Wednesday, November 13, 2013

မြန်မာနိုင်ငံ နည်းပညာတက္ကသိုလ်များ သမိုင်းကြောင်း

မြန်မာနိင်ငံ နည်းပညာ တက္ကသိုလ်များရဲ. သမိုင်းကြောင်း


၁၉၂၄ - ရန်ကုန်တက္ကသိုလ်ရဲ. အင်ဂျင်နီယာ ဌာနကို ၁၉၂၄ ခုနှစ်မှာ ရန်ကုန်မြို့တွင်း (ယခု ရန်ကုန်ပြည်သူ့ဆေးရုံကြီး) နေရာမှာ တိုးချဲ. အဆောင်အဖြစ် စတင်ဖွင့်လှစ်ခဲ့တယ် ။ စတင်ဖွင့်လှစ် စဉ်က ကျောင်းသား ၁၇ ဦး နှင့် ကထိက ၂ ဦးသာ ရှိပါတယ် ။ Civil engineering ဘာသာရပ်ကိုသာ သင်ကြားခဲ့ပါတယ် ။


၁၉၂၇ - ရန်ကုန်တက္ကသိုလ်ရဲ. အင်ဂျင်နီယာဌာနကို ၁၉၂၇ ခုနှစ်မှာ အင်းစိန်မြို.နယ် BOC college of engineering and mining အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ် ။ ပထမ တည်နေရာနဲ.မြောက်ဘက် ၄ မိုင်အကွာမှာပါ ။


၁၉၃၈ - စက်မှုစွမ်းအား (mechanical engineering) ၊ လျှပ်စစ် စွမ်းအား (electrical engineering) ဒီဂရီ သင်တန်း ၂ ခုကို စတင်သင်ကြားခဲ့ပါတယ် ။


၁၉၄၆ - စစ်ကြီး ပြီးဆုံးတဲ့အချိန်မှာ ရန်ကုန်တက္ကသိုလ် ရဲ. အင်ဂျင်နီယာ ဌာန ကို ပိုပြီး တိုးချဲ.ခဲ့ပါတယ် ။


၁၉၅၄ - လေးနှစ် ဒီဂရီ အင်ဂျင်နီယာ သင်တန်း များ Mining, Chemical, Metallurgy and Architecture အတန်းတွေကို ထပ်မံတိုးချဲ့ခဲ ပါတယ် ။


၁၉၅၅ - Textile engineering ဌာနကို ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ် ။


၁၉၅၇ - Water and Sanitation Engineering ဒီဂရီ သင်တန်းကို စတင်သင်ကြားခဲ့တယ် ။ အဲ့ဒီ သင်တန်းဟာ ၁၉၆၁ မှာ ကျောင်းသား ဦးရေ နည်းပါးတဲ့ အကြောင်းပြချက်နဲ. ရပ်ဆိုင်းခဲ့ရတယ် ။


၁၉၅၈ - နိင်ငံတော် အစိုးရက ငွေကျပ် ၁၅ သန်း အသုံးပြုပြီးတော့ BOC ကောလိပ် ပတ်ဝန်းကျင်မှာ အဆောက်ဦး သစ်များဆောက်လုပ်ခဲ့တယ် ။ အဲ့ဒီနှစ်မှာပဲ ဘာမားဆိုဗီယက် သဘောတူညီချက်အရ အင်းစိန် ကြို့ကုန်း မှာ ကောလိပ်တခု ဆောက်လုပ်ခဲ့ပါတယ် ။


၁၉၆၁ - ရန်ကုန်တက္ကသိုလ်ရဲ. အင်ဂျင်နီယာ ဌာန ကို အင်းစိန် ကြို့ကုန်းမှာ Burma Institude of Technology (BIT) အဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ် ။


၁၉၆၄ - Burma Institude of Technology ကို Rangoon Institute of Technology, (RIT) အဖြစ်ပြောင်းလဲ ပြီးတော့ ရန်ကုန်တက္ကသိုလ်မှ ခွဲထွက်ပြီးတော့ သီးခြား စက်မှုတက္ကသိုလ် အဖြစ်ရပ်တည်နိင်ခဲ့ပါတယ် ။


၁၉၉၀ - Rangoon Institute of Technology, (RIT) ကို Yangon Institute of Technology, (YIT) အဖြစ် နာမည်ပြောင်းလဲခဲ့ပါတယ် ။


၁၉၉၁ - The Mandalay Institute of Technology, (MIT) ကို စတင်ဖွင့်လှစ်ခဲ့ပါတယ် ။


၁၉၉၇ - နည်းပညာတက္ကသိုလ်များကို ပညာရေး ၀န်ကြီးဌာန လက်အောက်မှ သိပ္ပံနဲ့နည်းပညာ ၀န်ကြီးဌာန လက်အောက်သို့ပြောင်းလဲခဲ့တယ် ။ Phd ဒေါက်တာ ဘွဲ့များအထိ ပြည်တွင်းမှာပဲ သင်ကြားရေး တိုးချဲ့ ဖွင့်လှစ်ခဲ့တယ် ။


၁၉၉၈ - ပြည် နည်းပညာတက္ကသိုလ် ကိုဖွင့်လှစ်ခဲ့တယ် ။ YIT နဲ့ Nanyang Technological University, NTU, in Singapore တို့ကို ချိတ်ဆက်ခဲ့တယ် ။ Yangon Institute of Technology, (YIT) ကို Yangon Technological University (YTU) အဖြစ်နာမည်ပြောင်းလဲခဲ့ပါတယ် ။


၁၉၉၉ - YTU နဲ့Universiti Teknologi Malaysia, UTM, Malaysia. တို့ချိတ်ဆက်ခဲ့ တယ် ။ ရန်ကုန်နည်းပညာတက္ကသိုလ် (လှိုင်သာယာနယ်မြေ) (ယခု ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်) ကိုဖွင့်လှစ်ခဲ့တယ် ။


၁၉၉၉ - အစိုးရနည်းပညာကောလိပ် (GTC) များကို မြန်မာ နိင်ငံ မြို့အနှံ အပြားမှာ ဖွင့်လှစ်သင်ကြားကာ AGTI , BTech , BE အဆင့်ဆင့် ၅ နှစ်တက်ရောက်ရသော အင်ဂျင်နီယာဘွဲ့ သင်ကြားရေး စနစ်ကို စတင်ခဲ့ပါတယ် ။


၂၀၀၅ - နည်းပညာ ကောလိပ်များရဲ့ တူညီဝတ်စုံ ကို စတင်သတ်မှတ်ခဲ့ပါတယ် ။


၂၀၀၇ - အစိုးရနည်းပညာကောလိပ်များကို နည်းပညာ တက္ကသိုလ်များအဖြစ် ပြောင်းလဲခဲ့တယ် ။ AGTI , BTech , BE အဆင့်ဆင့် ၅ နှစ်တက်ရောက်ရသော အင်ဂျင်နီယာဘွဲ့ သင်ကြားရေး စနစ်ကို တော့မပြောင်းလဲခဲ့ပါဘူး ။


၂၀၁၂ - YTUနှင့် MTU ကိုအဆင့်မြင့် နည်းပညာ တက္ကသိုလ်များအဖြစ်အသစ်တစ်ဖန် ပြန်လည်ဖွင့်လှစ်ပြီး အင်ဂျင်နီယာ တိုက်ရိုက် ၆ နှစ်သင်တန်းသတ်မှတ်ခဲ့ပြီး ကျောင်းတကျောင်း တွင် ကျောင်းသား ဦးရေ ၂၅၀ သာတက်ရောက်စေခဲ့ပါတယ် ။ ကျန်ရှိသော နည်းပညာတက္ကသိုလ်များမှာ AGTI မှ အင်ဂျင်နီယာဘွဲ့ အထိ ၇ နှစ်တက်ရောက်စေခဲပါတယ် ။


၂၀၁၃ ယနေ့ချိန်ထိ -နည်းပညာတက္ကသိုလ်များမှာ တွင် B.Tech ၄ နှစ် BE ၂ နှစ် ၊ စုစုပေါင်း ၆နှစ် အင်ဂျင်နီယာဘွဲ့ စနစ်ကို ပြောင်းလဲ စတင်ရန်စီစဉ် ။


အစိုးရ စက်မှုလက်မှု အထက်တန်းကျောင်း (GTHS) ကျောင်းသားတွေကိ နည်းပညာတက္ကသိုလ်တွေမှာဆက်တက်လို့ မရတော့ဘဲ GTI ကျောင်းတွေမှာပဲ တက်ခွင့်ပေးခဲ့ပြီး AGTI ဒီပလိုမာထိသာ ပေးမည့် စနစ်တခု အကောင်အထည် ဖော်ရန်စီစဉ် ။


Source: - Rangoon Institute of Technology - 1966-67 Official Handbook


Yangon Technological University Official Handbook - May, 1999 Yangon Technological University Official Handbook - May, 1999


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT