သီလထက်ဒါနမြတ်သလား?
တစ်ခါတွင် နေမိမင်းသည် ငါသည် ဒါနအမှု သီလအမှုကို ပြုခဲ့၏။ ဘယ်အရာက ပိုမြတ်သနည်း-ဟု အကြံဖြစ်သည်။ ထိုအကြံကြောင့် စိတ်ပြန့်လွင့်ကာ သမာဓိမရ၊သမာဓိမရသဖြင့် အမှန်ကိုဆုံးဖြတ်ရန် ယထာဘူတဥာဏ်မဖြစ်ပေါ်။ နေမိမင်း၏ သီလအာနုဘော်ကြောင့် သိကြားမင်းသည် တာဝတိံသာမှ ဆင်းသက်ကာ ဖြေရှင်းခဲ့သည်။ အောက်ပါတို့သည် သိကြားမင်းအဖြေများ ဖြစ်သည်။ (ဖြေ) အနိမ့်ဆုံးသီလကြောင့် မင်းမျိုးတွင်ဖြစ်နိုင်သည်။ အလတ်စားသီလ ကြောင့် နတ်ပြည်တွင်ဖြစ်နိုင်သည်။အမြင့်ဆုံးသီလကြောင့် ကိလေ သာတို့မှ စင်ကြယ်နိုင်၏။(သာသနာပအနိမ့်ဆုံးသီလဟူသည် တိတ္ထိ -ကျောင်းတွင် မေထုန်အမှုကို ရှောင်ကြဉ်ခြင်း တစ်ပါးသီလတည်း။ အလတ်စားသီလဟူသည် သီလကို ကျင့်သဖြင့် ဈာန်အနီးသို့ရောက် ၍ နီဝရဏတရားတို့ကိုတဒင်္ဂသတ္တိဖြင့် ပယ်ခွာနိုင်သော မဟာကုသိုလ် စေတနာဟုဆိုအပ်သော သီလတည်း။ အမြတ်ဆုံးသီလဟူသ ည် ကမ္မဋ္ဌာန်းအားထုတ်သဖြင့် ဈာန်ရကာ သမာပတ်ရှစ်ပါးနှ င့်ပြည့်စုံခြင်း သေသော် ဗြဟ္မာ့ပြည်ရောက်ခြင်းတည်း။ သာသနာတွင်းအနိမ် ဆုံး သီလသည် နတ်သိကြားအဖြစ်ကိုတောင့်တသဖြင့် စတုပါရိသုဒ္ဓိ သီလကိုစောင့်သော ရဟန်း၏ဗြဟ္မစရိ ယ သီလကို တောင့်တသဖြင့် တောင့်တတိုင်းပြည့်ခြင်းတည်း။အလတ်စားသီလသည် ဗြဟ္မစရိယ စေတနာကို တောင့်တသဖြင့် ဗြဟ္မစရိယစေတနာကို ပေးနိုင်ခြင်းတည်း။ ဗြဟ္မာ့ပြည်ကိုတောင့်တသဖြင့်စတုပါရိ သုဒ္ဓိသီလနှင့်ပြ ည့်စုံသောရဟန်း သည် ၀ိပဿနာကိုပွားသဖြင့် မဂ်ဖိုလ်သို့ရောက်ကာ ရဟန္တာဖြစ်ခြင်း သည် အမြတ်စားသီလတည်း) ရှေးအခါက ဒုတိပမင်း၊ သာဂရမင်း၊ သေလမင်း၊ မုဇကိန္ဒမင်း၊ ဘဂီရသ မင်း၊ဥသိန္ဓရမင်း၊ ပုထုဇ္ဇနမင်းတို့နှင့် အခြားသော မင်းပုဏ္ဏားတို့သည် အလှူပြုသည့်အခါချမ်းသာစည်းစိမ်ကိုတောင့်တကြသဖြင့် သေသော အခါ -ပြိတ္တာဘုံခေါ်ကာမာဝစရနတ်ပြည်သို့ရောက်ကြရ၏။ ယာမဟနု ရသေ့၊ သောမယာဂရသေ့၊ မနောဇရသေ့၊သမုဒ္ဒရသေ့၊ မာဃရသေ့၊ ဘရတရသေ့၊ ကာလပုရက္ခတရသေ့-ဟူသော ရသေ့ညီနောင်ခုနစ်ဖေါ် တို့နှင့် အဂီင်္ရသရသေ့၊ကဿပရသေ့၊ ကိသ၀စ္ဆရသေ့၊ အကိတ္တိရသေ့-ဟူသော ရသေ့လေးပါးတို့သည် အိမ်ယာ မထောင် ခြိုးခြံစွာကျင့်သဖြင့် ဗြဟ္မာမင်းဖြစ်ရသည်။(ကိလေသာကာမဟူသော လောဘဇော၏ကျက် စား ရာ မှီခိုတွယ်ရာ အာရုံငါးငါး-ဟုဆိုသည့် ၀တ္ထုကာမတို့ကို မရလျင် အလွန်ပူပန်တတ်သောကြောင့် ပြိတ္တာနှင့် တူသောကြောင့် ကာမာဝစရ နတ်ပြည်ခြောက်ထပ်ရှိနတ်တို့ကို ပြိတ္တာဟုခေါ်သည်။ စင်စစ် ယင်းသို့ ဆိုခြင်းသည် နိဒဿနနည်းဖြင့်ဆိုခြင်းသာတည်း။ ကိလေသာကို မခွာနိုင်သေးလျင် ၀တ္ထုကာမကို တောင့်တပူပန် တတ်သဖြင့် ကာမ ဆယ့်တစ်ဘုံရှိ သတ္တ ၀ါအားလုံး ပြိတ္တာများသာတည်း။ အပါယ်လေး ဘုံသားတို့ကားမုချပြိတ္တာဖြစ်၍ ကာမသုဂတိခုနစ်ဘု သားတို့သည် သဒိသူပစာပြိတ္တာတို့တည်း) တစ်ခါက ဟိမ၀န္တာတောင်ဝယ် သီဒါနဒီမြစ်နားဝယ် အဘိဥာဏ်ငါးပါး၊ သမာပတ်ရှစ်ပါးရသော ရသေ့တစ် -သောင်းတို့ နေထိုင်ကြသည်။ ဆွမ်းအလို့ငှာ အချို့ကမြောက်ကျွန်းသို့ကြွကြသည်။ အချို့က ဇမ္ဗု သပြေ သီးကို စားသုံးကြသည်။အချို့က အနားရှိသစ်သီးတို့ ဖြင့်စား ကြသည်။အချို့က ရပ်ရွာနိဂုံးတို့သို့ ဆွမ်းခံကြွ ကြသည်။ လျှာပင်ရှိ သော်ငြားအရသာကို တပ်မက်မှုမထားဈာန်တရားဖြင့်သာ နေထိုင် ကြသည်။တစ်နေ့ -သောအခါ ရသေ့တစ်ပါးသည် ဆွမ်းခံကြွရာတွင်မင်းပုရောဟိတ်အိမ်သို့ကြွမိလေသည်။ ကြာလာသော အခါ မျက်မှန်း တန်းမိသဖြင့် ပုရောဟိတ်မှ မေးမြန်းစုံစမ်းရာ လွန်စွာကြည်ညိုသဖြင့် မင်းကိုခွင့်ပန်ကာ ရသေ့ဝတ်လိုက်သည်။ ဈာန်သမာပတ်ရသောအခါ မင်းကိုကတိပေးထားသည့်အတိုင်း မင်းထံကြွလေ သည်။ မင်းသည် လွန်စွာကြည်ညိုလှသဖြင့် ရသေ့များကို ဆွမ်းလုပ်ကျွေးလိုကြောင်း ပြောရာ ရသေ့မှ အတူခေါ်ဆောင်သည်။ နယ်စပ်ရောက်သောအခါ တန်ခိုးဖြင့် ဟိမ၀န္တာသို့ခေါ်ဆောင်သွားလေသည်။ ထိုသီဒါနဒီအနား တွင်ပင် သစ်ခက်တဲနန်းစိုက်၍ ရသေ့များကို ဆွမ်းလုပ်ကျွေးခဲသည်။ ကြာသော်လွန်စွာ ကြည်ညိုလှသဖြင့် ထိုအရပ်တွင်ပင် ကျုံး၊ တံခါး၊ ပစ္စင်၊ရင်လျှောက်၊ အခင်းအကျင်းများနှင့်အတူ မြို့တည် သည်။ လယ်ယာခေါင်းတာ တီထွင်ကာနေထိုင်သည်။ဤသို့ဖြင့် အနှစ် တစ်သောင်းတိုင်အောင် ရှိခိုးခြင်းအလှူပေးခြင်းတို့ဖြင့် နေထိုင်ကာ သေလွန်သောအခါ ဆကာမာဝစရနတ်ပြည် ခြောက်ထပ်သို့ ရောက် ရသည်။ရသေ့တို့ကား ဗြဟ္မာ့ပြည်ရောက်ရသည်။ထိုအခါက သိကြားမင်းသည် ယခုအခါနေမိမင်းကို ပြဿ နာ ဖြေရှင်းပေး သောသိကြားမင်းပင်ဖြစ်သည်။ (ဇာ၊ဋ္ဌ၊၆၊၁၁၉-၁၃၀ )
Saturday, May 25, 2013
သီလထက်ဒါနမြတ်သလား?
Subscribe to:
Post Comments (Atom)
-
မြန်မာ့ ဓားအမျိုးမျိုး ✏ ✏ ✏ ✏ ဓါးတွေရဲ့အကျဉ်းချူံးးလေးပါ ဓားမ၊ ဓားနှီး၊ ဓားချွန်၊ ဓားကုပ်၊ ဓားရှည်၊ ဓားမြှောင်၊ ဓားမရှည်၊ ဓားပါး၊ ဓားပေါက...
-
" အတိတ်နိမိတ် ယုံကြည်မှု " ★★★★★★★★★★★★★★ ပုထုဇဉ် မှန်သမျှ နိမိတ်ကောက်တဲ့သူတွေ များတယ်။ ယုတ်စွအဆုံး မျက်ခုံးလှုပ်တာေ တာင် လာဘ်ရမယ...
No comments:
Post a Comment