Sunday, December 1, 2013

"ထေရ၀ါဒနှင့် ကန်တော့ပွဲ"

"ထေရ၀ါဒနှင့် ကန်တော့ပွဲ" ******************** ကန်တော့ပွဲကန်တော့သည်ဟူသော အသုံးအနူန်းသည်လူတိုင်းပါးစပ်ဖျားတွင်အမြဲပြောေ နကြသည်။ဘုရားကန်တော့မလို့၊ ဘုန်းကြီးကန်တော့ မလို့၊ မိဘဆရာသမားကန်တော့မလို့၊ နတ်ကန်တော့မလို့၊ စသည်ဖြင့် အမျိုးအစားများစွာရှိသည်။ ကန်တော့ပွဲများစွာထဲတွင် ဗုဒ္ဓဘာသာဝင်များ ၏ ဘုရားစင်ဘုရားခန်းရှေး၌ဘုရားပွဲ တရားပွဲ သံဃာပွဲ သာသနာပွဲစသည်ဖြင့်ကန်တော့ပွဲတွေထိုးလေ့ရှိသည်။ အဘယ်ကြောင့်ကန်ေ တာ့ပွဲထိုးပါသနည်းဟုမေးလျှင်များသောအားဖြင့် ဖြေကြသည်မှာ စီပွားလာဘ် ဘာဘတက်ဖို့၊ ရာထူးတိုးဖို့စသ ည်ဖြင့်ပြောတတ်ကြသည်။ သည်လိုကန်တော့ပွဲထိုးခြင်းသည် ထေရ၀ါဒဗုဒ္ဓဘာသာနှင့်အပ်စပ်ပါသလားစသည်ဖြင့်မေးမြ န်းကြသည်။မအပ်စပ်ပါဟုဖြေလိုပါသည်။သည်နေရာ၌ ကန်တော့ပွဲဟူသော စကားကိုစိတ်ဖြာကြည့်လျှင် ကန်တော့+ပွဲ ဟူသောစကား ၂လုံးရှိ သည်။ကန်တော့စကားသည် အပြစ်ရှိကပြေပျောက်စေရန်၊ အပြစ်မရှိကလည်းကုသိုလ်ရစေရန်ပြူလုပ် ကြသည့်အလေ့အထတခု ဖြစ်သည်။ဘုရားလက်ထက်ကသောရေယျသူဌေးသား သည်မြစ်ဆိပ်မှအပေါင်းအသင်းများနှင့် ရေချီုးပြီး၌ပြန်လာစဉ် ကြည်ညိုဖွယ်ရာရုပ်အဆင်းအင်္ဂါအလွန်သပ္ပါယ်သောရဟန္တာအရှင်မဟာကစ္စည်းမထေရ်ကိုမြင်သဖြင့်သည်ရဟန်းသည် အလွန်ချောမောလှပ ပေသည်ငါ့မိန်းမသာဖြစ် လျှင် သိတ်ကောင်းမှာပဲဟု စိတ်ထဲကပြစ်မှားမိသည်။သည်မနောကံအပြစ်ေ ကြာင့် မိန်းမဘ၀ကိုပြောင်းသွားသည်။ သောရေယျသည်ရှက်လွန်းသောကြောင့်အ ခြားအရပ်သို့ထွက်ပြေးပြီးထိုအရပ်မှာပင်မိ န်းမဘ၀ဖြင့်အိမ် ထောင်ကျကာသားသမီးသုံးယောက်ရရှိခဲ့သည်။တနေ့သ၌သေရေယျနေထိုင်သောအရပ်သို့အရှင်မဟာကစ္စည်းမ ထေရ်ကြွလာရာ သောရေယျအမျိုးသမီးသည် ကန်တော့တောင်းပန်ရာ ယောက်ျားဘ၀ပြန်ရခဲ့သည်။ရွာတရွာထဲတွင် ရဟန္တာမထေရ်ကြီးနှင့် ရဟန်းငယ်တို့ဆွမ်းခြံ ကွရာ ယာဂုပူပူရသောအခါ ရဟန္တာမထေရ်ကြီးမှာ လေနာရောဂါထသောကြောင့် သစ်တုံးပေါ်အမြန် ထိုင်လျှက်ဘုန်းပေးတော်မူသည်။ရဟန်းငယ်က သည်ရဟန်းအိုကြီးစာပဲစာနိုင်လွန်း သည်ဟုစိတ်ထဲကပြစ်မှားမိသည်။သည်တွင် ရဟန္တာမထေရ်ကြီးကသိတော်မူသောကြောင့် ရဟန်း ငယ်အားသင် ဘယ်အဆင့်ရောက်ပြီနည်းမေး၏။ တပည့်တော် သောတပန်ပါဟု လျောက်သော်သင် ရှေးဆက်အားမထုတ်နဲ့တော့ဟုမိန့်တော်မူသည်။ ရဟန်းငယ်ကသူပြစ်မှားမိသောအပြစ်သ ည် မဂ်ဖိုလ် ကိုတားနေပြီးဟုသိသောကြောင့် ရဟန္တာမထေရ်ကြီးအားကန်တော့တောင်းပန်မှပြေပျောက်လေ သည်။ မိမိထက်အသက်သိက္ခာဂုဏ်ဝါကြီးမြတ်သောသူတို့အား ကန်တော့လျှင်အကျိုး၎မျိုးရရှိသည်။အသ က်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ ခွန်အားကြီးခြင်းဟူသော ကောင်းကျိုးလေးမျိုးတို့ဖြစ်သည်။


ပွဲ-ဟူသည်မှာလောကီအစီအရင်သာဖြစ်ပါသည်။ ဘုရားပွဲ၊ တရားပွဲ၊ သံဃာပွဲ၊ ၀ိဇ္ဖာဓိုရ်ပွဲ၊ မဟာလာဘံလာဘ်ဖွင့်ပွဲ၊ ဓနသိဒ္ဓိပွဲ၊ စန်းလာဘ်ဖွင့်ပွဲ၊ မဟာဇေယျံပွဲ၊ အနေကဇာတင်ပွဲ၊ အနန္တငါးပါးပွဲစသ ည်ဖြင့်များစွာရှိ၏။ဤနေရာတွင် လောကီပွဲများကို မဆိုလိုပါ။ဘုရားစင်ရှေ့ရော က် လာသောပွဲများကို သာစိစစ်ပါမည်။ယင်းကန်တော့ပွဲများတွင် အုန်းသီးတစ်လုံး၊ ငှက်ပျောသီးသုံးဖီး(သို့)ငါးဖီး၊ ကွမ်းယာ၊ သပြေပန်း၊ ဆီးမီးတိုင်နှင့်အခြားလှူဖွယ်များ ပါဝင်သည်။ ပွဲထိုးပုံနည်းစနစ်မှာအုန်းသီးကြွက်မြီးကို ဘုရားဘက်သို့ လှည့်ထားရမည်။ကွမ်းယာကို လက်ဝဲဘက်ကအရင်ခေါက်၊ ပြီးမှလက်ယာဘက်က ခေါက်ရသည်။အခေါက်ကို အုန်းသီးဘက်လှည့်၌ ညှပ်ရသည်။ငှက်ပျောငါးဖီးထိုးလျှင် အောက်ဆုံးတွင် နှစ်ဖီးကို အညှာချင်းဆိုင်ထားပြီး ယင်းအပေါ်မှ အုန်းသီးကို ထားရမည်။ကျန်သုံးဖီးမှာအုန်းသီးကို ရံထားရသည်။အုန်းကြွက်မြီးကိုဘုရားရှင်ဘက် လှည့်ထားရမည်။ယင်းသို့ထိုးမှသိဒ္ဓိမြောက်သည်ဟ ဆိုသည်။ လောကီအစီအရင် လောကီ ယုံကြည်မှုကို မဝေဖန်လိုပါ။သာသနာအတွက် အပ်စပ်ထိုက်တန်မှုရှိမရှိကိုသာဝေဖန်လိုပါသည်။ ယင်းတို့လှူသောပစ္စည်းများတွင်အုန်းသီးငှက်ပျောသီးများသည် ယာဝကာလိကဘောဇဉ်အမျိုးအစားဖြစ်၍ နံနက်ပိုင်းတွင်သာ ကပ်လှူကောင်းသည်။ အလှူခံသူကလည်းနံနက်ပိုင်းတွင် သာ အလှူခံပြီး နံနက်ပိုင်းတွင်သာ သုံးဆောင်ကောင်းသည်။ ဆွမ်းတော်ကပ်သလိုမွန်းတည့်လျှင်စွန့်ပစ်သင့်ပါသ ည်။ သို့မှသာသက္ကစ္စဒါန=ရိုရို သေသေ လှူရာရောက်သည်။ ယခုမူ တစ်ခါပွဲထိုးထား လျှင် ခုနစ်ရက်ခုနစ်လီ ကြာတတ်သည်။ ငှက်ပျောသီးဆိုသ ည်မှာ အမှည့်ကို စားရသော အသီးဖြစ်သည်။ ပွဲထိုးသူများသည်စားမရသေးသည့် ငှက်ပျောသီးစိမ်းများကိုသာ ရတနာသုံးပါးအတွက်လှူဒါန်းပြီး မှည့်ဝင်းကာ စားလို့ရနိုင်သည့်အချိန်တွင် ပြန်ယူသွားကြသည်။ ဘုရားရှေ့တွင်ငှ က်ပျောသီးအုပ်သလိုဖြစ်နေသည်။ မအပ်စပ်မဖြစ်သင့်ပါ။အုန်းသီးသည် အပင်ပြန်ပေါက်နိုင်သော ဗီဇဂါမ်ပစ္စည်းဖြ စ်သည်။ အလုံးလိုက် မကပ်ကောင်းသလို၊ အလုံးလိုက်တိုက်ရိုက်အလှူ မခံကောင်းပါ။ ခွဲစိတ်ပြီးမှကပ်ခြင်း၊ အပင်ပြန် မပေါက်နိုင်အောင်ဖျက်ဆီးပြီးမှကပ်ခြင်းတို့သည် သာအပ်စပ်ပါသည်။ ကွမ်းယာကိုမူဘုရားရှင်သုံးဆောင်သည်ဟု ပိဋကတ်၌လည်းမတွေ့ဖူး၊ ပညာရှိစကားလည်း မကြားဖူးပါ။ ထိုသို့သော မအပ်စပ်သည့် လှူဖွယ်ဝတ္ထုများကို ဘုရားရှင်တို့ အလှူမခံပါ။ တစ်ခါကသုဘဒ္ဒရဟန်းကြီးတို့သားအဖသည် ဘုရားရှင်အား ဆွမ်းလှူဒါန်းလိုသဖြင့်ရဟန်းဘ၀ဖြင့် ဆတ္တာသည်လုပ်၍ ငွေရှာ၏။ ရလာသော ငွေဖြင့် ဘုရားအမှူးရှိသော သံဃာတော်များအားဆွမ်းကပ်၏။ မအပ်စပ်သောနည်ြး ဖင့်ရှာဖွေလှူဒါ န်း ခြင်းကြောင်း ဘုရားရှင်က အလှူခံတော်မမူပေ ။ ယနေ့ခေတ်ကန်တော့ပွဲများကိုလည်းမအပ်စပ်သဖြင့် ဘုရားရှင်အလှူခံမည်မဟုတ်ပေ။


သိဒ္ဓိဟူသည်မှာ ပြီးမြောက်ခြင်းဟု အဓိပ္ပာယ်ရ၏။ ဘုရားရှင်အလှူမခံသဖြင့်လှူဒါန်းခြင်းကိ စ္စကား ပြီးမြောက်နိုင်မည်မဟုတ်ပေ။ ဒါနသိဒ္ဓိမမြောက် နိုင်သဖြင့်ဒါနကြောင့်ရလာမည့်အကျိုးလည်း ရနိုင်မည်မထင်ပါ ။ လောကီနည်းဖြင့် သိဒ္ဓိမြောက်နိုင်မည်ဟု ယုံကြည်လျှင်ကား မဝေဖန်လိုပါ။ ဗုဒ္ဓဘာသာနှင့်ဤစနစ်ယုံကြည်ချက်ကိုအခြေခံသောကန်တော့ပွဲကား ဘယ်လိုမှ မအပ်စပ်ပါ။ ရဟန်းတော်များအတွက်အလှုခံဘုဉ်းေ ပးသုံးဆောင်ကောင်းသောအချိန်ကာလများ ယာဝကာလိက-ဘောဇဉ် ၅ပါး၊ ခဲဖွယ် ၁၂ ပါး သစ်ကြီး ၉ပါး။ ယာမကာလိက-အဖျော်-သစ်သီးဖျော်ရည် သတ္တာဟကာလိက-ထောပတ် တင်လဲပျား ဆီဦး ယာဝဇီဝက-အသက်ရှိသမျှကာလပတ်လုံးသုံးစွဲနိုင်သော ဆေးစသည်။ http://shwenakathu.blogspot.inမှတဆင့် ကူးယူဖော်ပြသည်။


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT