မဟာဝီရ(ခရစ်မပေါ်မီ ၅၉၉-၅၂၇) MAHAVIRA(c.599 BC - c.527 BC)
မဟာဝီရ(လူစွမ်းကောင်းကြီး)လို့ ဇိန တွေကသူ့ ကို ယုံကြည်မှုရဲ့ခေါင်းဆောင် ၀ရ်ဇမန လို့  ခေါ်ပါတယ်။ ၀ရ်ဇမနကိုခရစ်မပေါ်မီ ၅၉၉ခုနှစ်ကအရှေ့ မြောက်အိန္ဒိယမှာမွေးတယ်။ ဒီဒေသကဂေါတမဗုဓ္ဒကိုမွေးဖွားတဲ့နေရာပါဘဲ။
ဒါမေမဲ့ဗုဓ္ဒထက်အသက်(၃၆)နှစ်ကြီးပါတယ်။ဝရ်ဇမနကဗုဓ္ဒလိုပဲမင်းသားငယ်တစ်ပါးမို့ 
ငယ်ငယ်ကမင်းစည်းစိမ်ခံစားပြီးကြီးပြင်းခဲ့ရတယ်။ အသက်(၃၀)မှာဇနီးနဲ့သားသမီးကိုစွန့်ပြီးတောထွက်တယ်။
ခြိုးခြံတဲ့တောထွက်တဲ့ အကျင့်ကိုကျင့်တယ်။ ၀ရ်ဇမနဟာ ပရ်သွနာထ ဂိုဏ်းမှာ ရဟန်းဝတ်ပြီး တစ်ဆယ့်နှစ်နှစ်တိုင်တိုင်
တရားထိုင်ပြီးအကျင့်ကိုအလွန်အကြူးအားထုတ် တယ်၊ ကိုယ်တိုင်ပစ္စည်းတွေကိုစွန့်လှ
ွတ်လိုက်လို့ရေခပ်သောက်စရာရေခွက်ငယ်တစ်ခုတောင်မရှိပါ။ ကိုယ်မှာဖုန်းလွှမ်းစရာအ၀တ်တောင်စွန်းလွှတ်လိုက်တာကြောင့်
ကိုယ်လုံးတီးနေတယ်။ ကိုယ်ပေါ်မှာတက်လာတဲ့ပိုးမွှားကိုတောင်ဖယ်ရှားမပစ်ပါ။ခြင်မှတ်အကိုက်ခံနေတယ်။
အိန္ဒိယလိုဖုန်းတောင်းယာစကာပေါများတဲ့နေရာမှာတောင် မဟာဝီရ ရဲ့ပုံသဏ္ဍန်က ကဲ့ရဲ့လှောင်ပြောင်စရာဖြစ်လို
ကဲ့ရဲ့လှောင်ပြောင်ရိုက်နှက်ပေမဲ့သည်းခံတယ်။နဲနဲမှ တုံ့ပြန်ခုခံခြင်းမပြုပါ။ အသက်လေးဆယ့်နှစ်နှစ်ရှိတဲ့အခါမဟာဝီရ ငါ အကျွတ်တရားရပြီလို့ကြေငြာတယ်။ ပြီးမှအသက်မသေမီ
အသက်သုံးဆယ်လုံးလုံး တပည့်တွေအကျွတ်တ ရားရရာရကြောင်းဟောပြောဆုံးမ တယ်။ ခရစ်မပ်ါမီ ၅၂ရ မှာကွယ်လွန်တဲ့အခါ
သူ့ ကိုကြည်ညိုတဲ့တပည့်တွေ အများအပြားကျန်ရစ်ပါတယ်။ မဟာဝီရရဲ့ဟောပြောချက်တွေဟာဗုဓ္ဒ၀ါဒ၊ဗြာဟ္မဏ၀ါဒတွေနဲ့
ဆင်ဆင်တူတယ်။ ဇိနဂိုဏ်းဝင်တွေကလူသေရင် ဘ၀တစ်ပါးကိုရောက်မယ်။(လူပြန်ဖြစ်ချင်မှာဖြစ်မယ်)။ အခုလိုဘ၀ပြောင်းတာ
ဟာဇိနတွေရဲ့ ဇိနတွေယုံတဲ့ ကာရ်မ်(Karma) ဆိုတာအခုဘာလုပ်လုပ်အဲ့ဒီရဲ့ကောင်းကျိုးဆိုးပစ်ကို နောင်ဘ၀မှာ ခံရစံရမယ်လို့
ဆိုတယ်။လုပ်မီသမျှအကုသိုလ်တွေများမှာသေချာတယ်။ ဒါတွေကိုချုပ်ငြိမ်းအောင်လုပ်ဖို့ဇိန ကတရားပြတယ်။ မဟာဝီရအလို
အရတဏှာကိုပယ်ရမယ်။ဒါကိုပယ်နိုင်ရင်အခြားဒုက္ခတွေကိုပယ်ပြီးဖြစ်တယ်လို့  ဆိုတယ်။ဇိနတပည့်ရဟန်းတွေကဒီတရားကို
အားထုတ်တယ်။ငတ်ပြီးသေတဲ့အထိနေနိုင်ရင်ကောင်းတယ်လို့ ယူဆတယ်။ဇိန၀ါဒမှာအရေးအပါဆုံးတရားက အဟိသမ္မ-
အကြမ်းမဖက်တဲ့အကျင့်ကို အလွန်အမင်းအားပေးတယ်။ လူအချင်းချင်းသာမကတိရစ္ဆာန်ကိုပါနှိပ်စက်ညှင်းပမ်းခြင်းမပြုရလို့
သင်ကြားပေးပါတယ်။ဒီလိုဆိုရင်ဇိန၀ါဒီတွေဟာသတ်သတ်လွတ်စားကြမှာဖြစ်ပါတယ်။တကယ်တန်းကျင့်တဲ့ဇိနဂိုဏ်းဝင်တွေ
ဆိုရင်ဒီ့ထက်တောင်ပြင်းထန်သေးတယ်။ခြင်လေးတစ်ကောင် တောင်မသတ်ပါ။ပိုးမွှားပါတာကိုမဖယ်ရှားစားမိမှာစိုးလို့
မှောင်ထဲမှာအစာမစားပါ။ ချမ်းသာပြီး တရားကိုတကယ်ကိုေ လးစားတဲ့ ဇိနဂိုဏ်းဝင်တွေဆိုရင် သူလမ်းလျှောက်မဲ့လမ်းမှာပိုးမွှား
တွေမရှိအောင်လူငှားပြီး တပျက်လှည်းခိုင်းတဲ့အထိပါပဲ။ ဒီအတိုင်းသာဆိုရင် တရားကိုတကယ်လေးစားတဲ့ဇိနဂိုဏ်းဝ င်တွေဟာ
စပါးစိုက်ဘို့၊လယ်ထွန်ဘို့စိတ်သန့်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်လည်းယုံကြည်မှုကိုအကြောင်းပြုပြီးတချို အလုပ်ကြမ်းလုပ်ခွင့်
မရကြပါ။ ဇိနတွေဟာယုံကြည်ချက်တူတဲ့လူတစ်စုရဲ့အနေအထိုင် ၊အလုပ်အကိုင်ကိုဘယ်လိုထိခိုက်တယ် ဆိုတာပြဖို့ အကောင်း
ဆုံးစံဖြစ်တယ်။အိန္ဒိယနိုင်ငံသားဆိုရင်စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ဖို့ အင်မတန်နီးစပ်ပေမယ့် ဇိနတွေဟာလယ်သမားမဖြစ် ။
ရောင်းဝယ်ရေးသာလုပ်ကြပါတယ်။ လုံးခ၀ီရိယလည်းသိပ်ကောင်းကြပါတယ်။အဲတာကြောင့်သူတို့ဟာများသောအားဖြင့်
ချမ်းသာကြွယ်ဝကြတယ်။ ပညာတတ်၊လက်မှုပညာ ကျွမ်းကျင်သူများတယ်။သူတို့အထဲမှာ စာပေအနုပညာထွန်း ပေါက်သူတွေ
တခြားသူတွေထက်လူဦးရေအချိုးကျပိုများတယ်။ မူလကဇိန၀ါဒကလူတန်းစားဇတ်မခွဲပါ။နောက်ဗြာဟ္မဏ၀ါဒနဲ့ နီးစပ်လို့ ဇတ်ခွဲ
တတ်လာတယ်။ဟိန္ဒူတွေမှာလောက်တော့မပြင်းထန်ပါ။ မဟာဝီရက ဘုရားတစ်ဆူ၊ဘုရားအများဆိုသလိုအစွဲအလမ်းမထားပေ
မယ့် ဘုရားကိုးကွယ်မှုဝင်လာတယ်။အယူဝါဒကိုအက္ခရာတ င်ပြီးရေးသားခြင်းမရှိလို့ဗြာဟ္မဏ၀ါဒတွေအနဲနဲ့အများဝင်လာ
ပါတယ်။ဒါပေမဲ့သူတို့ကသူတစ်ပါးကိုလွှမ်းမိုးတာလဲရှိပါတယ်။ သားကောင်ကိုသတ်ပြီးပူဇော်ခြင်းနဲ့ အသားစားခြင်းတွေကိုရှောင်
ရန် ဟိန္ဒူတွေကိုလှုံ့ဆော်ခဲ့ပါတယ်။ ဒါ့အပြင်ဇိန၀ါဒက အကြမ်းမဖက်ရဆိုတဲ့အစွဲဟာ အိန္ဒိယအကျင့်အဖြစ်နဲ့ ခေတ်သစ်အထိ
ဆင်းသက်လာပါတယ်။ဥပမာ-ဂန္ဒီဟာ ဇိနဆရာကြီး ဂြီဖဒ်ရာဇဆန္ဒြ(၁၈၆၇-၁၉၀၀) ကိုဆရာတင်ပြီး အလုပ်တော်တော်များများ
ကိုပြုလုပ်ခဲ့တယ်။ဇိနတွေအရေအတွက်သိပ်မများပါ။ အိန္ဒိယတစ်နိုင်ငံလုံးမှာအစုစု သုံးသန်းခွဲလောက်ပဲရှိပါတယ်။
အနှစ်သုံးထောင့်ငါးရာကြာလာတော့ ယုံကြည်သူအတော်များခဲ့တယ်လို့ပြောနိုင်ပါတယ်။
မဟာဝီရရဲ့သြဇာရဲ့အတိုင်းအဆကိုတွက်ရင် သူ ဆုံးမချက်ကိုလက်ခံတဲ့အရေအတွက်ကိုအမှန်ထည့်တွက်ရမာဖြစ်ပါတယ်။
ဘာသာပြန်သူ သမိုင်းပါမောက်ခဒေါက်တာသန်းထွန်း(မန်းတက္ကသိုလ်) The 100 A Ranking of the Most Influential Persons In History by Michael H.Hart (New Myanmar Book)
No comments:
Post a Comment