"သံဃိကဒါနဆိုတာ"
သံဃိကဒါနဆိုတာ ဒက္ခိဏ၀ိဘင်္ဂသုတ်အရ
(၁) ဘုရား အပါအ၀င်ဖြစ်တဲ့၊ ဘုရားခေါင်းဆောင်တဲ့၊ ဘုရားအမှူးရှိတဲ ဥဘတောသံဃာအား လှူဒါန်းခြင်းဟာ ပထမသံဃိကဒါနပဲ။
(၂) မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသွားတဲ့အခါမှာ နှစ်ဖက်သံဃာကို ပင့်ပြီးတော့ လှူရင်လည်း သံဃိကဒါနပဲ ဖြစ်တယ်။ နောက်
(၃) ဘိက္ခုသံဃာသက်သက်ကို လှူရင်လည်းပဲ သံဃိကဒါနပဲ။ နောက်
(၄) ဘိက္ခုနီသံဃာသက်သက်ကို လှူရင်လည်းပဲ သံဃိက ဒါနပဲ။ နောက်တစ်ခု
(၅) ဘိက္ခုသံဃာထဲမှ ရွေးချယ်ပြီးတော ဘယ်နှစ်ပါးကြွပါ၊ ဘယ်နှစ်ပါးပေးပါ ဆိုပြီး လှူရင်လည်းပဲ သံဃိကဒါနပဲဖြစ်တယ်။ နောက်
(၆) ဘိက္ခုနီသံဃာထဲကနေပြီး ရွေးချယ်ပြီး လှူရင်လည်း သံဃိကဒါနပဲလို့
သံဃိကဒါန (၆)မျိုးကို ဒက္ခိဏဝိဘင်္ဂသုတ်မှာ ခွဲခြားပြီးဟောတ ယ်။
ပုဂ္ဂလိကဒါနနဲ့ သံဃိကဒါန ဒီနှစ်ခုအနက် ပုဂ္ဂလိကအလှူဟာ သံဃိကအလှူထက် အကျိုးကြီးတယ်လို့ ငါဘုရား ဘယ်နည်းနဲ့မှ မဟောဘူး လို့ မြတ်စွာဘုရားက မိန့်တော်မူတယ်။ သံဃိကအလှူက ပိုပြီး အကျိုးကြီးတယ်။ ....နောက်ဆုံးမှာ မြတ်စွာဘုရားက ဖြည့်စွက်ပြီး ဟောလိုက်တဲ့ တရားတစ်ခုရှိတယ်။ နောင်ခေတ်ရောက်လာတဲ့အခါမှာ ဂေါတြဘူဆိုတဲ့ ရဟန်းတွေ ပေါ်လာလိမ့်မယ်တဲ ။ ဂေါတြဘူဆိုတာ ရဟန်းတွေရဲ့ အနွယ်သဘောလောက်ပဲ ရှိပါတယ် (သို့မဟုတ်) စစ်မှန်တဲ့အနွယ်တွေကို ဖျက်ဆီးပြီးတော့ နောက်ထပ်ပေါ်လာတဲ့ အနွယ်အသစ်ပေါ့။ ..... နောက်ဆုံး ဘယ်အဆင့်ထိရောက် တုန်းဆိုရင် "ကာသာဝကဏ္ဌာ" သင်္ကန်းရောင်လေးကို လည်ပင်းမှာ စည်းထားတာလေးပဲရှိတယ်၊ ကျန်တာ လူဝတ်နဲ့ အတူတူပဲ။ ....မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ် ၂၅၀၀ တည်းက ကြိုတင်ပြီး အမိန့်ရှိခဲ့တာ အမှန်ပဲ။ "ဂေါတြဘုနော ကာသာဝကဏ္ဌာ" လည်ပင်းလေးမှာပဲ သင်္ကန်းရောင်လေး ပတ်ထားတယ် (သို့မဟုတ်) ဘာသာရေးအခမ်းအနားလေးရှိမှ သင်္ကန်းကို ခြုံလိုက်တယ်။ ဒီ့ပြင် အချိန်မှာ လူပဲ။ ဒုဿီလာ ပါပဓမ္မာ ကိုယ်ကျင့်တရားလည်း မရှိဘူးတဲ့။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ နောက်တစ်ခေတ်မှာ ပေါ်လာလိမ့်မယ်တဲ့။ ဒီလိုပေါ်လာတဲ့အခါမှာတောင် သံဃိကဒါန လှူချင်တယ်ဆိုရင သံဃာကို ရည်စူးပြီးတော့ အဲဒီပုဂ္ဂိုလ်တွေ ကို လှူရင် အကျိုးရပါတယ်တဲ့။ ရည်စူးတယ်ဆိုတာ သံဃာအစစ်ကို ရည်စူးတာ။ သူတို့ကို အာရုံပြုစရာအနေနဲ့သာထားတာ။ သူတို့ရဲ့ (lineage) အနွယ်အဆက်က သံဃာအစစ်။ အနွယ်အဆက်မှာ ဆိုပါစို့၊ လူဆိုရင် ဘိုးဘွား၊ မိဘ၊ တီတွတ်၊ ကျွတ်ဆက်၊ ကျွတ်ဆက်ကနေ သူတို့မျိုးရိုးကို လှမ်းပြီးတော့ ဂုဏ်ပြုတာမျိုးလိုပေါ့။ "အစဉ်အလာက သံဃာအစစ်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာ အကျင့်သီလ မရှိတော့တဲ့ လည်ပင်းကို သင်္ကန်းစလေး ပတ်ထားရုံ၊ ဘုန်ကြီးမှန်း သိရုံလေးလောက်တင်ရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေကို သံဃာအစစ်ကို ရည်စူးပြီးလှူရင်တောင်မှ အဲဒီ သံဃိကဒါနဟာ အတိုင်းအတာမရှိ၊ အတိုင်းမဲ့ အကျိုးရှိတယ်" လို့ မြတ်စွာဘုရားက ဒက္ခိဏ၀ိဘင်္ဂသုတ်မာဟောထားတယ်။ အဲဒီတော့ မြတ်စွာဘုရားက သံဃိကဒါနထက် ပုဂ္ဂလိကဒါနက သာတယ်လို့ ငါဘုရား မဟောနိုင်ဘူး ဒါကြောင့် မိထွေးတော် ဂေါတမီကို သံဃာကိုလှူပါတဲ့။ ဒါ မြတ်စွာဘုရားရဲ့ ကရုဏာပဲ။ ကရုဏာထားပုံချင်း မတူဘူး။ မိထွေးတော် ဂေါတမီက သူ့ကို သနားသောအားဖြင့် သူ့အ၀တ်ကို အလှူခံပါ။ ကိုယ်တိုင်ဝတ်ပါတဲ့။ ဘုရားက ကရုဏာထားတာက ငါဝတ်ရင် ငါတစ်ယောက်တည်းပဲဖြစ်မယ်၊ သံဃာကို လှူလိုက်မယ်ဆိုရင် သံဃိကဒါနဖြစ်ပြီး သူ့မှာ နှစ်ဖက်ကအကျိုးရမယ်။ ငါ့အပေါ်မှာ စေတနာထားလို့ရတာက အကျိုးတစ်ခု၊ သံဃာအပေါ်မှာ စေတနာထားလို့ ရတာကတစ်ခု၊ ပိုပြီးတော့ အကျိုးရစေချင်တဲ မြတ်စွာဘုရားရဲ့ ကရုဏာဟာ ပိုပြီးကြီးမားတဲ့ ကရုဏာ ဖြစ်တယ်နော်။ ....ဘာဖြစ်လို့တုန်းဆိုရင် ဘုရားကိုလှူတဲ့ အလှူဒါနနဲ့ သံဃာကိုလှူတဲ့ အလှူဒါနကို ယှဉ်ရင် ဘုရားကိုလှူတာက ပုဂ္ဂလိကဒါန၊ သံဃာကိုလှူတာကတော့ သံဃိကဒါန။ အဲဒါကြောင့် အကျိုးပေးတာချင်း၊ အကျိုးရတာချင်း မတူဘူးတဲ့။
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝ သ(Ph.D)။
နိယျာနိကသာသနာ နှင့် မြတ်ဒေသနာများစာ အုပ်။
ဒက္ခိဏဝိဘင်္ဂသုတ်အနှစ်ချုပ် တရားတော်မှ ကောက်နုတ် ကူးယူပူဇော်ပါတယ်
No comments:
Post a Comment