Saturday, December 28, 2013

"အရှင် စူဠပန်မထေရ်အကြောင်း"

"အရှင် စူဠပန်မထေရ်အကြောင်း"

မဟာပန်သည် ညီ စူဠပန်အား ရှင်ပြုပေး၏။ ထို့ နောက် ညီ စူဠပန်အား မြတ်စွာဘုရား၌ နက်နက်ရှိုင်းရှိုင်း ကြည်ညိုလာတတ်စေရန် မြတ်စွာဘုရား၏ ကျက်သရေ တော်ဘွဲ့  ဂါထာတစ်ပုဒ်ကို သင်ပေး၏။ ထို ကျက်သရေတော်ဘွဲ့ မှာ ဤသို ဖြစ်၏။

"အနံ့ မပြယ်ဘဲ အစဉ်အမြဲ မွှေးကြိုင်လှသော ပဒုမ္မာကြာသည် နံနက်အခါ၌ ပွင့်သကဲ့သို့ ၊ အာကာသပြင်၌ တင့်တယ်တောက်ပနေသော နေမင်းကဲ့သို့  ရောင်ခြည်တော် ခြောက်သွယ်တို ဖြင့် တင့်တယ်တော်မူသော မြတ်စွာဘုရားကို ဖူးမြော်တော်မူပါလော့"

စူဠပန်သည် အစ်ကို မဟာပန် သင်ပေးသည့်အတိုင်း ထိုဂါထာကို သင်ယူလေရာ ရှေ့ ရောက် နောက်မေ့သဘောဖြင့် လေးလတိုင်းတိုင် သင်ယူပါသော်လည်း မတတ်မြောက်ဘဲ ရှိလေ၏။ ထိုအခါ မဟာပန်သည် ညီ၏ အရည်အချင်းကို အကဲခတ်၏။ ပရိယတ္တ်အနေဖြင့် တစ်ဂါထာကို လေးလတိုင်တိုင် သင်ယူပါလျက် တတ်မြောက်နိုင်သော ဥာဏ်ရည်ဥာဏ်သွေး မရှိပါက ပဋိပတ္တိအနေဖြင့် ရဟန္တာဖြစ်နိုင်ရ န် မည်သို့ မျှ မဖြစ်နိုင်ချေ။ အချိန်ကုန်ပြီး စည်းစိမ်နှစ်မျိုးမှ ဆုံးရှုံးရုံသာရှိမည်။ ရဟန္တာလည်း မဖြစ်၊ သူဌေးလည်း မဖြစ်ဆိုလျှင် စူဠပန်အတွက် များစွာ နစ်နာဖွယ် ရှိ၏။ ထို ကြောင့် စူဠပန်ကို လူထွက်ခိုင်းပြီး အဘိုးအဘွားတို့ ၏ စည်းစိမ် ဥစ္စာကို ခံယူစေခြင်းအာြး ဖင့် လူ့ ဘ၀တွင် ကောင်းမှု ကုသိုလ်များကို ပြုလုပ်ကာ နတ်ရွာသုဂတိသို ရောက်နိုင်၏။ သို့ ဆိုလျှင် လောကုတ္တရာစည်းစိမ်မှ ဆုံးရှုံးသော်လည်း လောကီစည်းစိမ်မှ မဆုံးရှုံးသဖြင့် တော်သေး၏။ မဟာပန်သည် ဤသို့ စဉ်းစားပြီး ညီစူဠပန်အား လူထွက်ခိုင်း၏။ မြန်မြန် လူထွက်ဖြစ်အောင် ကျောင်းမှ နှင်ထုတ်၏။

ညီ စူဠပန်ကား သာသနာတော်၌ ပျော်မွေ့ ၏။ လူမထွက်ချင်။ သို့ ရာတွင် အစ်ကို မဟာပန်ကို မလွန်ဆန်နိုင်သဖြင့် အခက်များစွာ ကြုံရ၏။ ထိုစဉ်က မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည် ဇီဝက၏ သရက်ဥယျာဉ်ကျောင်း၌ သီတင်းသုံးခိုက် ဖြစ်၏။ သရက်ဥယျာဉ်ကျောင်းတော်၌ သရက်ဥယျာဉ် ကျောင်းတော်၌ မဟာပန်က ဆွမ်းစားကျောင်း ဘုန်းကြီးဖြစ်၏။ ထိုနေ့ တွင်ပင် ဆရာဇီဝက က မြတ်စွာဘုရားနှင့် တကွ ရဟန်းသံဃာအားလုံးအား ဆွမ်းစားပင့်၏။ မဟာပန်ကလည်း စူဠပန်အား ချန်ထားပြီး မြတ်စွာဘုရားနှင့်တကွ သံဃာတော်ပေါင်း ၄၉၉ပါး ရှိ၏ဟု သတင်းပြန်ကြား၏။ စူဠပန်ကား မိမိကို သံဃာ စာရင်းမသွင်းတော့ဘဲ အစ်ကိုမဟာပန်၏ ပြန်ကြားချက်ကို ကြားရသောအခါ များစွာကြေကွဲ၏။ ထိုနေ မိုးသောက်ပါက လူထွက်တော့မည်ဟုဆုံးဖြတ်လိုက်၏။

မြတ်စွာဘုရားသည် ကျွတ်ထိုက်သော ဝေနေယျများကို ကြည့်တော်မူရာ စူဠပန်ကို မြင်တော်မူ၏။ ထို ကြောင့် နံနက်စောစော၌ မြတ်စွာဘုရားသည် စူဠပန်ထွက်မည့် မုခ်ဦး၌ စင်္ကြံကြွတော်မူ၏။ စူဠပန်လည်း လူထွက်ရန် နံနက်စောစော ထွက်လာရာ တံခါးမုခ်ဦး၌ စင်္ကြံကြွတော်မူနေသော မြတ်စွာဘုရားကို မြင်သဖြင့် သွားရောက် ဦးချ၏။ မြတ်စွာဘုရားက "ချစ်သား စူဠပန် နံနက်အစောကြီး ဘယ်ကိုသွားမလို့ လဲ" ဟု မေးတော် မူ၏။ ထိုအခါ စူဠပန်က" မြတ်စွာဘုရား တပည့်တော်၏ အစ်ကို မဟာပန်က တပည့်တော်ကို သာသနာတော်နှင့် မတန်ဟု ဆိုကာ ကျောင်းမှ နှင်ထုတ်သဖြင့် တပည့်တော် လူထွက်ရန် သွားခြင်း ဖြစ်ပါသည်ဘုရား" ဟု ပြန်လည် လျှောက်ထား၏။

မြတ်စွာဘုရားက "စူဠပန် ၊ သာသနာတော် တွင်းသို့  ၀င်ရောက်လာသူမှန်သမျှ ငါနှင့်ပက်သက်၏။ မဟာပန်က နှင်ထုတ်လျှင် ငါက နေရာပေးမည်၊ ငါ့နောက်လိုက်ခဲ့" ဟုဆိုကာ မြတ်စွာဘုရားသည် စူဠပန်ကို ဂန္ဓကုဋီကျောင်းေ တ်ာသို့ ခေါ်သွား၏။ ဂန္ဓကုဋီကျောင်းေ တ်ာသို့ ရောက်သောအခါ ဂန္ဓကုဋီ မုခ်ဦး၌ အရှေ့ ဘက်သို့ လှည့်၍ နှုတ်ဖြင့် ရဇောဟရဏံ၊ ရဇောဟရဏံ(မြူကပ်ငြိခြင်း) ဟု ရွတ်ဆိုပြီး ၀ိပဿနာရှုရန် ပိတ်ဖြူစ တစ်စကို စူဠပန်အား ပေးလိုက်၏။ ထို့ နောက် ဆွမ်းချိန်ကို ငံ့လင့်လျက်နေတော်မူ၏။

စူဠပန်လည်း မြတ်စွာဘုရား ပေးတော်မူသော ပိတ်ဖြူစကို ဆုပ်နယ်လျက်ရှိ၏။ စူဠပန်သည် ဆွတ်ဆွတ်ဖြူစေ ပိတ်ဖြူစကို ဆုပ်နယ်နေရာ ပိတ်ဖြူစသည် တဖြည်းဖြည်း ညစ်နွမ်းလာသည်ကို တွေ့ ရ၏။ မြတ်စွာဘုရားသည် ဆွမ်းစားချိန်သို ရောက် သောအခါ သံဃာတော်များနှင့် အတူ ဇီဝက၏ အိမ်သို့  ကြွတော်မူ၏။ စူဠပန်လည်း အ၀တ်ဖြူစကို ဆုပ်နယ်နေရာမှ သင်္ခါရတရားတို့ ၏ မမြဲသော အနိစ္စသဘောကို မြင်လာ၏။ မြတ်စွာဘုရားကလည်း ရောင်ခြည်တော်လွှ တ်၍ ဗဟိဒ္ဓသင်္ခါရမှ အဇ္ဈတ္တသင်္ခါရသို့  ကူးပြောင်း၍ ရှုရန် တိုက်တွန်း၏။ ထိုအခါ စူဠပန်သည် သင်္ခါရတရားများ အားလုံး၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကို ပြက်ပြက်ထင်ထင် မြင်ပြီးနောက် ပဋိသမ္ဘိဒါလေးပါး နှင့်တကွ ရဟန္တာအဖြစ်သို့  ရောက်တော်မူ၏။ မဂ္ဂသိဒ္ဓ(မဂ်ကြောင့် ပြီးပြည့်စုံခြင်း) အနေဖြင့် ပိဋကတ်သုံးပုံကိုလည်း တတ်၏။ ဈာန်သမာပတ်များကိုလည်း ရ၏။ အဘိဥာဉ်ကိုလည်း ရ၏။ မြတ်စွာဘုရား သာသနာတော်၌ စူဠပန်သည် "နိမ္မိတရုပ် ဖန်ဆင်းရာ၌ လည်းကောင်း၊ ရူပါဝစရ ဈာန်အရာ၌ လည်းကောင်း" ဧတဒဂ်နှစ်မျိုးရ သော ပုဂ္ဂိုလ် ဖြစ်၏။

ဇီဝကသည် မြတ်စွာဘုရားအား ဆွမ်းဆက်ကပ်သောအခါ မြတ်စွာဘုရားက ကျောင်း၌ ရဟန်းများ ရှိသေးသည်ဟု မိန့် တော်မူကာ သပိတ်ကို မဖွင့်ဘဲထား၏။ ဇီဝက က ကျောင်းသို့ သွားရောက်၍ ကျန်နေသော ရဟန်းကို ပင့်လာရန် ယောက်ျားတစ်ယောက်ကို စေလွှတ်လိုက်၏။ ယောက်ျားလည်း အလျင်အမြန် ကျောင်းတော်သို့ သွား၏။

ထိုအခါ စူဠပန်သည် နောင်တော်မဟာပန် အား မိမိ၏ စွမ်းအားကို ပြသသည့်အနေဖြင့် ရဟန်းတော် တစ်ထောင်ကို ဖန်ဆင်းထား၏။ အချို့ က သင်္ကန်းဆိုးနေ၏။ အချို့ က သင်္ကန်းချုပ်နေ၏။ အချို့ က စာပေကို သရဇ္ဈာယ်နေ၏။ ဤနည်းအားဖြင့် ရဟန်းတော်တစ်ထောင် သည် သူ့ အလုပ်နှင့်သူချည်း ဖြစ်ကြ၏။ ယောက်ျားသည် ကျောင်းသို့ ရောက်သောအခါ ရဟန်းပေါင်းများ စွာကို တွေ့ ၏.။ ထိုအခါ မည်သည့်ရဟန်းကို ပင့်ရမှန်းမသိသြ ဖင့် ဇီဝကထံသို့ ပြန်၍ ကျောင်းတော်၌ ရဟန်းပေါင်းများ စွာ ကျန်ရှိနေသေးပါေ ကြာင်း ပြန်ကြားပြောဆို ၏။ ထိုအခါ ဇီဝကကလည်း မိမိကိုယ်တိုင် အရိယာဖြစ်သဖြင့် ကျောင်း၌ တန်ခိုးကြီးသော ရဟန်းတစ်ပါး ရှိသေးကြောင်း သိသဖြင့် စူဠပန် မည်သော ရဟန်းကို ပင့်ခဲ့လော့ ဟု မှာကြား၍ ယောက်ျားကို ပြန်လွှတ်ပြန်၏။

ယောက်ျားလည်း ဇီဝက မှာသည့်အတိုင်း စူဠပန်ကို ပင့်ရန် ကျောင်းသို့ သွားပြန်၏။ ကျောင်းသို ရောက်သောအခါ မည်သူသည် စူဠပန်အရှင်မြတ် ဖြစ်ပါသနည်း"ဟု မေးမြန်းလိုက်သည်နှင့် တပြိုင်နက် ရဟန်းတော်ပေါင်း တစ်ထောင်တို့ က "ငါ စူဠပန်၊ ငါ စူဠပန်"ဟု မိန် ကြားကြလေရာ မည်သည့် ရဟန်းကို ပင့်ရမှန်းမသိသဖြင့် ဆရာဇီဝက ထံသို့  ပြန်လာပြန်၏။ ထိုအခါ မြတ်စွာဘုရားက "ပထမဦးစွာ ငါ စူဠပန်"ဟု ပြောသော ရဟန်းကို လက်၌ကိုင်၍ "အရှင် စူဠပန်ကို မြတ်စွာဘုရား ခေါ်တော်မူ၏" ဟုဆိုကာ ပင့်ချေဟု မိန့် တော်မူ၏။ ယောက်ျားလည်း မြတ်စွာဘုရား မိန့် တော်မူတိုင်း သွားရောက်ပင့်ကာမှ စူဠပန်မထေရ်သည် လာရောက်ပင့်သော ဒါယကာနှင့်အတူ ဆရာဇီဝက၏ အိမ်သို့  လိုက်ပါလာ၏။ ကျန်သော ရဟန်းများအားလုံး ကွယ်ပျောက် ကြကုန်၏။ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးသောအခါ စူဠပန်အား ဆွမ်းအနုမောဒနာတရားကို ဟောကြားရန် မြတ်စွာဘုရားက မိန့် ကြားတော်မူရာ စူဠပန်မထေရ်သည် ပိဋကတ်သုံးပုံကို ချောက်ချား၍ ဟောတော်မူ၏။ အံ့ဖွယ်ကောင်းသော ဖြစ်ရပ်ပေတည်း။

စူဠပန်သည် ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီများကို ဖြည့်ထားသူ ဖြစ်၏။ ပဋိသန္ဓေဥာဏ် ကြီးမားသူ ဖြစ်၏။ သို ပါလျက် နောင်တော် မဟာပန် သင်ကြားပေးသော ဂါထာတစ်ပုဒ်ကို လေးလတိုင်တိုင် သင်ယူပါသော်လည်း မတတ်မြောက်ဘဲ ရှိ၏။ တတ်မည့်တတ်တော့လည်း ပိဠကတ်သုံးပုံကို နာရီပိုင်း အတွင်း၌ပင် တတ်မြောက်၏။ ဂါထာတစ်ပုဒ်သင်ပေးသူက မဟာပန်၊ ပိဋကတ်သုံးပုံကို သင်ပေးသူက သဗ္ဗညုတ ဥာဏ်တော်ရှင် ဘုရားသခင်၊ ဆရာချင်း မည်မျှ ကွာခြားပါလေသနည်း။

စူဠပန်သည် ကဿပမြတ်စွာဘုရား လက်ထက်တော်၌ ပညာရှိ ရဟန်း ဖြစ်ခဲ့၏။ ဥာဏ်အလွန်ထက်၏။ စာပေသင်ယူရာ၌ ဥာဏ်အလွန် နုံ့ သော ရဟန်းတော် တစ်ပါးကို စာပေမသင်ကြားရဲေ လာက်အောင် ပြက်ရယ်ပြုခဲ့၏။ ဤအကုသိုလ်သည် စူဠပန်အား နောက်ဆုံးဘ၀တိုင်အောင် လိုက်ခဲ့၏။ သို့ ဖြစ်၍ နောက်ဆုံးဘ၀၌ ဂါထာတစ်ပုဒ်ကို လေးလတိုင်တိုင် သင်ယူပါသော်လည်း စူဠပန် မတတ်မြောက် နိုင်ခြင်း ဖြစ်၏။ ဤသည်ကား အကုသိုလ်၏ စွမ်းအား ဖြစ်၏။ ကုသိုလ်စွမ်းအား အနေဖြင့်မူ စူဠပန်သည် တစ်ချိန်က "မင်း"ဖြစ်ခဲ့၏။ မြို့ ကို လှည့်လည်စဉ် နဖူးမှထွက်သော ချွေးကို ဖြူစင်သော အ၀တ်စဖြင့် သုတ်လေရာ ဖြူစင်သော အ၀တ်စသည် ညစ်နွမ်းသွား၏။ ဖြူစင်သော အ၀တ်စသည် ခန္ဓာကိုယ်ကို အကြောင်းပြု၍ ညစ်နွမ်းသွားခြင်း ဖြစ်သဖြင့် သင်္ခါရတရားတို့ ၏ မမြဲသောသဘော "အနိစ္စသညာ"ကို ရဖူး၏။ ဤကုသိုလ်သည်လည်း စူဠပန်အား နောက်ဆုံးဘ၀တိုင်အောင် လိုက်ခဲ့၏။

ရုပ်ဝတ္ထုများအနေ ဖြင့် နှမ်းတစ်လုံးနဲ့ ဆီမဖြစ် ဟုဆိုကြ၏။ နှမ်းတစ်လုံးနှင့် ဆီမဖြစ်သော်လည်း အိုင်းစတိုင်း၏ E =mc2 ဟူသော ညီမျှခြင်းအရ အလွန်ကြီးမားသော စွမ်းအင်ကို ရ၏။ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များအနေ ဖြင့် မူလရုပ်စွမ်းအင်ထက် အတိုင်းအဆပို၍ ကြီးမားသော စိတ်စွမ်းအင်ကို ရ၏။ ထို့ ကြောင့် စူဠပန်၏ ဘ၀အတွက် အကုသိုလ်ကလည်း အကုသိုလ်အလျောက်၊ ကုသိုလ်ကလည်း ကုသိုလ်အလျောက် အကျိုးကို ပေးကြ၏။ ကာလခြားခြင်းသည် လည်း ပဓာနမဟုတ်၊ ဒေသခြားခြင်းသည်လည်း ပဓာနမဟုတ်၊ ၃၁ ဘုံအတွင်း၌ အချိန်မရွေးလိုက်နိုင်၏။ ထို့ ကြောင့် မြတ်စွာဘုရားက သစ္စာရှုထောင့်မှ ကြည့်၍ "အဏုမြူမျှလောက် သေးငယ်သော အပြစ်တို့ ၌ပင် ဘေးဟု ရှုမြင်ရမည်" ဟုဟောတော်မူခြင်း ဖြစ်၏။

အမှန်အားဖြင့် ဂရုကံမဟုတ်ပါက အပြစ်ဟူသမျှသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူ့ ချမ်းသာ နတ်ချမ်းသာ တို့ ၌ မတားမြစ်နိုင်သော်လည်း နိဗ္ဗာန်ချမ်းသာကိုမူ တတ်မြတ်တတ်၏။ အပြစ်အားလုံးကို ပယ်သတ်နိုင်မှ ရဟန္တာဖြစ်နိုင်၏။ ထို့ ကြောင့် အကုသိုလ်ဟူသမျှကို အကြွင်းမရှိ ပယ်သတ် နိုင်သော အရဟတ္တမဂ်ကို ရည်စူးပါက မည်သည့်အပြစ်ကိုမဆို ပယ်သတ်နိုင်ရန် သမ္မပ္ပဓာန်ကို အလေးထား၍ အားထုတ်အပ်ပါ၏။

မဟာပန်သည် ညီ စူဠပန်၏ အလိုအဇ္ဈာသယကို မသိသဖြင့် ဂါထာတစ်ပုဒ်ကို လေးလတိုင်တိုင် သင်ပေးပါသ်ေလည်း မတတ်မြောက်သဖြင့် ညီ စူဠပန်အား ကျောင်းမှ နှင်ထုတ်ခဲ့၏။ မြတ်စွာဘုရားကား စူဠပန်၏ အလိုအဇ္ဈာသယကိုရော၊ ပဋိသမ္ဘိဒါလေးပါး ကိုရော၊ အဘိဥာဉ်ခြောက်ပါးကိုရော ၊ အရဟတ္တမဂ် အရဟတ္တဖိုလ်ကိုရော တတ်မြောက်အောင် သင်ပေးနိုင်၏ဟု မြတ်စွာဘုရား၏ အတုမဲ့ ဂုဏ်ကျေးဇူးတော် များကို ရဟန်းတော်များက ချီးမွမ်းပြောဆိ ကြရာ မြတ်စွာဘုရားက "ချစ်သား ရဟန်းတို့ ၊ ငါဘုရား၏ သာသနာ တော်အတွင်း၌ အားထုတ်အပ်သော လုံ လရှိသူသည် လောကုတ္တရာတရား၏ ပိုင်ရှင်ဖြစ်သည် သာတည်း"ဟု မြွက်ကြားတော်မူကာ ဤသို ဟောကြားတော်မူလေ၏။

-ထကြွလုံ့ လဖြင့် လည်းကောင်း၊ မမေ့မလျော့ခြင်း ဖြင့် လည်းကောင်း၊ သီလကို စောင့်ထိန်းခြင်းဖြင့် လည်းကောင်း၊ ဣနြေ္ဒကို ထိန်းသိမ်းခြင်းအားဖြင့် လည်းကောင်း၊ -ပညာရှိသည် ကိလေသာရေအလျဉ် မလွှမ်းမိုးနိုင်သော အရဟတ္တမဂ် အရဟတ္တဖိုလ်တည်းဟူသော ကျွန်း ကို ပြုရာ၏။

ထေရ၀ါဒ သာသနာတော်၌ စိတ်သည် ရှေ သွားဖြစ်၏။ ထို့ ကြောင့် စိတ်သည် အလွန်အရေးကြီး၏။ စိတ်ကို မထိန်းမကျောင်းဘဲသူ့ ချည်း လွှတ်ပေးလိုက်လျှင်လည်း ကာမသုခလ္လိက လမ်းစဉ်အရ ယုတ်ညံ့၏။ အကျိုးမဲ့ကို ဖြစ်စေ၏။ စိတ်ကို အတင်းအဓမ္မ ချုပ်ထိန်း ထားပြန်လျှင်လည်း အတ္တကိလမထ လမ်းစဉ်အရ ဆင်းရဲ ပင်ပန်း၏။ အကျိုးမဲ့ကိုပင် ဖြစ်စေ၏။ ထို ကြောင့် စိတ်ကို မဇ္ဈိမပဋိပဒါ လမ်းစဉ်အရ သူကြိုက်သလိုလည်း ဆောင်ရွက်ရန် ခွင့်မပြု။ အတင့်အဓမ္မလည်း မချုပ်ထိန်း။ သို့ ရာတွင် ယဉ်ကျေးလာအောင်တော့ ထိန်းရ၏။ စိတ္တံ ဒန္တံ သုခါဝဟံဟူသည်နှင့်အညီ ယဉ်ကျေးသော စိတ်သည်သာ ချမ်းသာကို ဆောင်နိုင်၏။ စိတ်ကို ယဉ်ကျေးအောင် ဆုံးမရာတွင် ထမင်းချက်သလိုပင် လုပ်ရ၏။

စိတ်က ဆန်၊ သဒ္ဓါက အိုး၊ သမာဓိက ရေ၊ ၀ီရိယက မီး၊ သတိက ယောက်မ၊ ပညာက ထမင်းချက်သူ၊ ဒါန-သီလ-ဘာဝနာက ဖိုခုံလောက် သုံးလုံး။ ဤသို့ နှိုင်းယှဉ်၍ မှတ်သားလျှင် မှတ်သားရလွယ်၏။ ထမင်းနပ်မှ အာဟာရဖြစ်သလို စိတ်ယဉ်ကျေးမှ ချမ်းသာ၏။ ထို့ ကြောင့် ဆန်နှင့်တူသော စိတ်ကို အိုးနှင့်တူသော သဒ္ဓါ၌ထည့်ရ၏။ ထို့ နောက် ရေနှင့်တူသော သမာဓိကို အလောတော်ထည့်ရ၏။ ဒါန သီလ ဘာဝနာတည်းဟူသော ဖိုခုံလောက် သုံးလုံးပေါ်၌တင်ရ၏။ မီးနှင့်တူသော ၀ီရိယကို ရေနှင့်လိုက်အောင် ထိုးရ၏။ ယောက်မနှင့် တူသော သတိဖြင့် အမြဲမပြတ်မွှေရ၏။ ချက်သူနှင့် တူသော ပညာက နပ်သည်၊ မနပ်သည်ကို ကြည့်ရ၏။ နပ်သောထမင်းသည်သာ အာဟာရကို ဖြစ်စေနိုင်သလို ယဉ်ကျေးသော စိတ်သည်သာ ချမ်းသာကို ဖြစ်စေနိုင်၏။

စိတ်ကို ယဉ်ကျေးအောင် ဆောင်ရွက်ရာတွင် ဣနြေ္ဒငါးပါးကို ညီညွတ်အောင် ထားရ၏။ သဒ္ဓါနှင့်ပညာက တစ်တွဲ၊ ၀ီရိယနှင့်သမာဓိကတစ်တွဲ၊ သတိကမူ အားလုံး အပေါ်၌ ရှိရ၏။ သတိဟူသည် ပိုသည်မရှိ။ လိုသည်သာ ရှိ၏။ သဒ္ဓါနှင့် ပညာ၊ ၀ီရိယနှင့် သမာဓိတို့ ကား အပိုအလို ရှိတတ်၏။ ထို့ ကြောင့် အပိုအလိုမရှိ မျှအောင် ဆောင်ရွက်ရ၏။ ထိုသို့ ဆောင်ရွက်မှသာ စိတ်သည် ယဉ်ကျေးမည်ဖြစ်၏။

(ဆရာကြီး ဦးရွှေအောင် ရေးသားသော ဓမ္မပဒ-စူဠပန် မထေရ်ဝတ္ထု မှ) photo -creditto Aung Pyae Soe မေတ္တာဖြင့် စီကုံးပူဇော်သူ အနှိုင်းမဲ့စာတိုပေစများ (www.infinitydhamma.com)

No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT