Saturday, December 21, 2013

ဓဇဂ္ဂသုတ်တော်

“ဓဇဂ္ဂသုတ်တော်”

ဓဇဂ္ဂသုတ် ရွတ်ဖတ်ရခြင်း အကျိုးတရား

ဤသုတ်ကို ရွတ်ဖတ်ပွားများလျှင် ပိုမို၍ ဉာဏ်ကောင်းလာစေနိုင်သည်။ မည်သည့်နေရာသို့ဖြစ်စေ နေ့နေ့ညည တစ်ယောက်တည်းသွားရဲ၊ လာရဲ၊ နေရဲစေသည်။ စိတ်တန်ခိုးလည်း ကြီးလာလိမ့်မည်၊ ပရိတ်သတ်အလယ်မှာပြောရဲ ဆိုရဲ ရှိလာနိုင်သည်။ မိမိ၏ ဘဝအခြေအနေ ခိုင်မြဲစေသည်၊ ရာထူးတည်မြဲရေး, စည်းစိမ်တည်မြဲရေးအတွက် အကျိုးပြုလိမ့်မည် ဖြစ်သည်။

၁။ ယဿာ' နုဿရဏေနာပိ၊ အန္တလိက္ခေပိ ပါဏိနော။ ပတိဋ္ဌ' မဓိဂစ္ဆန္တိ၊ ဘူမိယံ ဝိယ သဗ္ဗထာ။

၁။ ဤဓဇဂ္ဂသုတ်ပရိတ်တော်ကို အောက်မေ့ဆင်ခြင်ကာမျှဖြင့် ကောင်းကင်၌ပင် တည်ခိုက်ကြုံသော်လည်း မြေပြင်မှာလို ခိုင်ခိုင်မြဲမြဲ တည်ခွင့်ရလေသည်။

၂။ သဗ္ဗုပဒ္ဒဝဇာလမှာ၊ ယက္ခစောရာဒိသမ္ဘဝါ။ ဂဏနာ န စ မုတ္တာနံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၂။ ဤဓဇဂ္ဂသုတ်ပရိတ်တော်ကြောင့် ဘီလူးဘေး၊ ခိုးသူဘေးစသော ဘေး အန္တရာယ်အသွယ်သွယ်မှ လွတ်မြောက်ကြရသောလူတို့ကို ရေတွက်၍ပင် မကုန်နိုင်ပါချေ ။

ယခုအခါ ဤပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ကြပါကုန်စို့။

၃။ ဧဝံ မေ သုတံ-ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။

၃။ သံဃဥက္ကဋ္ဌ သံဃနာယကဖြစ်တော်မူသော မဟာကဿဖအရှင်ဘုရား၊ အကျွန်ုပ် အာနန္ဒာထေရ်သည် ဤဓဇဂ္ဂသုတ်ပရိတ်ေ တ်ာကို မြတ်စွာဘုရားထံမှ တိုက်ရိုက် ဤကဲ့သို့ ကြားနာမှတ်သားထားလိုက်ပါ၏။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သေဋ္ဌေးကြီး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိေ သာ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော် မူပါသည်။

၎။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ ''ဘိက္ခဝေါ''တိ။''ဘဒန္တေ''တိ တေ ဘိက္ခူ ဘဂဝတော ပစ္စေဿာသုံ။ ဘဂဝါ ဧတဒဝေါစ-ဘူတပုဗ္ဗံ ဘိက္ခဝေ ဒေဝါသုရသင်္ဂါမော သမုပဗျူဠှော အဟောသိ။ အထ ခေါ ဘိက္ခဝေ သက္ကော ဒေဝါနမိန္ဒော ဒေဝေ တာဝတိံသေ အာမန္တေသိ-''သစေ မာရိသာ ဒေဝါနံ သင်္ဂါမဂတာနံ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ မမေဝ တသ္မိံ သမယေ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ မမံ ဟိ ဝေါ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ သော ပဟီယိဿတိ။''

၎။ ထိုသို့နေတော်မူစဉ်အခါ မြတ်စွာဘုရားက ''ရဟန်းတို့''ဟူ၍ ရဟန်းအများကို ခေါ်တော်မူပါသည်။ ရဟန်းတို့လည်း မြတ်စွာဘုရား စကားတော်ကို ခံယူရန် အသင့်ဖြစ်ကြပါသည်။ ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်ကြားဟောမြွ က် တော် မူပါသည်။ ချစ်သားတို့ ရှေးအခါက တာဝတိံသာနတ်နှင့် အသုရာနတ်စစ်သည်တ စစ်ခင်းခဲ့ကြဖူး၏။ ထိုအခါ သိကြားမင်းသည် တာဝတိံသာနတ်စစ်သည်တို့ကို ခေါ်ယူပြီး ဤသို့ ပြောကြားခဲ့၏။ ''အမောင်နတ်သားတ သင်တို့သည် စစ်မြေပြင်မှာ ကြောက်ရွံ့ခြင်း ၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းများ ဖြစ်ခဲ့ သည်ရှိသော် ငါသိကြားမင်း၏ တံခွန်ဖျားကို မော်၍ ကြည့်လိုက်ကြကုန်လော့၊ ဤသို့ ကြည့်လိုက်ပါလျှင် သင်တို့ အကြောက်ပြေကြလိမ့်မည်။ မတုန်မလှုပ် ရဲရင့်လာကြလိမ့်မည်၊ ကြက်သီးမွေးညင်း ထခြင်းများလည်း ပြေပျောက်သွားကြ လိမ့်မည်''။

၅။ နော စေ မေ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ပဇာပတိဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေ ယျာထ။ ပဇာပတိဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိ တတ္တံ ဝါ လောမဟံသော ဝါ သော ပဟီယိဿတိ။

၅။ ''အကယ်၍ ငါ၏ တံခွန်ဖျားကို မော်၍ မကြည့်ဖြစ်လျှင် ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို မော်၍ ကြည့်ကြ၊ ဤသို့ ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို ကြည့်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းများ ပျောက်ကင်းသွားလိမ့် မည်''။

၆။ နော စေ ပဇာပတိဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဝရုဏဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ဝရုဏဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ သော ပဟီယိဿတိ။

၆။ ''အကယ်၍ ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို မော်၍ မကြည့်ဖြစ်လျှင် ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မော်၍ကြည့်ကြ၊ ဤသို့ ဝရုဏနတ်မင်း၏ တံခွန်ဖျားကို ကြည့်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီး မွေးညင်း ထခြင်းများ ကင်းပျောက်သွားလိမ့်မည်''။

၇။ နော စေ ဝရုဏဿဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဤသာန-ဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ဤသာနဿဟိ ဝေါ ဒေဝရာဇ-ဿဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံ-သော ဝါ သော ပဟီယိဿတီတိ။

၇။ ''အကယ်၍ ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မော်၍ မကြည့်ဖြစ်လျှင် ဤသာနနတ်မင်း၏ တံခွန်ဖျားကို မော်၍ကြည့်ကြ၊ ဤသို့ ဤသာနနတ်မင်း၏ တံခွန်ဖျားကို ကြည့်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေး ညင်း ထခြင်းများ ပြေပျောက်သွားလိမ့်မည်''။ ဤသို့လျှင် သိကြားမင်းက တာဝတိံသာနတ်တို့ကို အသိပေးလေ၏။

၈။ တံ ခေါ ပန ဘိက္ခဝေ သက္ကဿ ဝါ ဒေဝါန မိန္ဒဿ ဓဇဂံ္ဂ ဥလ္လောကယတံ ပဇာပတိဿဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ဝရုဏဿ ဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ဤသာနဿဝါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ သော ပဟီယေထာပိ နောပိ ပဟီယေထ။

၈။ ချစ်သားရဟန်းတို့ နတ်တို့အရှင် သိကြားမင်း၏ တံခွန်ဖျားကို မော်၍ ကြည့်သောနတ်များ၊ သို့တည်း မဟုတ် ပဇာပတိနတ်မင်း၊ ဝရုဏနတ်မင်း၊ ဤသာနနတ်မင်းတို့၏ တံခွန်ဖျားကို မော်၍ကြည့်သော နတ်များအား ကြောက် လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ကြက်သီး မွေးညင်းထခြင်းများ ပျောက်သော်လည်း ပျောက်မည်၊ မပျောက်ဘဲလည်း နေချင်နေလိမ့်မည်။

၉။ တံ ကိဿဟေတု? သက္ကော ဟိ ဘိက္ခဝေ ဒေဝါနမိန္ဒော အဝီတရာဂေါ အဝီတဒေါသော အဝီတမောဟော ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီတိ။

၉။ အကြောင်းမူကား နတ်တို့အရှင်သြိ ကားမင်းလည်း ရာဂကင်းသူမဟုတ်၊ ဒေါသကင်းသူမဟုတ်၊ မောဟကင်းသူမဟုတ်။ သူကိုယ်နှိုက်က ကြောက်တတ် ၏၊ တဆတ်ဆတ်တုန်တတ်၏၊ လန့်ဖျပ်တတ်၏၊ ထွက်ပြေးတတ်၏။

၁ဝ။ အဟဉ္စ ခေါ ဘိက္ခဝေ ဧဝံ ဝဒါမိ-သစေ တုမှာကံ ဘိက္ခဝေ အရညဂတာနံ ဝါ ရုက္ခမူလဂတာနံ ဝါ သုညာဂါရဂတာနံ ဝါ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ မမေဝ တသ္မိံ သမယေ အနုဿရေယျာထ၊

၁ဝ။ ချစ်သားရဟန်းတို့ ငါဘုရားသည်ကား မလွဲ ဧကန် ဤသို့ ဟောပေအံ့၊ တောထဲ၌ တစ်ပါးတည်း နေသောအခါ၊ သစ်ပင်ရင်း၌နေသောအခါ၊ ဆိတ်ငြိမ် ရာတွင်နေသောအခါများ၌ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်း ထခြင်း တစ်ခုခု ဖြစ်လာခဲ့လျှင် ဘုရားဂုဏ်တော်ကိ ဤသို့အောက်မေ့ကြလော့။

၁၁။ ''ဣတိပိ သော ဘဂဝါ အရဟံ, သမ္မာသမ္ဗုဒ္ဓေါ, ဝိဇ္ဇာစရဏသမ္ပန္နော ,သုဂတော, လောကဝိဒူ, အနုတ္တရော ပုရိသဒမ္မသာရထိ, သတ္ထာ ဒေဝမနုဿာနံ, ဗုဒ္ဓေါ, ဘဂဝါ''တိ။

၁၁။ မြတ်စွာဘုရားသည် ကိလေသာတို့မှ ကင်းဝေးတော်မူ၏၊ ကိလေသာ ရန်သူတို့ကို ပယ်သတ်ပြီး ဖြစ်၏၊ သံသရာစက်ဝန်း၏ အကန့်အထောက်များကို ဖျက်ဆီးပြီးဖြစ်၏၊ ပစ္စည်းလေးပါး ပူဇော်အထူးကို ခံယူတော်မူထိုက်၏၊ ဆိတ်ကွယ်ရာအရပ်၌ ပင်လျှင် မကောင်းမှုဒုစရို က်ကို ရှောင်တော်မူ၏။ သို့ဖြစ်၍ ''အရဟံ'' ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေသည်။

မြတ်စွာဘုရားသည် ကောင်းမွန်လှစွာ သယမ္ဘူဉာဏ်မြတ်မဟာဖြင့် မိမိအလိုလို သစ္စာလေးပါး တရားမြတ်ကို ထိုးထွင်း၍သိတော်မူ၏။ သို့ဖြစ်၍ ''သမ္မာ သမ္ဗုဒ္ဓေါ'' ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏

မြတ်စွာဘုရားသည် ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးတို့နှင့် လုံးဝဥဿုံပြည့်စ တော်မူပေ၏ သို့ဖြစ်၍ ''ဝိဇ္ဇာစရဏသမ္ပန္နော''ဟူသော ဂုဏ် တော်နှင့် ပြည့်စုံတော်မူပါပေ၏။

မြတ်စွာဘုရားသည် နိဗ္ဗာန်သို့သာလျှင် ဖြောင့်ဖြောင့် မတ်မတ် ကောင်းစွာ သွားတော်မူ၏၊ စကားဆိုရန် ခွင့်ခြောက်တန်တိ့တွင် ဟုတ်မှန်ကျိုးကြောင်း စကားကောင်းကိုသာ ဆိုတော်မူတတ်၏။ သို့ဖြစ်၍ ''သုဂတော''ဟူသော ဂုဏ် တော်နှင့် ပြည့်စုံတော်မူပါပေ၏။

မြတ်စွာဘုရားသည် ကာမလောက၊ ရူပလောက၊ အရူပလောကဟူသော လောကသုံးပါး၊ တစ်နည်းအားဖြင့် သတ္တလောက၊ သင်္ခါရလောက၊ သြကာသ လောကဟူသော လောကကြီးသုံးပါးတို့ကို မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူ၏။ သို့ဖြစ်၍ ''လောကဝိဒူ'' ဟူ သော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။

မြတ်စွာဘုရားသည် မိမိကိုယ်တိုင်လည်း အတုမရှိ၊ သူတစ်ပါးတို့အားလည်း အတုမရှိသော မိမိ၏တရားဖြင့် ဆုံးမတတ်၏၊ ဆုံးမထိုက်သော လူ၊ နတ်၊ ဘီလူး၊ တိရစ္ဆာန်ကြမ်းများကိုပင် သေဝပ်ငြိမ်သက်အောင် နိုင်နင်းစွာ ဆုံးမတော် မူနိုင်၏။ သို့ဖြစ်၍ ''အနုတ္တရော ပုရိသဒမ္မသာရထိ'' ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။

မြတ်စွာဘုရားသည် လူအပေါင်း၊ နတ်အပေါင်းတို့အား ကောင်းစွာ သွန်သင် ဆုံးမတတ်သော လူနတ်တို့၏ ဆရာကောင်းဖြစ်တော်မူ၏။ သို့ဖြစ်၍ ''သတ္ထာ ဒေဝမနုဿာနံ''ဟူေ သာ ဂုဏ်တော်နှင့် ပြည့်စုံတော် မူပါပေ၏။

မြတ်စွာဘုရားသည် တရားအားလုံးကို ကိုယ်တိုင်လည်း ထိုးထွင်းသိမြင်တော်မူ ၏၊ သူတစ်ပါးတို့အားလည်း သစ္စာလေးပါးတရားက သိမြင်အောင် ဟောပြော ပြသနိုင်၏။ သို့ဖြစ်၍ ''ဗုဒ္ဓေါ''ဟူသောဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။

မြတ်စွာဘုရားသည် အစိုးရခြင်း၊ တရားရှိခြင်း၊ အခြံအရံများခြင်း၊ ကျက်သရေ ရှိခြင်း၊ အလိုအတိုင်းဖြစ်ခြင်း၊ လုံ့လစွမ်းအားအြ ပည့်ရှိခြင်းဟူသော ဘုန်းတော် ခြောက်ပါးနှင့်လ ည်း ပြည့်စုံတော်မူပေ၏။ သို့ဖြစ်၍ ''ဘဂဝါ''ဟူသော ဂုဏ်တော် နှင့် ပြည့်စုံတော်မူပါပေ၏။

၁၂။ မမံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ သော ပဟီယိဿတိ။

၁၂။ ဤကဲ့သို့ ငါဘုရား၏ ဂုဏ်တော် ကျေးဇူးတော် တို့ကို ဆင်ခြင်အောက်မေ့ ကြလော့။ ဘုရားဂုဏ်ကို ဆင်ခြင် အောက်မေ့မိသည်ရှိသော် သင်တို့အား ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းဟူသမျှ ပျောက်ကင်း သွားပေလိမ့်မည်။

၁၃။ နော စေ မံ အနုဿရေယျာထ၊ အထ ဓမ္မံ အနုဿရေယျာထ-

၁၃။ အကယ်၍ ဘုရားဂုဏ်ကို မဆင်ခြင်၊ မအောက် မေ့မိသည်ရှိသော် မြတ်စွာဘုရား ဟောကြားထားသော တရားတော်၏ ဂုဏ်တော်ကို ဤသို့ အောက်မေ့ သတိရကြ။

၁၄။ ''သွာက္ခာတော ဘဂဝတာ ဓမ္မော, သန္ဒိဋ္ဌိကော, အကာလိကော, ဧဟိပဿိကော, သြပနေယျိကော, ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ''တိ။

၁၄။ တရားတော်သည် မြတ်စွာဘုရားက ကောင်းစွာ ဟောကြားထားသော တရားတော် ဖြစ်သောကြောင့် ''သွာက္ခာတ'' ဟူသော ဂုဏ်နှင့် ပြည့်စုံပါပေ သည်။

တရားတော်သည် မျက်မှောက်၌ပင် ကောင်းကျိုးချမ်းသာကို ပေးတတ်သော ကြောင့် ''သန္ဒိဋ္ဌိက'' ဟူသော ဂုဏ်နှင့် ပြည့်စုံပါပေသည်။

တရားတော်သည် အခါမလင့် အကျိုးပေးတတ်သောကြောင့် ''အကာလိက'' ဟူသော ဂုဏ်နှင့် ပြည့်စုံပါ ပေသည်။

တရားတော်သည် လာပါ, ရှုပါ, ကျင့်ကြံပါဟူ၍ မပါပါအောင် ခေါ်ဆောင်တိုက် တွန်း ပြညွှန်းခြင်းငှာ ထိုက်သောကြောင့် ''ဧဟိပဿိက'' ဟူသော ဂုဏ်နှင့် ပြည့်စုံပါပေသည်။

တရားတော်သည် လူတို့အား နတ်ရွာနိဗ္ဗာန်သိ ပို့ဆောင် ပေးတတ်သောကြောင့ ''သြပနေယျိက'' ဟူသော ဂုဏ်နှင့် ပြည့်စုံပါပေသည်။

တရားတော်သည် ပညာရှိသူ ရှင်လူအပေါင်း သူတော်ကောင်းတို့ အနေဖြင့် အသီးသီး တစ်ဦးစီ တစ်ဦးစီ မိမိတို့၏စိတ်၌ ကပ်၍ ဆောင်ထားထိုက်သော ကြောင့် ''ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ'' ဟူသော ဂုဏ်နှင့် ပြည့်စုံပါပေသည်။

၁၅။ ဓမ္မံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ သော ပဟီယိဿတိ။

၁၅။ ဤသို့လျှင် တရားတော်၏ ဂုဏ်တော်ကို ဆင်ခြင်အောက်မေ့မိသောသူအား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွှေးညင်း ထခြင်းဟူသမျှ လုံးဝ ပျောက်ကင်း သွားပေလိမ့်မည်။

၁၆။ နော စေ ဓမ္မံ အနုဿရေယာထ၊ အထ သံဃံ အနုဿရေယျာထ-

၁၆။ အကယ်၍များ ဘုရားဂုဏ်ကိုသော လည်းကောင်း၊ တရားဂုဏ်ကိုသော် လည်းကောင်း၊ မဆင်ခြင် မအောက်မေ့ဖြစ်ပါ က မြတ်စွာဘုရား၏ တပည့်သား သံဃာတော်၏ ဂုဏ်ကျေးဇူးကို အောက်မေ့ရာ၏။

၁၇။ ''သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော, ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော, ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော, သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော, ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ,ပုရိသပုဂ္ဂလာ၊ ဧသ ဘဂဝတော သာဝကသံဃော အာဟုနေယျော, ပါဟုနေယျော,ဒက္ခိဏေယျော, အဉ္ဇလီကရဏီယော, အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ''တိ။

၁၇။ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် နိဗ္ဗာန်အကျိုးငှာ ကောင်းသော အကျင့်ကိုသာ ကျင့်တော်မူတတ်ပါပေ၏။ သို့ဖြစ်၍ ''သုပ္ပဋိပန္နော'' ဟူသောဂုဏ်ရှိပေ၏။

သံဃာတော်သည် နိဗ္ဗာန်မဂ်ဖိုလ်ရရှိရေးအတွက် ဖြောင့်မတ်စွာ လမ်းမှန်သော အကျင့်ကိုသာ ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍ ''ဥဇုပ္ပဋိပန္နော' ' ဟူသော ဂုဏ် ရှိပေ၏။

သံဃာတော်သည် နိဗ္ဗာန်ရရှိရေးနှင့် သင့်လျော် လျောက်ပတ်သောအကျင့်ကို သာ ကျင့်တော်မူပါပေ ၏။ သို့ဖြစ်၍ ''ဉာယပ္ပဋိပန္နော' ' ဟူသော ဂုဏ်ရှိပေ၏။

သံဃာတော်သည် အရိုအသေပြုခြင်းကို ခံယူထိုက်အောင် အကျင့်သီလကို ကောင်းစွာ ဖြည့်ကျင့်တော် မူပါပေ၏။ သို့ဖြစ်၍ ''သာမီစိပ္ပဋိပန္နော'' ဟူသော ဂုဏ်ရှိပေ၏။

ထိုဘုရားတပည့် အရိယာသံဃာသည် (အချုပ်အားဖြင့် ) အရေအတွက်လေးစုံ ပုဂ္ဂိုလ်ရှစ်ယောက်ရှိပေ၏။ ထိုသံဃာတော်သည် အဝေးမှ တကူးတကဆောင်ယူ ၍ ပူဇော်သမှုပြုခြင်းကိုလည်း ခံယူထိုက်၏။ သို့ဖြစ်၍ ''အာဟုနေယျော'' ဟူသောဂုဏ်ရှိပေ၏။

ဧည့်သည်တို့အားရည်စူး၍ အထူးပြုလုပ်ထားေ သာ ပစ္စည်းဝတ္ထုတို့ကိုလည်း မိမိအားလှူလျှင် ကောင်းစွာ ခံယူထိုက်ပေ၏။ သို့ဖြစ်၍ ''ပါဟုနေယျော''ဟူသော ဂုဏ်ရှိပေ၏။

လောက၌ အမြတ်ဆုံး အကောင်းဆုံးဖြစ် သော အလှူကိုလည်း ထိုက်ထိုက် တန်တန် ခံယူနိုင်ပေ၏။ သို့ဖြစ်၍ ''ဒက္ခိဏေယျော'' ဟူသော ဂုဏ်ရှိပေ၏။

လူနတ်တို့၏ ရှိခိုးခြင်းကိုလည်း ခံထိုက်၏။ သို့ဖြစ်၍ ''အဉ္ဇလီကရဏီယော'' ဟူသောဂုဏ်ရှိပေ၏။

လူတို့က ကောင်းမှုတည်းဟူသော မျိုးစေ့ကိုစိုက်ပျိုးရာ ကြဲချရာ အတုမရှိ လယ်ယာမြေကောင်းသဖွယ်လည်း ဖြစ်၏။ သို့ဖြစ်၍ ''အနုတ္တရံ ပုညက္ခေတ္တံ လောကဿ'' ဟူသော ဂုဏ်နှင့် ပြည့်စုံပေ၏။

၁၈။ သံဃံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ သော ပဟီယိဿတိ။

၁၈။ ဤသို့လျှင် သံဃာတော်၏ဂုဏ်တော် ကျေးဇူးတော်တို့ကို ဆင်ခြင်အောက် မေ့ ရာ၏။ သံဃာ့ဂုဏ်သို့ စိတ်ညွတ်၍ အာရုံပြုမိသောသင်တို့အား ကြောက်လန့် ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်း ဟူသမျှ ကင်းပျောက်သွား လိမ့်မည်။

၁၉။ တံ ကိဿ ဟေတု? တထာဂတော ဟိ ဘိက္ခဝေ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝီတရာဂေါ ဝီတဒေါသော ဝီတမောဟော အဘီရု အဆမ္ဘီ အနုတြာသီ အပလာယီတိ။

၁၉။ ထိုစကားမှန်ပေ၏။ အကြောင်းမူကား ဝိပဿီ စသော ရှေးရှေးသော ဘုရားရှင်များနည်းတူ ကောင်းစွာပွင့်ထွန်းလာသော ငါဘုရားသည် လူသူ လေးပါးကင်းသည့် ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို မပြုမလုပ်၊ ကောင်းစွာ ကိုယ်တိုင် သစ္စာတရားမြတ်ကို ထိုးထွင်းသိမြင်ပြီးဖြစ်၏။ တဏှာရာဂ လုံးဝကင်း၏။ အမျက်ဒေါသ လုံးဝကင်း၏။ မသိမောဟ လုံးဝ ကင်း၏။ အကြောက်အလန့်မရှိ၊ ကြောက်၍တုန်လှုပ် သည်ဟူ၍ လုံးဝမရှိ၊ ကြောက်လန့်၍ ထွက်ပြေး သည်ဟူ၍လည်း ဘယ်ခါမျှမရှိ၊ သို့ကြောင့် ဤသို့ သော ဘုရားဂုဏ် တရားဂုဏ် သံဃာဂုဏ်ကို အာရုံညွှတ်၍ ကြည်ညိုစိတ်ထား ပွားများသူမှာ ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းဟူသမျှ ကင်းပျောက်ရမြဲ ဖြစ်လေသည်။

၂ဝ။ ဣဒ မဝေါစ ဘဂဝါ၊ ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ။

၂ဝ။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ ထို့နောက် ဆက်လက်၍ ဤသို့တဖန် မိန့်ကြားတော်မူပြန်၏-

၂၁။ အရညေ ရုက္ခမူလေ ဝါ၊ သုညာဂါရေ ဝ ဘိက္ခဝေါ။ အနုဿရေထသမ္ဗုဒ္ဓံ၊ ဘယံ တုမှာက နော သိယာ။

၂၁။ ''ချစ်သားရဟန်းတို့ သင်တို့သည် တော၌ဖြစ်စေ၊ သစ်ပင်ရင်း၌ ဖြစ်စေ၊ ဆိတ်ကွယ်ရာအရပ်၌ ဖြစ်စေ၊ ဘုရားဂုဏ်ကို သတိရကြ၊ သတိရလျှင် သင်တို့ မကြောက်မရွံ့ နေနိုင်ကြလတ္တံ့။

၂၂။ နော စေ ဗုဒ္ဓံ သရေယျာထ၊ လောကဇေဋ္ဌံ နရာသဘံ။ အထဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။

၂၂။ လူနတ်တို့၏ အကြီးအမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား၏ ဂုဏ်တော် ကို မဆင်ခြင် မအောက်မေ့ဖြစ်ကြ လျှင် သံသရာမှ ထွက်မြောက်ကြောင်း ကောင်းစွာ ဟောကြားထားသော တရားတော်၏ဂုဏ်ကို သတိရကြ။

၂၃။ နော စေ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။ အထ သံဃံ သရေယျာထ၊ ပုညက္ခေတ္တံ အနုတ္တရံ။

၂၃။ တရားတော်၏ဂုဏ်ကို အမှတ်မရကြလျှင် ကောင်းမှုမျိုးစေ့ စိုက်ပျိုးရာ အတုမရှိ လယ်မြေကောင်း နှင့်တူသော သံဃာတော်၏ ဂုဏ်တော်ကို ဆင်ခြင် ပွားများကြ။

၂၄။ ဧဝံ ဗုဒ္ဓံ သရန္တာနံ၊ ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ။ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊ လောမဟံသော န ဟေဿတိ။

ဓဇဂ္ဂသုတ္တံ နိဋ္ဌိတံ။

၂၄။ ဤကဲ့သို့ မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ၊ တရားတော် မြတ်၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ၊ သံဃာတော်များ၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ ဆင်ခြင်အောက်မေ့ သည်ရှိသော် ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်း ထခြင်းဟူသမျှ လုံးဝ မဖြစ်ပေါ်လတ္တံ့။

ဓဇဂ္ဂသုတ်တော် မြန်မာပြန်ပြီး၏ ။

No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT