“ လောကစောင့်တရားနှစ်ပါး(သို့)ဟိရီ +သြတ္တပ္ပအကြောင်း ”
♠♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠♠ မကောင်းမှုဒုစရိုက်ကိုပြုလုပ်ခြင်းမှရှက်ခြင်းကိဟိရီဟုခေါ်ဆိုပြီး၊မကောင်းမှုဒုစရိုက်ပြုလုပ်ရ မည်ကိုကြောက်ခြင်း သဘောသည်သြတ္တပ္ပလို့ခေါ်ပါတယ်။
ထိုတရားနှစ်ပါးကိုလောကပါလ(လောကကိစောင့်ရှောက်တဲ့) တရားလို့ လည်း ခေါ်ပါတယ်။လောကရဲ အကွပ်တရားနှစ်ပါးလို့လည်းခေါ်ပါတယ်။ အကယ်၍ ထိုတရားနှစ်ပါးမရှိလျှင် ♦ သူဥစ္စာကိုခိုးယူခြင်း၊ ♦ သူတစ်ပါးအိမ်ယာကိုကျူးလွန်းခြင်း၊ ♦ သူ့သမီးပျိုကိုအတင်းယူခြင်း၊ ♦ အရက်သေစာ သောက်စားခြင်း၊ ♦ မဟုတ်မမှန်လိမ်ညာပြောဆိုခြင်း၊ ♦ ဆွေမျိုးအရင်းချာစတဲ့ကိုးကွယ်ထိုက်တဲ့မိန်းမများကို သော်လည်း မယားလုပ်၍ တိရိစ္ဆာန်ကဲ့သို့ကျင့်ပြီး လောကပျက်စီးနိုင်ပါတယ်။
အစည်းမရှိသောဝါး၊အကွပ်မရှိသော ကြမ်း သည်ပျက်စီးသကဲ့သို့ပျက်စီးလိမ့် မည်ဟုဆိုပါသည်။ ထိုတရားနှစ်ပါးကို နတ်တို့အလွန်ချစ်သောကြောင့် (ဒေဝဓမ္မ)တရားလို့ လည်းခေါ်ပါတယ်။ ] ဒီတရားနှစ်ပါးကိုအများနားလည်အော င်ပြောပြရရင် ♦ မိမိ၏ဂုဏ်သိက္ခာကိုစောင့်ရှောက်အ လေးထား၊ တန်ဘိုးထားသူတို့မှာ အကုသိုလ်ဒုစရိုက်ပြုလုပ်ခြင်းမှရှက်ခြင်းဆိုတဲ့ (ဟိရီ) တရားထင်ရှားသကဲ့သို့ ၊
♦ ဆရာ၊မိဘ၊ဆွေမျိုးစသူတို့နှင့်အြ ခားသူများကို လေးစားတတ်တဲ့သူမှာ သြတ္တပ္ပ တရားထင်ရှားဖြစ်ပါတယ်။
ဆိုလိုတာကဒုစရိုက်တစ်ခုခုကိုပြု လုပ်ဖို့ကြုံလာတယ်ဆိုပါဆို့။မိမိရဲ့ဂုဏ်သိက္ခာတန်ဘိုးထားတဲ့သူတစ်ယောက် အနေနဲ့ "ငါသည် အမျိုးကောင်းသားတစ်ယောက်ဖြစ်၏။ ငါလိုအမျိုးကောင်းသားက မကောင်းမှုပြုနေ လျှင် (သူတစ်ပါးအသက်ကိုသက်နေလျှင်)"ရှ က်စရာဖြစ်လိမ့်မည်။"ဟု မိမိအမျိုးဂုဏ်ကို စောင့်ထိန်းသော အားဖြင့် မကောင်းမှုကိုပြုရမည်မှရှက်၏။
♦ ပညာတတ်သူကလည်း "ငါလိုပညာတတ်သူတစ်ယောက်က အောက်ကျသော မကောင်းမှုပြုလု ပ်လျှင်(သူ့ဥစ္စာမတရားယူလျှင်) ရှက်စရာဖြစ်တော့မည်။ "အသက်ကြီးသူကလည်း "ငါလို အသက်ကြီးသူတစ်ယောက်က မကောင်းမှုကို ပြုနေလျှင်(လိမ်နေလျှင်) ရှက်စရာကြီးဖြစ်တော့မည်" ဤသို့ စသည်ဖြင့် မိမိမှာရှိသော ဂုဏ်တစ်ခုခုကို လေးစားသူ၊တန်ဘိုးထားသူ၌ အကုသိုလ်ဒုစရိုက်ကိုပြုလုပ်ခြင်းမှ ရှက်ခြင်းလို့ဆိုတဲ့ ဟိရီ တရားထင်ရှားဖြစ် ပါတယ်။
နောက် ဆရာ၊မိဘ၊ဆွေမျိုးစသူနှင့်အခြားလူများကိုလေးစားသူ၌ သြတ္တပ္ပတရားထင်ရှားဖြစ်တယ်ဆိုတဲ့သဘောက ငါတစ်ယောက်က မကောင်းမှုပြုလုပ်လိုက်လျှင် ငါ့မိ၊ငါ့ဖ ငါ့ဆွေမျိုး၊ငါ့ ဆရာ သူတစ်ပါးတို့၏ အကဲ့ရဲ့ကိုခံရ၍ "တံတွေးခွက် ပက်လက်မျော"ကာ ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလးပုပ်"ရှာကြလိမ့်မည်။ ဤသို့ စပ်ဆိုင်သူများကို ငဲ့ညှာတတ်သူ၌ဒုစရိုက်မှကြောက်လန့်တတ်သော သြတ္တပ္ပတရားဖြစ်ပါတယ်။
♦♦♦မိမိဂုဏ်သိက္ခာကို လည်းမငဲ့၊ ဆရာသမား မိဘဆွေမျိုး များကိုလည်း မငဲ့၊ ရွဲ့ချင်တိုင်းရွဲ့သူ၌ကား ဟိရီ သြတ္တပ္ပ (၂)မျိုးလုံးကင်း၍ ဒုစရိုက်မှုတွေ ပြည့်တင်းနေမှာပါ။♦♦♦
]
ထို့ကြောင့် ဤဟိရီနှင့် သြတ္တပ္ပ တရားနှစ်ပါးသည် ကမ္ဘာသူ ကမ္ဘာသားလူအများကို သားနှင့်အမိ၊ မောင်နှင့်နှမ စသည် ခြားနားအောင် စောင့်ရှောက်တတ် သောကြောင့် "လောကပါလ=ကမ္ဘာစောင့်တရား"ဟုလည်းကောင်း ဖြူစင်သန့်ရှင်းအပြစ်ကင်းအောင် ပြုတတ်သောကြောင့် "သုက္ကမ္မ=ဖြူစင်ေ သာတရား"ဟုလည်းကောင်း နာမည် ရပါတယ်။လူ့လောက၌ ဤတရားနှစ်ပါးသာ မရှိပါမူ တိရိစ္ဆာန်တို့နှင့် မထူးခြားနားဘဲ မှားချင်တိုင်းမား၍ မကြားကောင်း မနာသာ ဖြစ်ရာ၏။
] ယခုအခါမှာ ဟိရီ သြတ္တပ္ပကင်းသူတို့နှင့် ပေါင်းသင်းဆက်ဆံ၍ နေကြပြီး အဝတ်အစား ၊ အနေအထိုင် အသွားအလာမှစ၍ လျှပ်ပေါ်လော်လည်ကာ အမြင်မတော် စရာတွေ များနေပါပြီ။ ဤအတိုင်းဆက်သွားနေမည်ဆိုလျှင် မကြာခင် အမြီးပေါက်ကြလိမ့်မည်ဟု ကျေးဇူးရှင်မဟာဂ န္ဓာရုံဆရာတော် ဘုရားကြီးက အမိန့်ရှိဖူးပါတယ်။
♦ရှက်မှု၊ကြောက်မှုကို ဟိရီ သြတ္တပ္ပ ဟုဆိုသော်လည်း တွေ့ကရာ ရှက်ကြောက်မှုတွေကို ဟိရီသြတ္တပ္ပအစစ်ဟု မမှတ်ရပါ။ဒုစရိုက်မကောင်းမှုကိုပြုရမည်မှ ရှက်ခြင်း၊ကြောက်ခြင်းကိုသာ ဟိရီ သြတ္တပ္ပ အစစ်ဟုမှတ်ရတာပါ။
♦ထို့ကြောင့် ဥပုသ်စောင့် တရားနာ ဘုရားသွားရမှာကို ရှက်မှု၊ ♦ပရိသတ်အလယ်မှာ စာဖတ်၊ စကားပြော၊ ♦တရားဟောရမှာကို ရှက်မှု (အစာပြတ်၍ ငတ်သေရမည်ကိုမရှက်၊ အလုပ်လက်မဲ့နှင့် တေလေလုပ်ရမည်ကို မရှက်ဘဲ) အောက်ကျသည် ဟုထင်သော အလုပ်တစ်ခုခုကို လုပ်ရမည်ကိုရှက်မှု၊ ယောင်္ကျားနှင့်မိန်းကလေးတို့ အချင်းချင်းတွေ့သာအခါ ရှက်နေမှုများသည် ဟိရီ အစစ်မဟုတ်၊ပရိယာယ် မာယာများခြင်း၊ ဟန်ကြီး ပန်ကြီးလုပ်ခြင်းသာဖြစ်ပါတယ်။
လောကအကျိုးစီးပွားကိုပြဆိုတဲ့ နီတိကျမ်းများ၌ ၁။ရောင်းဝယ်ဖောက်ကား အတိုးအပွားပေးသောအခါ။ ၂။ဆရာ့အထံချဉ်းကပ်၍ အတတ်ပညာသင်သောအခါ။ ၃။အစာစားသောအခါ။ ၄။သမီးခင်ပွန်းအချင်းချင်း ရင်းရင်းနှီးနှီး ပျော်မွေ့သောအခါ ဤအခါများ၌ အရှက်ကိုဖယ်ထားရမည်ဟု ညွှန်ပြ လျက်ရှိသည်။(မှတ်ချက်။ ။ဤမရှက်မှုများ၌ ကုသိုလ်ဖြစ် မဖြစ်ကို ပြောလိုရင်းမဟုတ်၊မိမိအကျိုးရှိ မည့်အရာ၌ မရှက်ရဟု ဆိုလိုခြင်းသာ ဖြစ်ပါတယ်။)
ထို့ပြင်တရားစသည်တို့၌ တရားသူကြီးကိြုေ ကာက်ခြင်း၊ ရထား ၊သဘောင်္၊ မြို့ပြတို့၌ တောသူတောင်သားတို့ အိမ်သာ မသွားဝံ့အောင်ကြောက်ခြင်း၊ လူတစ်ယောက်နှင့် တစ်ယောက်ဖြစ်စေ၊ ခွေးစသော တိရိစ္ဆာန်များကို ဖြစ်စေ၊ တစ္ဆေကိုဖြစ်စေ ကြောက်ရွံ့ခြင်း၊ မရောက်ဖူးသော အရပ်သို့ ခရီးသွားရမည်ကို ကြောက်ရွံ့ခြင်း၊ ယောင်္ကျားကလေး မိန်းကလေးများ အရေးရောက်က ကြောက်နေကြခြင်း၊မိဘ ဆရာသမား လူကြီးသူမတို့ကို ကြောက်ခြင်း၊ ထိုသူတို့ရှေ့၌ စကားမပြောဝံ့အော င်ကြောက်ခြင်း၊ ဤသို့သော ကြောက်ခြင်းများလည်း သြတ္တပ္ပ အစစ်မဟုတ်၊ သတ္တိညံ့ဖျင်းမှု(တရားသဘောအားဖြင်)ဒေါမနဿပြဌာန်းသော အကုသိုလ်အစုပင်ြ ဖစ်ပါသည်။
ဤပြခဲ့သော စကားအစဉ်ကို ကြည့်၍ အကုသိုလ် မဖြစ်သော ကိစ္စ၌ မရှက်သင့်၊ မကြောက်သင့်ဟုနားလည်ကြပြီ။ သို့သော် မရှက်မကြောက်ဘဲလူမိုက်အားကိုး ရဲရမည်ဟု မဆိုလို။ထိုလူမိုက်အားကိုး အရဲမျိုးသည် တစ်ဖက်သား ကို မလေးမစား အဂါရဝ ဒေါသ မာန တရားများဖြစ်၍ မိုက်ရူးရဲမှာ မောဟ ဒေါသ တို့သာ အဖြစ်များသည်။ ထို့ကြောင့် မရှက်သင့် မကြောက်သင့်သော ကိစ္စတို့၌ ဆင်ကန်းတောတိုး သဘောမျိုးဖြင့် အကျိုးမရှိသော မိုက်ရူး ရဲနှင့် ဆရာမိဘ လူကြီးသူမတို့၌ မရိုမသေ မလေးစားမှု အဂါရဝမျိုးမဖြစ် စေဘဲ အလိမ္မာဥာဏ်ဖက်၍ မိမိ၏ စိတ်ဓာတ်ကို ပြုပြင်ကာ ကျက်သရေ မင်္ဂလာရှိသော အလယ်အလတ် မရှက်မကြောက်ခြင်းမျိုးကိုသာ အသက်ထက်ဆုံး ကျင့်သုံးနေထိုင်ကြပါဟု နှိုးဆော်သမှုပြုလိုက်ပါသည်။
ကိုးကား။ ။အရှင်ဇနကာဘိဝံသ (ကိုယ်ကျင့်အဘိဓမ္မာကျမ်း)မှ aကာက်နှုတ်ဖော်ပြလိုက်ပါသည်။ အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာ ချမ်းသာကြပါစေ။
-[ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)]
Dhamma Danã Source ► www.facebook.com/youngbuddhistass ociation.mm
No comments:
Post a Comment