Friday, May 10, 2013

ဖွံဖြိုးမှုကိုအဓိပ္ပါယ်ဖွင့်ဆိုကြရာတွင်

ဖွံဖြိုးမှုကိုအဓိပ္ပါယ်ဖွင့်ဆိုကြရာတွင် ၀ိဝါဒကွဲပြားကြသကဲ့သို့ပင် ဖွံ့ဖြိုးမှုကိုတိုင်းတာရာတွင်လည်း အငြင်းပွားဖွယ်ပြဿနာများကြုံတွေ့ ရ၏။ များစွာသောဖွံ ဖြိုးရေးသမား (development actors)တို့ အဖို့ ဖွံ့ ဖြိုးမှု ဟူသည်ကိုလူသုံးကုန်ပစ္စည်းတစ်ခုကဲ့သို့ တိုင်းတာ၍ရသောအရာ၊ ဆန်းစစ်အကဲဖြတ်အပ်သောအရာဟုမှတ်ယူကြ၏။ ၎င်းဖွံ ဖြိုးရေးသမားတို့ မှာမူဝါဒချမှတ်သူများ(policy makers)၊ အစိုးရအဖွဲ့ များ၊နိုင်ငံတကာအေဂျင်စီများ စသဖြင့်ဖြစ်နိုင်ပေ၏။ မူဝါဒချမှတ်သများအနေဖြင့် လူအုပ်စုတစ်စု၏လူမှုရေးဖွံ့ ဖြိုးမှု (socialdevelopment) အနေအထားကို တိတိကျကျသိမှသာ သင့်လျော်မှန်ကန်သော မူဝါဒကို ဖေါ်ထုတ်ချမှတ်နိုင်ပေလိမ့်မည်။ထို့ အတူ နိုင်ငံတကာအကူအညီပေးအဖွဲ့ များအနေဖြင့်လည်း၎င်းတို ၏ဖွံဖြိုးရေးအကူအညီများ၏သက်ရောက်မှုကို ဆန်းစစ်ရန်အတွက် စီမံချက် (ပရောဂျက်)တစ်ခု၏ မစတင်မှီနှင့် ပြီးဆုံးပြီးအခြေအနေတို့ကိုတိုင်းတာနှိုင်းယှဉ်ရန်လိုအပ်ပေသည်။ အဖျင်းဆုံးအားဖြင့် အပယ်ခံနင်းပြားများ၏အခွင့်အရေးအတွက်လှုပ်ရှားတက်ကြွသူမျ ၀ိုင်းပယ်ခြင်း(marginalization) ၏သဘောသဘာဝနှင့်ပတ်သက်သောသတင်းအချက်လက်တို လိုအပ်ပေသေး၏။


အတိုင်းအတာ


အမှန်စင်စစ်ဖွံဖြိုးမှုကိုတိုင်းတာခြင်းဆိုသည်မှာ တဆင့်ခံအတိုင်းအတာများ(proxy measures) ဖြင့်တိုင်းတာခြင်းသာဖြစ်သည်။ဥပမာအားဖြင့်ကမ္ဘာ့ဘဏ်က အသုံးပြုခဲ့သော GNP ဟူသည် စီးပွားရေးဖွံ့ဖြိုးမှု (economic development)ကိုတိုင်းတာခြင်းသာဖြစ်၏။ ဤ၌အခြားသော ကြားခံများ (proxies)၊ ညွှန်ပြကိန်းများ(indicators)ကိုလည်း အသုံးပြုနိုင်ပေသေးသည်ကိုသတိပြုရမည်။ ဥပမာအားဖြင့်-GDP ၌ လယ်ယာလုပ်ငန်းမဟုတ်သော လုပ်ငန်းများ၏ပါဝင်မှုအတိုင်းအဆ။ တဖက်တွင်လည်း UNDP ၏ HDIတွင်ပါဝင်သော အဓိကသွင်ပြင်လက္ခဏာသုံးမျိုးဖြစ်သည့်၁)ကျန်းမာရေး ၂) ပညာရေးနှင့် ၃) လူနေမှုအဆင့်အတန်း များကိုတိုင်းတာရန်အတွက်မူ ရိုးရိုးရှင်းရှင်းမဟုတ်သောညွှန်ပြကိန်းများ (indicators) ကိုရွေးချယ်ရလေသည်။ဥပမာအားဖြင့် ပထမဒိုင်းမင်းရှင်းဖြစ်သည့်“ကျန်းမာရေး” ကို “ဘ၀သက်တမ်း (lifeexpectancy)” ဖြင့်၎င်း “ပညာရေး” ကို “သက်ကြီးစာတတ်မြောက်မှုနှုန်း(Adult Literacy rate)” စသဖြင့်၎င်း“လူနေမှုအဆင့်အတန်း(living standard)” ကိုမူ “တစ်ဦးကျဝင်ငွေ(GNP per capita) ”ဖြင့်၎င်း ညွှန်ပြကိန်းများ ဖြင့်တဆင့်ခံတိုင်းတာရလေသည်။အချို သောကြားခံအတိုင်းအတာများ (proxy measures) များသည် များစွာအငြင်းပွားဖွယ်ဖြစ်တတ်ကြသည်။ဥပမာ-အခြေခံလိုအင်များ (Basic Needs)နှင့်ပတ်သက်၍ အမျိုးအစား (what they are)အနေဖြင့်“လုံလောက်သော အစားအစာနှင့်အ၀တ်အထည်၊သင့်လျော်သောအမိုးအကာ၊ အလုပ်အကိုင်ရရှိမှု” စသဖြင့်သဘောတူလက်ခံနိုင်ကြသော်လည်း၎င်းတို့ အားမည်သို မည်ပုံ တိုင်းတာကြမည်နည်း (how they are measured) တွင်မူများစွာခက်ခဲနက်နဲလာတော့သည်။


ပြဿနာ


ဖွံ့ ဖြိုးခြင်းအားတိုင်းတာရာတွင်အခြားသောပြဿနာတစ်ခုမှာ နှိုင်းယှဉ်နိုင်စွမ်း (comparability)ပတ်သက်၏။ အချိန်ကာလအားဖြင့်နှိုင်းယှဉ်ခြင်း၊ မတူကွဲပြားသောတိုင်းပြည်များအားနှိုင်းယှဉ်ခြင်း စသည်ကိုဆိုလိုပေသည်။ဤသို့ နှိုင်းယှဉ်အကဲဖြတ်ရန်အလို့ငှာ သန်းခေါင်စာရင်းကောက်ယူသကဲ့သို တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြီးမားများပြားသောသတင်းအချက်အလက်များကို စုဆောင်းရန်မှာမူ ကျွမ်းကျင်မှုပြည့်ဝသောဝန်ထမ်းများ အလုံအလောက်ရှိခြင်း၊နည်းပညာရှိခြင်းစသည့် ရင်းမြစ်များလိုအပ်၏။ဤသို့ သောရင်းမြစ်တို့ မှာ နိုင်ငံအစိုးရတို့အနေဖြင့် ရှိခဲလှ၍ အခြားသောပြဿနာများဖြစ်သည့် နိုင်ငံရေးမငြိမ်သက်မှု၊စစ်ပွဲ၊ စသည်တို့သည်လည်း သတင်းအချက်အလက်ကောက်ယူခြင်းကိုဟန် တားနှောင့်ယှက်နိုင်၏။သည့်အပြင် အချို့သောအုပ်စုများအား လူမှုရေးအားဖြင့်၎င်း၊ စီးပွားရေးအားဖြင့်၎င်း၊ ပထ၀ီဝင်ဆိုင်ရာအားဖြင့်၎င်းဝိုင်းပယ်ထားကာ လေ့လာမှုမှ ပယ်ဖယ်ထုတ်ထားမှုများလည်းရှိတတ်ပေသည်။


နောက်ဆုံးပြဿနာတစ်ခုမှာဖွံ့ ဖြိုးမှုအတိုင်းအတာတို့ သည် များသောအားဖြင့် အရေအတွက်ပြကိန်းဂဏန်းများ(quantitative) ဖြစ်နေတတ်ခြင်းပင်။ကြီးမားများပြားသော သတင်းအချက်အလက်များကို ကိုင်တွယ်ရန်နှင့်အချိန်နှင့်နေရာအလိုက်နှိုင်းယှဉ်ရန်အတွက်မူ ဤအရေအတွက်ကိန်းဂဏန်းနည်းအားဖြင့်ချဉ်းကပ်ခြင်းကိုနားလ သို့ သော်ဤနည်းသည် အရည်အသွေးဆိုင်ရာ ပုဂ္ဂလဓိဋ္ဋာန်ခံစားမှုများကိုထဲ့သွင်းမစဉ်းစားပေ။ အမှန်တကယ်တော့ ဖွံ့ ဖြိုးမှုဟူသည် တစ်ဦးချင်းအဆင့် စကေးနယ်ပယ်ဖြင့်ပါထဲ့သွင်းစဉ်းစားရမည်ဖြစ်သည်ကို မမေ့အပ်ပေ။ လူတစ်ဦးချင်းစီနှင့် လူအုပ်စုတို့ ၏ခံစားမှုများ၊ အတွေ့ အကြုံများ၊နှင့် ထင်မြင်ယူဆချက်များသည် ဖွံ ဖြိုးမှုဖြစ်စဉ်မှ ထုတ်ပယ်ထား၍မဖြစ်နိုင်ပေ။သည့်အပြင် ဤသို အရေအတွက်အားဖြင့် ချဉ်းကပ်ခြင်းသည် ပြင်ပပုဂ္ဂိုလ် (outsiders)တို့၏အတွေးအမြင်များကိုအလေးပေးသည့် အနေအထားသို့ ရောက်သွားတတ်၍ ကာယကံရှင်ဖြစ်သည့် ဒေသခံတို့၏ ဖွံ့ ဖြိုးမှုအပေါ် တွေးမြင်ခံယူချက်များကို လစ်လျူရှုလည်းရောက်တတ်ပေသည်။


ဤအတွက် အကောင်းဆုံးသောဥပမာမှာ“ဆင်းရဲမွဲတေမှု (poverty)”အားအဓိပ္ပါယ်ဖွင့်ဆိုခြင်းပင်။ ထောင်စုသစ်ရည်မှန်းချက်များ(MDGs=Millennium Development Golas)တွင် ဆင်းရဲမွဲတေမှုလျော့ချရေးမှာ ပင်မအကြောင်းရာတစ်ခုဖြစ်၍ဆင်းရဲမွဲတေမှုကို ဘောဂဗဒအလိုအားဖြင့်ဖွင့်ဆိုကာ ဆင်းရဲမွဲတေမှုမျဉ်း (povertyline)ဖြင့်သတ်မှတ်ထား၏။ဆိုလိုသည်မှာ နေ စဉ်ဝင်ငွေ US$၁ ထက်နည်းသောသူများအား “အလွန်အမင်းဆင်းရဲမွဲတေမှု(extreme poverty)” အတွင်းကျရောက်နေသူများအဖြစ်သတ်မှတ်ကာ US$၂ ထက်နဲသောသူများကိုမူ“ ဆင်းရဲမွဲတေမှု(poverty)” အတွင်းရှိသူအဖြစ်သတ်မှတ်လေသည်။ ဤ၌သတိပြုရမည်မှာ ဤသတ်မှတ်ချက်သည်များစွာအကန့် အသတ်ရှိနေ၍ အခြားသော အတိုင်းအတာများ (အကျိုးနည်းခြင်း၊ အခွင့်အလမ်းမရှိခြင်းစသည်)အတွက်မူ ၀င်ငွေဆင်းရဲမှု (income poverty)နှင့် ဆက်နွယ်သည့်အရာများဟူ၍ုသာ ယူဆထားသည်ကိုတွေ့ရမည်ဖြစ်ပေသည်။ သည့်အပြင်ဤအတိုင်းအတာများသည် နိုင်ငံအဆင့် အတိုင်းအတာနယ်ပယ်၌သာ အသုံးတည့်လေသည်။ဤသို သောဆင်းရဲမွဲတေမှုညွှန်ပြကိန်းများသည် ဆင်းရဲမွဲတေမှုအတွေ အကြုံများကို အရည်အသွေးအားဖြင့်ပလှပ်ထားတတ်ကြပြန်သေးသည်။


အမှန်တကယ်တော့ လူတို့ သည် ဆင်းရဲမွဲတေမှုကို ကွဲပြားစွာတွေ့ကြုံနားလည်တတ်ကြသည်ကို Mcllwaine ဆိုသူပညာရှင်က အောက်ပါအတိုင်းတင်ပြခဲ့သည်။


“ကျနော့်အတွက်တော့ဆင်းရဲမွဲတေမှုဆိုတာ ကိုယ်နဲ မတော်တဲ့ကြီးလွန်းတဲ့ ဘောင်းဘီရှည်ကို ၀တ်ရတာပဲ”-(Jose,၈ နှစ်၊ ဂွာတီမာလာ)


“ဆင်းရဲမွဲတေမှုဆိုတာကျမကလေးတွေကို ဖျားနာအောင်လုပ်ပြီးသူတို အခြေအနေပိုဆိုးလာအောင်လုပ်တဲ့အရာပဲ ဘာလို့လဲဆိုတော့ ကျမတို့ က ဆင်းရဲတော့ ဆေးမ၀ယ်နိုင်ဘူးလေ” (Antonia, ၃၀ နှစ်၊ဂွာတီမာလာ)


“ဆင်းရဲမွဲတေမှုဆိုတာကျုပ်ကို မူးလဲသွားအောင် သောက်ခိုင်းပြီးဒီလို အလဲကွဲသောက်ခြင်းက ကျုပ်ကိုဆင်းရဲမှုဖြစ်စေတဲ့အရာပဲ” (Eduardo, ၃၅ နှစ်၊ ဂွာတီမာလာ)


ဆင်းရဲမွဲတေမှုအားအထက်ပါကဲ့သို့ အရည်အသွေးအားဖြင့် စစ်ဆေးအကဲဖြတ်ခြင်းများသည် ပြည်သူလူထု၏တွေ ကြုံခံစားမှုများအားဗဟိုချက်အဖြစ်လေ့လာသုံးသပ်ခြင်းလည်းဖြစ် အချို့ သောဖွံ့ ဖြိုးမှုဆိုင်ရာချဉ်းကပ်မှုများသည် နိုင်ငံအဆင့် သုံးသပ်မှုများကို ငြင်းပယ်ကာ ဤကဲ့သို့ သော ပြည်သူဗဟိုပြုချဉ်းကပ်မှု(people centered approach) ကို သော့ချက်အဖြစ်ခံယူကျင့်သုံးကြလေသည်။ မည်သို့ ဆိုစေဤအခြင်းအရာတို့ကိုကြည့်ခြင်းအားဖြင့် ဖွံ ဖြိုးမှုဘာသာရပ်၏ အခြေခံအကျဆုံးဖြစ်သည့် ဆင်းရဲမွဲတေမှုသည်ပင်လျှင်တိုင်းတာအကဲဖြတ်ရန် မည်မျှခက်ခဲသည်ကို သိရှိနိုင်ပေတော့သည်။


ဝေါဟာရ


ကမ္ဘာ့တိုင်းပြည်များအားUNDP သည် HDI လူသားဖွံ ဖြိုးမှုညွှန်းကိန်းဖြင့် သုံးစားခွဲခြားခဲ့သကဲ့သို ကမ္ဘာ့ဘဏ်သည်လည်းGNP per capita၀င်ငွေအားဖြင့် လေးမျိုးလေးစားခွဲခြားထားသည်ကိုတွေ့ ခဲ့ကြရပေပြီ။ထို့အပြင် ကမ္ဘာ့တိုင်းပြည်များအားခွဲခြားရာ၌အသုံးပြုသော အခြားများစွာသော ဝေါဟာရများလည်းရှိသေး၏။ ဤဝေါဟာရများကိုလေ့လာခြင်းအားဖြင့် မည်သူတို့ သည်ဤသို အဓိပ္ပါယ်သတ်မှတ်ရန် ပါဝါအာဏာရှိသည်ကိုတွေ့နိုင်၍ မည်သည့်အတွက်ကြောင့် သတ်မှတ်ခဲ့သည်ကိုပါ သတိပြုရမည်ဖြစ်၏။ ၁၉၇၇ တွင်ကျင်းပခဲ့သောဘရန့် ကောမရှင် (Brandt Commission)မှ နိုင်ငံများအားအမျိုးအစားခွဲရာတွင် ကမ္ဘာကြီးအား၂ ပိုင်းခွဲ၍ကမ္ဘာ့မြောက်ပိုင်းနိုင်ငံများ (Global North)နှင့် ကမ္ဘာ့ တောင်ပိုင်းနိုင်ငံများ(Global South) ဟူ၍ခေါ်ဆိုခဲ့သည်။မြောက်ပိုင်း(Global North)တွင် ချမ်းသာသည့်နိုင်ငံများဖြစ်သောဥရောပ၊ဂျပန်၊သြစတေးလျ၊ နယူးဇီလန်၊ အမေရိကန်၊ကနေဒါ တို့ ပါဝင်၍ တောင်ပိုင်းတွင်(GlobalSouth)ကျန်သည့် အာဖရိက၊ အာရှ၊ လက်တင်အမေရိက၊ကာရစ်ဘီယန်နှင့် ပစိဖိတ်ဒေသနိုင်ငံများပါဝင်ကြ၏။အမှန်စင်စစ် ဤခွဲခြားမှုရှိ မြောက်ပိုင်းတိုင်းပြည်များအားလုံးသည် အီကွေတာ၏မြောက်ဘက်တွင်ရှိကြသည်မဟုတ်သကဲ့သို့တောင်ပ တောင်ဘက်တွင်မရှိကြသည်ကိုတွေ့ နိုင်၏။


အခြားသောခွဲခြားမှုမှာပထမကမ္ဘာ (frist world)၊ ဒုတိယကမ္ဘာ(Second World) နှင့် တတိယကမ္ဘာ (Third World)ဟူ၍ဖြစ်သည်။ဤခွဲခြားမှုမှာ ဘက်မလိုက်လှုပ်ရှားမှု (non-aligned movement) နှင့်ဆက်စပ်လျှက်ပေါ်ထွက်လာခဲ့ခြင်းဖြစ်၏။ အမေရိကန်ဦးဆောင်သည့် အရင်းရှင်နိုင်ငံများအား ပထမကမ္ဘာဟုခေါ်ဆို၍ ဆိုဗီယက်ဦးဆောင်သောကွန်မြူနစ်အုပ်စုကို ဒုတိယကမ္ဘာဟုခေါ်တွင်ကာ ကြားနေသောနိုင်ငံများအား တတိယကမ္ဘာဟုခေါ်တွင်ခဲ့ကြခြင်းဖြစ်၏။ယင်းပထမကမ္ဘာတွင် အမေရိကန်၊အနောက်ဥရောပ၊ကနေဒါ၊ဂျပန်၊ နယူးဇီလန်နှင့်သြစတေးလျ တို့ ပါဝင်၍ဒုတိယကမ္ဘာတွင် ကွန်မြူနစ်အုပ်စု USSR နှင့် အရှေ့ ဥရောပနိုင်ငံများပါဝင်၏။ ကျန်နိုင်ငံတို့ မှာ တတိယကမ္ဘာနိုင်ငံများဖြစ်၏။မည်သို့ပင်ဆိုစေ ဤသို့ ဘက်မလိုက်လှုပ်ရှားမှုတွင်ပါသောနိုင်ငံများအား တတိယကမ္ဘာဟု အဦးအစအားဖြင့်ခေါ်ဆိုခဲ့ကြသော်လည်း နောင်တွင် တတိယနေရာတွင်ရှိသောနိုင်ငံများအဖြစ် မကြာခဏ ဘာသာပြန်သုံးနှုန်းတတ်ကြသည်ကိုတွေ့ရလေသည်။


အခြားလူသိများသောခွဲခြားနည်းမှာ ဒွိယံ ခွဲခြားသည့် “ဖွံ့ ဖြိုးပြီး-ဖွံ့ ဖြိုးဆဲ(developed/developing)” နှင့် “ဖွံ့ ဖြိုးပြီး-မဖွံ ဖြိုး(developed/undeveloped)” အတွဲများဖြင့်ခွဲခြားနည်းဖြစ်သည်။ဤနေရာ၌ ပထမအတွဲ “ဖွံ ဖြိုးပြီး-ဖွံ့ ဖြိုးဆဲ(developed/developing)” အသုံးမှာပိုမို၍ အပြုသဘောဆောင်သော ခံစားချက်ကိုပေးနိုင်သည်ကိုတွေ့ရ၏။အချို့သော ပညာရှင်များ အထူးသဖြင့် Dependency Theory ကိုတင်ပြခဲ့သူ Frank ကမူ မဖွံ့ ဖြိုးသေး(undeveloped)၊နှင့် နောက်ကျဖွံ့ဖြိုးမှု (under-developed) စသည့် အခြားသောဝေါဟာရများကို ရည်ရွယ်ချက်ရှိရှိ ၎င်းတို ၏သက်ဆိုင်ရာဖွံ့ ဖြိုးမှုသီအိုရီများတွင်သုံးကြပြန်သေးသည်။ မည်သည်ကိုသုံးသည်ဖြစ်စေ ပထမစကားလုံး“ ဖွံ့ ဖြိုးပြီး (developed)” ကညွှန်းဆိုနေသည်မှာ “ဖွံ့ ဖြိုးမှု (development)” ဟူသည်အဆုံးမှတ်တစ်ခုမျှသာဖြစ်၍ သက်ဆိုင်ရာလူ့ အဖွဲ့ အစည်းတစ်ခုသည် ၎င်းအမှတ် (သို့) သက်ဆိုင်ရာလူနေမှုအဆင့်အတန်းနှင့်စီးပွားရေးအနေအထားကို ရောက်ရှိသည်နှင့်တပြိုင်နက် အနှီတိုင်းပြည်သည် ဖွံ ဖြိုးပြီးဖြစ်သည်ဟုဆိုလိုတော့၏။မည်သို့ ဆိုစေ ဤသတ်မှတ်ချက်သည် လူ့ အဖွဲ့ အစည်းတို့ ၏ ပြုပြင်လဲတတ်သော သဘာဝနှင့် လူတို့၏ ဆထက်တပိုးတိုးတက်ကောင်းမွန်အောင်ပြုလုပ်လိုသော ဆန္ဒ၊ အာသီသတို့ ကိုလစ်လျူရှုရာရောက်၏။ထို့ အပြင် ဖွံ ဖြိုးပြီးဟုဆိုကြသည့်တိုင်းပြည်များတွင်လည်းတွေ့ ရတတ်သော လူမှုရေးဝိုင်းကျဉ်ခြင်း(social exclusion) ကိုအသိအမှတ်ပြုဖို့ ပျက်ကွက်ရာလည်းရောက်နေတော့၏။


အခြားသောဝေါဟာရများမှာ “စီးပွားရေးအရ ပိုမိုဖွံ ဖြိုးပြီးတိုင်းပြည်များ (MEDC = MoreEconomically Developed Countries”နှင့် “စီးပွားရေးအရနဲပါးဖွံ ဖြိုးပြီးတိုင်းပြည်များ(LEDC = Less Economically Developed Countries”ဖြစ်၏။


နောက်ဆုံးအနေဖြင့်ကမ္ဘာလုံးဆိုင်ရာတရားမျှတမှု(global justice)အတွက် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ သုံးခဲ့သည့်“အနဲစုကမ္ဘာ (Minority World)” နှင့် “အများစုကမ္ဘာ (Majority World)” တို့ ပင်ဖြစ်၏။ဤတွင် အများစုကမ္ဘာမှာ အာဖရိက၊အာရှ၊လက်တင်အမေရိကနှင့် ကာရစ်ဘီယန် နိုင်ငံများအားညွှန်းဆို၍ ကျန်ကမ္ဘာ့အစိတ်အပိုင်းတို့ အား အနဲစုကမ္ဘာစာရင်းတွင်သွင်းလေသည်။အများစု-အနဲစု ညွှန်းဆိုခြင်းမှာ လူဦးရေကိုမူတည်ကာ ညွှန်းဆိုခြင်းဖြစ်၍ ဥရောပဗဟိုပြုတွေးခေါ်မှု(Eurocentric Assumptions) ဖြစ်သည့် ကမ္ဘာ့မြောက်ခြမ်း-တောင်ခြမ်း(GlobalNorth-South)ကိုမသုံးလို၍လည်းဖြစ်ပေသည်။


ဤ၌ “ဥရောပဗဟိုပြုတွေးခေါ်မှု(Eurocentric Assumptions)”သည် ဖွံ ဖြိုးမှုသီအိုရီသမိုင်းကြောင်းတွင်များစွာအရေးပါနေရာယူခဲ့သည်ကို ဥပမာအားဖြင့် မော်ဒန်ဖြစ်မှုသည်ပင်လျှင် ဖွံ ဖြိုးမှုဖြစ်သည်ဟူသော အယူအဆသည်အနောက်ဥရောပအောင်မြင်မှုသည်သာ ဖွံ ဖြိုးမှုလမ်းကြောင်းမှန်ဟု ဆိုလိုရင်းဖြစ်ပေ၏။ “ဥရောပဗဟိုပြုတွေးခေါ်မှု” အရ အနောက်တိုင်းအမြင်အိုင်ဒီယာများသည်သာမှန်ကန်သော ချဉ်းကပ်မှုဖြစ်၍အခြားသောလမ်းကြောင်းတို သည်မမှန်ကန်နိုင်ဟုယူဆခဲ့ကြခြင်းဖြစ်၏။ဤ “ဥရောပဗဟိုပြုမှုဝါဒ(Eurocentrism)” တွင်ထင်ရှားစွာတွေ့ ရသည်မှာအနောက်တိုင်း၊ ကမ္ဘာ့မြောက်ပိုင်း၏အသိပညာသာလွန်မှုကိုအခြေပြု၍ တွေးခေါ်ထားခြင်းပင်။ အမှန်တကယ်တော့ဖွံ့ ဖြိုးမှုဟူသည် ရေခံမြေခံဆိုင်ရာကိစ္စ (context specific) ဖြစ်သည်ကို အနှီပညာရှင်တို့မေ့လျော့ခဲ့ကြလေသည်။


မြေပုံ


အခြားမှတ်သားဖွယ်ကောင်းသောအချက်မှာမြေပုံတို သည်လည်းဖွံ့ ဖြိုးမှုဘာသာရပ်တွင်အရေးပါခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော်ဖွံ့ဖြိုးမှုဟူသည် အရပ်ဒေသမညီမျှမှုများ(spatial inequalities) နှင့်ပတ်သက်သောဘာသာရပ်ဖြစ်သောကြောင့်ဖြစ်၏။ဤ၌ လူတို သည်ကမ္ဘာလောကကြီးအားရှူမြင်ရာတွင်ကွဲပြားခြားနားကြသဖြင့် ဝေါဟာရသုံးနှုန်းမှုတို့ တွင်သာမက ကမ္ဘာ့မြေပုံအားဆွဲယူတင်ပြရာတွင်လည်းအစွဲဥပါဒန်များဖြင့် ကွဲပြားခြားနားသော မြေပုံများကိုတင်ပြကြ၏။ ဥရောပဗဟိုပြုယူဆချက်ဖြင့်တင်ပြသော Mercator Projection တွင် ဥရောပတိုက်မှာ မြေပုံ၏အလယ်ခေါင်တွင်ရှိ၍ ကမ္ဘာ့တိုက်ကြီးများမှာ အမှန်တကယ်ရှိသည့် ပုံစံအတိုင်းရှိကြလေသည်။ဤသည်ကို စိန်ခေါ်သော တင်ပြချက်မှာ PetersProjection ဖြစ်၍ မြေပုံပေါ်ရှိကုန်းမြေအေရိယာသည်အခြားသောကုန်းမြေအေရိယာ နှင့် နှိုင်းယှဉ်ခြင်းအားဖြင့် မှန်မှန်ကန်ကန်ဖြစ်အောင်တင်ပြထားလေသည်။ အကျိုးဆက်အားဖြင့် ဤတင်ပြချက်တွင် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့ မှာ များစွာထင်ရှားလာ၏။သို့ သော် ကမ္ဘာ့တိုက်ကြီးများမှာ ပုံပျက်သွားကာ ရှည်မျောမျောဖြစ်နေတော့၏။အခြားသောတင်ပြချက်မှာ Eckert Projection ဖြစ်၍ တိုက်ကြီးများ၏ ပုံအားမပျက်စေရန်ကြိုးစား၍PetersProjection မှာကဲ့သို ပင် ညီမျှသောအေရိယာ (Equal Area Projection) ကိုအသုံးပြုထားလေသည်။ --------------------------------------------------------------------------------------------------KatieWillisရေးသား၍Routledgeတိုက်ထုတ်ဖြစ်သည့် “Theories and Practices ofDevelopment” စာအုပ်ကို အဓိကမှီငြမ်းပြု၍ရေးသားထားပါသည်။ရွက်ပုန်းသီး လီကွမ်းယူးမျိုးဆက်သစ်များအတွက် ရည်ရွယ်ပါသည်။t


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT