Friday, November 22, 2013

နတ်တော်လ

နတ်တော်လသည် မြန်မာ့ဆယ့်နှစ်လတွင် န၀မမြောက်လဖြစ်၍ ဆောင်းဥတု၌ ပါဝင်သည်။ ဤလ၏ အမည်ကို ပုဂံခေတ်ထိုး ကျောက်စာများတွင် နတ္တာဝ်၊ နတ်တာဝ်၊ နတ္တ၀်၊ နတ်တ၀်ဟု အမျိုးမျိုး ရေးထိုးခဲ့ကြသည် ။ နတ်တော်လ၏ အဓိပ္ပာယ်ကို ဝေါဟာရ လီနတ္ထဒီပနီ၌ "ထိုနတ်တော်လကား ကမ္ဘာဦးကာလ နတ်ပူဇော် ပသကြသည်ကို စွဲ၍ နတ်တော်လဟု မြန်မာဘာသာ ခေါ်ဝေါ်ကြသည် ယူရမည်" ဟု ဖော်ပြထားသည်။


မြန်မာ့ ဆယ့်နှစ်လ မိုးများအနက် နတ်တော်လတွင် ရွာသွန်းလေ့ရှိေ သာ မိုးကို "နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်" ဟူသော ဆိုရိုးစကားဖြင် ရှေးသူဟောင်းတို့ အမှတ်အသား ပြုခဲ့ကြပြီး ယင်း၏ အဓိပ္ပာယ်ကို "နတ်တော်လသို့ရောက်လျှင် ဆင်ခြေရာ ပျောက်ရုံရွာသော ဆင်ရာတိမ်မိုးဟူသော ရာသီမိုးရွာသည်" ဟု မြန်မာ ဆိုရိုးစကားတွင် ဖွင့်ဆိုထားသည်။ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းတွင်မူ "နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်၊ နတ်အိမ်မြှောက်ချီး၊ မုန့်စားလှီး" ဟု ဖော်ပြချက် "နတ်တော်လအခါ ဆင်ခြေရာ၊ မြင်းခြေရာ တိမ်မြုပ်အောင် မိုးရွာသောကြောင အဖျားအနာများ၍ နတ်များကိုသော်မ ဆီကြော်မုန့်အစား ဓားလှီးမုန့်နှင့် တင်ရသည် ဆိုလိုသည်" ဟု ဖွင့်ဆိုထားသည်။


ဆင်ရာတိမ်မိုးကို ကာရန်ငဲ့၍ "ဆင်ရာတိမ်" ဟူ၍ လည်းကောင်း၊ "ရာတိမ်နတ်" ဟူ၍ လည်းကောင်း၊ "ရာဆင်တိမ်" ဟူ၍ လည်းကောင်း၊ "ရာတိမ်မိုး" ဟူ၍ လည်းကောင်း၊ "ရာတိမ်" ဟူ၍လည်းကောင်း၊ "ဆင်ရာထင်" ဟူ၍ လည်းကောင်း အမျိုးမျိုး သုံးနှုန်းကြကြောင်း အထောက်အထားများအရ သိရှိရသည်။


ဆင်ရာတိမ်မိုးနှင့် စပ်လျဉ်း၍ စာဆိုတော် န၀ဒေးဆိုဖြူးလြေ ပည်ဖျန်းစ, လေချီနတ်တော်လ ဘွဲ့လူးတားတွင် "ဟေမန်ဆောင်းရက်၊ ဓနုလဂ်နှင့် ပြိုးပြက်လျှံထိန်၊ ဆင်ရာတိမ်လည်း၊ သွန်းချိန်ကာလ၊ သစ်ခွပန်းတင်၊ သဇင်ပန်းပေါ်၊ နတ်တော်ရာသီ၊ မိဂသီနက္ခတ်၊ ဝေဒတ္တရ၊ ကျမ်းမှအလာ၊ မဟာပိန္နဲ၊ ဆင်ပွဲသဘင်" စသည်ဖြင့် ဖွဲ့ဆိုထားသည်။


စာဆိုတော် လက်ဝဲသုန္ဒရဆို မိုးဘွဲ့ပိုဒ်စံ ရတုတစ်ပုဒ်၏ ပထမပိုဒ်တွင် "နတ်ပန်းဝေမြိုင်၊ သဇင်လှိုင်က၊ ဖြိုင်ဖြိုင်မကြဲ၊ စွတ်ရုံဖွဲ့၏၊ သွန်းမြဲဟန်မှာ ဆင်ရာတိမ်မိုး၊ ခေါ်ကြရိုးတည့်၊ မကြိုးမထစ်၊ မဟစ်မ၀င့်၊ မရင့်မမြည်၊ ဆော်စည်မရွမ်း၊ ရာစတမ်းကို၊ ဆင်လှမ်းရာတိမ်၊ ခုတစ်ကြိမ်မူ၊ တောင်လိမ်မြောက်ကွေ့၊ မိုးသားရွေ့လျက်" စသည်ဖြင့် ဖွဲ့ဆိုထားသကဲ့သို့ စာဆိုတော် ဦးယာဆို နတ်တော်လ ဘွဲ့လူးတားတွင်လည်း "စက်နေသင်္ချာ၊ ရာသီဓနု၊ တွက်စုငါးသောင်း ၊ သိန်းပေါင်းနှစ်လီ၊ ရာသီရွှင်ရွှင်၊ ဆင်ရာတိမ်မိုး၊ ရွာရိုးမက သွန်းချလေ" ဟု အစချီထားပြီး "သဇင်တည့်ဂမုန်း၊ ဖူးပွင့်တုန်း၊ မိုးချုန်းဆင်ရာ တိမ်၊ ကြိမ်ကြိမ်တည့်အုံ့မှိုင်း၊ ပင်တိုင်းန့်လန်းစီ၊ တိမ်နီတည့်တိမ်ပန်း၊ တိမ်ခရမ်း" ဟု နိဂုံးချုပ် ဖွဲ့ဆိုထားသည်။


အလားတူ စာဆိုတော် ရွှေတိုက်စိုးဦး တိုးကလည်း အုံ့မှိုင်းနေခြည် ချီစစ်ချီမောင်ဘွဲ့ ပိုဒ်စုံရတု တတိယပိုဒ်တွင် "မြစ်ခွင်ချောင်းညာ၊ မကူးသာအောင်၊ ဆင်ရာတိမ်နှင့် ထပ်ဆင့်ရွာကြိုး၊ ယခင့်မိုးသည်၊ ရေရိုးသောင်ပြည့် လွန်တော့၏" ဟု လည်းကောင်း၊ ရောင်လှစ်လျှပ်ြ ဖာချီ ရခိုင်ချီမယ်ဘွဲ့ ပိုဒ်စုံရတု တတိယပိုဒ်တွင် "ဆင်ရာတိမ်မိုး၊ သည်မှာညိုးက၊ တောင်ခိုးသက်တင်၊ သည်နှယ်ဆင်လျက် စစ်ခွင်မြေလမ်း၊ လျှပ်ခြည်နွမ်းသည်၊ ပြိုပြွမ်းလျှံဝါ ထွေလိမ့်မည်" ဟု လည်းကောင်း အသီးသီး ဖွဲ့ဆိုထားသည်။


ထို့ပြင် စာဆိုတော် ဖိုးသူတော် ဦးမင်းဆို ကြံမခွဲနိုင်ဘု ချီနတ်တော်လဘွဲ့ လေးချိုးတွင် "သံဘော်ငယ်ရံအုပ်၊ တစ်ဝန်းငယ်ချုပ်တဲ့၊ သွန်းရုပ်ကယ်ဇမ္ဗူ၊ မှတ်တသူလည်း၊ မြတ်ယူယိမ်းချွတ်၊ ညွတ်ကြီးညွတ်အောင်၊ သည်ဝတ်ကယ်ယှက်လိမ်၊ ဆင်ရာတိမ်ဟု၊ သိရ်တဖော်ဖော်၊ ရံနန်းတော်နှင့် မန်းမော်ဗျာမိန့် ၊ ညာအငြိမ့်မှာ" စသည်ဖြင့် ဖွဲ့ဆိုထားသည်။


ထိုမှတစ်ပါး စာဆိုတော် လူဦးမင်း၏ ပျံ့ပျံ့သာပျူးတော့တယ် ချီနတ်တော်လဘွဲ့ လေးချိုးတွင် "နှင်းလှောင်တဲ့ ဟေမန်ကို၊ ၀သန်ကျန်ရာ တိမ်နတ်ကယ်လာ၊ ၀ိုင်းပတ်ခြံမှိ န်" စသည်ဖြင့် လည်းကောင်း၊ မြိုင်ခပင်းငယ်မ ချီနတ်တော်လဘွဲ့ လေးချိုးတွင် "ချစ်သံကြင်နာ၊ ရွှေဟင်္သာလည်း၊ မာဂဓာလှယ်၊ သွယ်ဥပါယ်နှင့်၊ ပရိယာယ်ဥာဏ်၊ လူနှယ်သာ ဖန်တုန်းမှ၊ စံသွေညွန့်ဂီရိန်မှာ၊ ရာဆင်တိမ်ညို စကောင်းပါဘု၊ ဆောင်းဦးဟေမ" ဟု လည်းကောင်း၊ ရေခပင်းမှာလချီ နတ်တော်လဘွဲ့ လေးချိုးတွင် "ခါသည်ချိန်မူ၊ ပြာမှိန်ထပ်ပျိုး၊ ရာတိမ်မိုးလည်း၊ အခိုးမင်ကွက်၊ တစ်ခဲနက်နှင့်၊ ကြက်နန်းပညောင်၊ ချောင်ကိုးချောင်နှင့်၊ တောင်သေလာဝိုက်၊ ဇေယျာတိုက်မှပ၊ လွမ်းသိုက်ဖွဲ့ညွှန်၊ ဆင်ကသွန်လျှင်" စသည်ဖြင့် လည်းကောင်း၊ လေအညင်းတွင်မှချီ နတ်တော်လဘွဲ့ လေးချိုးတွင် "ခါဟေမန့်ဗဟိုတွ င်၊ ရာတိမ်ဆိုဝသန်ကြွင်းက၊ နှင်းနှင့်ခြယ်ေ ၀့ဟု လည်းကောင်း၊ သဇင်ဦးငယ်နှင့် ချီနတ်တော်လဘွဲ့ လေးချိုးတွင် "ပဏ္ဍုကမ္ပိုလ်၊ စံကျောက်ညိုက၊ လိုတော်ရိမိုး၊ ဆင်ရာတိမ်မျိုးေ ပမို့၊ ထစ်ကြိုးငယ်ရွှင်သည်၊ ပဉ္စင်းတော်ကျူးလို့ တငြိမ့်ငြိမ့်" စသည်ဖြင့် လည်းကောင်း၊ ကွန့်ကွန့်သာ ထူးတော့တယ်ချီ ဆောင်းဘွဲ့လေးချိုးတွင် "အဏ္ဏ၀ါပင်လယ် ဦးမှာကောင်၊ ဆော်ကျူးရာတိမ် မိုးပေထင့်၊ တိုးထပ်ဆင့်ရှိန်" စသည်ဖြင့် လည်းကောင်း၊ နှင်းအလှောက်မှာလချီ ဆောင်းဘွဲ့လေးချိုးတွင် "ကွန်းသစ်ကယ်တည်ရာ၊ ဥက္ကလာက၊ ညာရွှေမန်းရန်၊ ရာဇဌာန်မှာ၊ ဖန်မလိုလို၊ ဥာဏ်များပဲ ကြိုမိတယ်၊ ဆီးပိုနှင့်လွမ်းတာကို၊ ဆင်ရာထင်လိမ့် တစ်ဘိန်းငယ်က၊ ခြိမ်းသင့်ပါဘူး" ဟု လည်းကောင်း အသီးသီး ဖွဲ့ဆိုထားသည်။


တစ်ဖန်စာဆိုတော် ၀က်မစွတ် ၀န်ထောက်မင်းဆို နတ်တော်လဘွဲ့ ရှစ်ဆယ်ပေါ် တေးထပ်တွင် "ထက်ခွင်ယှက် ဆင်သက် တင်သားမှာ၊ ငှက်ခါးတောင်လဲ့ မင်ပြာမှိန်၊ ကွက်ကျားမှောင်တွဲ့ ယှဉ်ကာလိမ်သည်၊ မိုးဆင်ရာတိမ် ကြိမ်သဖြင့်" ဟု အစချီ ဖွဲ့ဆိုထားသကဲ့သို့ စာဆိုတော် ဖိုးဝဇီရဆို လနတ်တော်ထက်ချီ နတ်တော်လေဘွဲ့ မှာတမ်း၏ အပိုဒ်ခွဲပါ ဒွေးချိုး၏ ပထမပိုဒ်တွင်လည်း "လွင်ပြာငယ်မှိန်၊ ဆင်ရာတိမ်ဝ လာဟငယ်တို့၊ ရွာကြရင်လား" စသည်ဖြင့် အသီးသီး ဖွဲ့ဆိုထားကြသည်။


နတ်တော်လသည် ရာသီအားဖြင့် ဓနုရာသီဖြစ်ပြီး စန်းယှဉ်နက္ခတ်မှာ မိဂသီနက္ခတ် ဖြစ်သည်။ ဓနုရာသီကား လေးဆွဲသော ယောက်ျားတို့ ကြိုက်နှစ်သက်သော ရာသီ၊ ထိုယောက်ျားနှင် အရောင်အဆင်းတူသော ရာသီဟု ဆိုသည်။ ရာသီရုပ်မှာ ရှေ့ထက်ဝက်ကား လေးစွဲသော ယောက်ျားသဏ္ဌာန်၊ နောက်ထပ်ဝက်ကား မြင်းခြေသဏ္ဌာန် ရှိသည်။ ရာဇမတ္တဏ်ကျမ်းတွ င် တနင်္ဂနွေဂြိုဟ် ဗြိစ္ဆာ၌တည်စဉ် ကြတ္တိကာနက္ခတ်၌ နတ်ပူဇော်ရာသည်ဟ ဆိုသည်။ ဤလကို ရှေးအခါက မဟာပိန္နဲနတ်ကို ပူဇော်ရာလ ဖြစ်၍ "နတ်လ" ဟု ခေါ်ဆိုခဲ့ကြသည်။ ထို့နောက် တရားကို တရားတော်၊ သံဃာကို သံဃာတော်ဟု ခေါ်ဆိုကြသကဲ့သို့ နတ်လကိုလည်း "နတ်တော်လ" ဟု ယနေ့တိုင် ခေါ်ဆိုလျက်ရှြိေ ကာင်း လေ့လာတင်ပြ လိုက်ရပေသည်။


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT