Monday, December 2, 2013

ဦးဖိုးကျား (၁၈၉၁-၁၉၄၃)

ဦးဖိုးကျား (၁၈၉၁-၁၉၄၃)


မြန်မာသက္ကရာဇ် ၁၂၅၂ခုနှစ်၊ နှောင်းတန်ခူးလြ ပည့်၊၁၈၉၁-ခုနှစ်၊ မတ်လ(၂၃)ရက် တနင်္လာနေ့တွင် အဖ-ပရိက္ခရာကုန်သည် ဦးဖေနှင့် အမိ ဒေါ်ဒေါင်းတို့က ဟင်္သာတခရိုင် နိဗ္ဗာန်ရွာ၌ဖွား မြင်သည်။ သားချင်း(၄)ဦးတွ င် အငယ်ဆုံးဖြစ်သည်။ ပညာရေး


၁၈၉၇ - အသက်(၆)နှစ်အရွယ်၌နိဗ္ဗာန်ရွာ ဦးသာသနကျောင်းတွင် ပညာစသင်သည်။ ၁၉၀၀ - အသက်(၉)နှစ်အရွယ်တွင် လေးမျက်နှာမြို့နယ် ကံကုန်ရွာ ဆရာတော်၏ကျောင်း၌ ပညာဆက်လက် ဆည်းပူးသည်။ ထိုကျောင်းမှမြန်မာ(၇)တန်းစာမေးပွဲနှင့် ဆရာဖြစ်သင်အောင် မြင်သည်။ ဆရာဖြစ်သင်အောင် ပြီး ပုသိမ်ခရိုင် အသုတ်မြို့တွင် အလယ်တန်းပြဆရာအြ ဖစ်ဆောင်ရွက်။ တစ်ဖန် ကျောင်းဆရာအလုပ် မှထွက်၍ ပုသိမ် မြို့တိုင်တရာ(စ ကောကရင်)ကျောင်းတွင် ပညာဆက်လက်ဆည်းပူးသည်။


၁၉၀၇ - မြန်မာသက္ကရာဇ် (၁၂၇၈)ခုတွင်-ထိ တိုင်တရာကျောင်းမှပင် အင်္ဂလိပ် မြန်မာ(၉)တန်းအောင်မြင်သည်။ ထို့နောက် ဆန်စက်တစ်ခုတွင် တာလီစာရေးဝင်လုပ်ပြန်သည်။ ခေတ္တသာလုပ်ပြီး ပညာဆက်လက်ဆည်ပူးလိုပြန် သဖြင့် တိုင်တရာကျောင်းတွင်ပင် ဆက်လက်ဆည်းပူးသည်။


၁၉၁၇ - အသက်(၂၇)နှစ်အရွ ယ်တွင် ထိုတိုင်တရာကျောင်းမှပင် အင်္ဂလိပ်မြန်မာ(၁ ၀)တန်းအောင်မြင်ခဲ့။ ထိုနှစ်တွင်ပင် ဂျပ်ဆင်ကောလိပ်ဆက်တက်သည်။ (မြန်မာစာ၊ မြန်မာသမိုင်း)ကို လိုက်စားခဲ့သည်။ ဂျပ်ဆင်ကော လိပ်တွင် ဦးဖိုးလတ် (နောင်ယဉ်ကျေးမူအတွင်းဝန်)၊ ဦးမြင့်(နောင်-ေ နရှင်နယ်ဦးမြင့် ) တို့နှင့်အတူ ဗုဒ္ဗ္ဓဘာသာ အသင်းတည်ထောင်သည်။ ဦးဖိုးလတ်၊ ဦးမြင့်တို့၏ လမ်းညွှန်မှုဖြင့် ပါဠိဆရာစော၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ဆရာလွန်း( သခင်ကိုယ်တော်မှိုင်း)တို့ထံတွင် တပည့်ခံ၍ မြန်မာမှု၊မြန်မာစာပေ၊ မြန်မာ့သမိုင်းတို့ကို ဆည်းပူးသည်။ ဦးဖိုးကျားသည် ကျောင်းသားကြီးဘ၀ကပင် မြန်မာ့အလင်းသတင်းစာ၌ စာပေအရေးအသားကိုအစပြုခဲ့သည်။ ၁၉၂၂-ခုနှစ်ခန့်တွင် ဘီအေစာမေးပွဲ အောင်သည်။ နိုင်ငံရေး


၁၉၂၀ - ရန်ကုန်တက္ကသိုလ် အက်ဥပဒေကိစ္စနှင့် သပိတ်မှောက်ရာ (ဦးဖိုးလတ်၊ ဦးမြင့်)တို့နှင့်အတူပါဝင်ခဲ့။ ဦးဖိုးလတ်၊ ဦးမြင့် တို့နှင့် အတူ ဦးဖိုးကျားသည် ဂျက်ဆင်ကောလိပ်တွင် ဗုဒ္ဓဘာသာ အသင်းကို တည်ထောင်ခဲ့သည်။ စကား အဟော အပြော ကောင်းသူ ဦးဖိုးကျားသည် မြန်မာပြည်အရပ်ရ ပ်သို့ လှည့်၍ သပိတ်တရား ဟောသည်။ သုံးခွတွင်တရားဟောရာ နယ်ချဲ့ဗြိတိသျှ တရားဥပဒေ နှင့် ငြိစွန်းသည်ဆိုကာ ဒဏ်ငွေ(၁၀၀)ကျပ်အတပ်ခံရသည်။ နောက်ပိုင်းတွင် ဗြိတိသျှပညာရေးနှင့်စင်ပြိုင် အမျိုးသားပညာရေး တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။


အင်္ဂလိပ် သက္ကရာဇ် ၁၉၂ဝ ပြည့်နှစ်တွင် ကျောင်းသား သပိတ်ကြီး ဖြစ်ပေါ်လာသော အခါ၌ မူကား မျိုးချစ်စိတ် ရင့်သန်ရင်း ရှိသော ဦးဖိုးကျား သည်လည်း လက်ပိုက် လျစ်လျူ ရှု၍ မနေနိုင်။ ပါဝင် ဆင်နွှဲကာ အမျိုးသား ကျောင်းများ ပေါ်ပေါက် လာသည်နှင့် တပြိုင်နက် အမျိုးသား ပညာဝန် အဖြစ် အစိုးရ ရာထူးကို မယူဘဲ ဆောင်ရွက် ခဲ့လေသည်။ ထိုစဉ် အတွင်း ပညာဝန် အဖြစ် ထမ်းရွက်ရင်းလည်း ကျမ်း အမျိုးမျိုးကို ပြုစုသည်။ တိမ်မြုပ် ပျောက်ကွယ် နေသည် တို့ကိုလည်း တည်းဖြတ် ပုံနှိပ် ထုတ်ဝေ ဖြန့်ဖြူးသည်။


၁၉၂၁ - အမျိုးသားပညာရေး ကောင်စီ(စီအင်အီး)၌ ဦးစိုးဝင်း၊ မစ္စတာအိုင်းယား တို့နှင့်အတူ အမျိုးသားပညာရေးအား ကြိုးပမ်းဆောင်ရွက်၍ အမျိုးသားပညာဝန်အဖြစ် တာဝန်ထမ်းဆောင်။ စာပေရေးသားပြုစု ခြင်း


အမျိုးသားတက္ကသိုလ်၊ အမျိုးသားကျောင်းများ ပေါ်လာသောအခါ မြန်မာစာ၊ မြန်မာ့သမိုင်းတိ့ကို လေးထားသင်ကြားပေးခဲ့သည်။ ၁၉၂၇-ခုနှစ်တွင် မိမိနေထိုင်ရာ (ထိုစဉ်က)ကာလဘတ် လမ်း နေအိမ်တွင် မြန်မာ့ဂုဏ်ရည် ပုံနှိပ်စက် နှင့် မြန်မာ့ဂုဏ်ရည် စာအုပ်တိုက်တို့ကို တည်ထောင်သည်။ လွတ်လပ်ရေးရပြီး ခေတ်တွင် ဦးဖိုးကျားကို ဂုဏ်ပြုသောအားဖြ င့် ကာလဘတ်လမ်းကို မြန်မာ့ဂုဏ်ရည်လမ်းဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ မြန်မာရာဇ၀င်ကို သင်ကြားလေ့လာနိုင်စေရန် လွယ်ကူသော စကားပြေဖြင့်မြန်မာ့ဂုဏ်ရည်ဟူသော စာတစ်အုပ်ကို ရေးသားပြုစုခဲ့သ ည်။ ထို့နောက် ထိုစာအုပ်ကိုပင် အနည်းငယ်ပြင်ဆင် ၍မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာပထမတွဲနှင့်ဒုတိယတွဲနှစ်တွဲထုတ်ဝေခဲ့သည်။


ကျောင်းများတွင် လေ့လာသင် ကြားနိုင်ရန်နှင ဗုဒ္ဓ၀ါဒီမြန်မာလူမျိုးတို့ လွယ်လင့်တကူ ဖတ်ရှူနိုင်စေရန် ငါးရာ့ငါးဆယ် ကောက်နှုတ်ချက်များကို ပြုစုရေးသားခဲ့။ ထို့ပြင် ဦးပုညအတ္ထုပ္ပတ္တိနှင့်ရေသည်ပြဇာတ်။ ဦးပုညအတ္ထုပ္ပတ္တိနှင့် ၀ိဇယပြဇာတ်။ ပေါရာဏအဘိဓာန်၊ ပုသိမ်ရာဇ၀င်နှင်ဦးထွန်းရှိန် အတ္ထုပ္ပတ္တိတို့ကိုလည်း ပြုစုရေးခဲ့သည်။ ပညာဝန်အဖြစ်ဆောင်ရွက်စဉ် အတွေ့အကြုံများကိုလည်း ကိုယ်တွေ့ဝတ္ထုများအမည်ဖြင့် တိုးတက်ရေးမဂ္ဂဇ င်းတွင် ရေးသားခဲ့သည်။ သတင်း စာ၊ဂျာနယ်၊မဂ္ဂဇင်းများတွင်လည်းထူးခြားထက်မြက်သော ဆောင်းပါးများရေးသားခဲ့သည်။ အိမ်ထောင်ရေး


၁၉၂၉ - မက္ကဆင့်ကုမ္ပဏီစာရေးကြီး ဦးမောင်ကလေး၊ သိမ်ကြီးဈေးကွမ်းရွဲကြီး ဒေါ်ဒ်ါသိန်းတို့၏သမီး မအေးကြည်နှင့် ကာလဘတ်လမ်း အိမ်၍ပင် လက်ထပ်သည်။ ၁မအေးကြည်သည် ပုံနှိပ်စက်ဘက်က ဂရုစိုက်၍ လုပ်သည်။ မအေးကြည်သည် ၁၉၃၉ ခု နှစ်ဦးတွင် ကွယ်လွန်ခဲ့လေသည်။ သားတစ်ဦး(ဇော်ဝင်းကျား) တစ်ယောက်သာ ထွန်းကားခဲ့သည်။ ဦးဖိုးကျားသည် ဒု-ကမ္ဘာစစ်ပြီးသည်အထိ အမျိုးသားပညာဝန် အဖြစ် ဆောင်ရွက်ခဲ့သည်။ နောက်ဆုံးအချိန်


၁၃၀၃ - စစ်အတွင်း အင်းစိန်ခရိုင် ထန်းတပင်မြို့တွင် စစ်ဘေးတိမ်းရှောင်ရင်း နှောင်းတန်ခူးလြ ပည့်ကျော်(၆)ရက်၊ ၁၉၄၂-ခုနှစ်၊ ဧပြီလ(၁၁)ရက်၊ သောကြာနေ့တွင် ထန်းတပင်မြို့တွင်ကွယ်လွန်ခဲ့သည်။ ထင်ရှားသည့်စာအုပ်အချို့


ကိုယ်တွေ့ဝတ္ထုများ (၆)တွဲ ခေတ်မီ မြန်မာရာဇဝင် အကျဉ်းချုပ် - (၁၉၃၇ ခုနှစ်) ငါးရာ့ ငါးဆယ် ကောက်နုတ်ချက်များ ပုသိမ်ရာဇဝင် - ၁၉၂ဝ ပြည့်နှစ် ပေါရာဏ အဘိဓာန် မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ(၂)တွဲ ဦးထွန်းရှိန် အတ္ထုပ္ပတ္တိ - (၁၉၂၃ ခုနှစ်) စလေဦးပုည အတ္ထုပ္ပတ္တိနှင့် ရေသည်ပြဇာတ် ဦးပုည အတ္ထုပ္ပတ္တိနှင့် ဝိဇယပြဇာတ် သီပေါမင်းပါတော် မူ အရေးတော်ပုံ ၃၇မင်း မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယနဂိုဏ်း အလောင်းတော်ကဿပ အလယ်တန်း မြန်မာရာဇ၀င်အကျဉ်း


ကိုးကား


ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုသော ‘နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း’ စာအုပ် (ပညာရွှေတောင် စာအုပ်တိုက် ၂ဝဝ၃ ခုနှစ်၊ ဧပြီလ၊ ပထမ အကြိမ်)


(မည်သူမဆို မျှဝေယူနိုင်သညShwe Eaim Si ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်)


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT