Thursday, December 12, 2013

ရဟန္တာကိုရင်ကစားသေးလား

ရဟန္တာကိုရင်ကစားသေးလားဘုရား ••••••••••••••••••••••••••••• တစ်နေ့သောနေ့လည်ခင်းတွင် ဖြစ်၏။ မိမိသည် ခြေထောက်နာသဖြင့် ခြေထောက်ကို မြန်မာစုတ်ဆေးနှ င့် ကိုယ့်ဘာသာကိုယ် ထိုးနေသည်။ ထိုစဉ်မှ အမှတ်မထင် တရားနာပရိသတ်မှ ဒကာတစ်ယောက် ရောက်ရှိလာပြီးလျှင် ပြဿနာပေါ်လာသည် -


“ရဟန္တာကိုရင်ကစားသေးလားဘုရား”


“ဟာ. . .ဘဘယ်ကလာ ကတ်သီးကတ်သပ် ရဟန္တာကိုရင် ကစားရမလဲ”


“ဦးပဉ္ဇင်းကသာ မကစားဘူးပြောတယ်၊ တပည့်တော်က နိုင်ငံကျော်စာေ ရးဆရာကြီးတစ်ယောက်ရဲ့ စာအုပ်ထဲမှာ သေသေချာချာ ဖတ်ဖူးတယ်ဘုရား”


“အို. . . နိုင်ငံကျော်စာရေးဆရာကြီးတစ်ယော က်ရဲ့ စာအုပ်ထဲ ဖတ်ဖူးတာနဲ့ ရဟန္တာကိုရင် ကစားတယ်ဆိုတာ မှန်ရရောလား”


“မမှန်ဘူးလားဘုရား”


“ဘယ်ကလာ မှန်မှာလဲ၊ အကြီးအကျယ်မှားတ ယ်”


“ဦးပဉ္ဇင်း ဒါဖြင့် ရဟန္တာကိုရင် ကစားတယ် မကစားဘူးဆိုတဲ့ ပြဿနာကို အတိအကျ ဖြေရှင်းပေးပါလားဘုရား”


“ဖြေရှင်းပေးဖို့  ပြဿနာအစအနတော့ ပြောပြဦးမှပေါ့ ”


“ဘယ်လို အစအန ပြောရမှာလဲဘုရား ”


“ဘယ်ရဟန္တာကိုရင် ဘယ်မှာကစားတယ်ဆိ တာတော့ ပြောမှပေါ့၊ ဒါမှ တွေးတောဆင်ခြင် ထောက်ဆစရာရှာပြီး ဖြေရှင်းနိုင်မှာပေါ့”


“သြော် .. ဟုတ်သားပဲဘုရား၊ အဲဒါတပည့်တော်ချွတ်ယွင်းချက်ပါပဲဘုရား၊ ဟိုကိုရင်ဘုရား၊ ရှင်ပေါဋ္ဌိလကြီးကို တရားပြတဲ့ ရဟန္တာကိုရင်ပေါ့ ကစားတာ”


“ကဲ. . .ပြောစမ်းပါဦး၊ ကစားပုံကို၊ ဘယ်ပုံကစားသလဲ”


“ရှင်ပေါဋ္ဌိလကြီးတောထဲရောက်တော့ ထေရ်ကြီးတွေက ကမ္မဋ္ဌာန်းမပေးဘဲ “မီးတင်းကုတ်တွင် ခုနှစ်နှစ်အရွယ်မျှသာ ရှိသေးသော ကစားနေသည့် သာမဏေထံသို့ ညွှန်လိုက်၏” လို့ ကစားပုံတွေ့တယ်ဘုရား”


“ဒီရှင်ပေါဋ္ဌိလကြီးနှင့် ပတ်သက်ပြီး အမျိုးမျိုး ကိုယ်လိုသလို ဆွဲပြောနေကြတယ်၊ခုလည်း ကိုရင်နဲ့ လိုသလို ဆွဲပြောပြန်ပြီ”


“အဲဒါ အရှင်ဘုရား ရှင်းပေးပါလားဘု ရား”


“ကဲ. . .နားထောင်၊ မူရင်း ဓမ္မပဒအဋ္ဌကထာအတိုင်း ရှင်းပြပေးမယ်”


“ရှင်းပါဘုရား”


ရှင်ပေါဋ္ဌိလ


“ရှင်ပေါဋ္ဌိလကြီးဟာ ဝိပဿီဘုရားရှင်မှ စ၍ ယခုဘုရားရှင်တိုင် ဘုရားရှင် ၇-ဆူ သာသနာတော်မှာ ပိဋကတ်သုံးပုံဆောင် ရဟန်းငါးရာတို့၏ စာချချည်းဖြစ်ခဲ့ တယ်၊ ကျွတ်တမ်းဝင်မည့် ပုဂ္ဂိုလ်ပဲ၊ သို့သော် အရှင်မြတ်ဟာ ဝိပဿနာတရားအား မထုတ်ဘူး၊ ဒါကို ဘုရားရှင်သိလို့ စဉ်းစားတယ်-


“ဤပေါဋ္ဌိလရဟန်းအား မိမိ၏ဒုက္ခမှ လွတ်မြောက်ရေးကို ပြုကျင့်အံ့ဟု စိတ်မျှ မဖြစ်ဘဲရှိ၏။ သူ့ကိုထိတ်လန့်သ ဝေဂဖြစ်စေအံ့”


“အဲဒီလို စဉ်းစားကြံစည်ပြီး ရှင်ပေါဋ္ဌိလကြီး ဘုရားရှင်ထံ လာတိုင်းပြန်တိုင်း ဘုရားရှင်က ခေါ်တယ်-


“အချည်းနှီးသော ပေါဋ္ဌိလ လာလော့၊ အချည်းနှီးသော ပေါဋ္ဌိလ ထိုင်လော့၊ အချည်းနှီးသော ပေါဋ္ဌိလ သွားလော့၊ အချည်းနှီးသော ပေါဋ္ဌိလ သွား၏”


“အဲဒီလို ခေါ်ဝေါ်ပြောဆိုတော့ ရှင်ပေါဋ္ဌိလကြီးက စဉ်းစားတယ်-


“ငါသည် အဋ္ဌကထာနှင့်တကွ ပိဋကတ်သုံးပုံကိ ဆောင်တယ်၊ ရဟန်းငါးရာတို့၏ ဂိုဏ်းကြီး ၁၈-ဂိုဏ်းမှာ စာချလည်း ဖြစ်တယ်၊ သို့ ပါလျက် ငါ့ကို ဘုရားရှင်က မပြတ်ပင် အချည်းနှီးသော ပေါဋ္ဌိလ လို့ခေါ်တယ်၊ စင်စင် ငါ့ကို ဈာန်မဂ်ဖိုလ် စသော တရားထူးမရှိလို့ ဒီလိုခေါ်တာပဲ”


“ရှင်ပေါဋ္ဌိလကြီးဟာ အဲဒီလိုစဉ်းစားပြီး ထိတ်လန့်သံဝေဂဖြစ်သွားတယ်၊ ဆုံးဖြတ်ချက်လည်း ချတယ်-


“အရညံ ပဝိသိတွာ သမဏဓမ္မံ ကရိဿာမိ=တောသို့မြန်း၍ ရဟန်းတရားကို အားထုတ်ပါတော့အံ့”


“ယင်းသို့ဆုံးဖြတ်ပြီး သပိတ်တစ်လုံး၊ သုံးထည်သော သင်္ကန်းနှင့် တောထွက်ခဲ့တယ်၊ ယူဇနာ ၁၂၀-ဝေးသော ရဟန္တာ၃၀၊ သီတင်းသုံးတဲ့ တောကျောင်းတစ်ကျောင်း ရောက်တယ်၊ ရောက်တာနဲ့တစ်ပြိုင်နက် အကြီးဆုံး အရှင်မြတ်ကို ချဉ်းကပ်ရှိခိုး ပြီး လျှောက်တယ်-


“အရှင်ဘုရား၊ တပည့်တော်၏မှီခိုရာဖြစ်တော်မူပါဘုရား”


“ငါ့ရှင်သင်သည် စာချဓမ္မကထိက ဖြစ်၏၊ ငါတို့ကတောင်မှ ငါ့ရှင်ကိုမှီ၍ တစ်စုံတစ်ရာသိစရာကို မေးရဦးမှာ၊ ဘယ့်ကြောင့် ငါ့ရှင် ဒီလိုပြောရသလဲ”


“အရှင်ဘုရား ဤသို့မပြောပါနဲ့ဘုရား၊ တပည့်တော်၏မှီခိုရာ ဖြစ်တော်မူပါဘုရား”


အရှင်မြတ်ကြီးသည် ရှင်ပေါဋ္ဌိလကြီးတွင် ပရိယတ္တိကို အမှီပြု၍ မာန်မာနရှိနေသည် ကို သိသဖြင့် မာနကျစေခြင်းငှာ အရှင်မြတ်ကြီးအောက် ငယ်သည့်မထေရ်ထံသ ညွှန်းလိုက်၏။ ရှင်ပေါဋ္ဌိလကြီးသည် သွား၏။ ယင်းထေရ်က နောက်တစ်ပါးထံ ညွှန်းပြ၏။ ဤနည်းဖြင့် အဆင့်ဆင့်ညွှန်းရာ နောက်ဆုံးနေ့သန့်ရာတွင် သင်္ကန်းချုပ်နေသော ၇-နှစ်သား ကိုရင်ကလေးထံသို့ ရောက်သွားလေ၏။


“ဟင်. .. ဘယ်မှာလဲ ရဟန္တာကိုရင်ကလေး ကစားတာ၊ သင်္ကန်းချုပ်နေတာပဲဟာ”


“အဲဒါကြောင့် ပြောတာပေါ့၊ နိုင်ငံကျော်စာေ ရးဆရာကြီးတစ်ယောက်ရဲ့ စာအုပ်ထဲ ဖတ်ဖူးတာနဲ့မှန်ရော့လားလို့”


“ဆက်ပြီးရှင်းပြ ပါဦးဘုရား”


“အဲဒီလိုရောက်သွားတော့ ရှင်ပေါဋ္ဌိလကြီးက လည်း မာန်မာနမှ မရှိဘဲဟာ ကိုရင်ကလေးရဲ့ရှေ့မှာ လက်အုပ်ချီးပြီး လျှောက်ပြန်တယ်-


“သူတော်ကောင်း အကျွန်ုပ်ကို မှီခိုရာဖြစ်ပါေ လာ့”


“နေပါဦးဘုရား၊ ကြားဖြတ်မေးပါရေ စ၊ ကိုရင်ကလေးကိုရှင်ပေါဋ္ဌိလကြီးက ရှိခိုးတယ်ပေါ”


“ရှိခိုးတာမဟုတ်ဘူး၊ လက်အုပ်ချီပြီး အရိုအသေပြုတာပေါ့၊ ရှိခိုးတာနဲ့ လက်အုပ်ချီတာ တစ်ခြားစီပဲ၊ အိန္ဒိယယဉ်ကျေးမှုမှာဆိုယခုတိုင်ရှိတယ်၊ တစ်ဦးနှင့်တစ်ဦးတွေ့လျှင် လက်အုပ်ချီ နှုတ်ဆက်လေ့ရှိတယ်”


“ကဲ. . .ရှင်းပါပြီဘုရား၊ ဆက်ရှင်းပါဦး”


အဲဒီလို ရှင်ပေါဋ္ဌိလကြီးက လျှောက်တော့ ကိုရင်လေးက ပြန်ပြောတယ်-


“ဆရာ အံ့ဖွယ်ရှိပေစွဘုရား၊ ဘယ့်ကြောင့် ဒီလိုပြောရတာလဲဘုရား၊ အရှင်ဘုရားတို့သည် ကြီးပါကုန်၏၊ ဗဟုသုတလည်း ရှိပါကုန်၏၊ အရှင်ဘုရားတို့၏ အထံမှာပင် တပည့်တော်တို့ သင်စရာတွေကို သင်ရမှာပေါ့ဘုရား”


“သူတော်ကောင်း ဤသို့မပြောပါနှင့်၊ အကျွန်ုပ်၏ကိုးကွယ်ရာ ဖြစ်ပါလော့”


“အရှင်ဘုရား၊ အကယ်၍ ဆုံးမတိုင်း နာယူလိုက်နာနိုင်သည်ဖြစ်အံ့၊ အရှင်ဘုရား၏ မှီခိုရာဖြစ်ပါမ ည်”


“သူတော်ကောင်း ဆုံးမတိုင်း နာယူလိုက်နာပါမ ည်၊ မီးပုံကြီးထဲ ဆင်းဆိုလျှင် ဆင်းပါမည်”


“ဒီလိုဆိုရင်အရှင်ဘုရား ယခု ဝတ်ရုံထားသည့်အတိုင်း ဤရေအိုင်သို့ ဆင်းပါလော့”


ကိုရင်ကလေးသည် သင်္ကန်းသုံးထည်နှင့် လာသောအဖြစ်ကို သိလျက် အဆုံးအမကို လိုက်နာပြုကျင့် မပြုကျင့်သိရန် စုံစမ်းလို၍ ရေအိုင်ကိုညွှန်ပြ၍ ဆင်းခိုင်းလိုက်ခြင်း ဖြစ်၏။ ရှင်ပေါဋ္ဌိလကြီးလည်း တစ်ခွန်းတည်းနှင့်ပင် ဆင်းလိုက်သည်။ ပြန်မမေး၊ သင်္ကန်းစွန်း ရေစွတ်သောအခါမှ ကိုရင်ကလေးက ခေါ်လိုက်သည်-


“အရှင်ဘုရား ကြွပါဘုရား”


ရှင်ပေါဋ္ဌိလကြီးသည် တစ်ခွန်းတည်းနှင့်ပင် ပြန်ကြွလာပြီး ရပ်နေတယ်၊ ထိုအခါ ကိုရင်ကလေးက ကမ္မဋ္ဌာန်းပေးတယ်-


“အရှင်ဘုရား တောင်ပို့တစ်ခုမှာ အပေါက် ၆-ပေါက်ရှိပါတယ်၊ အဲဒီတောင်ပို့သိ အပေါက်တစ်ပေါက်မှဖွတ်တစ်ကောင် ဝင်သွားပါတယ်၊ အဲဒီဖွတ်ကို ဖမ်းလိုပါလျှင် ကျန်သည့်ငါးပေါက်ကို ပိတ်ပြီး ၆-ခုမြောက်ဝင်သည့် အပေါက်မှ ဖမ်းယူရပါတယ်၊ အဲဒီဥပမာ အတူပါပဲ၊ အရှင်ဘုရားတို့သ ည် ဒွါရ ၆-ပါး ,တံခါး ၆-ပေါက်တို့တွင် ဒွါရ ၅-ပါး , တံခါး ၅-ပေါက်တို့ကို ပိတ်၍ မနောဒွါရဖြင့် ကမ္မဋ္ဌာန်းတရား ရှုပွားတော်မူကြပါကုန်ဘုရား”


ရှင်ပေါဋ္ဌိလကြီးသည် ဗဟုသုတရှိ ကျမ်းဂန်တတ်ပုဂ္ဂိုလ်ဖြစ်သည်။ ဤမျှဖြင့် ဆီမီးထွန်းညှိပြသကဲ့သို့လင်းသွားသည်။ ရှင်းသွားသည်။ သို့နှင့် လျှောက်သည်-


“သူတော်ကောင်း ဤမျှဆို တော်လောက်ပါပြီ”


ရှင်ပေါဋ္ဌိလကြီး ယင်းသို့လျှောက်ပြီး မိမိ၏ ကရဇကာယ ခန္ဓာကိုယ်အတွင်း ဉာဏ်သွင်း၍ ရဟန်းတရားကို အားထုတ်တော့၏။


“နေပါဦးဘုရား၊ မေးပါရစေဦး၊ ရှင်ပေါဋ္ဌိလကြီးက ဒီလောက် စာတတ်ပါလျက်သားနှင့် သူ့ဘာသာသူအားမထုတ်တတ်လို့ နည်းခံမေးမြန်းရ တာလား”


“သူ့ဘာသာသူအားထုတ်တာပေါ့၊ သို့မဟုတ် ဆရာသမားနဲ့အားထုတ်တော့ ဆရာသမားအပေါ် လေးစားမှုကြောင့် မြန်မြန်တရားရနိုင်တယ်၊ ကိုယ့်ဘာသာကိုယ် ဆိုတော့ မလေးစားဘူး၊ ပေါ့တယ်၊ တော်တော်နှင့်မရနိုင်ဘူး၊ ဒါကြောင့် နည်းခံ အားထုတ်တာပဲ၊ အားမထုတ်တတ်လို့ မဟုတ်ဘူး၊ နည်းပြောတော့ အစအနပဲရှိသေးတယ်၊ အားထုတ်တတ်လို့ အားထုတ်နေပြီ၊ စာမတတ်သူကို အဲဒီလောက် နည်းပြောရုံနဲ့အားထုတ်တတ်ပါ့မလား”


“ဘယ်အားထုတ်တတ်မလဲဘုရား”


“အဲဒီလို ရှင်ပေါဋ္ဌိလကြီး တရားအားထုတ်နေတော့ဘုရားရှင်က ဇေတဝန်ကျောင်းတော်ကမြင်၍ သြဘာသရောင်ခြည်တော်လွှတ်ပြီး တရားဟောတယ်-


“ကမ္မဋ္ဌာန်းတရား ကြိုးစားပွားများခြင်းကြောင့် စင်စစ် ပညာတိုးပွား၏၊ ကမ္မဋ္ဌာန်းတရား မကြိုးစား မပွားများခြင်းေ ကြာင့် ပညာကုန်ခန်း ဆုတ်ယုတ်၏။ ပညာပွားခြင်း၊ ဆုတ်ယုတ်ခြင်း ခရီးနှစ်ဖြာ လမ်းနှစ်မြွာကို သိပြီး၍ ပညာတိုးပွားသော အခြင်းအရာဖြင့် မိမိကိုယ်ကို သွင်းထားရာ၏”


“အဲဒီတရားလည်း ဆုံးရော ရှင်ပေါဋ္ဌိလကြီးလ ည်း ရဟန္တာအရှင်မြတ်ဖြစ်သွားတယ်”


“ဒါနဲ့ စာတတ်ရင် စာခံတယ်ဆိုဘုရား၊ စာခံလို့တရားရကြာတယ် ပြောပါလား၊ ခုတော့စာတတ်တဲ့ ရှင်ပေါဋ္ဌိလကြီး တရားအားထုတ်တာ ခဏကလေးနဲ့ တရားရသွားပါလား”


“ဘယ်ကလာ ကတ်သီးကတ်သပ် စာခံရမှာလဲ၊ စာခံတယ်ပြောတဲ့ ဆရာတွေဟာ အများအားဖြင့် စာမတတ်သူတွေ ဖြစ်တယ်၊ စာတတ်သော်လည်း အလုပ်မတတ်သူတွေ ဖြစ်တယ်၊ အလုပ်တတ်သော်လည်း စာနဲ့ အလုပ်နဲ့ မဟပ်သူတွေဖြစ်တယ်၊ ဒါကြောင့် စာတတ်တဲ့ပုဂ္ဂိုလ်တွေ အားထုတ်လာရင် သူတို့နှင့်အဆင်မပြေချင်ဘူး၊ ဒါ့ကြောင့် သူတို့နာမည်မပျက်အောင် စာတတ်သူကို ကန်ထားတာပဲ”


“ဒီလိုဆို ဒီဆရာတွေ ဘယ်ရိုးသားမလဲဘုရား”


“ရိုးလား မရိုးလားတော့ သူတို့ဘာသာသူတို့ အသိဆုံးပဲ၊ ဘေးကလူကတော့ ဘယ်သေသေချာချာ သိမလဲ”


“စာတတ်သူတွေကို ကန်တယ်ဆိုတာကတော ဟုတ်တယ်ဘုရား၊ တပည့်တော်ကြားဖူးတယ်၊ တရားအားထုတ်သူတွေမှာ ဒကာမတွေက နံပတ်တစ်တဲ့၊ ဒကာတွေက နံပတ်နှစ်တဲ့၊ ရဟန်းတော်တွေကနံပါတ်သုံးတဲ့”


“အဲဒါ နံပါတ်လေးမရှိလို့နံပါတ်သုံးပြောတာ၊ နံပါတ်လေးရှိရင် လေးတောင်ပြောဦးမှာ၊ အဲဒီလိုဌာနကို ဘယ်တော့မှ သွားအားမထုတ်နဲ့၊ မဟုတ်ဘူး၊ မမှန်ဘူး၊ ညာနေတာ”


“တပည့်တော်လည်း ရဟန္တာကိုရင်ကလေး ကစားသေးလားဆိုတာနဲ့ပတ်သက်ပြီး အများကြီး ဗဟုသုတရသွားတယ် ဘုရား၊ ကျေနပ်ပါပြီဘုရား၊ ခွင့်ပြုပါဦးဘု ရား”


* မဟုတ်တရား၊ ပြောရေးသား၊ လေးပါးအပါယ် ရောက်မည်နော်။


* အမှန်တရား၊ ပြောရေးသား၊ ရောက်ငြား နိဗ္ဗာန်ချမ်းသာနော်။


ကျေးဇူးတော်ရှင် တောင်စွန်း ဓမ္မဒူတဆရာတော်ဘုရားကြီး၏ “ဗုဒ္ဓဓမ္မပြဿနာများပေါင်းချုပ် ပထမတွဲ” မှ ကူးယူဖော်ပြသည်။


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT