Thursday, December 26, 2013

"တိုင်ထိပ်ပေါ်ကသပိတ်တော် (သို့) ရာဇဂြိုဟ်သူဋ္ဌေးရဲ့ ဘာသာရေး ရှာပုံတော်

"တိုင်ထိပ်ပေါ်ကသပိတ်တော် (သို့) ရာဇဂြိုဟ်သူဋ္ဌေးရဲ့ ဘာသာရေး ရှာပုံတော်"

ဗုဒ္ဓမြတ်စွာသည် ရာဇဂြိုဟ်ပြည် မင်္ကုလတောင် “ချရားတော”မှာဆဋ္ဌမမြောက်ဝါဆို၊၀ါကပ်ေ တာ် မူပါတယ်၊ တိတ္ထိဂိုဏ်းဆရားကြီး(၆)ယောက်တို့လည်း သူတို့ကိုယ်သူ တို့ ဘုရားဟုပြောဆိုကြပြီး ဗုဒ္ဓမြတ်စွာနှင့်ရောယောင်ကာလူတွေ အထင်ကြီးစေရန်ဗုဒ္ဓမြတ်စွာဝါဆိုတော်မူရာ ရာဇဂြိုလ်မှာပဲ နေထိုင်ကြပါတယ်။

ဝါကျွတ်ကာလတစ်ရက်မှာတော့ ရာဇဂြိုဟ်သူဋ္ဌေြး ကီးတစ်ဦးဟာ နောက်ပါအခြွေအရံ တွေနဲ့ အတူ ဂင်္ဂါမြစ်ထဲမှာရေကစားကြပါတယ်၊ ဒီလိုရေကစားတဲ့အ ခါ မှာမြစ်ထဲကကနေအမှိုက်သ ရိုက်ေ တွ၊ တိရိစ္ဆာန်အသေကောင်စတာေ တွ ရေကစား တဲ့နေရာကိုရောက်မလာနိုင်အောင် လေးဘက်ေ လးတန်မှာပိုက်ကွန်တွေ ကာရံပြီးမှ စိတ်အေးလက်အေးကစားကြတာဖြစ်ပါတယ်။

ဒီလိုသူဋ္ဌေးကြီးနဲ့အခြွေအရံတွေရေးကစားနေတုန်း ပိုက်ကွန်မှာသစ်တုံးတစ် တုံးလာညိပါတ ယ်။ သစ်တုံးဆိုပေမဲ့ သာမာန်သစ်တုံးမဟုတ်ပဲ အဖိုးများစွာထိုက် တန်တဲ့“စန္ဒကူးနှစ်”စစ် စစ်ဖြစ်ပါတယ် ၊ အထက်ဟိမ၀န္တာတောမှမြစ်ရိုး တစ်လျှောက်ရေစီးနဲ့မျောပါလာပြီးမြစ်ကွေ့ကျောက်ေ ဆာင်၊ကျောက်စွန်းတွေနဲ့ပွတ်တိုက်ခဲ့လို အကာမရှိတော့ပဲ အနှစ်သက်သက်မို့ တန်ဘိုးအနဂ္ဃထိုက်တန်လှပါတယ်။

သူဋ္ဌေးကြီးဟာဒီစန္ဒကူးနှစ်ကို အိမ်သို့ယူဆောင် သွားပြီး ဘယ်လိုအသုံးပြုရမလဲ ဆိုတာတွေးေ တာနေပါတယ်။နောက်ဆုံးမှာသူဋ္ဌေးကြီးဟာ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလိုအကျိုးလည်းရှိ သူရဲ့ ယုံးမှားသံသယကိုလည်းပယ်ဖျောက်ပြီး ကိုးကွယ်ရာအစစ်ကိုရှာဖို့ရန်အတွက် စန္ဒကူးနှစ်ကို အသုံးပြု ဘို့ဆုံးဖြတ်လိုက်ပါတယ်။သူဋ္ဌေးကြီးဟာ အဲဒီအချိန်က ဘယ်ဘာသာကိုကိုးကွယ်ရမှန်းမသိပဲ ဖြစ်နေတာပါ၊ ဘယ်ဘာသာတရားက မှန်ပြီ၊ ဘယ်ဘာသာကမှားတယ်ဆိုတာကိုသူ့မှာရှိတဲ့ အရည်အချင်းနဲ့မဆုံးဖြတ်မရွေးချယ်နိုင်ဖြစ်နေတာဖြစ်လို့ ဒီစန္ဒကူးနှစ်ကို အကြောင်းပြုပြီး စစ်မှန်တဲ့ဘာသာတရားကို ရှာဘို့စိတ်ကူးဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

လောကမှာငါတို့ဟာရဟန္တာများဖြစ်ကြ တယ်ဆိုပြီးဝန်ခံပြောဆိုကြတဲ့ ဘာသာရေးဂိုဏ်ဆ ရာတွေဟာများလှပေတယ်၊ ဘယ်ဘာသာရေးဆရာတွေဘယ်ဂိုဏ်ကတွေက ဘုရားအစစ်၊ရဟန္တာအမှန်ဖြစ်တယ်ဆိုတာ ငါလဲမဆုံးဖြတ်နိုင်ဘူး၊ တကယ်လို့ ရဟန္တာအစစ်ဖြစ်တယ်ဆိုရင်တော့မလွဲမသွေ တန်ခိုးရှိပြီးကောင်းကင်ေ ပ်ါတော့ပျံတက်နိုင်ကြမှာပဲ၊ ဒီလိုကောင်းကင်ပျံတက်နိုင်တဲ့ရဟန္တာမျိုး၊ဘာ သာတရားမျိုးကိုပဲငါရွေးချယ်ကိုးကွယ်မယ် လို့ကြံတွေးပြီးစန္ဒကူးနှစ်ကို သပိတ်ပြု လုပ်ပြီး “အတောင် ခြောက်ဆယ်မြင့်တဲ့တိုင်ထိပ်မှာ သပိတ်ကိုတင်ထားပြီးလောကမှာရဟန္တာစစ်စစ်ဖြစ် သူသည် ကောင်းကင်ကနေကြွလာပြီ် ဤသပိတ်တော်ကို အလှုခံပါ၊ သပိတ်တော်ကိုယူနိုင်သောရဟန္တာအားအသက်ထက်ဆုံး သားမယားနဲ့တကွ ကိုးကွယ်မည်” ဟုသတင်းလွှတ်လိုက်ပါတော့တယ်။

တကယ်တော့ ရာဇဂြိုဟ်သူဋ္ဌေးကြီးဟာ သူများပြောတိုင်းယုံတတ်တဲ့သူ၊ သူများယောင်တိုင်းေ ယာင်တတ်တဲ့ ခပ်ညံ့ညံ့၊အသိဉာဏ်နည်းတဲ့သူမဟုတ်ပါဘူး၊ အသိဉာဏ်မနည်းသလိုဘယ်ဘာသာတရားကမှ န်လောက်တယ်၊မမှန်လောက်ဘူးစသည်ဖြင့် ဝေဘန်ခွဲခြားဆုံးဖြတ်နိုင်လောက်တဲ့ အသိဉာဏ် မြင့်မားတဲ့သူလည်းမဟုတ်ပါဘူး။ “မျက်စေ့နဲ့တပ်အ ပ်မြင်တွေ့မှ ယုံကြည်မယ်”ဆိုတဲ့လူ စားမျိုးဖြစ်ပါတယ် ။

“မျက်စေ့ဆိုတာကလည်း ပကတိမျက်စေ့၊ အသိဉာဏ်မျက်စေ့လို့နှစ်မျိုးနှစ်စားရှိပါတယ်။ ပကတိမျက်စေ့ဆိုတာမွေကတည်းကပါလာတဲ့ မျက်စေ့ပါ၊ ကပတိမျက်စေ့က မျက်စေ့နဲ့မြင်နိုင် သလောက် မျက်စေ့တစ်ဆုံးကိုသာကြည့်နိုင်၊ မြင်နိုင်ပါတယ်။ မျက်စေ့ကွယ်ရာမှာတော့မြင်နိုင်စွ မ်းမရှိပါဘူး၊ အသိဉာဏ်မျက်စေ့ကတော့ ပကတိမျ က်စေ့နဲ့ မမြင်နိုင်တဲ့အရာတွေကို ဘယ်လောက်ပဲဝေးဝေး၊ မည်မျှ ပင်ကြီးကြီးစဉ်းစား ဆင်ခြင်သုံးသတ်ပြီးမြင်နိုင်စွမ်းရှိပါတယ်”

ခုသူဋ္ဌေးကြီးလည်းပကတိမျက်စေ့သာရှိပြီး၊ အသိဉာဏ်မျက်စေ့မရှိဘူးလို့ပြောရမှာပါ၊ ဘာလို့ လဲဆိုရင်သာမာန်လောကီပညာရပ်တွေအနေနဲ့လ ည်း ကောင်းကင် ကိုပျံတက်နိုင်တယ်ဆိုတာသူဋ္ဌေး ကြီးမသိပါဘူး။ အကယ်၍သာလောကီပညာရှ င်တယောက်ယောက်ကများကောင်းကင်ကနေသပိတ် ကိုယူသွားရင်လည်းသူဋ္ဌေးကြီးကတော့ တကယ့်ရဟန္တာအစစ်ထင်ပြီးကိုးကွယ်ဆရာတင်မှာဖြစ်လို့ ရည်ရွယ်ချ က်ကောင်းပြီးဉာဏ်နည်းပါလို့ သူဋ္ဌေးကြီးမျှော်မှန်းသလို ဘုရားအစစ်၊ဘာသာအမှန်နဲ့ မတွေ့ရဘဲ ကိုးကွယ်လွဲ၊ဆရားမှားပြီးလမ်းမှားကို ရောက်သွားနိုင်ပါတယ်။ဒါပေမဲ့ သူဋ္ဌေးကြီးကံ ကောင်ပါတယ်၊ ဒီလိုကံကောင်းတာကလည်း ရှေ့အတိတ်ဘ ၀များက ပြုလုပ်ခဲ့သော ကုသိုလ်ကံများေ ကြာင့် လမ်းလွဲလမ်းမှားကို ရောက်မ သွားခြင်းဖြစ်ပါတယ်။

သူဋ္ဌေးကြီးရဲ့ဘာသာတရားရှာပုံတော် စန္ဒကူးသပိတ်သတင်းဟာရာဇဂြိုလ်ပြည်တစ်ပြည်လုံး သတင်းကြီးသွားပြီးတိတ္ထိဆရာကြီးမျာားဖြစ်ကြတဲ့ ပုရာဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသ ကမ္ဗလာ၊ပကုဓကစ္စာယန၊ သိဉ္ဇည်းဆရာကြီး သဉ္စယဗေဋ္ဌိပုတ္တ နှင့် ဂျိန်းဆရာကြီးနိဂဏ္ဌနာဋပုတ္တ စတဲ့ ဘုရားအမည်ခံ တိတ္ထိဂုဏ်(၆)ဂိုဏ်ဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားကြပါတယ်။

“အရည်အချင်းမရှိသောသူတို့၏သဘောသဘာဝ အတိုင်းလူအထင်ကြီးစေရန်အတွက် အဆောင်ယောင်ဂုဏ်ဒြပ်နောက်လိုက်ပြီး ရယူလိုခြင်းဖြစ်ပါတယ်” ရဟန္တာစစ်စစ်များများစွာရှိသောမှန်ကန်သောအယူဝါ ဒဖြစ်ဖြစ်သည့် ဗုဒ္ဓသာသနာတော်၌တွင်မူ အရည်အချင်ရှိ စစ်မှန်သည့်သဘောသဘာဝအတိုင်း ပကတိငြိမ်သက်လျှက်ပ င်ရှိနေပါတယ်။ “အရည်အချင်းအစစ်အမှန်ရှိသူတို့သည် ဘယ်တော့အခါမှ အဆောင်အယောင် ဂုဏ်ဒြပ်နောက်သို့မလိုက်၊ အနှစ်စွန့်၍ အကာနောက်လိုက်လေ့မရှိပေ”

တိတ္ထိဂုဏ်ဆရာ(၆)ယောက်တို့မှာ လူအများအထင်ကြီးပြီး လာတ်လာဘေ ပါများလာစေရန်စန္ဒကူးသပိတ်ကိုရယူချင်ပေမဲ့ ကောင်ကင်ပျံဘို့အတွက်လောကု တ္တရာဈာန်၊အဘိဉာဉ်ကိုအသာထားလို့ လောကီအဘိဉာဉ်ပင် ရရှထားသူများမဟု တ်၊ နောက်ဆုံးဝိဇ္ဇာအတတ်၊မှော် အတ်စတဲ့အတတ်ေ လာက်ပင်တတ်မြောက်ထား သူများမဟုတ်သဖြင့်စန္ဒကူးသပိတ်ကိုေ ကာင်းကင်တက်ယူဘို့ဘယ်လို မှမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့သူတို့မှာအတတ်တစ်ခုတော့ရှိပါတယ် ဒါကတော့ ဉာဏ်နီ၊ဉာဏ်နက်သုံးပြီး ဖျားယောင်းသွေးဆောင်လှည့်စားအယုံသွင်းတဲ့အတတ်ပါ၊ ဒီနည်းနဲ့ပဲဘာတရားမှမရှိပဲ ဘုရားလို့ကို ယ့်ကိုကိုယ်ကိုအမည်တတ်ပြီးဂို ဏ်ထောင်ခဲ့မဟုတ်လား၊ သူတို့ရဲ့အယုံ သွင်းမှု သွေးဆောင်မှုတွေကိုအဟုတ်ထင်အမှန်ထင်ပြီး ကိုးကွယ်တဲ့လူတွေကလဲ သူဋ္ဌေးကစ သူဆင်းရဲအထိ အလွှာစုံရှိနေကြေ တာ့၊ အခုစန္ဒကူးသပိတ်ရရှိရေး အရေးကိစ္စမှာလဲ ဒီနည်းနဲ့ပဲ သပိတ်ကိုရယူနိုင်လိပ်မယ်လို့အပိုင်တွက်ထားကြတာဖြစ်ပါတယ်။

တိတ္ထိဂိုဏ်ဆရာကြီးတွေဟာသူတို့ရဲ့မာယာနဲ စန္ဒကူးသပိတ်ကိုရယူဖို့အတွက်သူဋ္ဌေးကြီးရဲ့ အိမ်ကို တဖွဲ့ပြီးတဖွဲ့သွားရောက်ပြီးသူတို့သာ ရဟန္တာအစစ်ဖြစ်တာကြောင့် စန္ဒကူးသပိတ်ကို သူတို့ ကိုပေးဘို့ ပြောဆိုကြပါတော့တယ်။ သူဋ္ဌေးကြီးကလည်း ရဟန္တာဆိုရင် သူကြေညာထားတဲ့အတိုင်းကောင်ကင်ပျံတက်ပြီး ယူနိုင်ကြောင်းပြန်လည်းပြန်လည်ပြောကြားတော့ ဂိုဏ်းခေါင်းဆောင်တ္ထိ ဆရာကြီးဟာကော င်ကင်ပေါ်ပျံတက်တော့မဲ့ ပုံသဏ္ဍာန်လုပ်ပါတော့တယ် ဒီအခါမှာနောက်လိုက်တ ပည့်တပန်းတွေက သူတို့စည်းဝါးရိုက်ထားတဲ့အတိုင်း

“ဆရာကြီးရယ် ဘာမဟုတ်တဲ့သပိတ်လေးတ စ်လုံးအတွက်နဲ့များဆရာကြီးရဲ့မြင့်မြတ်လှတဲ့ တန်ခိုးတော်တွေကိုထုတ်မသုံးသင့်ပါဘူး” လို့ ၀ိုင်းဝန်း တားမြစ်ကြတာကြောင့် သူဋ္ဌေးကြီးကို “ကဲ ရာဇဂြိုလ်သူဋ္ဌေးကြီး သင်ကြားတဲ့အတိုင်းပဲ ငါကိုယ်တော် ကောင်ကင်ပျံတက်ပြီး စန္ဒကူးသပိတ်ကိုယူမလို့ လုပ်တော့ ငါရဲ့တပည့်တော်က တားမြစ်တောင်းပန်လို့ ငါမတက်တော့ဘူး သင်ရဲ့သပိတ်ကို ဖြုတ်ပြီးငါ့ကိုသာ လှုဒါန်းလိုက်ပါေ တာ့”လို့ အယုံသွင်းပြီးအလှုခံပါတော့တယ်။

ဒါပေမဲ့ရာဇဂြိုဟ်သူဋ္ဌေးဟာသူတို့အရင်က အယုံသွင်းလှည့်စားခဲ့တဲ့သူတွေေ လာက် အယုံမ လွယ်တာကြောင့် “ဆရာကြီးတို့ရယ် ကျွနုပ်က ရဟန္တာအစစ်ဆိုရင် ကောင်းကင်ပေါ်ပျံတက်ပြီး သပိတ် ကို အလှုခံပါလို့ပြောထားပြီးပြီးပဲ အရှင်တို့ တကယ်ရဟန္တာအစစ်၊ဘာသာတရားအမှန်ဆိုရင် ကောင်းကင်ပေါ်သာပျံတက်ပြီးသာယူကြပါ”လို့ တင်းခံနေလို့သူဋ္ဌေးကြီးအိမ်ကနေအရှက်ရပြီး စိတ်မအီမသာနဲ့သာပြန်သွားကြရတာချည်းပါပဲ။

တိတ္ထိဆရာဂိုဏ်ဆရာကြီးတွေ (၆) ရက်လုံး နည်းပရိယာယ်မျိုးစုံသုံးပြီး စန္ဒကူးသပိတ်ကို အလှုခံကြပေမဲ့လည်းဘယ်သူမှ သပိတ်ကိုရမသွာြး ကပါဘူး။(၇)ရက်မြောက်နေ့နံနက်မှာတော့ အရှင်မောဂ္ဂလာန် နဲ့ အရှင်ပိဏ္ဍောလမထေရ်တို့ဟာ ရာဇဂြိုဟ်မြို့အတွင်းသို့ဆွမ်းခံကြွဘို့ရန် သင်္ကန်းရုံနေစဉ်မှာ

“တကယ်တော့လောကမှာရဟန္တာဆိုတာ တကယ်မရှိပါဘူးကွာ၊ ငါတို့ဟာရ ဟန္တာဖြစ်တယ်ဆိုပြီး ပြောတာပြောနေတာကြ၊ အပြောပဲရှိတယ်၊ ရာဇဂြိုဟ်သူဋ္ဌေးကြီးက ရဟန္တာဆိုရင်စန္ဒကူး သပိတ်ကို ကောင်းကင်ပျံပြီးလာယူပါလို့ပြောတော့ ဘယ်သူမှလာမယူနိုင်ကြဘူး၊ ခုဆို၇-ရက်တောင်ရှိ နေပြီ၊ နောက်ဆိုရင် ဘုရား၊ရဟန္တာလို့ ပြောကြတဲ့သူတွေရဲ့စကားကို ငါတို့နားထောင်စ ရာမလိုတော့ဘူး”လို့အရက်သမားတွေဟာ အရက်သောက်စားရင်ပြောဆိုနေတဲ့အသံကို မထေရ်နှစ်ပါးကြားသွားပါတ ယ်။

ဒီအခါမှာအရှင်မောဂ္ဂလာန်မထေရ်မြတ်ကြီးမှ အရှင်ပိဏ္ဍောလကို “ငါ့ရှင်ဒီသေရည်သမား တို့ရဲ့စကားကိုအမှုမဲ့အမှတ်မဲ့နေဖို့မသင့်ပေဘူး၊ ဒကာ၊ ဒကာမတွေဟာရတနာမြတ်သုံးပါးအပေါ်မှာ ယုံးမှားသံသယဖြစ်ပြီး ပြစ်မှားမိကြရင် သံသရာမှာနစ်မွန်းကြပေတော့မည်၊ ဒါကြောင့် ငါ့ရှင်အနေနဲ့ကောင်ကင်ကို ကြွချီပြီ သပိတ်ကိုဆောင်ယူခဲ့လော့”ဟုတိုက်တွန်း တိုက်တွန်းတော်မူပါတယ်။

အရှင်မောဂ္ဂလာန်မထေရ်မြတ် တိုက်တွန်းတော်မူသောတာကြောင့် အရှင်ပိဏ္ဍောလမထေရ်မြ တ်ဟာ အဘိဉာဉ်တန်ခိုးတော်ဖြင့် ကောင်းကင်သို့ပြန်တက် ကြွချီတော်မူပြီးအလျား၊အနံသုံးဂါဝုတ်ရှိ တဲ့ ကျောက်ဖျာကိုခြေမတော်ဖြင့်ညှပ်ယူပြီးရာဇဂြိုဟ်မြို့ ပေါ်မှာ အကြိမ်ကြိမ်ကြွချီစင်္ကြံကြွတော်မူပါ တယ်။ ကျော်ဖျာဟာကြီးလွန်းတာကြောင့် ရာဇဂြိုဟ်မြို့ပေါ်ကို အမိုးအုပ်မိုးထားသလိုဖြစ်နေပါတော့တယ်။

ဒီလို အရှင်ပိဏ္ဍောလမထေရ်မြတ်ဟာ ကျောက်ဖျာကိုဖြေမတော်နဲ့ညှပ်ပြီးစ င်္ကြံကြွနေတာကို မြို့သူ၊မြို့သားတွေတွေ့မြင်ကြတဲ့အခါမှာ ကျောက်ဖျားကြီး အောက် ကိုပြုတ်ကျလာမည်ကို ကြောက်လန့်ကြပြီး ပုန်းအောင်းသူကပုန်အောင်း၊ပြေး သူ ကပြေးနဲ့ထိတ်လန့်တကြားဖြစ်နေကြပါတယ်။ ဒီအခါမှာအရှင်ပိဏ္ဍေလဟာကျောက်ဖျာကို ထိုးဖောက်ပြီး မိမိကိုယ်ကိုပြတော်မူလိုက်တာကြောင့် ရာဇဂြိုဟ်ပြည် သားတွေဟာအရှင်ဘုရား ကျောက်ဖျာကြီးကျလာရင် တပည့်တော်တို့သေရပါလိပ် မယ်၊ ကျောက်ဖျာကြီးမကျပါစေနဲ့ ဘုရား ဆိုပြီး လျှောက်ထားကြပါတယ်။

ဒီတော့မှအရှင်ပိဏ္ဍောလမထေရ်မြတ်ဟာ ကျောက်ဖျာကြီးကိုတန်ခိုးနဲ့မူလနေရာမှာပြန် ထားပြီးရာဇဂြိုဟ်သူဋ္ဌေးရဲ့ အိမ်ပေါ်ကောင်ကင်ယံမှာရ ပ်တော်မူနေပါတယ်။ရာဇဂြိုဟ်သူဋ္ဌေးကြီးလဲ အရှင်ပိဏ္ဍောလမထေရ်မြတ်ကို “အရှင်မြတ်ဘုရား တပည့်တော်ရဲ့ အိမ်သို့ကြွတော်မူပြီးစန္ဒကူးသ ပိတ်သပိတ်တော်ကိုအလှုခံတော်မူပါဘုရား” လို့လျှောက်ထားပြီးမထေရ်မြတ်ဆင်းသက်လာတဲ့အခါ မှာအိမ်သို့ပင့်ဆောင်ပြီးစန္ဒကူးသပိတ်အတွင်းမှာ စတုမဓူများကို အပြည်ထည့်ပြီး လှုဒါန်းလိုက်ပါတ ယ်။

အရှင်ပိဏ္ဍောလမထေရ်မြတ် သပိတ်ကိုအလှုခံပြီး ကျောင်းတော်ကိုပြန်ကြွတဲ့အခါမှာလူတွေဟာ“ အရှင်ပိဏ္ဍောလမထေရ်မြတ်ဟာတကယ်တန်ခိုးကြီး ပါပေတယ်။ဟို တိတ္ထိဆရာတွေကတော ဘာတန်ခိုးမှလဲမရှိ ဘာတရားမှလဲမရပဲ လူတွေကိုလိမ်စားနေတာပါ”စတဲ့ ချီးမွမ်းစကားတွေပြောပြီးမထေရ်မြတ်နော က်ကနေလိုက်လာကြပါတယ်။

ဗုဒ္ဓမြတ်စွာဟာအရှင်ပိဏ္ဍောလရဲ့ တန်ခိုးပြတဲ့သတင်းကို ကြားသိပြီးသံဃာတော်တွေကို စည်းဝေးစေကာ နောက်နောင် ရဟန်းတော်များတန်ခိုးမပြရ ဟု သိက္ခာပုဒ်တော်ဖြင့် ပညတ်တားမြစ်တော်မူပြီး၍ ထိုစန္ဒကူးသပိတ်ကိုလည်း ခွဲစေကာအမှုန့်ဖြစ်အောင် ကြိတ်စေပြီး မျက်စဉ်းမှုန့် အဖြစ်အသုံးပြုရန ခွဲဝေပေးစေတော်ပါတယ်။

ဗုဒ္ဓမြတ်စွာဟာတန်ခိုးပြခြင်းကိုတားမြစ်တော်မူခြင်းမှာ သာသနာတော်ကြီးသန့်ရှင်း တည်ပြန့်စေရန်အတွက် တားမြစ်ခြင်းဖြစ်ပါတယ်။အကယ်၍သာသိက္ခာပုဒ်ေ တ်ာနဲ့မတားမြစ်ခဲ့ပါက ဒကာ၊ဒ ကာမတွေဟာ တန်ခိုးရှိတဲ့ သူတွေကိုပဲကိုးကွယ်လှုဒါန်းပါက ဒကာ၊ ဒကာတွေအနေနဲ့သံဃာတော်ေ တွနဲ့ စပ်၍ရရှိလာမဲ့ ကုသိုလ်တွေဟာယုတ်လျှော့သွားနိုင်ပါတယ်၊ ဒါအပြင် သံဃာတွေအနေနဲ့လည်းတန်ခိုးဣတ္ထိပါဒ်ရရှိေ ရးကိုသာအလေးထားလိုက်စားနေပြီး သာသနာတော်ရဲ့အသက်သွေးကြောဖြစ်တဲ့ ပရိယတ္ထိဘက်မှာကြိုးစားအားထုတ်မှု မရှိဖြစ်သွားနို င်ပါတယ်။

ပိုဆိုးတာက လူဒကာ၊ဒကာမတွေ အထင်ကြီး ကြည်ညိုစေဘို့တန်ခိုးဣတ္ထိပါဒ် ရရှိစေရန်အ တွက် လောကုတ္တရာဈန်၊အဘိဉာဉ်တွေကို ရရှိအောင်အားထုတ်တာမျိုးမဟုတ်ပဲ ၀ိဇ္ဖာ၊ဂန္ဒာရီ၊စတ သာသနာပလောကီလိုင်းတွေေ နာက်လိုက်စားသွားေ စနိုင်မကပဲ စုန်းကဝေ၊မှော်စတဲ့ေ အာက်လမ်းနည်းပညာတွေကိုပါ လိုက်စားသွားနိုင် ပါတယ်။ ဒီလို လောကီလိုင်း၊အောက်လမ်းနည်းတွေကိုလူတွေအ ထင်ကြီးစေရန် လိုက်စားကြမည်ဆိုပါက ဆင်းရဲကြီးစွာ တည်ထောင်ရှာဖွေထားခဲ့တဲ့ ဗုဒ္ဓသာသနာေ တ်ာဟာ အချိန်တိုအတွင်းမှာမလွဲမသွေပျောက်ကွယ်သွားမှာကို ကြိုတင်သိမြင်တဲ့အတွက်သိက္ခာပု ဒ်တော်ဖြင့် တားမြစ်ခြင်းဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာပွင့်တော်မူခဲ့ရာအိန္ဒိယနိုင်ငံမှာ ဗုဒ္ဓသာသနာတော်ကွ ယ်ပျောက်ခဲ့ရခြ င်း အကြောင်း များစွာထဲမှာဗေဒင်၊၀ိဇ္ဇာ၊အောက်လမ်း စတဲ့လောကီအတတ်ပညာေ တွကို လိုက်စာခဲ့ခြင်း ဟာလည်းအဓိကအကြောင်းအရာတခုပဲဖြစ်ပါတယ်။ ယခုလည်းဗုဒ္ဓဘာသာထွန်းကားရာနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ထိုင်းကဲ့သို့သော နိုင်ငံတွေမှာဗုဒ္ဓဘာသာခေါင်း စဉ်အောက်ကနေထိုလောကီအတတ်ပညာတွေကို ဦးစားပေးလိုက်စားနေတာကိုတွေ့နေရပါတယ်။ ဒါတွေဟာအမှန်တော့ ကိုယ့်ဘာသာကို ပြန်လည်၍ အားနည်း၊ယုတ်လျော့အောင်လုပ်တေဲ့ အတွင်းပိုးမျာြး ဖစ်လို့ဗုဒ္ဓဘာသာဝင်များအနေနဲ့ ထိုလောကီ လိုင်းတွေကို အားပေးအားမြောက်မပြုသင့်ပါဘူး။

တွေ့ကြုံဘို့ခက်ခဲလှတဲ့ ဗုဒ္ဓသာသနာတော်နဲ ကြုံတွေ့ခိုက်မှာကုသိုလ်အခွင့်အေ ရးကို ပြည့်ပြည့်၀၀ အသုံးချ၍ မြတ်ဗုဒ္ဓအလိုတော်ကျ ဗုဒ္ဓသာဝကများဖြစ်အောင်လိုက်နာကျင့်သုံးအားထုတ်သင့်လှပါတယ်။

(မိမိအကျိုး၊ သူတပါးတို့၏အကျိုး၊ ထိုနှစ်မျိုးအား၊ သည်ပိုးဆောင်ရွက်နိုင်သူများဖြစ်နိုင်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ

ဗုဒ္ဓဂယာ၊အိန္ဒိယ

Website; www.ashintejaniya.com

No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT