ဝိပဿနာနှင့်ရောဂါဝေဒနာ မြတ်စွာဘုရားသည်ထိုအနာရောဂါကို ရှုမှုဝီရိယဖြင့် ဖယ်ရှား၍ အသက်ရှင်ကြောင်းပြုပြင်မှုကို ဆောက် တည်၍နေတော်မူ၏။ ထိုသို့ နေတော်မူသောအခါ၌မြတ်စွာဘုရား၏သေစေနိုင် လောက်အောင် ကြီးမားပြင်းထန်သော ထိုအနာရောဂါသည် ပျောက်ငြိမ်းသွားလေတော့သည်။(တက္ကသိုလ်ဝိပဿနာ၊၉၇)
ရွှေဘိုနယ် လိမ်ချင်းရွာမှ ဘုန်းကြီးတစ်ပါးသည် ၁၈-နှစ်သားက တည်းက လေနာရောဂါစွဲခဲ့ရာ နှစ်၂၀ -ကြာ ဆေးစား၊ အနှိပ်ခံစ သည်ဖြင့် ကုခဲ့သော်ငြားမပျောက်ခဲ့ပဲ မဟာစည်နည်းဖြင့် တရား ရှုရာ ရက်အနည်း ငယ်အတွင်း ပျောက်ကင်းသွားပါတယ်။ (တက္ကသိုလ်ဝိပဿနာ၊၁၀)
တာမွေမှ ခေါ်ခင်ထွေးဗိုက်ထဲမှာ အလုံးကြီးရှိနေရာ ဆရာဝန်က ခွဲရမည်ဟုပြောရာဘာကုသိုလ်မှ မရသေးသဖြင့် ရိပ်သာဝင်ပြီးမှ
ခွဲမည်ဟုဆိုလျက် ရိပ်သာဝင်ရာ သုံးရက်ပြည့်သည်နှင့် ဆက်မ ထိုင်နိုင်အောင် ဗိုက်ထဲမှ အောင့်နေသည်။ဆရာဝန်ထံပြကြည့် ရာ တရားဆက်အားမထုတ်သင့် ဟု ပြောသော်လည်းရိပ်သာ ဆရာတော်အား တိုင်ပင်ရာ ဣရိယာပုထ်လေးပါးလုံးနဲ့ ရှုနိုင် ကြောင်းမိန့်သဖြင့် ဆက်လက်အားထုတ်ရာဆယ့်ငါးရက်ပြည့် သည့်နေ့တွင် ထမင်းစားနေစဉ် ပုပ်နံ့ထွက်သဖြင့်ဆင်ခြင်ရာ မိမိဗိုက်ထဲမှဖြစ်သည်ဟု သိလိုက်သည်။ဆက်လက်အားထုတ် ရာ တဖြေးဖြေး သူ့ဗိုက်ထဲမှ အလုံးက ကျသွားပါတယ်။အဲဒါနဲ့ ဆရာဝန် ပြကြည့်ရာ မရှိတော့သည့်အတွက် ဆရာဝန်ပင် အံ့ သြခဲ့ရသည်။ (တက္ကသိုလ်ဝိပဿနာ၊၁၀၄)
ရွှေဘိုနယ်၊ကင်းဖျားရွာက ရဟန်းတစ်ပါးရဲ့ဗိုက်ထဲမှာ အလုံး ကြီးဖြစ်နေလို့ အစာစာတဲ့အခါ လက်ယာ နံဘေးမှာ ထောက်ပြီး တင်းနေလို့ လက်နဲ့နှိပ်ထားရတယ်။ ဆရာဝန်ပြတော့ ခွဲစိတ်ရ မယ်တဲ့။ခွဲစိတ်ရ မှာ ကြောက်တာနဲ့ ရန်ကုန်မဟာစည်ရောက် လာပြီး သိမ်ပေါ်မှာပဲ ထိုင်ရှုမှတ်နေပါတယ်။ ရက် ၂၀ အကြာမှာ ပျောက်သွားပါတယ်။(တက္ကသိုလ်ဝိပဿနာ၊၁၀၅)
မော်လမြိုင် ဒိုင်းဝန်ကွင်းကအသက်၅၄နှစ်ရှိတဲ့ဦးအောင်ရွှေမှာ ဗိုက်ထဲအလုံးကြီးရှိနေလို့ ဆရာဝန်ကခွဲရမယ် ပြောပါတယ်။ မခွဲခင် ကုသိုလ်ရအောင်လို့ရန်ကုန်မဟာစည်ကိုရောက်လာ တယ်။ တရားအားထုတ်နေရင်း ဗိုက်ထဲက ဖောင်းကနဲ့ပေါက် ကွဲပြီးသွေးတွေဖြာထွက်စီးကျနေတာကို ဥာဏ်နဲ့မြင်ရကြားရ သလိုတွေ့ပြီး အဲဒီနောက် အလုံးကြီးက ပျောက်သွားပါတယ်။ (တက္ကသိုလ်ဝိပဿနာ၊၁၀၆) အသက်လေးဆယ်ရှိပြီဖြစ်တဲ့ ကိုမြဆောင်ရဲ့ဒူးနာဝေဒနာက ငါးနှစ်ကြာခဲ့ပြီ။ဆရာမျိုးစုံနဲ့ ကုပေမယ့် မပျောက်ခဲ့ပါဘူး။ မဟာစည်ဌာနခွဲ၊ မြင်းခြံရိပ်သာမှာ တရားအားထုတ်ပါတယ်။ မှတ်လေနာလေဖြစ် လို့ နေပါတယ်။ မျက်ရည်တောင်ကျပါ တယ်။ လေးရက်အကြာမှာ ဒူးကွဲတာကို အရိုးပါမြင်လိုက်ရ တာနဲ့ လန့်အော်မိပါတယ်။ဆက်မရှုရဲပဲ နေတဲ့အခါမှာဆရာ တော်က တရားဟောပြီးဆက်ရှုမှတ်စေတဲ့အခါ ဒူးနာရောဂါ ပျောက်ပြီး ဘယ်တော့မှ ပြန်မပေါ်တော့ပါဘူး။ (တက္ကသိုလ်ဝိပဿနာ၊၁၀၇) မြင်းခြံအနောက်ဘက်၊ ငါ့သရော်ရွာကျောင်းမှ ဆရာတော် ဦးသုမနရဲ့ဝမ်းမှာ အတုံးအခဲကြီးဖြစ်ပြီး မခံနိုင်အောင် ဖြစ် ရပါတယ်။ဆရာမျိုးစုံနဲ့ကုလို့ မပျောက်လို့ နောက်ဆုံး မြင်းခြံမဟာစည်ရောက် လာပါတယ်။ရှုလေနာကျင်လေ ဖြစ်နေလို့ လက်လျှော့ပြန်မလို့ကနေ မြင်းခြံရိပ်သာဆရာ တော်မှ အားပေး တဲ့အတွက် ဆက်လက်ရှုရာမှာ တစ်နေ့ ကုဋီတက်ရင်း အကျိအချွဲ၊ အစိမ်းအနီ အ၀ါအပြာတွေကျလို့ ပေါ့ ပါးပြီး ပျောက်သွားပါတယ်။(တက္ကသိုလ်ဝိပဿနာ၊၁၈၀)
မြင်းခြံမြို့ လယ်သစ်ရွာမှာ အသက်၇၀အရွာယ် ဦးမြင့်အောင်မှာ ပန်းနာရောဂါစွဲနေတာ နှစ်၃၀ရှိနေပြီ။မဟာစည်ရိပ်သာခွဲ မြင်းခြံ ရိပ်သာရောက်လာပြီးတရားအားထုတ်ရာမှာ ခြောက်ရက်ရှိတော့ ပိုဆိုးပြီး ဟော ဟဲဟောဟဲဖြစ်ပြီးဆန်ပြုတ်တောင်မေ သာက်နိုင်ခဲ့ ဘူး။လဲလဲကျနေလို့ ဆရာတော်လျှောက်တော့ ဆက်အားထုတ်ဖို့ အားပေးပြီးဆက်ရှုနေလိုက်တာ နှစ်နာရီလောက်ကြာတော့ ချမ်း သာသွားပါတယ်။ ဒါပေမယ့် နောက်တစ်ပတ်အကြာ ရောဂါပြန်ထ လာတယ် ။သုံးရက်ဆန်ပြုတ်မသောက်နိုင်ဖြစ်ရတယ်။ဆရာ တော်က ဆက်ရှုမှတ်စေပြီးဆက်ရှုမှတ်တဲ့အခါ ဗိုက်ထဲက ဖေါင်း ကနဲမြည်ပြီး ပေါက်ကွဲကာ အကျိ အချွဲအလုံးအခဲတွေ အစိမ်းအနီ အ၀ါအပြာတွေ ထွက်သွားတာကို ဥာဏ်မျက်စိနဲ့မြင်ပြီးနောက် လုံးလုံးကြီးကို ပျောက်သွားပါတယ်။(တက္ကသိုလ်ဝိပဿနာ၊ ၁၁၀)
ရန်ကုန်မဟာစည်ရိပ်သာကို အသက် ၂၀-အရွယ်ရှိတဲ့ မောင်ဝင်းမြင့် ရောက်လာပါတယ်။ သူဟာ ၁၆-နှစ် ကနေ အသက် ၂၀-ထိ ယား နာတဲ့ရောဂါ ခံစားနေရတယ်။ဖြစ်ပုံက သူ ၁၆နှစ်အရွယ်မှာ ရွှေကျင် ကို သွားနေစဉ်က ချေ၊ဆတ်၊တောကြောင်၊ လင်းမြွေ၊ဖွတ်ဥစတဲ့ အညှီအဟောက်တွေကိုမရှောင်တမ်းစားရာ ကနေဖြစ်တာပါ။ ဆရာ ၀န်တွေတောင် ကုလို့မရတဲ့ အခြေနေဖြစ်ခဲ့ပါတယ်။ သူ့အဘိုးက ခေါ် လာတယ် ။နှစ်ရက်လောက်ရှိသေးတယ် အိမ်ပြန်ပြေးလို့ သူ့အဘိုးက ပြန်ခေါ်လာတယ်။ ဆရာတော်ကို လျှောက်ပြတော့ ဆရာတော်က ဆက်မှတ်ခိုင်းပါတယ်။ ငါးမိနစ်ရှိသေးတယ် ယားလာပါတယ်။ တစ်နာရီအကြာမှာ ပျောက်တယ်။နောက်တစ်ပတ်တော့ ထပ်ယား လာပြန်ပါတယ်။ချွေးတွေ မျက်ရည်တွေကျပြီး တဆတ်ဆတ်တုန်တဲ့ အထိပါပဲ။ဆက်ရှုတော့ ပျောက်ပြန်တယ်။နောက် ရက်ပေါင်းနှစ်ဆယ် မှာ ထပ်ယားပြန်တယ်။ထပ်ရှုတော့ အပူချိန်တွေ ကျပြီး ပျောက်သွား ပါတယ်။နေ့ ၁၁နာရီမှာ ရေချိုးဖို့ အပြင်ထွက်တော့ ခွေးတစ်ကောင် အနားလာတယ်။နံလို့ မောင်းထုတ်ပြီးပြန်အ၀င် ဆက်နံနေတဲ့အတွက် မိမိကိုယ်ကအနံ့ဖြစ်ကြောင်း သိလိုက်ရတယ်။ရေချိုးဆပ်ပြာ တိုက်လဲ မပျောက်ဘူး။နှစ်ရက်တိတိဆက်နံတယ်။ ဆက်ရှုမှတ်တော့ နောက် ရက်တွေမှာ ခွေးနံ့ပျောက်ပြီးယားနာလည်းပျောက်၊ သွေးသန့်ပြီးခရု သင်းလဲ မရှိတော့ပဲ စိုစိုပြေဖြစ်သွားပါတယ်။ ယနေ့ ကမ္ဘာလှည့်ပြီးဝိပဿနာပြနေတဲ့ ဆရာကြီးဦးဂိုအင်ဂါသည် မြန် မာပြည်ပြန်ရောက်လာပြီး ဆရာကြီးဦးဘခင်ဆီမှာ ၀ိပဿနာအား ထုတ်ရင်းအရင်က အမြဲဖြစ်နေတဲ့ ခေါင်းကိုက်ဝေဒနာ အရှင်းပျောက် ကင်း သွားပါတော့တယ်။မုဒုံ၊တော်ကူးရိပ်သာမှာ တရားအားထုတ်ရင်း ဆေရာဂါပျောက်သွားတာကို အများလဲ ကြားဖူးပြီးသာြး ဖစ်ပါလိမ့်မယ်။ အရှင်မဟာကဿပ နာမကျန်းဖြစ်တော့ဘုရားရှင်က ဗောဇ္ဈင်ခုနစ်ပါး ကို ဟောတော်မူရာမှ နာကြားပြီး ၊ရောဂါပျောက်သွားပါတယ်။ မြတ်စွာ ဘုရားရှင် ကျန်းမာတော်မမူတော့ အရှင်စုန္ဒမထေရ်ကိုဗောဇ္ဈင် တရား ဟောစေပြီး နာကြားတော်မူလို့ရောဂါပျောက်တော်မူ ခဲ့ပါတယ်။ ဒီလို ပျောက်ရာမှာ မဟာစည် ဆရာတော်ဘုရားရဲ့ တက္ကသိုလ်ဝိပဿနာ၊ ၁၄၃-မှာ ရွတ်ဆိုသော တရားကြောင့်လည်းပျောက်သည်။ ထိုတရားကို နာယူသူ၏သဒ္ဓါစသည်ကြောင့်လည်း ပျောက်သည်။ နာကြားပြီးနှလုံးသွင်းသဖြင့်လည်း၊ ပျောက်သည်။ ဤသုံးနည်းတွင် တတိယနည်းကပိုခိုင်မာသည်-ဟု ဆိုထားသည်။ မှတ်ချက် = မောင်သွေးချွန်စစည်းပူဇော်သည့် သာသနာငါးထောင် ရှင်းတမ်းစာအုပ်မှ တစ်ဆင့် ထုတ်နှုတ်ရေးသည်။
တင်ပြသူ မှတ်ချက်။။တရားရှုမှတ်ရာတွင်ရောဂါပျာက်ကင်းေ ရးသည် အဓိကမကျပါ။ ကိလေသာပျောက်ကင်းရေးသာ ပဓာနအလုပ် ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးက ယိပဿနာရှုရင်းဤသို့လည်း ဖြစ်သွားကြောင်း သိစေလိုရင်း ဖြစ်ပါသည်။ ရောဂါပျောက်ကင်းခြင်းထက် ကိလေသာကုန် ခမ်းစေရန် ရှုမှတ်ဖို့သည်သာ အရေးကြီးဆုံးလို့မှတ်ယူစေလိုပြါေ ကာင်း...
No comments:
Post a Comment