DNSဆိုတာ
DNSဆိုတာ Domain NameSystem ကိုခေါ်ဆိုခြင်း ဖြစ်ပါတယ်။ရှုပ်သွားမယ် ထင်ပါတယ်။အလွယ်ကူဆုံး ရှင်းပြပါ့မယ်။
ကွန် ပြူတာ မှတ်ဥာဏ်က ဂဏန်းသင်္ချာတွေကိုပဲ မှတ်သားထားတာပါ။ထပ်ရှင်းရရင် 101 တို့လို Binary ကိုမှတ်သားပါတယ်။ဒီတော့ ဝဘ်ဆိုဒ် တစ်ခုစီတိုင်းမှာ ဂဏန်းသင်္ချာ အက္ခရာတွေ ရှိလာရပါတယ်။ဥပမာ 31.24.68.41။ အဲဒါမျိုး အတွဲလိုက်ပါ။Browser မှာ ရိုက်မယ် ဆိုရင် https://31.24.68.12/အစရှိသဖြင့်ပေါ့။
သို့ပေမယ့် ဂဏန်းတွေကိုလိုက်မှတ်သားနိုင်ဖို့က မလွယ်ဘူးလေ။လေးလုံးတွဲ စုစုပေါင်း ၃၂လုံး ရှိတဲ့ အတွဲမျိုးတွေ တွဲကြည့်ပါလား။ များလည်းလိုက်မယ ဂဏန်းတွေ။ဒါတွေကို တစ်ခုချင်း မှတ်သားထားလို့ကတော့ ရူးသွားပါလိမ့်မယ်။
ဒါကြောင့် ယင်းပြဿနာကိုဖြေရှင်းပေးဖို့အတွက် ကြားခံ စနစ် တစ်ခု အနေနဲ့ Domain Name System (DNS) ဆိုတာ ပေါ်လာရပါတယ်။ ဒီတော့ ဂဏန်းတွေအစား နာမည်တွေ ပေးနိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် www.google.com/ www.facebook.com အစရှိသဖြင့် နာမည်တွေ ထွက်လာရ ပါတယ်။DNSအတွက် ဆာဗာထိုင် ထားပါတယ်။ကွန်ပြူတာမှာလည်းသူ့ Service ကို အလိုအလျောက်ဆွဲယူလို့ရအောင် Built in ပါရှိပါတယ်။
ဒါကြောင့် မိမိ ကွန်ပြူတာကBrowser ကနေ နာမည်တစ်ခု ရိုက်တဲ့ အခါ အင်တာနက် လိုင်းမှတစ်ဆင့် DNSServer ကို လှမ်းအကြောင်းကြားပါတယ်။ www.facebook.com ဆိုတာ တကယ်ရော ရှိရဲ့ လားလို့ လှမ်းမေးပြီး Server က ရှိတယ်လို့ ဖြေတော့ သူ့ရဲ့  IP addressကို ပြန်ပို့ပေးလိုက်ပါတယ်။
ကိုယ်က address bar မှာ နာမည်ရိုက်ပေမယ့ နောက်ကွယ်မှာ သူ တကယ် အလုပ်လုပ်သွားတာကIP addressဖြစ်ပါတယ်။ဒါကြောင့် DNS ဆိုတာ အင်မတန် အရေးကြီးပါတယ်။
DNSဆိုတာသာ ရှိမလာရင် ယနေ့ ကျနော်တို့ အားလုံး သင်္ချာဂဏန်းတွေနဲ့ဆိုဒ်လိပ်စာတွေကိုမှတ်သားရမှာ အမှန်ပါပဲ။
No comments:
Post a Comment