Monday, May 20, 2013

ပါလိလေယျက ဆင်မင်း

တိရစ္ဆာန်ဘ၀မှသေလွန်ကာ နတ်ဘ၀သို့ ရသွားသော -----------------------------------------------------


"… ပါလိလေယျက ဆင်မင်း၏ အကြောင်း(ပထမပိုင်း)…"


-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-


သံဃာတော်များဂိုဏ်းကွဲခြင်း ------------------------------


မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကောသမ္ဗီပြည်၌နေကုန်သော ရဟန်းတို့ ကို အကြောင်းတစ်ခု ပြုတော်မူသောအားဖြင့် ဤတရားတော်ကို ဟောတော်မူခဲ့၏။


ကောသမ္ဗီပြည် ဃောသက သူဌေးသည် (ဤ၀တ္ထုပါ ဃောသက သူဌေးသည်လည်းတိရစ္ဆာန်ဘ၀မှ နတ်ဘ၀သို ရောက်ရှိကာ လူ့ ဘ၀အဖြစ်၌သူဌေးကြီးဖြစ်ကာ မြတ်စွာဘုရားရှင်အားဃောသိတာရုံကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းလာသူဖြစ်ပါသည်)ဆောက်လှူအပ်သော ဃောသိတာရုံကျောင်း၌ ငါးရာ ငါးရာစီ အခြံအရံရှိသော ၀ိနိယဓရ ရဟန်းတစ်ပါးနှင့်ဓမ္မကထိက ရဟန်းတစ်ပါးတို့ သည် ကိုယ်လက်သုတ်သင်ခြင်းပြုသော ရေအင်းပြင်၌သန် သက်ရေကြွင်းကို ဓမ္မကထိက ရဟန်းမှ ခွက်၌ထားရှိ ကြွင်းကျန်ရစ်သည်ကို အကြောင်းပြုကာ ထိုသို့ ခွက်အတွင်း၌ ရေကြွင်းထားရှိကျန်ရစ်လျှင် အာပတ်သင့်၏ဟု ၀ိနိယဓရ ရဟန်းမှ ပြောဆိုဆုံးမရာ ဓမ္မကထိကရဟန်းမှလည်း ထိုသို အာပတ်သင့်သည်ရှိသော် ကုစားပေအံ့ဟု လိုက်နာကျင့်ကြံ တော်မူ၏။


ဝိနိယဓရ ရဟန်းကလည်းအကယ်၍ကျူးလွန်လိုသော ၀ီတိက္ကမ စေတနာမရှိခဲ့ပဲ သတိလွတ်ကင်းမေ့လျော့ခြင်းကြောင် ပြုမိသည်ရှိသော် အာပတ်သည်မသင့်ဟု အယူရှိ၏ဆိုကာဖြေ ကြားလေ၏။


ကျောင်းတွင်းသို့ ရောက်သော် ၀ိနယဓရ ရဟန်းသည် သူ၏တပည့်တို့ အားထိုဓမ္မကထိကရဟန်းသည် အာပတ်သင့်သော ကိစ္စကိုပင် မသိဟုပြောပြလေ၏။


ထိုအခါ ၀ိနိယဓရ ရဟန်း၏တပည့်တို့ သည်လည်း ဓမ္မကထိကရဟန်း၏တပည့်တို့ ကိုတဆင့်ပြန်လည်၍သင်တို ၏ ဆရာသည် အာပတ်သို့ ရောက်သည်ကိုပင် အာပတ်သင့်သည်၏ အဖြစ်ကိုမသိဟု ဆိုကုန်ကြလေရာ မိမိတို ၏ ဆရာအားပြန်လည်လျှောက်ထား ကြလေကုန်၏။


ထိုအခါ ဓမ္မကထိကရဟန်းကလည်းဤ၀ိနိယဓရရဟန်းသည ရှေ့ ကပြောတော့ အာပတ်မသင့်ဟုဆိုသော်လည်းယခုမူ အာပတ်သင့်သည်ဟု ဆိုပြန်လေသည်။ထို့ ကြောင့် မဟုတ်မမှန် ချွတ်ယွင်းသော စကားကို ဆိုပြန်လေသည်ဟု ပြန်ပြောင်းပြောဆိုလေကာ ထိုဆရာရဟန်းတို့ ၏ တပည့်များအချင်းချင်းဂိုဏ်းကွဲကြလေကုန်၏။


ထိုအခါမှ အစပြု၍ထိုရဟန်းတို့ ၏အလုပ်အကျွေး ဖြစ်ကုန်သော ဒါယိကာတို့ သည်လည်းကောင်း၊ ထိုရဟန်းတို့ ၏ သြ၀ါဒကို ခံယူဆောက်တည်ကြကုန်သော ရဟန်းမိန်းမတို သည်လည်းကောင်း၊ ထိုသူတို့ ၏အစောင့်အရှောက် ဖြစ်ကုန်သော နတ်တို့ သည် လည်းကောင်း၊ ထိုနတ်တို ၏အဆွေခင်ပွန်းဖြစ်ကုန်သော စာတုမဟာရာဇ် နတ်တို့ ကို အစပြု၍ပုတုဇဉ်ဟူသမျှတို့သည် အထက်ဗြဟ္မာပြည်တိုင်အောင် ကွဲပြားကြလေကုန်၏။


ထိုသို့ ဗြဟ္မာ့ပြည်သို့  တိုင်အောင် ရောက်ရှိ၍သွားသော ကောလဟာလ အကွဲအပြဲကို မထင်ရှားသော တပါးသောရဟန်းသည် မြတ်စွာဘုရားရှင်၏ထံတော်ပါးသို ချဉ်းကပ်၍ပြန်ကြားလျှောက်ထားလေ၏။


ထိုအခါမြတ်စွာဘုရားရှင်သည် ထိုရဟန်းအားနှစ်ကြိမ်တိုင်တိုင် စေလွှတ်ကာ ချစ်သားရဟန်းများတို့ အချင်းချင်း ညီညွတ်ကြကုန်လော့ဟု မိန့် တော်မူ၏။သို့ သော် ညီညွတ်ခြင်းကို မမြင်မတွေ့ ရ၍သုံးကြိမ်မြောက် ၌ ဘုရားရှင်ကိုယ်တော်တိုင် ကြွသွားတော်မူကာ ငြင်းခုန်ခိုက်ရ န်ကို အမှီပြု၍ နှံစုတ်ငှက်မငယ်သည် ကြီးကျယ်သော ကာယဗလရှိသော ဆင်ပြောင်ကြီးကိုအသက်ကုန်ခြင်းသိ ရောက်စေဖူးသည်ဟုနှံစုတ်ငှက်မငယ်၏ဇာတ်ကို ဟောပြတော်မူ၏။


ထိုသို့ မှ မရသည်တွင် တဖန်ငြင်းခုန်ကွဲပြားခြင်းကို အမှီပြု၍ များစွာသောငုံးငှက်တို့ သည် အသက်ကုန်ခြင်းသိ ရောက်ခဲ့ဖူးကုန်သည်ဟု ငုံးမင်းဇာတ်တော်ကိုလည်း ဟောတော်မူလေ၏။


ထိုသို့ ဟောကြားမြွက်ဖော် ဟောတော်မူသော်လည်း မနာမယူကြသောကြောင့် နောက်ဆုံးအနေဖြင့်သူ၏ အလောင်းတော်ဘ၀ သူတော်ကောင်းတည်းဟူသော အဆုံးအမ သြ၀ါဒတို့ ဖြင့် သည်းခံခြင်းရှိသည်ဖြစ်၍ နှစ်ဌာနသော တိုင်းကြီးပြည်ကြီးတို့ ၏ချစ်ကြည်ဆက်ဆံ နိုင်ငံထီးနန်းကိုသိမ်းမြန်းအုပ်ချုပ်ရသောမင်းအဖြစ်သို ရောက်ခဲ့သေး၏ဟု ဒီဃာဝုမင်းသားဇာတ်တော်ကို ဟောတော်မူလေ၏။


ချစ်သားရဟန်းတို့ အမျက်ဒေါသ စသည်ဖြစ်ပွားရန်အများကို ပယ်ရှားစွန့် ပစ်လျှက် နှစ်သက်သောအားဖြင့် သည်းခံခြင်းတရားကို အားထုတ်ကြပါကုန်လော့။ အမျက်မလှန် သည်းခံခြင်းကို ရှေးရှုလျှက် ကြည်ဖြူနှစ်သက် စုံမက်သဖြင့် သင့်တင့်သောသမ္မာဆန္ဒ ရှိကြကုန်သဖြင့် တင့်တယ်စွာနေထို င်ကြကုန်လော့ဟု ထပ်မံ၍ဆုံးတော်မူ၏။


ပါလိလေယျကတောအုပ်သို့ တစ်ကိုယ်တည်းကြွသွားခြင်း ---------------------------------------------------------


ထိုသို့ မှဆုံးမတော်မူငြား ရတော်မမူလေသဖြင့်အလုံးစုံသော ရဟန်းသံဃာ များစွာသော တပည့်ပရိသတ်တို့ ကို ပယ်စွန် လျှက် တစ်ပါးတည်းသော ကိန်းအောင်းခြင်းငှာ ကောင်းစွာလျှောက်ပတ်တော်မူသေးဟု ဆင်ခြင်တော်မူ၍ ကောသမ္ဗီပြည်တွင်းသို့  ဆွမ်းခံလှည့်တော်မူပြီးလျှင် ရဟန်းအပေါင်းတို့ ကို ပန်ကြားတော်မမူတော့ပဲ ကိုယ်တော်မြတ်တစ်ပါးတည်းသာလျှင် မိမိ၏သပိတ်သင်္ကန်းတော်တို့ ကို ယူကာ ပါလိလေယျကရွာအနီးပါလိ လေယျက တောအုပ်သို့ ဝင်ကာအင်ကြင်းပင်ရင်း၌ သီတင်းသုံးတော်မူလေ၏။


ထိုတောအုပ်၌ ပါလိလေယျက ဆင်မင်းနှင့်တွေ့ တော်မူကာ အဖော်အပေါင်းနှင့်နေရသည်ငြား ငြီးငွေ့ သောကြောင့် အဖော်မပါ တစ်ကိုယ်တည်းလှည့်လည်သွားလာနေရာမှ ဆင်မင်းသည် မြတ်စွာဘုရားရှင်အားပြုစုလုပ်ကျွေးသူမပါရှိသည်ကို မြင်သိလေသဖြင့် မိမိသည်သာလျှင် ပြုစုလုပ်ကျွေးအံ့ဟု အင်ကြင်းပင်ရင်းမှအစ ထက်အောက်မကျန် မြေပြင်အခင်းအကျင်းကို သန် ရှင်းညီညွတ်စေလျှက် မြတ်စွာဘုရားအားကောင်းစွာစောင့် ရှောက်လေ၏။


ဆရာတော် အရှင်စန္ဒိမာ

"… ပါလိ လေယျက ဆင်မင်း၏ အကြောင်း …(ဒုတိယပိုင်း) …"


-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-


ပါလိလေယျက ဆင်မင်းသည်များစွာသော ဆင်အပေါင်းတို နှင့်နေရခြင်းကိုငြီးငွေ့ လှသောကြောင့် ထိုဆင်အပေါင်းတို့မှ ကြဉ်ရှောင်ပယ်ခွာလျှက် တစ်ကောင်တည်းသာလျှင် ထို ပါလိလေယျက တောအုပ်အတွင်း၌မွေ့ လျော်လည်ပတ်ကျက်စား၍နေကာ မြတ်စွာဘုရားရှင်သီတင်းသုံးရာအင် ကြင်းပင်ရင်းသို့ ချဉ်းကပ်လာ၍မြတ်စွာဘုရားရှင်ကို ကြည်လင်ကော်ရော်ပူဇော်ရှိခိုးပြီးထိုထိုဤဤ ထက်ဝန်းကျင်ကို ကြည့်ရှုသည်ရှိသော် လုပ်ကျွေးမည့်သူ ပုဂ္ဂိုလ်ဟူသမျှ တစ်စုံတစ်ယောက်မျှမပါသည်ကို သေချာထင်ထင် သိမြင်သောအခါမှ အကိုင်းအခက်အရွက်တို့  အထပ်ထပ်ဝေဆင့် သင့်တင့်ကောင်းမြတ်လှသော အင်ကြင်းပင်ကြီး၏အောက်ခြေဌာနမြေပြင်ကို ညီညာပြေပြစ်စေလျှင် နှာမောင်းဖြင့် သစ်ရွက်သစ်ခက်တို့ကို ချိုးဖြတ်ယူငင်ကာ မြတ်စွာဘုရားရှင်အတွက် သီတင်းသုံးရာအလို့ငှာ ကောင်းစွာတံမြက်လှဲ၍ ပေးရှာလေ၏။


ထိုအခါမှစ၍မြတ်စွာဘုရားရှင်အတွက် နှာမောင်းဖြင့် ရေအိုးကိုယူပြီးသောအခါ သောက်တော်ရေ သုံးတော်ရေတို ကိုလည်းတည်ထားပေး၏။မြတ်စွာဘုရားရှင်သည် ရေပူရေနွေးဖြင့်အလိုရှိတော်မူသည်ရှိသော် ရေပူရေနွေးရအောင်ထင်းသစ်တို့ ကို အချင်းချင်း ပွတ်တိုက်စေလျှက်မီးကိုဖြစ်စေကာ ထိုမီးဖိုအတွင်းသို့  ကျောက်ခဲတုံးတို့ကို ထည့်ကာမီးဖုတ်လျှက် ရေအိုင်ငယ်တစ်ခု သို့  လှိမ့်ယူချကာ ရေပူရေနွေးရအောင်ဖန်တီး၍လှူဒါန်း တော်မူလေ၏။


ထို့ အပြင်တောတွင်းသို့လှည့်လည်ကာ ချိုမြိန်ကောင်းမွန်သော သစ်သီးကြီးငယ် အသွယ်သွယ်တို့ ကိုလည်းရှာဖွေယူဆောင်လျှက် မြတ်စွာဘုရားရှင်အားပေးလှူဆက်ကပ်သေး၏။ မြတ်စွာဘုရားရှင်သည် တောမှနေ၍ ၇ွာအတွင်းသို့ဆွမ်းခံ ကြွလျှင်လည်း မြတ်စွာဘုရားရှင်၏သပိတ်သင်္ကန်းတော်တို ကိုယူ၍ မိမိ၏ဦးကင်းထက်၌တင်ထားတော်မူလျှက် ဘုရားရှင်နှင့် ထက်ကြပ်မကွာ အတူသာလျှင် လိုက်သေး၏။ ရွာ၏ဥပစာသို့ ရောက်သောအခါမှသာလျှင် မြတ်စွာဘုရားရှင်က နေရစ်ဟူ၍ထားခဲ့သော နေရာမှပင် စောင့်ကာ ဆွမ်းခံအပြီး မြတ်စွာဘုရားရှင်ပြန်အလာ၌ သပိတ်သင်္ကန်းတို့ အား ယူဆောင်သယ်ပိုးကာ တောအုပ်အတွင်းသို့ အတူပြန်ဝင်လေ၏။


တောအုပ်အတွင်းရှိမြတ်စွာဘုရားသီတင်းသုံးတော်မူရာ နေရာသို့ ပြန်လည်ရောက်ရှိလျှင်လည်း မိမိသယ်ဆောက်လာခဲသော မြတ်စွာဘုရားရှင်၏သပိတ်သင်္ကန်းတို့ ကို ချထားပြီးလျှင် ၀တ်ကြီးဝတ်ငယ် ပြုဖွယ်ဟူသမျှ တံမြက်လှဲခြင်းမှအစ သစ်ခက်ဖြင့်ပင် မြတ်စွာဘုရားရှင်အားယပ်ခတ်၍ပင် ပေးလေသေး၏။


ညဥ့်ကာလသို့ ရောက်သော် သားရဲစသောဘေးရန်တို့ မှ ကာကွယ်လျှက်မိုးသောက်ရောက်အောင် လှည့်လည်စောင့်ေ ရှာက်၏။ထိုအခါကာလမှစ၍၎င်းတောအုပ်ကို ပါလိလေယျကဆင်မင်းစောင့်ရှောက်အပ်သောကြောင့် ပါလိလေယျကရက္ခိတ တောအုပ်ဟု အမည်တွင်လေ၏။


နေအရုဏ်မိုးသောက်သို့  ကျရောက်သောကာလ မျက်နှာသစ်တော်ရေကိုအစပြု၍ ပြုသင့်ပြုထိုက်သော ၀တ်ကြီးဝတ်ငယ် အသွယ်သွယ်တို့ ကို တစ်စမကျန်အမှန်အမြဲ ပြုစုပေးလေ၏။


ဆင်မင်းကို အတုယူသော မျောက်ကလေး ------------------------------------------


မျောက်သည်လည်းမြတ်စွာဘုရားအားပူဇော်ခြင်း ------------------------------------------------


ထိုမှနောက် တရံရောအခါ ၎င်းတောအုပ်အတွင်း၌ ကျင်လည်ကျက်စားသွားလာလျှက်ရှိသော မျောက်တစ်ကောင်သည် ပါလိလေယျကဆင်၏ မြတ်စွာဘုရားရှင်အပေါ်ကြည်လင်မပြတ်ဆည်းကပ်ခစား ပြုစုလုပ်ကျွေးနေသည်ကို မြင်သောကြောင့် ငါသည်လည်း တစ်စုံတစ်ခုသော အမှုကိစ္စပြုဖွယ်ရှိလျှင်ပြုအံ့ဟု အကြံရလျှက် တောတွင်းမှ ပျားကောင်မရှိသော ပျားတံတစ်ခုကို တွေ့ မြင်၍ လျှင်မြန်စွာချိုးယူပြီးလျှင် အတံနှင့်တကွသော ပျားအုံကို မြတ်စွာဘုရားရှင်၏ထံတော်သို ယူဆောင်ကာ ငှက်ပျောရွက်ကို ဖြန့် ခင်းလျှက် ပေးလှူဆက်ကပ်လေ၏။


မြတ်စွာဘုရားရှင်သည်လည်းကောင်းစွာအလှူခံတော်မူ၏။ မျောက်သည်လည်းသူဆက်ကပ်လိုက်သော အရာကို မြတ်စွာဘုရားရှင်ဘုန်းပေးသုံးဆောင်တော်မူသလော၊ မသုံးဆောင်ပဲနေမည်လောဟူ၍ကြည့်ရှု၍နေသည်ရှိသော် မြတ်စွာဘုရားသည်ဘုန်းပေးသုံးဆောင်တော်မမူပဲ ကိုင်ကြည့်၍သာ နေသည်ရှိသော်အကြောင်းမည်သို ရှိသောကြောင့် မြတ်စွာဘုရားသည်ဘုန်းပေးသုံးဆော င်တော်မမူလေသနည်းဟု တွေးတောဆင်ခြင်လျှက် ပျားတံ၏ အစွန်းကို ကြည့်ရှုစူးစမ်းသော် ပျားဥတို့ ကို မြင်လေ၍ ထိုပျားဥတို့ ကိုတဖြည်းဖြည်းဖယ်ကာရှားပြီးသော်မှ နောက်တစ်ဖန်ပြန်လည်ဆက်ကပ် လှူဒါန်လေ၏။


ထိုမှသာ မြတ်စွာဘုရားရှင်သည် ကောင်းစွာဘုန်းပေး သုံးဆောင်တော်မူလေ၏။


ထိုမျောက်သည် မြတ်စွာဘုရားရှင်ဘုန်းပေးသုံးဆောင်တော်မူ သည်ကိုမြင်လျှင်နှစ်သက်ကြည်လင်အလွန်ရွှင်ပြသော စိတ်ရှိသည်ဖြစ်၍သစ်ပင်တို့ အထက်သို ပေးတက်ပျော်ပါး သစ်ကိုင်းတို့ အား လွှဲကာကစားလျှက် ကခုန်မြူးထူးလေသည်။


ထိုသို့ ဖြင့် ပျော်ရွှင်ခြင်းအတိ သဒ္ဓါပီတိတို့ ဖြင့် တည်နေစဉ်အတွင်းမျောက်သည် ဆွဲသောသစ်ကိုင်း သည်လည်းကောင်း၊ နင်းမိလေသော သစ်ခက်တို သည်လည်းကောင်းကျိုးပြတ်ကာကျလေသဖြင့် အောက်မြေပြင်တွင်ရှိသော တစ်ခုသောသစ်ငုတ်တစ်ခုထက် ၌ ထုတ်ချင်းပေါက်လျှက် ဖောက်ထွင်းကာကျ၍ မြတ်စွာဘုရားရှင်အပေါ်ကြည်လင်နှစ်သက်သော စိတ်ဖြင့်ပင် သေလွန်လေ၏။


ထိုသို့ သေလွန်ပြီးလျှင်ချက်ချင်းပင် တာဝတိံသာ နတ်ပြည်၌ ယူဇနာသုံးဆယ်ကျယ်ပြန့် သော ရွှေဗိမာန်တော်ကြီး၌ နတ်သမီးတစ်ထောင် အရံရှိသော မက္ကဋ နတ်သားအမည်ဖြင့် ဖြစ်လေ၏။


မြတ်စွာဘုရာရှင်သည် ထိုတောအုပ်၌ ပါလိလေယျက ဆင်မင်းသည် လုပ်ကျွေးပြုစုအပ်သဖြင့် ၀ါတွင်းသုံးလ ကာလပတ်လုံးသီတင်းသုံး၍နေတော်မူသော အဖြစ်သည် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ကျော်စောထင်ရှားခြင်း ဖြစ်လေသည်။


ဆရာတော် အရှင်စန္ဒိမာ —

"...ပါလိလေယျကဆင်မင်းအကြောင်း ….(တတိယပိုင်း)..." -.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.--.-.-


ထိုသို့ သော ၀ါတွင်းကာလပတ်လုံးကောသမ္ဗီပြည်၌ မြတ်စွာဘုရားရှင်ကို မဖူးမမြင်ရသော တပည့်ဒါယိကာ အပေါင်းတို့ သည်မညီမညွတ်မသင့်မတင့်သော ရဟန်းတော်တို့ အား နှစ်ဦးနှစ်ဝါဒမကွဲပြားပဲ မြတ်စွာဘုရားရှင်၏ အဆုံးအမကို နာယူလက်ခံကာ ပြေပြစ်ကြစေကြောင်း ၀ိုင်းဝန်းလျှောက်ထားကြလေ၏။


တပည့်ဒါယိကာအပေါင်းတို့ နှင့် သံဃာတော်အပေါင်းတို့ ၏ လျှောက်ထားချက်ဖြင့် အရှင်အာနန္ဒာမထေရ်သည်ပါလိလေယျကတောအုပ်အတွင်းသို့ ဝင်ကာ မြတ်စွာဘုရားရှင်အားပြန်လည်ပင့်ဆောင်တော်မူလေ၏။


မြတ်စွာဘုရားရှင်သည် အချင်းချင်း ပြန်လည်သင့်မြတ်ကာ သာသနာ့တာဝန်များကို အတူထမ်းကြမည့် ရှင်အာနန္ဒာဦးဆောင်ကာ လာရောက်ပင့်ဆောင်တော်မူကြကုန်သော သံဃာတော်ငါးရာတို့အားနာဂ၀ဂ်လာ သုံးဂါထာသော တရားကို ဟောတော်မူလျှင် ထိုငါးရာမျှသော ရဟန်းတို့ သည် အရဟတ္တဖိုလ်၌တည်တော်မူကြလေကုန်၏။


ပါလိလေယျကဆင်မင်းသည် မြတ်စွာဘုရားရှင်အား ပြန်လည်၍ပင့်ဆောင်ရန်လာရောက်ခဲ့ကြသော အရှင်အာနန္ဒာမထေရ်နှင့်တကွ သံဃာတော်မြတ် ရဟန္တာငါးရာအား သစ်သီးသစ်ဥ ရေချိုတို့ ဖြင့် ဆက်ကပ်လှူဒါန်းခွင့်ရလေ၏။တကယ်တမ်းမြတ်စွာဘုရားရှင်အားအရှင်အာနန္ဒာမထေရ်မြတ်နှင့် ရဟန္တာငါးရာတို့ မှ ပြန်လည်ပင့်ဆောင်သွားမည်ဟု သိရသောအခါပါလိလေယျက ဆင်မင်းခမျာ ၀မ်းနည်းပူဆွေးရရှာလေသည်။


မြတ်စွာဘုရားရှင်ပြန်လည်ကြွတော်မူမည့် လမ်းတွင်မိမိကိုယ်ကို ကန့် လန့် ကာ၍တားဆီးလျှက် ရပ်တည်ကာနေလေ၏။ထို နောက်မြတ်စွာဘုရားရှင်က ပါလိလေယျက အသင်သည်ဤဘ၀ ဤခန္ဓာဖြင့် ဈာန်ဝိပဿနာ မဂ်ဖိုလ်ကျေးဇူးကို အထူးခံစားထိုက်သော သဘောမရှိ။သို ဖြစ်၍အသင်သည်ငါဘုရားအားမဟန့်မတားပဲ ဤတောအုပ်အတွင်း၌ပင် နေရစ်ခဲ့လေတော့ဟုမိန် မှာတော်မူကာ ထားရစ်၏။


ပါလိလေယျကဆင်မင်းသည်လည်းမြတ်စွာဘုရားရှင်၏ စကားကိုကြားလေလျှင် နှာမောင်းကို မိမိခံတွင်းဝယ်သွင်းလျှက် စိုးရိမ်ပူဆွေးငိုကြွေးကာ မြတ်စွာဘုရားရှင်နှင့် ညီတော်အာနန္ဒာ ဦးဆောင်လျှက် ပြန်လည်ကြွချီတော်မူသွားသည့် ရဟန္တာအရှင်သူမြတ်ငါးရာတို့ အား လှမ်းမျှော်ကြည့်ရင်း မမြင်နိုင်တော့သောအခါမှ ပြင်းစွာသော ဝေဒနာသောက အားကြီးစွာ နှိပ်စက်လေသဖြင့်ထိုခဏ၌ပင်လျှင် ရင်ကွဲနာကျ၍ စုတိပြောင်းကြွေ သေလွန်ရရှာလေသည်။


မြတ်စွာဘုရားရှင်အားကြည်ညိုသော သဒ္ဒါတရားကြောင့် ဆင်မင်းသည် တာဝတိံသာနတ်ပြည်၌ ယူဇနာသုံးဆယ် အကျယ်ရှိသော ရွှေဗိမာန်ကြီးတွင် နတ်သမီးတစ်ထောင် ခြံရံအပ်သော တင့်တယ်မြင့်မြတ်သည့် နတ်သားအဖြစ်ကို ရတော်မူလေသည်။ဆင်ဘ၀မှ ပြောင်းကြွလွန်ငြား ထိုနတ်သားအားပါလိလေယျက နတ်သားဟုသာ အမည်တွင်လေသည်။


ဆရာတော် အရှင်စန္ဒိမာ —


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT