Monday, May 20, 2013

မြန်မာ့နွေဦး၊ထိုင်းပေါ်လစီ အရွေ့နှင့် ဒေသတွင်း အင်အားချိန်ခွင်လျှာ

မြန်မာ့နွေဦး၊ထိုင်းပေါ်လစီ အရွေ့နှင့် ဒေသတွင်း အင်အားချိန်ခွင်လျှာ


မင်းလွင်ထက်


(စကားဦး-ယခုဆောင်းပါးမှာ"Bangkok Post” တွင် ဖော်ပြပါရှိသော “Thailand, Myanmar share common destiny” ဆောင်းပါးကို ဘာသာပြန်ဆို တင်ပြထားခြင်းဖြစ်ပါသည်။မူရင်းစာရေးသူမှာ ချူလာလောင်ကွန်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာန၊ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေး ညွှန်ကြားရေးမှုး၊တွဲဖက်ပါမောက္ခ Thitinan Pongsudhirakဖြစ်ပါသည်။ ဘာသာပြန်သူအနေနှင့် မူရင်းစာရေးသူနှင့် သဘောတူခြင်း၊ မတူခြင်းထက် မြန်မာ့နိုင်ငံရေး၊စီးပွားရေးအပြော င်းအလဲများအပေါ် မြန်မာနိုင်ငံနှင့် ရင်းနှီးမြုပ်နှံမှု အများဆုံးပြုလုပ်ထားသည့် နိုင်ငံတစ်နိုင်ငံ၏ မူဝါဒဆိုင်ရာ တုံပြန်မှုကို ရိပ်စားမိစေလိုသည့် သဘောထားစေတနာ ရှိပါသည်။ အထူးသဖြင့် မြန်မာ့နွေဦးအပေါ် ဒေသတွင်းနိုင်ငံ များ၏ပေါ်လစီအရွေ့ကို မြန်မာ့နိုင်ငံရေးနောက်ခံကားတွင် တင်ကြည့်နိုင်လျှင် တစုံတရာ အကျိုးရှိမည်ဟု ယူဆပြန်ဆိုခြင်း ဖြစ်ပါသည်။)


ထိုင်းနိုင်ငံ၏သမိုင်းကို ပြောကြသည့်အခါတိုင်း လိုသလို ချဲ့ကားဖွင့်ဆိုကြသည့် ကိစ္စတစ်ခုမှာ ထိုစဉ်က ထိုင်းနိုင်ငံ၏ မြို့တော် အယုဒ္ဓယကို မြန်မာတပ်များ ဖျက်ဆီးဖြိုလှဲလိုက်ပြီး ခုနှစ်လအကြာ၊၁၇၆၇ခုနှစ် ဒီဇင်ဘာလမှ စတင်၍ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ထိုင်းနိုင်ငံရပ်တည်လာခဲ့သည် ဆိုသော ကိစ္စပင်ဖြစ်သည်။


အယုဒ္ဓယပျက်ပြီးထိုင်းနိုင်ငံကိုပြန်လည်စုစည်းနိုင်ခဲ့ခြင်းမှာ တက်ဆင်ဘုရင်၏ ထူးခြားသော ရဲစွမ်းသတ္တိ၊ စစ်ရေးဆိုင်ရာ ခေါင်းဆောင်မှု၊ မဟာဗျူဟာ ကျင်လည်လိမ္မာမှုနှင့် စုစည်းနိုင်မှုကြောင့်ပင်ဖြစ်သည်ဟု ဆိုကြပါသည်။ဤကိစ္စမှာ တစ်ပိုင်းတစ်စ မှန်သည်ဖြစ်သော်လည်းမြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှာ ယခင် အတိတ်ကာလက နှစ်ဘက်အပြိုင်အ ဆိုင်ဖြစ်ခဲ့သော၊နက်နက်ရှိုင်းရှိုင်း နာကြည်းမုန်းတီးမှုများ ရှိနေခဲ့ကြသော ထီးပြိုင်နန်းပြိုင် အင်ပိုင်ယာနှစ်ခုအဖြစ် တည်ရှိရပ်တည်ခဲ့ကြသည်ဆိုသော အချက်ကို အထင်အရှား မီးမောင်းထိုးပြနေခြင်းလည်း ဖြစ်ပါသည်။ သို့သော် ယခုအချိန်ကားနှစ်နိုင်ငံစလုံးပင် အတိတ်ကာလနှင့် မတူတော့ဘဲ ခွဲထွက်ခဲ့ကြပြီ ဖြစ်သည်။ ယခင်က မတူသော အခြေအနေ၊မတူသောကံကြမ္မာများနှင့် ဘားမားနှင့် ဆိုင်ယမ်ဟူ၍ယှဉ်တွဲ ရပ်တည်လာခဲ့ကြသည့်တိုင် ယခု မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှာမူကားဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်များအောင်မြင်ရန်၊လူမှုတည်ငြိမ်မှုရ ရှိစေရန်နှင့် ရေရှည်တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုးမှု ရရှိရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရမည့် နည်းလမ်းများကိုရှာဖွေရတော့မည့်အချိန် ကျရောက်လာပြီ ဖြစ်သည်။


တက်ဆင်ဘုရင်အကြောင်း ပြောကြသည့်အခါတိုင်း မြန်မာတပ်များ အယုဒ္ဓယကို စစ်ချီနေဆဲ အချိန်တွင် မြန်မာနိုင်ငံသို့မြောက်ဘက်မှ တရုတ်တပ်များ ဝင်ရောက် ကျူးကျော်လာကြသည်ဆိုသည့်အချက်ကိုယိုးဒယားရာဇဝင်တွင် တမင်ချန်လှပ်ထားလေ့ရှိပါသည်။ဆင်ဖြူရှင်မင်းအနေဖြင့် ထိုသို့ ကျူးကျော်လာသည့် တရုတ်တပ်များကို ပြန်လည်ခုခံနိုင်ရေး အယုဒ္ဓယမှ တပ်များပြန်လည်ဆုတ်ခွာရန် ညွှန်ကြားခြင်းမြ ပုဘဲ အယုဒ္ဓယအ၇တွင်ရှိသော အလုပ်ကို လက်စသတ်ပြီးမှ ပြန်လည် ချီတက်လာရန် ညွှန်ကြားခဲ့သည်။ ဤတွင် အယုဒ္ဓယ ကျခြင်းပင်ဖြစ်သည်။တချိန်က ရွှေထီးဆောင်းခဲ့သော အယုဒ္ဓယနိုင်ငံတော်ကားကျဆုံးသွားခဲ့ပြီ။ထိုအခါမှ မြန်မာတပ်များ ပြန်လည်ထွက်ခွာ၍ တရုတ်တပ်များကို တိုက်ထုတ်ရသည်ဖြစ်ရာ အယုဒ္ဓယတွင် တပ်ငယ်တတပ်ခန့်သာ ချန်ထားနိုင်ခဲ့သည့်အတွက် နောင် ယိုးဒယားမင်း တက်ဆင်က ပြန်လည်တိုက်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းမင်းတက်ဆင်မှာ ယခုလက်ရှိ ချက္ကရီမင်းဆက်မတိုင်မီ ၁၅ နှစ်တာမျှ ယိုးဒယားနိုင်ငံ(Siam)ကို အုပ်ချုပ်မင်းလု ပ်သွားခဲ့သည်။


သမိုင်းကြောင်းအရစစ်ပွဲများ၊အနိုင်အရှုံးများအကြောင်း ပြောဆိုကြသည့်အခါတိုင်းမြန်မာက အမြဲလို ယိုးဒယား (Siam) အပေါ် အသာစီးမှ နေခဲ့သည်ချည်းသာဖြစ်သည်။ ၁၇ ရာစုအစောပိုင်းတိုတောင်းလှသည့် ကာလတစ်ခုတွင်သာ ယိုးဒယားမင်း နရဲစွမ်၏စစ်ရေးဆိုင်ရာ မဟာဗျူဟာ ကျွမ်းကျင်လိမ္မာမှုနှင့် ယိုးဒယားတို့ မြန်မာနိုင်ငံ အလယ်ပိုင်းသို့ စစ်ချီတက်နိုင်ခဲ့ခြင်းသာ ယိုးဒယားတို့ဘက်ကပြန်လည် ပြောဆိုချေပစရာရှိပါသည်။အင်ပိုင်ယာနိုင်ငံနှစ်ခုအဖြစ် အပြိုင်အဆိုင် ပြုခဲ့ကြသည့်အချိန်အများစုတွင် မြန်မာကသာ ယိုးဒယားဘက်သို့စစ်ချီတက်လာလေ့ရှိပါသည်။မြန်မာမှာ သဘောသဘာဝအားဖြင့်ပင် စစ်တိုက်၊ စစ်ထိုးလိုသောနိုင်ငံ (warrior state) ဖြစ်ပြီးယိုးဒယားမှာမူ ကုန်ကူးသန်းရောင်းဝယ်ရေးကိုသာ အဓိကဆောင်ရွက်လိုသောနိုင်ငံအဖြစ် အကောင်းဆုံး ဥပမာပြနိုင်သည့်နိုင်ငံဖြစ်သည်။ မြန်မာမင်းနိုင် ငံမှာ စစ်ပွဲများ၊အောင်မြင်မှုများနှင့် ပြည့်နှက်နေခဲ့သော နိုင်ငံဖြစ်ပြီး တဖက်မှ ယိုးဒယားမင်းနိုင်ငံမှာမူ ကုန်ကူးသန်းရောင်းဝယ်ရေး၊ကုန်သွယ်ရေးအလုပ်ကိုသာ အလေးပေးဆောင်ရွက်ခဲ့သော နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံအကြား ပထဝီအနေအထားများ၊သမိုင်းကြောင်းအစဉ်အလာများအရ အထက်တွင် ဖော်ပြခဲ့သော မျိုးဗီဇ (DNA)များမှာ နှစ်နိုင်ငံပြည်သူများ၊နှစ်နိုင်ငံရပ်တည်မှုအကြားတည်ရှိနေခဲ့ပြီး ထိုမျိုးဗီဇများကပင် ယနေ့ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရောက်ရှိနေသော အနေအထားကို ရှင်းလင်းပြသနေခြင်းဟု ဆိုနိုင်မည်ဖြစ်သည်။


ပထဝီအနေအထားသည်လဲ အထူးအရေးပါ ပါသည်။မြန်မာမှာ ထိုစဉ်က ဗြိတိသျှ သိမ်းပိုက်ထားသော အိန္ဒိယနိုင်ငံနှင့် ကပ်လျက် တည်ရှိနေခြင်းဖြစ်ရာ၊ ၁၉ရာစုအတွင်း ကိုလိုနီနယ်ချဲ့လိုသော ဗြိတိသျှနှင့် ဒေသတွင်း စစ်မင်းသဖွယ်ဖြစ်ခဲ့သည့၊် စစ်သွေးစစ်မာန်ကြွယ်သည့် မြန်မာတို့ သုံးကြိမ်တိုင် စစ်ပွဲများ ဆင်နွဲခဲ့ရသည်။ သုံးကြိမ်စလုံးပင် မြန်မာ စစ်ရှုံးခဲ့ရာ ၁၈၈၅ တွင် မြန်မာမင်းဆက် ပျက်သုဉ်းသွားခဲ့ပြီး မြန်မာ့ဦးစွန်းမြေသို့ယွန်းခဲ့ ရသည်။တစ်ဖက်တွင်လဲ မြန်မာနှင့် အင်္ဂလိပ်အကြား မြန်မာ တစ်ခါ စစ်ရှုံးတိုင်း ယိုးဒယားက ဗြိတိသျှကို လိုက်လျှော စေ့စပ်မှုများ ဆောင်ရွက်ခဲ့ရလေ့ရှိပါသည်။ ၁၉၀၉ ခုတွင် ယိုးဒယားပိုင် မြောက်ပိုင်း မလေးပြည်နယ်များကို အင်္ဂလိပ်လက် အပ်ခဲ့ရသလို၊မြန်မာနိုင်ငံကို အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီ အုပ်ချုပ်မှုအောက် သွတ်သွင်းပြီးနောက် ယိုးဒယားတို့သည်လည်းအင်ဒိုချိုင်းနားဘက်မှ ဖိအားပေးလျက်ရှိသော ပြင်သစ်ကိုလိုနီများကို လိုက်လျှောမှုများပြုခဲ့ရသည်။ ၁၈၉၃ တွင် ပြင်သစ်တို့သည် ယနေ့ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများကို အများစု သိမ်းပိုက်ထားပြီးဖြစ်သည်။ဤသမိုင်းဖြစ်ရပ်တို့ကို ပြန်လည်ထောက်ရှုလျှင် စစ်သွေးစစ်မာန်ြ ကွယ်ဝသည့်အလျောက်အနောက်နိုင်ငံများမှ နယ်ချဲ့သမားများ၏နယ်ချဲ့မှုကို ခံခဲ့ရသည့် မြန်မာနိုင်ငံနှ င့် ထိုနယ်ချဲ့မှုကို ကြံကြံခံရင်ဆိုင်မှုမရှိဘဲ လေယူရာတိမ်း၍ လက်တွေ့အကျိုးကိုမျှော်သော၊လွတ်လပ်ရေးမဆုံးရှုံးခဲ့ဖူးဟု ဆိုနိုင်သော ယိုးဒယားနိုင်ငံတို့အကြား သမိုင်းကြောင်းဆ က်စပ်မှုများကို အထင်အရှား တွေ့မြင်ရမည်ဖြစ်သည်။


နှစ်ဆယ်ရာစုတွင်လဲ ဤနိုင်ငံ နှစ်နိုင်ငံအဖို့မတူညီသော မုန်တိုင်းများ၊ အပြောင်းအလဲများရိုက်ခတ်ဝင်ရောက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။၁၉၅၀ နှစ်များတွင် မြန်မာနိုင်ငံအနေနှင့် လွတ်လပ်ရေး ပြန်လည်ရရှိလာခဲ့ပြီး ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားသော အခြေအနေရောက်ရှိလာသော်လည်း ၁၉၆၂ တွင်မူ စီးပွားရေးအရ မည်သူ့ကိုမျှမှီခိုခြင်းမရှိ သည့် တံခါးပိတ်၊ စစ်အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲသွားခဲ့သည်။ နှစ်ပေါင်း ၂၀ ကျော်ကြာ တံခါးပိတ်ဝါဒကျင့်သုံးခဲ့ပြီးနောက်တွင်မူ တုံ့ဆိုင်းသွားလိုက်၊ ပြန်လည်စတင်လာလိုက်နှင့် နိုင်ငံရေး၊စီးပွားရေးတံခါးဖွင့်မှုများဆီ ပြန်လည်ရောက်ရှိ လာခဲ့သည်။ယခုတွင်မူ မြန်မာနိုင်ငံမှာ အတိတ်ကာလက ဝန်ထုပ်ဝန်ပိုးများ တလှေကြီးနှင့် အပြောင်းအလဲဆီ စတင်ချဉ်းနင်း ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ မြန်မာတိုင်းရင်းသားများအရေးကလည်းအုပ်ချုပ်မှုနှင့်တည်ငြိမ်မှုအတွက် စိန်ခေါ်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။၂၀၁၁ သြဂုတ်လတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိ မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်တို့ပထမဆုံးအကြိမ် တွေ့ဆုံမှုအပြီး ပွင့်လင်းလာသော နိုင်ငံရေးအခြေအနေများနှင့် ပြုပြင်ပြောင်းလဲရေးများ နောက်ပိုင်းပေါ်ပေါက်လာသော ဘာသာရေးနှင့် လူမျိုးရေုးဆိုင်ရာ ပဋိပက္ခများတွင် နှစ်ပေါင်းများစွာ ဖိနှိပ်ထားခြင်းခံရသော မြန်မာတို့၏ မသိစိတ်တွင် စွဲဝင်ကပ်ညှိနေသည့် သူများထက်သာသည်ဆိုသည့် ဘဝင်စိတ်(superiority complex) ပါဝင်ကောင်း ပါဝင်နိုင်ဖွယ်ရှိနေပါသည်။


တစ်ဖက်တွင်လည်း(၁၉၃၉ ခုနှစ်မှစ၍ဆိုင်ယမ်(Siam)ဆိုသော အမည်မှ ထိုင်းနိုင်ငံ(Thailand)ဟု အမည်ပြောင်းခဲ့ေ သာ) ထိုင်းနိုင်ငံသည်လည်းမြန်မာနိုင်ငံနှင့် အတူတူလောက်ပင် ၁၉၅၇ မှ ၁၉၈၈ ထိ အသွင်စုံ၊အရောင်စုံ စစ်အုပ်ချုပ်ရေးများက အများအားဖြင့် အာဏာကို ချုပ်ကိုင်ကျင့် သုံးခဲ့ကြသည်။သို့သော် ယင်းအုပ်ချုပ်ရေးများတွင် စီးပွားရေးကိုမူတံခါးဖွင့်ထားခဲ့ကြပြီးကုန်သွယ်မှုနှင့် စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှုများကို အားပေးခဲ့ကြသည်။ ဤသည်မှာ ကိုလိုနီအဖြစ် သွတ်သွင်းမခံရခြ င်းကြောင့်နှင့် နဂိုကပင် စီးပွားရေးဆောင်ရွက်လိုသော အထုံဗီဇကြောင့် ဖြစ်ကောင်းဖြစ်နိုင်ဖွယ်ရှိပါသည်။အုပ်ချုပ်သူ ဗိုလ်ချုပ်ကြီးများက နိုင်ငံ့စီးပွားရေးကို ဦးစီးရန် ဖွံ့ဖြိုးရေးနား လည်ကျွမ်းကျင်သည့်တက်ခနိုကရက်များကို လုပ်ဆောင်ခွင့်ြ ပုခဲ့ကြပြီး နှစ်လေးဆယ်ကျော်ကြာ စီးပွားရေးဖွံြ့ ဖိုးမှုကြီးအတွက် လိုအပ်သည့် အခြေခံလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြသည်။ထိုစီးပွားရေးဖွံ့ဖြိုးမှုကြီးကပင် အဆင့်ဆင့်တိုးတက်ဖြစ်ပေါ်လာသော ဒီမိုကရက်တိုင်ေ ဇးရှင်းဖြစ်စဉ်ကိုကူညီအားပေးမည့် လူလတ်တန်းစားအလွှာကို ကြီးထွားလာစေခဲ့သည်။သို့ရာတွင် ယင်း စီးပွားရေးဖွံြ့ ဖိုးတိုးတက်မှုကြီးမှာ အင်အားပြင်းထန်ပြီး ရရှိလာသည့်အကျိုးအမြတ်များမှာ အပေါ်ပိုင်းနှင့် အလယ်ပိုင်းရှိ ထိပ်တန်းအရာရြှိ ကီးများ၊ နိုင်ငံရေးသမားများ၊စီးပွားရေးသမားများအတွက်သာ စုပုံနေခဲ့ရာ အောက်ခြေအဆင့်များသို့ ထိထိရောက်ရောက် အကျိုးပြုခြင်း မရှိခဲ့ပေ။


ထိုင်းနိုင်ငံ၏ဆိုခဲ့ပါအချိန်နှင့်အမျှ လူမှုမညီမျှမှုများနှင့် စီးပွားရေးအရ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားခြင်းတို့မှာ နောင်တွင် သက်ဆင်ရှင်နာဝပ်(ယခင် ထိုင်းဝန်ကြီးချုပ်ဟောင်း)အတွက် အမြတ်ထုတ်စရာ ဖြစ်လာခဲ့သည်။ သက်ဆင်ကို ဖယ်ရှားခဲ့သည့် ၂၀၀၆ စစ်အာဏာသိမ်းမှုအပြီး ထိုင်းနိုင်ငံ၏နိုင်ငံရေးမှာ အီလည်လည် အခြေအနေတွင် တန့်နေခဲ့သည်။၂၀၀၁ ခုနှစ်မှ စ၍ သက်ဆင်လိုလားသူ နိုင်ငံရေးအင်အားစုများက ရွေးကောက်ပွဲများအားလုံးအနိုင်ရ ရှိခဲ့သော်လည်း နိုင်ငံကို အုပ်ချုပ်ဦးဆောင်ခွင့် မရရှိခဲ့သလို သက်ဆင် ဆန့်ကျင်သည့် နိုင်ငံရေးအင်အားစုများမှာလဲ သက်ဆင်ကို နိုင်ငံရေးတွင် မပါဝင်နိုင်အောင်စည်းခြားထားနိုင်ခဲ့သော်လည်းရွေးကောက်ပွဲအနိုင်ရအောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။


လွန်ခဲ့သည့် ရာစုနှစ်များအတွင်း မြန်မာနှင့် ထိုင်းနိုင်ငံတို့မှာ လားရာလမ်းကြောင်းမတူညီခဲ့သော်လည်း၂၁ ရာစု အဝန်းအဝိုင်းသစ်တွင်မူ မြန်မာ၊ ထိုင်းနှစ်နိုင်ငံ ပြန်လည် ချိတ်ဆက်လာနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထိုင်းနိုင်ငံအနေနှင့် (လျှပ်စစ်ဓာတ်အားအတွက်)မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့အပေါ်မှီခိုနေရပြီ ဖြစ်သလို လုပ်သားကိစ္စ၊ လုံခြုံရေး ကိစ္စ (ဥပမာ မူးယစ်ဆေးဝါးနှိမ်နင်းရေး)စသည့် ကိစ္စများတွင် မြန်မာနိုင်ငံအပေါ် များစွာ မှီခိုနေရပြီဖြစ်သည်။ မြန်မာနိုင်ငံသာမရှိလျှင် ထိုင်းနိုင်ငံအနေနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြုံတွေ့ရမည်ဖြစ်သလို မြင့်မားသော လုပ်ခလစာများနှင့်လဲ ရင်ဆိုင်ရမည်ဖြစ်သည်။မြန်မာနိုင်ငံအေ နနှင့်လည်း နျူကလီးယားလက်နက်အစီအစဉ်များကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်သလို အလုပ်သမားများလွှဲပို့သော ဝင်ငွေများအပါအဝင် အကူအညီများ၊ ချေးငွေများ၊ ရင်းနှီးမြုပ်နှ မှု သဘောတူညီချက်များနှင့် အရည်အသွေးမြှင့်တင်ရေး အစီအစဉ်များကို ထိုင်းနိုင်ငံထံမှ လက်ခံရရှိနေပြီဖြစ်သည်။ သာဓက ပြရလျှင် ထိုင်းနိုင်ငံဗဟိုဘဏ် (the Bank of Thailand)က မကြာသေးမီက မြန်မာကျပ်ငွေကို နှုန်းရှင်ထားသည့်ကိစ္စမျိုးတွင် ပါဝင်ကူညီခဲ့ခြင်းမျိုးပင်ဖြစ်သည်။


ထို့ပြင် မြန်မာအစိုးရနှင့်တပ်မတော်ကို လက်နက်စွဲကိုင် တော်လှန်နေသော ရှမ်း၊ ကရင်စသည့် တိုင်းရင်းသားလူ မျိုးစုများကို ကူညီခြင်း၊ ထောက်ပံ့ခြင်းစသည့် နှစ်နိုင်ငံအကြား ကြားခံထားမူဝါဒ (buffer policy)ကို ထိုင်းနိုင်ငံအနေနှင့် တရားဝင် ဆက်လက်ကျင့်သုံးခြင်းမရှိတော့သလို လက်တွေ့တွင် ထိုင်းနိုင်ငံ၏မြန်မာနိုင်ငံမူဝါဒဆိုင်ရာ သဘောတူညီချက် (consensus)ရရှိနေပြီဟုပင် ဆိုရမည်ဖြစ်သည်။ လက်ရှိ ဝန်ကြီးချုပ် ယင်လတ်၏ အစိုးရပင်ဖြစ်စေ၊အတိုက်အခံ ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဝိဇ္ဇာဇီဝ ၏၂၀၀၈-၂၀၁၁ အစိုးရကပင်ဖြစ်စေ၊ ထိုင်းအစိုးရများ၏မြန်မာအရေးမူဝါဒမှာ နှစ်နိုင်ငံကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်မှုများကို ကဏ္ဍစုံမြှင့်တင်သွားရန် ဆိုသည့် မူဝါဒပင်ဖြစ်သည်။ဤဘုံသဘောတူညီချက်မျိုး ထိုင်းအစိုးရအနေနှင့် ကမ္ဘောဒီးယားမူဝါဒတွင် ကိုင်စွဲထားခြင်း မရှိချေ။


လောလောဆယ် မြန်မာ-ထိုင်းနှစ်နိုင်ငံဆက်ဆံရေးတွင် အရေးကြီးသည့် ကိစ္စတစ်ခုမှာ ထားဝယ်စီမံကိန်းပင်ဖြစ်သည်။ ဤကိစ္စတွင် မြန်မာ ထိုင်း နှစ်ဘက်စလုံးအနေဖြင့် ရေရှည်စဉ်းစားသည့်အမြင်ရှုထောင့်မှ သုံးသပ်ဆောင်ရွက်ရန်လိုပြီးအသေးအဖွဲ ကိုယ်ကျိုးစီးပွားကို အာရုံစိုက်၍ မျက်တောင်တဆုံးသာ ကြည့်ခြင်းမျိုး မပြုသင့်ဘဲ မျက်စိတဆုံး၊ ကဏ္ဍစုံအရေးကြီးသည့် ကိစ္စများကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ဒေါ်လာ ဘီလျှံချီသည့် ဤ စီမံကိန်းမှာ ထိုင်းနိုင်ငံ ဆောက်လုပ်ရေးကုမ္ပဏီလုပ်ငန်းစုကြီးတစ်ခုဖြစ်သ ည့် အီတာလျှံ-ထိုင်းဖွံ့ဖြိုးရေး(Italian-Thai Development)ကုမ္ပဏီက ၂၀၀၈ ခုနှစ်၌ထားဝယ်တွင် စတုရန်းကီလိုမီတာ ၂၅၀ ကျယ်ဝန်းသည့် စီမံကိန်း ရရှိခြင်းက အစပြုခဲ့သည်။ထိုပရောဂျက် နှောင့်နှေးသွားသည်တွင် ယင်လတ်အစိုးရက ပခုံးပြောင်းတာဝန်ယူကာ၊ ပြည်သူဘဏ္ဍာများနှင့် ဝင်ရောက်ရင်းနှီးမြုပ်နှံပြီးITD ကို အကျိုးအမြတ်ဖြစ်စေမည့် လုပ်ငန်းမျိုးဆောင်ရွက်လိမ့်မ ည်ဟု ခန့်မှန်းရသည်။


ထို့ပြင် သက်ဆင်သည်လဲ ဤကိစ္စနောက်ကွယ်တွင် ပါဝင်နေသည်ဟု ယူဆရဖွယ်ရှိသည်။ သက်ဆင်ကလဲ ဤစီမံကိန်းတွင် ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားနေသည်ဟု သတင်းများကဆိုပြိးထိုင်းသင်္ကြန် ဆုန်ကရမ် ရက်များအတွင်း မြန်မာနိုင်ငံတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ရှိနေသည်ဟု ဆိုသည်။ထိုင်းနိုင်ငံ၏ နက်ရှိုင်းစွာ ကွဲပြားနေသော လူ့အဖွဲ့အစည်းအတွင်း ဘက်တဘက်ဘက်ကို ရပ်ခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံ ပြုမိသည့် အမှားမျိုး မပြုမိစေရန် မြန်မာအာဏာပိုင်များအနေနှင့်လည်း ကြိုးစားဆောင်ရွက်ကြလိမ့်မည်ဟု မျှော်လင့်ရသည်။


ထိုင်းနိုင်ငံနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံအနေနှင့် ဘက်စုံဆက်ဆံခြင်းမျိုး၊အဓိကအကျိုးစီးပွားစပ်ဆိုင်သူများအားလုံး ပါဝင်အောင် ဆက်ဆံခြင်းမျိုးဖြစ်သင့်သည်။ ထိုင်းနိုင်ငံအနေနှင့်လဲ မြန်မာနိုင်ငံနှင့် အလားတူ ဆက်ဆံသင့်သည်။ ထိုင်းနိုင်ငံ အစိုးရအနေနှင့် မြန်မာနိုင်ငံအေ ပါ် စိတ်ကောင်းစေတနာကောင်းရှိကြောင်း ဆက်လက်ဖော်ပြရန် လိုအပ်သလို မြန်မာနိုင်ငံရှိ အဓိကအကျိုးစီးပွားစပ်ဆိုင်သူများအားလုံး သဘောပေါက်နားလည်နိုင်နိုင်သည့် ဆက်ဆံရေးမျိုးကို ထူထောင်ရန်လိုအပ်သည်။ထိုသို့ဆောင်ရွက်ရာတွင်လဲ မည်သည့် အစုအဖွဲ့ကိုမျှ မိမိ၏စီးပွားရေးအကျိုးအမြတ်အပေါ်မူတည်၍ပိုမို မျက်နှာသာပေးဆက်ဆံခြင်းမျိုး မပြုလုပ်ရန်လည်း လိုအပ်မည်ဖြစ်သည်။


ကျယ်ပြန့်စွာ စဉ်းစားလျှင် ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံ၏ အာဆီယံသို့သွားရာလမ်းကြောင်း (ကော်ရစ်ဒါ) ဖြစ်သလို မြန်မာနိုင်ငံ၏လက်ရှိပွင့်လင်းလာသော အနေအထားက အရှေ့တောင်အာရှကုန်းပြင်ကို ကုန်ထုတ်လုပ်မှု GDP မြင့်မားလာစေရန် လက်ယပ်ခေါ်သည့်အနေအထားသို့ ရောက်ရှိလာစေခဲ့သည်။ကမ္ဘောဒီးယား၊ လာအို၊မြန်မာနှင့် ထိုင်းနိုင်ငံစုပေါင်းထားသော စားသုံးသူဈေးကွက်ကြီးမှာ ဗီယက်နက်၊ယူနန်နှင့် မလေးရှားအချိတ်အဆက်များကို ထည့်သွင်းတွက်ချက်လျှင် သန်း ၃၅၀ ကျော် ကြီးမားသည့် ဈေးကွက်ကြီးဖြစ်သည်။ဤအစုအဝေးကြီးမှာ မြေပေါ်မြေအောက် ကြွယ်ဝသည့် သယံဇာတများလဲ ရှိနေသလို၊လမ်းပန်းဆက်သွယ်ရေးအရလဲ တိုးတက်လာတော့မည့်အခြေအနေရှိနေသည်ဖြစ်ရာ ဤဒေသကြီး၏ စီးပွားရေးမှာ သေချာပေါက် ဖွံ့ဖြိုးတိုးတက်မည့် အလားအလာရှိနေပြီး၂၀၁၅ အာဆီယံ ကတိကဝတ်များနှင့်လဲ ပတ်သက် ဆက်စပ်နေပါသည်။အဓိက စိန်ခေါ်မှုတစ်ခုသာရှိပါသည်။နိုင်ငံရေး…၊ ကြီးမားသည့်နိုင်ငံရေးလဲရှိသလို ခပ်သေးသေးနိုင်ငံရေးကိစ္စတွေလဲ ရှိနေခြင်းဖြစ်သည်။


ကြီးမားသည့်နိုင်ငံရေးကိစ္စမှာ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် အာဆီယံတို့က တဖက်တွင်ရှိနေသလိုနှင့် တဖက်တွင် တရုတ် ရှိနေသည့် ပါဝါလွန်ဆွဲမှုများအကြား အရှေ့တောင်အာရှ ကုန်းပြင်၏ပါဝါမျှခြေကို ဘယ်လိုထိန်းကြမလဲဆိုသည့် ကိစ္စ ဖြစ်သည်။ ဤဒေသမှာ သဘာဝအားဖြင့် တရုတ်နိုင်ငံ၏လွှမ်းမိုးမှု သြဇာအောက်တွင် ရှိနေသည်ဖြစ်သော်လည်းဒေသတွင်းအကျိုးစီးပွားများကို အလုပ်ဖြစ်ပြီး နှစ်ဦးနှစ်ဘက် အကျိုးရှိသည့်အခြေအနေတွင် ဆောင်ရွက်သွားနိုင်ရန် တဖက်မှ အခြားအင်အားကြီးနိုင် ငံကြီးများကစောင့်ကြည့်ပေးရန် လိုအပ်မည်ဖြစ်သည်။ မည်သည့် အင်အားကြီးနိုင်ငံကိုမျှ အရှေ့တောင်အာရှကုန်းပြင်ကို လွှမ်းမိုးရန် ခွင့်ပြုနိုင်မည်မဟုတ်ချေ၊ ဤရည်မှန်းချက်ကိုရရှိအောင် ဆောင်ရွက်နိုင်ရန် မြန်မာနှင့် ထိုင်းနိုင်ငံက အခြားအဓိကပလေယာများကိုထိန်းညှိပေးနိုင်သည့် အနေအထားတွင် ရှိနေသည်။


သေးငယ်သည့်နိုင်ငံရေးဆိုသည်ကတော့အတွင်းပိုင်းပြဿ နာများသာ ဖြစ်လိမ့်မည်။မည်သို့သော အခက်အခဲ၊ အဟန့်အတားများနှင့် ကြုံရသည်ဖြစ်စေ၊ မြန်မာဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုများလမ်းချော်မသွားရန် လိုအပ်သလို၊ ထိုင်းဒီမိုကရေစီသည်လည်းယခုအခြေထက် ပိုမိုကျစ်လျစ်သိပ်သည်းသော၊ ရွေးကောက်ပွဲဒီမိုကရေစီကို ကျော်လွန်သော အနေအထားရောက်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ နှစ်နိုင်ငံစလုံးဒီမိုကရက်တစ်အင်စတီကျူးရှင်းများကို ခိုင်မာအောင်တည်ဆောက်၍ အပြန်အလှန် ထိန်းညှိမှု (checks and balances)၊ပြည်သူလူထု ပါဝင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများရှိလာစေရန်မှာ မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်သည်။ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှာ မတူသော ဒီမိုကရေစီခရီးလမ်းပေါ်တွင် ကွဲပြားသည့်အဆင့်နေရာများ၌ ရှိကောင်းရှိကြမ ည်ဖြစ်သော်လည်းနှစ်နိုင်ငံ ဦးတည်ချက်များမှာ အထူးနီးစပ်လှသည်ဖြစ်ရာ ယခင် ရွပ်ရွပ်ချွံချွံတိုက်ခဲ့ဖူးသော နိုင်ငံနှစ်နိုင်ငံသည် ယခုအခါ ရွပ်ရွပ်ချွံချွံပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများရှာဖွေရတော့မည်ဖြစ်ကြောင်း တင်ပြလိုပါသည်။


(Envoy ဂျာနယ် အတွဲ ၃၊ အမှတ် ၅၁၊၂၃.၅.၂၀၁၃ ကြာသပတေးနေ့ထုတ် စာစောင်တွင် ဖော်ပြပါရှိပြီး)


Htet Minlwin Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT