကန်​သာသနာပြုဆရာ ဂျပ်​ဆင်​(ဆရာ ယုဒသန်​)၏ မြန်​မာသဒ္ဒါတွင်​ "he"ကိုလည်း "သူ"၊ Sheကိုလည်း "သူ"ဟုပင်​ ​ဖော်​ပြထားပါသည်​။ နိုင်​ငံခြားသား ပညာရှင်​ကပင်​ sheကို "သူ"ဟု မှန်​မှန်​ ကန်​ကန်​ ​ဖော်​ပြပါလျက်​ ကျွန်​​တော်​တို့ မြန်​မာ​တွေက "သူမ သူမ"နှင့်​ တမ,တည်းမ​နေခြင်းမှာ သင့်​မသင့်​ စဉ်းစားကြည့်​နိုင်​ပါသည်​။ သူမကို မြန်​မာစကားမဟုတ်​ဟု ကျွန်​​တော်​ဆိုခဲ့ ပါသည်​။မြန်​မာစကားမှန်​လျှင်​ မြန်​မာသက်​ပုံကျမ်း၊ မြန်​မာအဘိဓာန်​ကျမ်း၊မြန်​မာသဒ္ဒါကျမ်း​တွေမှာ "သူမ"ပါကို ပါရပါမည်​။မြန်​မာစကား စစ်​စစ်​မဟုတ်​ ​စေကာမူ ဘာသာခြားမှ ​မွေးစားယူ​သော စကားလုံးများကိုလည်း မြန်​မာ့အဘိဓာန်​မှာ ထည့်​ပါသည်​။ ဒါန၊သီလ၊​ကော်​ဖီ၊ကွန်​ပျူတာတို့အထိ ပါပါသည်​။ "သူမ"​တော့ မပါပါ။သို့ဆိုလျှင်​ သူမသည်​ လက်​ခံ အသုံးပြု​သော ​မွေးစားစကားလည်း မဟုတ်​သည်​မှာ ​သေချာပါသည်​။မြန်​မာစကား၏ သဘာဝနှင့်​ဆန်​ကျင်​ ​နေ​သော ခွဲခြားသုံးဖို့ မလိုအပ်​​သော စကားသာ ဖြစ်​ပါသည်​။ ၁၉၆၀ဝန်းကျင်​က ဆရာကြီးဦးရန်​​အောင်​နှင့်​ အခြားစာ​ရေးဆရာတစ်​ဦးတို့ ​ငွေတာရီမဂ္ဂဇင်းတွင်​ "သူမပြဿနာ"ကို အချီအချ​ဆွေး​နွေးကြသည်​။ "သူမ"ကိုကြိုက်​​သော ထိုစာ​ရေးဆရာက မိမိကိုယ်​မိမိ တီထွင်​ဆန်းသစ်​မှုကို လက်​ခံသူအဖြစ်​ ​ကြေညာပြီး ဦးရန်​​အောင်​ကို တရား​သေးဝါဒ ​ရှေးရိုးသမားအဖြစ်​ ရည်​ညွှန်​သည်​။"သူမ"မကြိုက်​သူများတွင်​ "​ကျောင်း ဆရာတစ်​ပိုင်း စာ​ရေးဆရာများ"အထူးသဖြင့်​ ပါဝင်​​ ​ကြောင်း ထိုစာ​ရေးဆရာက ဆိုလိုက်​​သေးသည်​။ ဆရာကြီးဦးရန်​​အောင်​က မိန်းမမှန်းသိ​အောင်​"သူမ"ဟု ခွဲ​ပြောစတမ်းသာဆိုလျှင်​ ​ယောက်ျားမှန်းသိ​အောင်​ "သူထီး"ဟု ခွဲ​ပြောရမလို ဖြစ်​​နေ​ကြောင်း၊"ငါထီး-ငါမ သူထီး-သူမ"ဟုလည်း ခွဲ​ပြောရမလိုဖြစ်​​နေ​ကြောင်း ဟာသ​နှော​ပြီး ထိထိမိမိ ​ရေးထားသည်​ကို ​တွေ့ရပါ သည်​။ တစ်​ကယ်​ဖြစ်​​သော ဖြစ်​ရပ်​တစ်​ခါနှင့်​ အဆုံးသက်​ပါရ​စေ။စာတမ်းဖက်​ပွဲတစ်​ခုတွင်​ သဘာပတိပါ​မောက္ခကြီးတစ်​​ယောက်​က "လွင်​​မော်​စိုး "ဆို​သော စာတမ်းရှင်​နာမည်​ကိုကြည့်​ပြီး အမျိုးသမီးဟုထင်​ကာ "သူမရဲ့ စာတမ်းက"ဟု မိတ်​ဆက်​​ပေးပြီး စာတမ်းဖက်​ဖို့ ဖိတ်​​ခေါ်လိုက်​​သော အခါ ထိုစာတမ်းရှင်​သည်​ "သူမ"မဟုတ်​​သော "သူထီး"ကြီး ဖြစ်​​နေသည့်​အတွက်​ ပရိသက်​ပြုံးစရာ ဖြစ်​သွားရသည့်​ အ​ကြောင်းပါ။ ​မောင်​ခင်​မင်​(ဓနုဖြူ) မြန်​မာစာ မြန်​မာစကားဝိုင်း Credit to Ko Htun Lay

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf
via IFTTT

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT