Thursday, May 9, 2013

မော်တော်ယာဉ် တစ်စီးရဲ့ အင်ဂျင်ပါဝါ ဆိုတာ ဘာလဲ။

မော်တော်ယာဉ် တစ်စီးရဲ့ အင်ဂျင်ပါဝါ ဆိုတာ ဘာလဲ။


MyanmarCarsDB မှာ မေးထားတဲ့ မေးခွန်းကို တွေ့မိရာကနေဤဆောင်းပါးကို ရေးခဲ့မိပါတယ်။မေးထားတဲ့ မေးခွန်းကတော့ “ထောင်နဲ့ပြောလိုက် ပွိုင့်နဲ့ပြောလိုက် EnginePower က ဘယ်လို Unit တွေတုန်း?” လို့ပဲ ဖြစ်ပါတယ်။


ဆက်လက်ပြီးတော့ MyanmarCarsDB က “1300 ပြောလိုပြော..1.3 ပြောလိုပြော.. ပြောလို့သာပြောေ နကျတယ် တချို့များ ဘာကြောင့် ဒီလိုပြောကြတယ်၊ ဘယ်လိုတိုင်းတာ ကတယ်ဆိုတာကို မသိသူများ ဖြစ်နေတတ်ပါတယ်။တကယ်သိသူများ ဖြေပေးကြပါဦး။” လို့ တောင်းဆိုထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။


အဲဒီမှာတင် တွေ့လိုက်ရတဲ့ ပြဿနာ တစ်ခုကတော့ 1300 နဲ့ 1.3 ဘာကွာလဲ ဆိုတာကို အမှန်တကယ်ကို မသိသူ အများအပြား ရှိနေပါတယ်။တကယ်တော့ ဒီ ယူနစ် ၂ ခုဟာ လွန်စွာရိုးရှင်းတဲ့ အခြေခံ ရူပဗေဒ ယူနစ်များပဲ ဖြစ်ပါတယ်။


1300 နဲ့ 1.3 ဘယ်လို ကွာခြားလဲ


Cubic Centimeter(သို့)cc (သို့)cm3 ဆိုတာ ထုထည် တိုင်းတာတဲ့ ယူနစ်ဖြစ်ပါတယ်။ဒီမှာ တစ်ခု သတိထားရမှာက 1300 လို့ သုံးရာမှာ 1300ccဖြစ်ပြီး1.3 လို့ ဆိုရာမှာတော့ 1.3 L ဖြစ်ပါတယ်။L ဆိုတာကတော့ Liter ပဲ ဖြစ်ပါတယ်။၉ တန်းမှာ သင်ခဲ့တာကို မမေ့ကြပါနဲ့ဦး။ 1 Liter= 1000 ccဖြစ်ပါတယ်။မိမိနှစ်သက်သလို သုံးစွဲနိုင်ပါတယ်။


သို့သော်လည်းအာရှနဲ့ ဥရောပမှာ 1300cc အင်ဂျင်လို့ သုံးစွဲလေ့ရှိပြီးအမေရိကန်နိုင်ငံနဲ့ အခြားနိုင်ငံ များမှာတော့ 1.3 L အင်ဂျင်ရယ်လို့ သုံးစွဲပါတယ်။


1300 နဲ့ 1.3 ဆိုတဲ့ ယူနစ် ၂ ခုရဲ့ ကွာခြားတဲ့ အခြေခံ သဘောတရားကို သိရှိပြီဆိုရင် အနည်းငယ် ပိုမိုခက်ခဲတဲ့ အကြောင်းအရာတွေကိုလေ့လာကြည့်ရအောင်။ ရှေ့ဆက်မသွားခင် အရင်ဆုံးသိရှိဖို့ လိုအပ်တာကတော့ အဓိပ္ပါယ် ဖွင့်ဆိုချက်များပဲ ဖြစ်ပါတယ်။


အဓိပ္ပါယ် ဖွင့်ဆိုချက်များ


Displacement Definition: the amount of air-fuel mix the engine can burn at a time.


ကဲဒါဆိုရင် 1300cc အင်ဂျင်လို့ပဲ ပြောပြော၊1.3L အင်ဂျင်လို့ပဲခေါ်ခေါ် ဒီယူနစ်တွေက ဘာကိုရည်ညွှန်းပါသလဲ။ cc(သို့) liter ယူနစ်နဲ့ ပြောနေကြတဲ့ ကိန်းဂဏာန်းဟာ အင်ဂျင်တစ်ခုရဲ့Displacement ကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။


အရိုးရှင်းဆုံးအဓိပ္ပါယ်ဖွင့်ဆိုရင်တော့ အင်ဂျင်စလင်ဒါထဲက ပစ်စတင် (pistons)တွေရဲ့ လောင်စာနဲ့ အောက်ဆီဂျင် (လေ) တို့ရဲ့ ရောနှောလောင်ကျွမ်းမှု ပမာဏကို တိုင်းတာတဲ့ နှုန်းပဲဖြစ်ပါတယ်။Displacement (cc) ဟာ အင်ဂျင်ရဲ့ ပါဝါကို တိုက်ရိုက်တိုင်းတာတဲ့ ယူနစ်မဟုတ်ပေမယ့် displacement များလေ အင်ဂျင်ပါဝါကြီးမားလေလို့တော့ အကြမ်းဖျင်းသတ်မှတ်လို့ ရပါတယ်။


Horsepower Definition: the max power available from the engine.


အင်ဂျင် Displacement နဲ့ မြင်းကောင်ရေအား(သို့) Horsepower၂ ခုစလုံးဟာ အင်ဂျင်တစ်လုံးနေ ထုတ်လုပ်ပေးနိုင်တဲ့ “အား” (သို့)ပါဝါကို သွယ်ဝှိုက်သောနည်းဖြင့် အဓိပ္ပါယ် ဖွင့်ဆိုထားခြင်းဖြစ်ပါတယ်။သို့သော်လည်း တိုင်းတာသည့် ယူနစ်များ ကွားခြားသလို (cc နှင့် hp) အဓိပ္ပါယ်ခြင်းလည်းလွန်စွာမှ ကွာခြားပါတယ်။


Horsepower(သို့)မြင်းကောင်ရေအားဆိုသည်မှာ အင်ဂျင်တစ်လုံး၏အချိန်အတိုင်းအတာ တစ်ခုအတွင်း အလုပ်ပြီးမြောက် အောင် လုပ်ဆောင်နိုင်စွမ်းအား တိုင်းတာသည့် နှုန်းထားပင် ဖြစ်သည်။


1 hp = 745.7 watts = 33,000 foot-pounds (per minute)


ဆိုလိုသည်မှာ မြင်းကောင်ရေ ၁ကောင်အားသည် တစ်မိနစ်လျှင် ၇၄၅.၇ဝပ် (သို့)၃၃၀၀၀ပေါင်-ပေ နှုန်းရှိသည့် “အား” ကို ဆိုလိုသည်။ပိုမိုရှင်းလင်းအောင် ဆိုရမည်ဆိုလျှင် 1 hp သည် ပေါင် ၃၃၀၀၀ ရှိသည့် အလေးအား၁ မိနစ်ကြာ “မ” ထားနိုင်စွမ်းနှင့် တူညီပါတယ်။


Displacement နှင့်Horsepower တို့၏ ဆက်နွယ်မှု


အထက်မှာ ဖော်ပြထားတာကို ပြန်လည်ဆွေးနွေး ကြည့်ရအောင်။ အင်ဂျင် Displacement နဲ့ မြင်းကောင်ရေအား(သို့)Horsepower ၂ ခုစလုံးဟာ အင်ဂျင်တစ်လုံးနေထုတ်လုပ်ပေးနိုင်တဲ့ “အား” (သို့)ပါဝါကို သွယ်ဝှိုက်သောနည်းဖြင့် အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း ဖြစ်ပါတယ်လို့ အစောက ပြောခဲ့ပါတယ်။


အင်ဂျင်ကြီးမားလေ၊ displacement ပိုများလေ အင်ဂျင်ရဲ့ မြင်းကောင်ရေအားလည်းပိုများလေပါပဲ။ အင်ဂျင်ရဲ့ မြင်းကောင်ရေအားပိုများလေ အင်ဂျင်ရဲ့ ပါဝါ ပိုကြီးလေ ဖြစ်ပါတယ်။ဥပမာ -စလင်ဒါ ၄ လုံးပါ 1500cc(သို့) 1.5 L အင်ဂျင်ပါရှိတဲ့Toyota Yarisရဲ့ မြင်းကောင်ရေအားဟာ ၁၀၀ ကျော်သာ ရှိပေမယ့် စလင်ဒါ ၄ လုံးတပ် 2000 cc (သို့) 2.0 L အင်ဂျင် တပ်ဆင်ထားတဲ့ Audi A6 ကတော့ မြင်းကောင်ရေအား211 hp ရရှိမှာ ဖြစ်ပါတယ်။


အင်ဂျင်တစ်လုံး၏displacement နဲ့ horsepower တို့ဟာ ကိန်းဂဏာန်းအတိအကျနဲ့ တိုက်ရိုက်ဆက်နွယ်မှု မရှိပါဘူး။တူညီတဲ့ displacement ရှိတဲ့ အင်ဂျင် ၂ လုံးဟာ မြင်းကောင်ရေအားမှာ ကွာခြားမှုရှိမှာ သေချာပါတယ်။ အသုံးပြုတဲ့ ပင်စတင်ခေါင်း၊နည်းပညာ၊တာဘိုစနစ် စတာတွေအပေါ်မူတည်ပြီးတူညီတဲ့ displacement ရှိတဲ့ အင်ဂျင် ၂လုံးရဲ့ မြင်းကောင်ရေအားဟာ ကွာခြားသွားပါလိ မ့်မယ်။


ဒါပေမယ့် လူပိန်းတွက်နည်းနဲ့ တွက်မယ်ဆိုရင်တော့ ၂၀၀၈ ခုနှစ် နောက်ပိုင်းမှာ ထုတ်လုပ်ထားတဲ့ ဓာတ်ဆီသုံးအင်ဂျင် တပ်ဆင်ထားတဲ့ မော်တော်ယာဉ်တွေမှာ ပျှမ်းမျှအားဖြင့် displacement 17 cc ဟာ 1 hp နဲ့ ညီမျှတယ်လို့ ဆိုနိုင်ပါတယ်။


Torque(သို့) အင်ဂျင်ရုန်းအား Definition: the amount of force that the car applies at the wheels


Torque(သို့) အင်ဂျင်ရုန်းအားဆိုသည်မှာ အင်ဂျင်တစ်လုံးကထွက်ရှိလာတဲ့ ပါဝါကို ဘီးများထံမှတဆင့် လမ်းမပေါ်သို့ ရောက်ရှိတဲ့ ပမာဏကို ဆိုလိုပါတယ်။ နောက်တစ်နည်း ပြောရရင်တော့ torque ဆိုတာ အင်ဂျင်ပါဝါကို ဘီးတွေကတဆင့် လမ်းမပေါ်သို့ အရောက်ပို့လွှတ်ပြီး မော်တော်ယာဉ်အားတွန်းပို့ပေးသည့် ရုန်းကန်အားကို ဆိုလိုပါတယ်။


Torque ရဲ့ အရေးပါမှုကတော့ မြန်မာနိုင်ငံမှာ သိရှိသူ အလွန်နည်းပါးလှပါတယ်။ကားတစ်စီးရဲ့ အင်ဂျင်ရုန်းအားကို စိတ်ဝင်စားသူ မရှိသလောက်ကို နည်းပါပေမယ့် ကားတစ်စီး၊ အထူးသဖြင့် စွမ်းရည်မြင့် ကားတစ်စီးကို ဝယ်ယူရာမှာ torque ကို သတိထားကြည့်ဖို့များစွာလိုအပ်ပါတယ်။


အင်ဂျင်ပါဝါ ဘယ်လောက်ကောင်းကောင်း torque နည်းနေတဲ့ မော်တော်ယာဉ်တစ်စီးဟာ ရုန်းအားမကောင်းပဲ တာထွက်နှေးနေမှာဖြစ်သလို ဂီယာပြောင်းရာမှာလဲ တုန့်သွားတတ်ပါတယ်။ အထူးသဖြင့် red line လို့ ခေါ်တဲ့ အင်ဂျင်လည်ပတ်မှုနှုန်း (rpm)အမြင့်ဆုံး ဘယ်အချိန်မှာ ရောက်လဲပေါ်မူတည်ပြီး torque ရဲ့ လုပ်ဆောင်ချက်က ကားတစ်စီးရဲ့ ရွှေ့လျားမှုကို ထိန်းချုပ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။


Torque ကို တိုင်းတာရာမှာ အင်ဂျင်လည်ပတ်နှုန်း အမြင့်ဆုံး ဘယ်လောက်မှာ ၁ ပေါင်အလေးချိန်ရှိတဲ့ “အား” ဟာ မျဉ်းဖြောင့်အနေအထား၁ ပေ အကွာမှာရှိတဲ့ နေရာပေါ်သို့ အကျိုးသက်ရောက်တဲ့ ရုန်းကန်အားကို ဆိုလိုပါတယ်။ဥပမာ 275 lb-ft @5400 rpm လို့ ဖော်ပြရပါတယ်။


ဥပမာ -မြင်းကောင်ရေအာ3း30 hp ရှိပြီးအင်ဂျင်ရုန်းအား 275 lb-ft @5400 rpm ရှိတဲ့ မော်တော်ယာဉ် တစ်စီးဟာ ပုံစံတူ၊ဒီဇိုင်းတူ၊အလေးချိန်တူညီတဲ့ မြင်းကောင်ရေအာ3း05 hp သာရှိပြီးအင်ဂျင်ရုန်းအား 300 lb-ft @5400 rpm ရှိတဲ့ မော်တော်ယာဉ်ကို တာအထွက်မှာ နာတစ်ဖျား အသာပေးရဖို့ များပါတယ်။ သို့သော်လည်းတာဝေးမှာတော့ ပိုများတဲ့ မြင်းကောင်ရေကြောင့် အသာစီး ပြန်ရနိုင်မှာ ဖြစ်ပါတယ်။


သတိပြုဖို့ကတော့ ကားတစ်စီးရဲ့ အမြန်နှုန်းကို တွက်ချက်ရာမှာ အထက်မှာ ဖော်ပြခဲ့တဲ့ Displacement ၊Horsepower နဲ့ Torque ဆိုတဲ့ အချက် ၃ ချက်တည်းနဲ့ တွက်ချက်တိုင်းတာလို့ မဖြစ်နိုင်ပါဘူး။ကားရဲ့ ပုံစံဒီဇိုင်း၊ အလေးချိန်၊ ဂီယာ၊ aerodynamicsဖြစ်မှုနဲ့ တာဘိုစနစ်တို့အပြင် အရေးကြီးဆုံးဖြစ်တဲ့ ယာဉ်မောင်းရဲ့ စွမ်းရည်နဲ့ ကျွမ်းကျင်မှုတို့ အပေါ်များစွာမူတည်နေပါတယ်။


မမေ့ပါနဲ့ မည်မျှပင် အဆင့်မြင့်ပြီးစွမ်းဆောင်ရည်ကောင်းတဲ့ စူပါကားပင် ဖြစ်နေပါစေ၊ ယင်းမော်တော်ယာဉ်၏ စွမ်းဆောင်ရည်မှာ ယာဉ်မောင်းသူအပေါ်တွင် အများဆုံး မူတည်နေပါတယ်။တကယ်တမ်းတော့ စူပါကားတွေ ဆိုတာလည်းစက်ပစ္စည်းများသာဖြစ်ပါတယ်။


No comments:

Post a Comment

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT