သင်သေသွားသော်
*************
သြော်---
လူ့ပြည်လောက၊ လူ့ဘဝက
အိုရနာရ သေရဦးမည်
မှန်ပေသည်တည့်
သို့တပြီးကား၊သင်သေသွားသော်
သင်ဖွားသောမြေ၊သင်တို့မြေသည်
အခြေတိုးမြင့်၊ကျန်ကောင်းသင့်၏
သင်၏မျိုးသား၊စာစကားလည်း
ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏
သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက်ဝင်းလျှက်၊ ကျန်စေသတည်း။
(ဆရာဇော်ဂျီရဲ့ကဗျာလေးအရမ်းနှစ်သက်လို့ပြန်တင်ပေးလိုက် ပါသည်)
No comments:
Post a Comment