Wednesday, December 25, 2013

မင်္ဂလသုတ်တော် ဖြစ်ပေါ်လာပုံ

မင်္ဂလသုတ်တော် ဖြစ်ပေါ်လာပုံ =========================== မင်္ဂလသုတ်တော် ဖြစ်ပေါ်ရာနေရာဒေသသည်ကား သာဝတ္ထိပြည်မွန် ဇေတ၀န် ကျောင်းတော်တွင် ဖြစ်လေသည်။

ဂေါတမ ဗုဒ္ဓဘုရားရှင်သည်အနာထပိဏ် သူဌေး ဆောက်လုပ်လှူဒါန်းသောဇေတ၀န်ကျောင်းတော် မှာစံနေခိုက်လူ့လောက တွင် မင်္ဂလာဆိုတာ ဘာလဲဟူသောပြဿနာပေါ်ပေါက်လာသည်။

မည်သည့်အချက်သည် မင်္ဂလာဖြစ်သည်ဟု တိတိကျကျမဆုံးဖြတ်ရသေးသောကာလဖြစ်သဖြင့် မိမိတို့ ထင်ရာမြင်ရာကိုက်ရာကို မင်္ဂလာဟု စွဲလမ်းနေကြသောအုပ်စုကြီး(၃) ခု ရှိလေသည်။

တစ်အုပ်စုမှာကြားသောအသံကို စွဲ၍ရယ်မောသံ ၊ ကျက်သရေရှိသောစက်မောင်းသံ ၊ ခရုသင်းသံ စသောက္ကုဋ္ဌာရုံ ဖြစ်ဖွယ်အသံကြားလျှင်မင်္ဂလာဟု ဆိုဧ။်။

တစ်အုပ်စုကကြားရုံနှင့် မင်္ဂလာဘယ်မှာဖြစ်ပါ့မလဲ မျက်စိနှင့်တပ်အပ်ထင်ထင်မြင်မှာသာမင်္ဂလာ ဖြစ်မှာပေါ့၊ လှပသောပန်းကိုမြင်ခြင်း ၊ ရေပြည့်သော အိုး၊ သွေးရောင်လှပသော နွားမ၀၀ စသည်တို့ ကို မြင်မှမင်္ဂလာဖြစ်သည်ဆိုပြန်ဧ ။်။

ကျန်တစ်အုပ်စုက ကြားရုံ၊ မြင်ရုံ နှင့် မင်္ဂလာ မဖြစ်သေး၊ ကိုယ်တိုင်ဒိဋ္ဌ မြင်တွေ့ရမှ မင်္ဂလာ ဖြစ်ရပေမည်။ပန်းလှလှကို မြင်ရရုံမဟုတ် လုက်နှင့ိကိုင် ၊နှာခေါင်းနှင့် နမ်းရှူရမှမင်္ဂလာ၊ ရေပြည့်အိုးမြင်ရတာထက် ၊ ရေကို သောက်ရမှပေါ့ ။ နွားမ ၀၀ မြင်ရတာထက် နွားနို့ မလိုင်ခဲ စားရမှ မင်္ဂလာဟုဆိုကြဧ။်။

ထိုအုပ်စု (၃) စု သည်သူ့ အယူမှန်သည်၊ ကိုယ့် အယူမှန်သည်ဟု ငြင်းခုံကြရာတစ်ဖက်နှင့်တစ်ဖ က် စင်မြင့်ဆောက်၍ရက်ရှည်လများဟောပြောပွဲကြီးများ နှင့်ငြင်းခုံကြရာလူပါမကနတ်ချင်းပင်ငြင်းခုံကြဧ။်။

ယင်းကဲ့သို့  ပြဿနာစခဲ့ ခြင်းမှဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ် များမှ တစ်ဆင့်အာလိန်ငါးဆင့်ကိ ကျော်ကာတာဝတိံသာနတ်များထိ အုပ်စုဖွဲ့ကာ ငြင်းခုံပွဲကူးစက်လာလေတော့ဧ ။်။ထိုသို့ သော ပြဿနာကြီးမားမှုကြောင့်မည်သူမှန်သည်၊ မည်သူ မှားသည် အဆုံး အဖြတ်ပေးပါရန်သိကြားမင်းထံ ၀င်၍ရင်ဆိုင်ကြလေတော့သည်၊

ကျွ်တွင် သိကြားမင်းကကျွ်မင်္ဂလာကိစ္စသည် ကျယ်ဝန်းနက်နဲ လှသည် ။ငါလည်းအမှန်မသိ ၊ ထို့  ကြောင့် လူ့ပြည်တွင်အထင်အရှားပွင့် တော်မူသော ဂေါတမမြတ်စွာဘုရားသည် သိရှိနိုင်ရာဧ။်။ခေတ္တ စောင့်ကြဟုဆိုကာနတ်သားတစ်ဦးအား ဘုရားရှင်ထံ မေးမြန်းရန်လွှတ်လိုက်လေသည်။

ထိုနတ်သားမေးလျှောက်ချက်အရ ဘုရားရှင် ပြန်လည် ဟောကြားဖြေဆိုသောမင်္ဂလာတရား(၃၈) ပါး ပါဝင်သည့် ကျွ်မင်္ဂလသုတ်တော်ဖြစ်ပေါ်လာရခြင်း ဖြစ်သတည်း။

ပရိတ်ကြီးမြန်မာပြန်

(နတ်ပင့်နှင့်တိုက်တွန်းချက်)

၁။သမန္တာ စက္က၀ါဠေသု၊ *(သမန်တာစက်က၀ါဠေသု၊)

အတြာ’ဂစ္ဆန္တု ဒေ၀တာ။ *(အတရာ’ဂစ်ဆန်တု ဒေ၀တာ။)

သဒ္ဓမ္မံမုနိရာဇဿ၊ *(သတ်(သဒ်)ဓမ်မံ မုနိရာဇတ်သ၊)

သုဏန္တုသဂ္ဂမောက္ခဒံ။ *(သုဏန်တု သက်(သဂ်)ဂမောက်ခဒံ။)

၂။ဓမ္မဿဝနကာလောအယံဘဒ္ဒန္တာ။ *(ဓမ်မတ်,သ၀န,ကာလောအယံဘတ်(ဘဒ်)ဒန်တာ။)

(ဘုရားရှိခိုး) ===================== ၃။နမောတဿဘဂ၀တောအရဟတော သမ္မာသမ္ဗုဒ္ဓဿ။ *(နမောတတ်သ ဘဂ၀တောအရဟတော သမ်မာ,သမ်ဗုတ်(ဗုဒ်)ဓတ်သ။)

(တဖန်-နတ်ပင့်) ================ ၄။ယေသန္တာ သန္တစိတ္တာ၊ တိသရဏသရဏာ *(ယေ သန်တာသန်တစိတ်တာ,၊ တိသရဏ,သရဏာ)

ဧတ္ထ လောကန္တရေ ၀ါ *(အစ်ထ လောကန်တရေ ၀ါ၊)

ဘုမ္မာ,ဘုမ္မာစ ဒေ၀ါ ၊ ဂုဏ ဂဏ ဂဟဏ *(ဘုမ်မာ,ဘုမ်မာ စ ဒေ၀ါ ၊ ဂုဏ ဂဏ ဂဟဏ)

ဗျာဝဋာသဗ္ဗကာလံ။ *(ဗျာဝတာ(ဋာ) သတ်(သဗ်)ဗကာလံ။)

ဧတေ အာယန္တုေ၀၀ါ ၊ ၀ရ ကနကမယေ,

*(အေတေ အာယန်တုဒေ၀ါ,၊ ၀ရ ကနကမယေ,)

မေရုရာဇေ ၀သန္တော၊ *(မေရုရာဇေ ၀သန်တော၊)

သန္တော သန္တောသဟေတုံ၊ မုနိ ၀ရ၀စနံ,သေုတုမဂ္ဂံ သမဂ္ဂါ။ *(သန်တောသန်တောသဟေတုံ,၊ မုနိ ၀ရ ၀စနံ, သောတုမက်(မဂ်)ဂံ သမက်(မဂ်)ဂါ။)

အမျှဝေနှင့် - တိုက်တွန်းချက် ၅။သဗ္ဗေသု စက္က၀ါဠေသု ၊ ယက္ခာဒေ၀ါစ ဗြဟ္မနော။ *(သတ်(သဗ်)ဗေသု စက်က၀ါဠေသု ၊ ယက်ခါ ဒေ၀ါ စ ဗြမနော။)

ယံ အမှေဟိ ကတံ ပုညံ ၊ သဗ္ဗသမ္မတ္တိသာဓကံ။ *(ယံအံမှေဟိ ကတံပုန်ညံ၊ သတ်(သဗ်)ဗ,သမ်ပတ်တိ,သာဓကံ။)

၆။သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေရတာ။ *(သတ်ဗေ တံအနုမောဒိတ၀ါ ၊ သမက်(မဂ်)ဂါ သာသနေ ရတာ။)

ပမာဒရဟိတာဟောန္တု၊ အာရက္ခာသု ၀ိသေသတော။ *(ပမာဒ,ရဟိတာဟွန်တု၊ အာရက်ခါသု ၀ိသေသတော။)

၇။သာသနဿစ လောကဿ၊ ၀ုဍ္ဎိ ဘ၀တုသဗ္ဗဒါ။ *(သာသနတ်သ စ လောကတ်သ ၊ ၀ုတ်ဒိ ဘ၀တု သတ်(သဗ်)ဗဒါ။)

သာသနမ္မိ စ လောကဉ္စ ၊ ဒေ၀ါရက္ခန္တု သဗ္ဗဒါ။ *(သာသနမ်ပိ စ လောကင်(ကဉ်)စ ၊ ဒေ၀ါ ရက်ခန်တု သတ်ဗဒါ။)

၈။သဒ္ဓိံဟောန္တု သုခီ သဗ္ဗေ ၊ ပရိဝါရေဟိ အတ္တနော။ *(သတ်(သဒ်)ဓိန် ဟွန်တုသုခီသတ်(သဗ်)ဗေ ၊ ပရိဝါရေဟိ အတ်တနော။)

အနီဃာသုမနာဟောန္တု၊ သဟ သဗ္ဗေဟိ ဥာတိဘိ။ *(အနီဂါ(ဃာ) သုမနာဟွန်တု၊ သဟ သတ်(သဗ်)ဗေဟိ ညာတိဘိ။)

၉။ရာဇတောဝါ စောရတောဝါ *(ရာဇတောဝါ ၊ စောရတောဝါ)

မနုဿတောဝါ အမနုဿတောဝါ *(မနုတ်သတောဝါ ၊ အ-မနုတ်သတောဝါ)

အဂ္ဂိတောဝါဥဒကတောဝါ *(အက်(ဂ်)ဂိတောဝါ ၊ ဥဒကတောဝါ)

ပိသာစတောဝါ ခါဏုကတောဝါ *(ပိသာစတောဝါ ၊ ခါဏုကတောဝါ)

ကဏ္ဍကတောဝါ နက္ခတ္တတောဝါ *(ကန်တကတောဝါ၊ နတ်ခတ်တတောဝါ)

ဇနပဒရောဂတောဝါ အသဒ္ဓမ္မတောဝါ *(ဇနပဒ,ရောဂတောဝါ ၊ အသတ်ဓမ်မတောဝါ)

အသန္ဒိဋ္ဌိတောဝါ အသပ္ပုရိသတောဝါ *(အသန်ဒိတ်ထိတော ၀ါ၊ အသတ်ပုရိသတောဝါ)

စဏ္ဍဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ အဟိ ၀ိစ္ဆိက-မဏိသပ္ပဒီပိ အစ္ဆ *(စန်ဒ ဟတ်ထိ အတ်သ မိဂ ဂေါဏ ကုတ်ကုရ အဟိ ၀ိတ်စိက-မဏိသတ်ပဒီပိ အစ်ဆ)

တရစ္ဆသူကရ မဟိံသ ရက္ခ ရက္ခသာဒီဟိ *(တရစ်ဆ သူကရ မဟိန်သ ယက်ခ ရက်ခသာဒီဟိ၊)

နာနာဘယတောဝါနာနာရောဂတောဝါ *(နာနာဘယတောဝါ ၊ နာနာရောဂတောဝါ)

နာနာဥပဒ္ဓ၀တောဝါ အာရက္ခံ ကဏှန္တု။ *(နာနာဥပတ်ဒ၀တော ၀ါ၊ အာရက်ခံ ကဏှန်တု ။)

မင်္ဂလသုတ် ============== ၁၀။ယံမင်္ဂလံဒွါဒသ ဟိ ၊ စိန္တယိံသုသဒေ၀ကာ။ *(ယံမင်ဂလံ ဒ၀ါဒသ ဟိ ၊ စိန်တယိန်သု သဒေ၀ကာ။)

သောတ္ထာနံ နာဓိဂစ္ဆန္တိ ၊ အဋ္ဌတ္တိံသဉ္စ မင်္ဂလံ။ *(သွတ်ထာနံ နာဓိဂစ်ဆန်တိ ၊ အတ်ထတိန်သင်(သဉ် )စ မင်ဂလံ။)

၁၁။ဒေသိတံ ဒေ၀ဒေဝေန ၊ သဗ္ဗပါပ၀ိနာသနံ။ *(ဒေသိတံဒေ၀,ဒေဝေန၊ သတ်ဗပါပ,၀ိနာသနံ ။)

သဗ္ဗလောက ဟိတတ္ထာယ ၊ မင်္ဂလံတံ ဘဏာမ ဟေ။ *(သတ်ဗလောက,ဟိတတ်ထာယ ၊ မင်ဂလံ တံ ဘဏာမ ဟေ။)

၁၂။ဧ၀ံ မေ သုတံ-*(အေ၀ံမေ သုတံ-)

ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိရဟတိ ဇေတ၀နေ *(အေကံ သမယံ ,ဘဂ၀ါ သာဝတ်ထိယံ,၀ိဟရတိ ဇေတ၀နေ,)

အနာထပိဏ္ဍိကဿအာရာမေ *(အနာထပိန်ဒိကတ်သ အာရာမေ။)

အထ ခေါအညတရာဒေ၀တာ *(အထ ခေါ ,အင်ညတရာဒေ၀တာ)

အဘိကန္တာယ ရတ္တိယာအဘိက္ကန္တ၀ဏ္ဏာ *(အဘိတ်ကန်တာယ ရတ်တိယာ အဘိတ်ကန်တ၀ဏ်ဏာ)

ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ *(ကေ၀လကတ်ပံ ဇေတ၀နံ သြဘာသစ်တွာ)

ယေနဘဂ၀ါ တေနုပသင်္ကမိ ၊ ဥပသင်္ကမိတွာ *(ယေန ဘဂ၀ါတေနုပသင်ကမိ ၊ ဥပသင်ကမိတ၀ါ)

ဘဂ၀န္တံ အဘိဝါဒေတွာဧကမန္တံအဋ္ဌာသိ။ *(ဘဂ၀န်တံအဘိဝါဒစ်တ၀ါ ၊ အေကမန်တံ အတ်ဌာသိ။)

ဧကမန္တံ ဌိတာခေါ သာဒေ၀တာ *(အေကမန်တံ ထိတာခေါ,သာဒေ၀တာ)

ဘဂ၀န္တံ ဂါထာယအဇ္ဈဘာသိ။ *(ဘဂ၀န်တံဂါထာယ အစ်ဇဘာသိ။)

၁၃။ဗဟူ ဒေ၀ါမနုဿာစ ၊ မင်္ဂလာနိ အစိန္တယုံ။ *(ဗဟူ ဒေ၀ါမနုတ်သာစ ၊ မင်ဂလာနိ အစိန်တယုန်။)

အာကင်္ခမာနံသောတ္ထာနံ ၊ ဗြူဟိ မင်္ဂလ’မုတ္တမံ။ *(အာကင်ခမာနာသွတ်ထာနံ၊ ဗြူဟိ မင်ဂလ’မုတ်တမံ။)

၁၄။အသေ၀နာစ ဗာလာနံ ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ *(အသေ၀နာစ ဗာလာနံ ၊ ပန်တိတာနင်စ သေ၀နာ။)

ပူဇာစ ပူဇနေယျာနံ ၊ ဧတံ မင်္ဂလ’မုတ္တမံ။ *(ပူဇာစ,ပူဇနေယျာနံ ၊ အေတံ မင်ဂလ’မုတ်တမံ။)

၁၅။ပတိရူပဒေသ၀ါသောစ ၊ ပုဗ္ဗေစ ကတပုညတာ။ *(ပတိရူပ,ဒေသ၀ါေ သာ စ ၊ ပုတ်ဗေ စ, ကတပုန်ညတာ။)

အတ္တသမ္မာပဏိဓိ စ ၊ ဧတံ မင်္ဂလ’မုတ္တမံ။ *(အတ်တသမ်မာပဏိဓိ စ ၊ အေတံ မင်ဂလ’ မုတ်တမံ။)

၁၆။ဗာဟုသစ္စဉ္စ သိပ္ပဉ္စ ၊ ၀ိနယောစ သုသိက္ခိတော။ *(ဗာဟုသစ်စင်စ သိတ်ပင်စ ၊ ၀ိနယောစ သုသိတ်ခိတော။)

သုဘာသိတာစ ယာဝါစာ၊ ဧတံမင်္ဂလ’မုတ္တမံ။ *(သုဘာသိတာစ,ယာဝါစာ၊ အေတံ မင်ဂလ’ မုတ္တမံ။)

၁၇။မာတာပိတုဥပဋ္ဌာနံ ၊ ပုတ္တဒါရဿသင်္ဂဟော။ *(မာတာပိတုဥပတ်ထာနံ ၊ ပုတ်တ,ဒါရတ်သ သင်ဂဟော။)

အနာကုလာစ ကမ္မန္တာ၊ ဧတံ မင်္ဂလ’မုတ္တမံ။ *(အနာကုလာစ,ကမ်မန်တာ၊ အေတံ မင်ဂလ’ မုတ်တမံ။)

၁၈။ဒါနဉ္စ ဓမ္မစရိယာစ ၊ ဥာတကာနဉ္စ သင်္ဂဟော။ *(ဒါနင်စ ဓမ်မစရိယာစ ၊ ညာတကာနင်စ သင်ဂဟော။)

အန၀ဇ္ဇာနိ ကမ္မာနိ ၊ ဧတံ မင်္ဂလ’မုတ္တမံ။ *(အန,၀စ်ဇာနိ ကမ်မာနိ ၊ ၊ အေတံ မင်ဂလ’ မုတ်တမံ။)

၁၉။အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာစ သံယမော။ *(အာရတီ ၀ိရတီ ပါပါ ၊ မစ်ဇပါနာစ,သံယမော။)

အပ္ပမာဒေါစ ဓမ္မေသု ၊ ဧတံ မင်္ဂလ’မုတ္တမံ။ *(အပ်ပမာဒေါစ,ဓမ်မေသု ၊ ၊ အေတံ မင်ဂလ’ မုတ်တမံ။)

၂၀။ဂါရဝေါ စ နိဝါတောစ ၊ သန္တုဋ္ဌိ စ ကတညုတာ။ *(ဂါရဝေါ စ, နိဝါတောစ ၊ သန်တုတ်ထိ စ, ကတင်ညုတာ။)

ကာလေန ဓမ္မဿဝနံ ၊ ဧတံမင်္ဂလ’မုတ္တမံ။ *(ကာလေနဓမ်မတ်သ၀နံ၊ ၊ အေတံမင်ဂလ’ မုတ်တမံ။)

၂၁။ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။ *(ခန်တီ စ,သောဝစတ်သတာ၊ သမဏာနင်စ ဒတ်သနံ။)

ကာလေန ဓမ္မသာကစ္ဆာ ၊ ဧတံ မင်္ဂလ’မုတ္တမံ။ *(ကာလေနဓမ်မသာကစ်ဆာ၊ ၊ အေတံ မင်ဂလ’ မုတ်တမံ။)

၂၂။တပေါ စ ဗြဟ္မစရိယဉ္စ ၊ အရိယာသစ္စာနဒဿနံ။ *(တပေါ စ ဗြဟ္မစရိယင်စ ၊ အရိယာသစ်စာန ဒတ်သနံ။)

နိဗ္ဗာနသစ္ဆိကိရိယာစ ၊ ဧတံ မင်္ဂလ’မုတ္တမံ။ *(နိတ်ဗာန,သစ်ဆိကိရိယာစ ၊ ၊ အေတံ မင်ဂလ’ မုတ်တမံ။)

၂၃။ဖုဋ္ဌဿလောကဓမ္မေဟိ ၊ စိတ္တံယဿန ကမ္မတိ။ *(ဖုတ်ထတ်သ လောကဓမ်မေဟိ ၊ စိတ်တံ ယတ်သ န ကမ်ပတိ။)

အသောကံ ၀ိရဇံ ခေမ ၊ ဧတံမင်္ဂလ’မုတ္တမံ။ *(အသောကံ ၀ိရဇံခေမံ၊ ၊ အေတံမင်ဂလ’ မုတ်တမံ။)

၂၄။ဧတာဒိသာနိ ကတွာန ၊ သဗ္ဗတ္ထ မပရာဇိတာ။ *(အေတာဒိသာနိ ကတ၀ါန၊ သတ်ဗတ်ထ မပရာဇိတာ။)

သဗ္ဗတ္ထ သောတ္ထိံဂစ္ဆန္တိ ၊ တ တေသံမင်္ဂလ’မုတ္တမံ။ *(သတ်ဗတ်ထ သွတ်ထိန်ဂစ်ဆန်တိ ၊ တံတေသံ မင်ဂလ’မုတ်တမံ။)

မင်္ဂလသုတ္တံနိဋ္ဌိတံ။ *(မင်ဂလသုတ်တံ နိတ်ထိတံ။)

အဓိပ္ပါယ် ============= မင်္ဂလာတရား၃၈ ပါး ၁။အသေ၀နာစ ဗာလာနံ =လူမိုက်တို့ကို မဆည်းကပ်ခြင်း။ ၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း။ ၃။ ပူဇာစ ပူဇနေယျာနံ =ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။ ၄။ ပတိရူပဒေသ ၀ါသောစ=သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။ ၅။ ပုဗ္ဗေစ ကတပုညတာ =ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း။ ၆။ အတ္တသမာပဏီဓိ=မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။ ၇။ ဗာဟုဿစ္စ =အကြားအမြင်များေ သာ သူ၏ အဖြစ် ဖြစ်ခြင်း။ ၈။ သိပ္ပ= လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။ ၉။ ၀ိနယောစ သုသိက္ခိတော =ကောင်းစွာသင်အပ် သော ၀ိနည်းတရားရှိခြင်း။ ၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း။ ၁၁။ မာတာပိတုဥပဋ္ဌာန =အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။ ၁၂။ ပုတ္တဒါရဿသင်္ဂဟ=သားမယားတို့အားသင်္ဂြိုဟ်ထောက်ပံ့ခြင်း။ ၁၃။ အနာကုလ ကမ္မန္တာ =အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။ ၁၄။ ဒါနဉ္စ=အလှူပေးခြင်း။ ၁၅။ ဓမ္မစရိယ =မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။ ၁၆။ ဉာတကာနဉ္စ သင်္ဂဟ=ဆွေမျိုးတို့အား ထောက်မခြင်း။ ၁၇။ အန၀ဇ္ဇာနိကမ္မာနိ= အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။ ၁၈။ ပါပ အာရတီ =မကောင်းမှုမှဝေးစွာ ရှောင်ကြဉ်ခြင်း။ ၁၉။ ပါပ ၀ိရတီ=မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း။ ၂၀။ မဇ္ဇပါန သံယမော =သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။ ၂၁။ အပ္ပမာဒေါစ ဓမ္မေသု= ကောင်းမှုကုသိုလ် တို့၌ မမေ့လျော့ခြင်း။ ၂၂။ ဂါရ၀=ရိုသေထိုက်သူတို့ အားရိုသေခြင်း။ ၂၃။ နိဝါတ =မိမိကိုယ်ကို နှိမ့်ချခြင်း။ ၂၄။ သန္တုဋ္ဌီ =ရောင့်ရဲလွယ်ခြင်း။ ၂၅။ ကတညုတ =သူပြုဖူးသော ကျေးဇူးကို သိခြင်း။ ၂၆။ ကာလေန ဓမ္မဿဝန= သင့်တင့်လျောက်ပ တ်သော အခါ၌ သူတော်ကောင်းတရားကို နာယူခြင်း။ ၂၇။ ခန္တီ =သည်းခံခြင်း။ ၂၈။ သောဝစဿတာ = သူတော်ကောင်းတို့  ဆုံးမအပ်သော စကားကို နာလွယ်ခြင်း။ ၂၉။ သမဏာနဉ္စဒဿန=ရဟန်းပုဏ္ဏားတို့ အား ဖူးမြင်ခြင်း။ ၃၀။ ကာလေန ဓမ္မသာကစ္ဆာ =သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း။ ၃၁။ တပေါ =ခြိုးခြံစွာ ကျင့်ခြင်း။ ၃၂။ ဗြဟ္မစရိယ=မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။ ၃၃။ အရိယသစ္စာနဒဿန=အရိယသစ္စာတို့ကို သိမြင်ခြင်း။ ၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ =နိဗ္ဗာန်ကိုမျက်မှောက်ပြုရြ ခင်း။ ၃၅။ နကမ္ပတိ =လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း။ ၃၆။ အသောက =လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း။ ၃၇။ ၀ရဇံ =လောကဓံတရားတို့ေ တွ့သော်စိတ်၌ ရမ္မက်မရှိခြင်း။ ၃၈။ ခေမံ =လောကဓံတရားတို့ေ တွ့သော် စိတ်၌ဘေးမရှိခြင်း။

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT