Saturday, December 21, 2013

အာဋာနာဋိယသုတ်တော်

“အာဋာနာဋိယသုတ်တော်”

အာဋာနာဋိယသုတ် ရွတ်ဖတ်ရခြင်း အကျိုးတရား

ဤသုတ်ကို မပြတ်ရွတ်ပေးလျှင် နတ်တို့က လိုလားသည်၊ နတ်လိုက လူလို၊ လူလိုက ဂြိုဟ်မ၊ ကံဇာတာ ထလာစေနိုင်သည်၊ စုန်းပယောဂ၊ တစ္ဆေ၊ မြေဖုတ်ဘီလူး ပူးကပ်လျှင် ဤသုတ်ဖြင့် ထုတ်ပြစ်နိုင်သည်၊ ပယောဂ ခွာဆေးတစ်မျိုြး ဖစ်ပေသည်။ ဤသုတ်ကို ရွတ်ပေးလျှင် လူနာကို အပမမှီနိုင်ပေ။

၁။ အပ္ပဿန္နေဟိ နာထဿ၊ သာသနေ သာဓုသမ္မတေ။ အမနုေဿဟိ စဏ္ဍေဟိ၊ သဒါ ကိဗ္ဗိသကာရိဘိ။

အာဋာနာဋိယသုတ်မြန်မာပြန်

၁။ သူတော်ကောင်းအပေါင်းက ကောင်းပါပေသည်ဟု လက္ခံ ချီးကျူးထားသော မြတ်စွာဘုရား၏ သာသနာတော်ကိုပင် မကြည်ညို မသက်ဝင်နိုင်ကြသော လူကြမ်း၊ ဘီလူးတို့သည် ရက်စက်တတ်ကြကုန်၏။ မည်သည့်အခါမဆို နိုင်ထက်စီးနင်း နှိပ်စက်ကလူ ပြုတတ်ကြကုန်၏။

၂။ ပရိသာနံ စတဿန္နံ၊ အဟိံသာယ စ ဂုတ္တိယာ။ ယံ ဒေသေသိ မဟာဝီရော၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၂။ ထိုဘီလူးကြမ်းတို့က ပရိတ်သတ်ကို မညှဉ်းဆဲ မနှိပ်စက်နိုင်ေ စရန်နှင့် သူတို့ကပင် ကူညီစောင့်ရှောက်လာစေရန် ရည်ရွယ်ချက်ဖြင့ ကြီးမြတ်သော လုံ့လရှိတော်မူသော မြတ်စွာဘုရားက ဤအာဋာနာဋိယပရိတ် အရံအတားကို ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။ ယခုအခါ၌ ဤပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း၍ ရွတ်ဆိုကြပါကုန် စို့။

၃။ ဝိပဿိဿစ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။ သိခိဿပိ စ နမတ္ထု၊ သဗ္ဗဘူတာနုကမ္ပိနော။

၃။ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူသော ဝိပဿီမြတ်စွာဘုရားအား အကျွန်ုပ်၏ ဦးညွတ်ရှိခိုးခြင်း ဖြစ်ပါစေ၊ သတ္တဝါ အားလုံးအပေါ် ကြင်နာသနားမှုဖြင အစဉ်သနား စောင့်ရှောက်တော်မူသော သိခီ မြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ဦးညွတ်ရှိခိုးမှုဖြစ်ပါစေ။

၎။ ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။ နမတ္ထု ကကုသန္ဓဿ၊ မာရသေနာပမဒ္ဒိနော ။

၎။ မကောင်းမှု အညစ်အကြေးကို ဆေးကြောသန့်စင်ပြီး ဖြစ်သော၊ ခြိုးခြံသောအကျင့်ကိုလည်း ကျင့်တော်မူသော ဝေဿဘူမြတ်စွာဘုရားအား လည်း အကျွန်ုပ်ရှိခိုးပါ၏၊ မာရ်စစ်သည်အပေါင်းကို နှိမ်နင်းအောင်ြ မင်တော်မူ သော ကကုသန်မြတ်စွာဘုရားအားလည်း အကျွန်ုပ် ရှိခိုးပါ၏။

၅။ ကောဏာဂမနဿ နမတ္ထု၊ ဗြဟ္မဏဿ ဝုသီမတော။ ကဿပဿ စ နမတ္ထု၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။

၅။ မကောင်းမှုဟူသမျှ အပပြုပြီးသော ငါးပါးသောဝသီဘော်နှင့် ပြည့်စုံတော်မူ သော ကောဏာဂုံ မြတ်စွာဘုရားအားလည်း အကျွန်ုပ် ရှိခိုးပါ၏၊ ခပ်သိမ်းသော ကိလေသာတို့မှ လွတ်ကင်းတော်မူပြီးသော ကဿပမြတ်စွာဘုရားအားလည်း အကျွန်ုပ် ရှိခိုးပါ၏။

၆။ အင်္ဂီရသဿနမတ္ထု၊ သကျပုတ္တဿ သိရီမတော။ ယော ဣမံ ဓမ္မံ ဒေသေသိ၊ သဗ္ဗဒုက္ခာပနူဒနံ။

၆။ ဂေါတမဘုရားရှင်သ ည် လူတို့၏ ဆင်းရဲဒုက္ခဟူသမျှကို ပယ်ဖြောက်နိုင်စွမ်း ရှိသော တရားတော်မြတ်ကို ဟောကြားတော်မူပေ၏၊ ကိုယ်တော်မှလည်း အရောင်အဝါ ကွန့်မြူးဖြာယှက် ထွက်တော်မူ၏၊ ဘုန်းကျက်သရေနှင့်လည်း ပြည့်စုံတော်မူပေ၏၊ သကျသာကီဝင်မင်းသားလည်း ဖြစ်တော်မူ၏၊ ထိုဂေါတမ မြတ်စွာဘုရားအား အကျွန်ုပ်၏ ဦးညွတ်ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။

၇။ ယေ စာပိ နိဗ္ဗုတာ လောကေ၊ ယထာဘူတံ ဝိပဿိသုံ။ တေ ဇနာ အပိသုဏာထ၊ မဟန္တာ ဝီတသာရဒါ။

၇။ လောက၌ ငြိမ်းအေးကုန်ပြီးသော ဘုရားရှင် အဆူဆူတို့သည် ယထာ ဘူတကျကျ သိကုန်၏၊ ချောပစ်ကုန်းတိုက်သော စကားမျိုးကို မည်သည့်အခါမျှ ဆိုမိန့်တော်မမူ၊ ကြီးလည်း ကြီးမြတ်ကုန်၏၊ ကြောက်ရွံ့ခြင်းလည်း ကင်းကုန်၏။

၈။ ဟိတံ ဒေဝမနုဿာနံ၊ ယံ နမဿန္တိ ဂေါတမံ။ ဝိဇ္ဇာစရဏသမ္ပန္နံ၊ မဟန္တံ ဝီတသာရဒံ။

၈။ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူ၍ မြတ်လှစွာသော ရဲရင့်ခြင်းအတိရှိတော်မူသော နတ်လူတို့၏ အစီးအပွားကို ဆောင်တော်မူတတ်သော ဂေါတမနွယ်ဖွား ရှင်တော်မြတ်ဘုရားကို ရှိခိုးဦးညွတ် ကြပါ ကုန်၏။

၉။ ဧတေ စညေ စ သမ္ဗုဒ္ဓါ၊ အနေကသတကောဋိယော။ သဗ္ဗေ ဗုဒ္ဓါ သမသမာ၊ သဗ္ဗေ ဗုဒ္ဓါ မဟိဒ္ဓိကာ။

၉။ ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဟူသော ဘုရားခုနှစ်ဆူတို့နှင့်တကွ အကုဋေမက များလှစွာသော ဘုရားရှင်အားလုံးတို့ သည် ပစ္စေကဗုဒ္ဓါ ရဟန္တာများနှင့် တူတော်မမူကုန်၊ ဆိုခဲ့ပါ သဗ္ဗညုဘုရားရှင်ချင်း သာ တူတော်မူကြကုန်၏၊ ဘုရားရှင် အားလုံးပင် တန်ခိုးဣဒ္ဓိ လွန်စွာကြီးမား ကြကုန်၏။

၁ဝ။ သဗ္ဗေ ဒသဗလူပေတာ၊ ဝေသာရဇ္ဇေဟု' ပါဂတာ။ သဗ္ဗေ တေ ပဋိဇာနန္တိ၊ အာသဘံ ဌာန မုတ္တမံ။

၁ဝ။ ခပ်သိမ်းကုန်သော ဘုရားရှင်တို့သည အားတော်ဆယ်ပါးနှင့် ပြည့်စုံတော် မူကြ၏၊ ရဲရင့်သော ဝေသာရဇ္ဇဉာဏ်နှင့် ပြည့်စုံတော်မြူ က၏၊ မြတ်သော ယောက်ျား ဖြစ်တော်မူ၍ သဗ္ဗညုတဉာဏ်ကို ရရှိကြောင်းဝန်ခံကြကုန်၏။

၁၁။ သီဟနာဒံ နဒန္တေ' တေ၊ ပရိသာသု ဝိသာရဒါ။ ဗြဟ္မစက္ကံ ပဝတ္တေန္တိ၊ လောကေ အပ္ပဋိဝတ္တိယံ။

၁၁။ ဘုရားရှင်တို့မည်သည် ပရိသတ်ဗိုလ်ပုံအ လယ်၌ လွန်စွာရဲရင့်တော်မူကြ၏။ ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ရဲရဲ ရင့်ရင့်စကားဆိုကြ၏၊ မည်သူတစ်ဦး တစ်ယောက်မျှ မလည်မပတ်စေနိုင်သော ဓမ္မစကြာတရားတော်ကိုလည်း လည်ပတ် စေကုန်၏။

၁၂။ ဥပေတာ ဗုဒ္ဓဓမ္မေဟိ၊ အဋ္ဌာရသဟိ နာယကာ။ ဗာတ္တိံသလက္ခဏူပေတာ၊ သီတာနုဗျဉ္ဇနာဓရာ။

၁၂။ ဘုရားရှင်တို့သည် လူသုံးပါးတို့၏ ခရီးလမ်းညွှန် ဖြစ်ကြ၏။ ဘုရား၏ ကျေးဇူးတရား ဆယ့်ရှစ်ပါးနှင့် ပြည့်စုံကြကုန်၏ ။ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီးတို့နှင့်လည်း ပြည့်စုံတော်မြူ က၏။ လက္ခဏာတော်ငယ်ရှစ်ဆယ်နှင့်လည်း ပြည့်စုံတော်မူကြ၏။

၁၃။ ဗျာမပ္ပဘာယ သုပ္ပဘာ၊ သဗ္ဗေ တေ မုနိကုဉ္ဇရာ။ ဗုဒ္ဓါ သဗ္ဗညုနော ဧတေ၊ သဗ္ဗေ ခီဏာသဝါ ဇိနာ။

၁၃။ ဘုရားရှင်ဟူသမျှ ကိုယ်တော်အလုံးမ တလံမျှလောက် ရောင်ခြည်တော် အမြဲထွက်လျက်ရှိ၏၊ ရဟန်းဟူသမျှတို့ထက် ကြီးမြတ်၏၊ ခပ်သိမ်းသော တရားကိုလည်းသိ၏၊ ကိလေသာ အာသဝေါလည်း ကင်း၏၊ မာရ်ငါးပါးကိုလည်း အောင်ပြီးဖြစ်၏။

၁၄။ မဟာပဘာ မဟာတေဇာ၊ မဟာပညာ မဟဗ္ဗလာ။ မဟာကာရုဏိကာ ဓီရာ၊ သဗ္ဗေသာနံ သုခါဝဟာ။

၁၄။ ဘုရားရှင်တို့သည် များမြတ်သော ရောင်ခြည်တော်၊ ကြီးသောတန်ခိုး၊ ထွတ်မြတ်သောပညာ၊ စွမ်းသန်သောခွန် အား၊ အတိုင်းမသိသောကရုဏာ၊ စွဲမြဲသောလုံ့လတိ့ကို ပိုင်တော်မူကြ၏၊ သတ္တဝါအများ၏ ကောင်းကျိုးချမ်းသာကို လည်း ဆောင်တော်မူတတ်ကြကုန်၏။

၁၅။ ဒီပါ နာထာ ပတိဋ္ဌာ စ၊ တာဏာ လေဏာ စ ပါဏိနံ။ ဂတီ ဗန္တူ မဟေဿာသာ၊ သရဏာ စ ဟိတေသိနော။

၁၅။ ဘုရားရှင်တို့သည် သတ္တဝါအပေါင်းတို့၏ မှီခိုရာကျွန်းလည်းဖြစ် ၏၊ ကိုးကွယ်ရာလည်ြး ဖစ်၏၊ တည်ရာလည်းဖြစ်၏၊ စောင့်ရှောက်ရာလ ည်း ဖြစ်၏၊ ဘေးအန္တရာယ်မှ ပုန်းကွယ်ရာလည်း ဖြစ်၏၊ လားရောက်ရာလည်း ဖြစ်၏၊ ဆွေမျိုးသဖွယ်လည်း ဖြစ်၏၊ အောက်မေ့ရာလည်း ဖြစ်၏၊ မြတ်စွာဘုရားရှင်တို့ သည် မြတ်သောမှီရာလည်း မည်ပေ၏၊ သတ္တဝါတို့၏ အစီးအပွါးကိုလည်း ရှာကြံလေ့ရှိကြကုန်၏။

၁၆။ သဒေဝကဿ လောကဿ၊ သဗ္ဗေ ဧတေ ပရာယဏာ။ တေသာ'ဟံ သိရသာ ပါဒေ၊ ဝန္ဒာမိ ပုရိသုတ္တမေ။

၁၆။ ထိုဘုရားရှင်တိုင်းသည် နတ်တို့၏လဲလျောင်းရာ၊ လူတို့၏မှီခိုရာ ဖြစ်ကြ ကုန်၏၊ အကျွန်ုပ်သည် ယောက်ျားဟူ သမျှတို့ထက် သာလွန်မြင့်မြတ်တော်မူ သော ထိုဘုရားရှင်တို့၏ ခြေတော်တို့ကို ဦးနှိမ်ရိုကျိုး ရှိခိုးပါ၏။

၁၇။ ဝစသာ မနသာ စေဝ၊ ဝန္ဒာမေ'တေ တထာဂတေ။ သယနေ အာသနေ ဌာနေ၊ ဂမနေ စာပိ သဗ္ဗဒါ။

၁၇။ အကျွန်ုပ်သည် အိပ်နေသောအခါ၌ ဖြစ်စေ၊ ထိုင်နေ သောအခါ၌ ဖြစ်စေ၊ ရပ်နေသောအခါ၌ ဖြစ်စေ၊ လမ်းသွားနေသောအခါ၌ ဖြစ်စေ၊ မည်သည့်အခါ၌ မဆို ထိုဘုရားရှင်တို့အား နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အမြဲမပြတ် ရှိခိုးပါ၏။

၁၈။ သဒါ သုခေန ရက္ခန္တု၊ ဗုဒ္ဓါ သန္တိကရာ တုဝံ။ တေဟိ တွံ ရက္ခိတော သန္တော၊ မုတ္တော သဗ္ဗဘယေဟိ စ။

၁၈။ ကိလေသာအပူအပေါင်းကို ငြိမ်းအေးအောင် ပြုတော် မူတတ်ကြကုန်သော ဘုရားရှင်တို့သည် သင့်ကို ချမ်းသာအောင် မပြတ်စောင့်ရှော က်ပါစေသတည်း။ ဘုရားရှင်တို့၏ အစောင့်အရှောက်က ခံယူရသော သင်သည် ငြိမ်သက် ချမ်းမြေ့ပါစေ၊ ဘေးအန္တရာယ်ခပ်သိမ်းမှ ကင်းလွတ်ပါစေ။

၁၉။ သဗ္ဗ ရောဂါ ဝိနီမုတ္တော၊ သဗ္ဗသန္တာပဝဇ္ဇိတော။ သဗ္ဗဝေရ' မတိက္ကန္တော၊ နိဗ္ဗုတော စ တုဝံ ဘဝ။

၁၉။ သင်သည် အနာမရှိ ပကတိကျန်းမာသူ၊ ပူပန်ခြင်း ကင်းသူ၊ ရန်သူဟူသမျှ ကို လွန်မြောက်နိုင်သူ၊ ငြိမ်းအေး ချမ်းမြေ့သူ ဖြစ်ပါစေသတည်း။

၂ဝ။ တေသံ သစ္စေန သီလေန၊ ခန္တီမေတ္တာဗလေန စ။ တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။

၂ဝ။ ထိုဘုရားရှင်တို့သည် သီလ, သစ္စာ, ခန္တီ, မေတ္တာတို့၏ စွမ်းပကားဖြင့် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်သနား စောင့်ရှောက်ကြပါ စေကုန်သတည်း။

၂၁။ ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ သန္တိ ဘူတာ မဟိဒ္ဓိကာ။ တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။

၂၂။ ဒက္ခိဏသ္မိံ ဒိသာဘာဂေ၊ သန္တိ ဒေဝါ မဟိဒ္ဓိကာ။ တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။

၂၃။ ပစ္ဆိမသ္မိံ ဒိသာဘာဂေ၊ သန္တိ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။

၂၄။ ဥတ္တရသ္မိံ ဒိသာဘာဂေ၊ သန္တိ ယက္ခာ မဟိဒ္ဓိကာ။ တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။

၂၁၊ ၂၂၊ ၂၃၊ ၂၄။ အရှေ့မျက်နှာ အရပ်၌ တန်ခိုးကြီးသော ဂန္ဓဗ္ဗနတ်တို့ ရှိကြကုန်၏၊ တောင်ဘက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော ကုမ္ဘဏ်နတ်တို့ ရှိကြကုန်၏၊ အနောက် အရပ်မျက်နှာ၌ တန်ခိုးကြီးသော နဂါးတို့ ရှိကြကုန်၏၊ မြောက်ဘက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော ဘီလူးတို့ ရှိကြကုန်၏၊ ထိုနတ်, နဂါး, ဘီလူးတို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်တစိုက် စောင့်ရှောက်ကြပါစေကုန်သတည်း။

၂၅။ ပုရတ္ထိမေန ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရူဠှကော။ ပစ္ဆိမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။

၂၅။ အရှေ့အရပ်မျက်နှာ၌ ဂန္ဓဗ္ဗနတ်တို့ကို အစိုးရသော ဓတရဋ္ဌနတ်မင်း၊ တောင်အရပ်မျက်နှာ၌ ကုမ္ဘဏ်တို့ကို အစိုးရသော ဝိရူဠှကနတ်မင်း၊ အနောက်အရပ်မျက်နှာ၌ နဂါးတို့ကို အစိုးရသော ဝိရူပက္ခနတ်မင်း၊ မြောက်အရပ် မျက်နှာ၌ ဘီလူးတို့ကို အစိုးရသော ကုဝေရနတ်မင်း။

၂၆။ စတ္တာရော တေ မဟာရာဇာ၊ လောကပါလာ ယသဿိနော။ တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။

၂၆။ ထိုနတ်မင်းကြီးလေးယောက်တို့သည် လူတို့ကို စောင့်ရှောက်တတ်ကြ ကုန်၏၊ အခြွေအရံလည်း များကုန်၏၊ ထိုနတ်မင်းကြီးတိ့သည် ကျွန်ုပ်တို့ကိုအနာမရှိ ပကတိ ချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန် သတည်း။

၂၇။ အာကာသဋ္ဌာ စ ဘူမဋ္ဌာ၊ ဒေဝါ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။

၂၇။ ကောင်းကင်၌တည်သော နတ်များ၊ မြေ၌တည်သော နတ်များ၊ နဂါးများ သည် တန်ခိုးအလွန်ကြီးကြသည်၊ ထိုတန်ခိုးကြီးန တ်နဂါးတို့သည် ကျွန်ုပ်တို့ကို အနာမရှိပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြေ စကုန်သတည်း။

၂၈။ ဣဒ္ဓိမန္တော စ ယေ ဒေဝါ၊ ဝသန္တာ ဣဓ သာသနေ။ တေပိ အမှေ' နုရက္ခန္တု၊ အရောဂေန သုခေန စ။

၂၈။ တန်ခိုးကြီးသော နတ်တို့သည် ဤဘုရားသာသနာ၌ နေကြကုန်၏၊ ထိုသာသနာနတ်တို့သည်လည်း ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက် ကြပါစေကုန်သတည်း။

၂၉။ သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။ မာ တေ ဘဝန္တွ'န္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။

၂၉။ ဘေးရန်ခပ်သိမ်း ကင်းစေကုန်သတည်း ၊ စိုးရိမ်ကြောင့်ကြ ကင်းစေကုန် သတည်း၊ အနာရောဂါဟူသမျှ ပျောက်စေကုန်သတည်း၊ သင့်အား အန္တရာယ် တစ်စုံတစ်ရာ မဖြစ်စေသတည်း၊ ချမ်းချမ်းသာသာနှင့် အသက်ရှည်စွာ နေရပါစေ သတည်း။

၃ဝ။ အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။

အာဋာနာဋိယသုတ္တံ နိဋ္ဌိတံ။

၃ဝ။ ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်လေ့ ရှိသောသူ၊ သီလ ရှိသူ, သမာဓိရှိသူ, ပညာရှိသူတို့ကို အမြဲမပြတ် ရိုသေလေးစားတတ်သူသည် အသက်ရှည်၏၊ အဆင်းလှ၏၊ ချမ်းသာကြီးပွား၏၊ ခွန်အားဗလ တိုးတက် လေ၏၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း ဟူသောတရားတို့သည ထိုပုဂ္ဂိုလ်အဖို့ ထာဝစဉ် တိုးတက်လျက်သာ နေကြကုန် သတည်း။

အာဋာနာဋိယသုတ်တော် မြန်မာပြန်ပြီး၏ ။

No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT