Monday, April 29, 2013

ကြောက်လန့်ဖွယ်ရာ ဒု-သ-န-သော အကြောင်း

ကြောက်လန့်ဖွယ်ရာ ဒု-သ-န-သော အကြောင်း


အရပ်စကားတစ်ခုရှိပါတယ်။ကာမပိုင်ယောင်္ကျားရှိတဲ့ အမျိုးသမီးကို ကိုယ်ထိကာယ လွန်ကျူးမိလျှင် ဒု-သ-န-သော ထိုက်လိမ့်မယ်ဆိုတဲ့စကားရပ်လေးတစ်ခုပါ။ထိုဒု-သ-န-သော ဆိုတဲ့ စကားလုံးလေးခုဖြစ်ပေါ်လာပုံဟာ ဒီလိုပါ။တကယ်တော့(ဒု၊သ၊န၊သော)ဆိုတဲ့စကားလုံးလေးခုဟာ သူဌေးသားလေးဦးရဲ့လူဘဝရနေခိုက် ငွေကြေးချမ်းသာမှုအရှိန်အဝါကို မကောင်းတဲ့အကုသိုလ်နေရာမှာ အသုံးချပြီး သေလွန်တဲ့အခါ လောဟကုမ္ဘီငရဲကျရောက်ပြီး ဆင်းရဲဒုက္ခမျိုးစုံခံစားရင်း ပင်ပန်းကြီးစွာ အော်ဟစ်မြည်တမ်းလိုက်တဲ့အသံများဖြစ်ပါတယ်။ဒီ ဒု-သ-န-သော ဖြစ်ပေါ်လာပုံအတိတ်အကြောင်းကို ပြန်ကြည့်ရင် အင်မတန်မှ ကြောက်စရာကောင်း၊အင်မတန်မှ ထိတ်လန့်ဖွယ်ရာဖြစ်ပြီး သံဝေဂယူစရာဖြစ်ပါတယ်။ဒီအကြောင်းကို ကောသလမင်းကြီးအားအကြောင်းပြုပြီး မြတ်စွာဘုရားရှင်က ဟောကြားတော်မူခြင်းဖြစ်ပါတယ်။


သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းသည် တစ်ခုသော ပွဲသဘင်နေ့၌ ပုဏ္ဍရိကအမည်ရှိတဲ့ ဆင်ဖြူတော်ကိုစီးပြီး နေပြည်တော်ကို လှည့်လည်ပါတယ်။အဲဒီအခါမှာ အိမ်တစ်အိမ်၏ ပြတင်းပေါက်မှနေ၍ မိမိအားလှမ်းမျှော်ကြည့်ရှုနေသော မိန်းမတစ်ယောက်ကို မြင်လျှင် အလွန်တက်မက်တဲ့ စိတ်ဖြစ်လာတဲ့အတွက် မြို့တော်ကိုဆက်လက်လှည့်လည်ခြင်း မပြုနိုင်တော့ဘဲ နန်းတော်သို့ ပြန်လာခဲ့ရပါတယ်။


နန်းတော်သို့ရောက်တဲ့အခါ ယုံကြည်စိတ်ချရတဲ့ မင်းလုလင် တစ်ယောက်ကိုခေါ်၍ ထိုမိန်းမသည် ကာမပိုင်လင်ရှိသူဖြစ်သလော၊ မရှိသူဖြစ်သလောဟူသော အကြောင်းကိုစုံစမ်းရန် စေလွှတ်လိုက်ပါတယ်။ မင်းလုလင်၏စုံစမ်းချက်အရကာမပိုင် လင်ရှိသူဖြစ်ကြောင်း သိရှိရလျှင် ထိုမိန်းမ၏ယောင်္ကျားကိုခေါ်စေပြီး မိမိအနီး၌ အမြဲခစားရန် မင်းလုလင်အဖြစ်တာဝန်ပေးခဲ့ပါတယ်။


ဒါပေမယ့် မင်းလုလင်ဟာ မင်းမှူထမ်း လုပ်ရမှာကို စိတ်မပါသော်လည်း ဘုရင်ရဲ့ အမိန့်ကို မငြင်းပယ်ဝံ့တာကြောင့် တထိတ်ထိတ် တလန့်လန့်နဲ့ နန်းတော်တွင်း၌ခစားနေရတာပါ။ကောသလမင်းကြီး၏ အကြံကိုလည်း တစ်စွန်းတစ်စ ရိပ်မိနေတာကြောင့် တာဝန်ဝတ္တရား ပျက်ကွက်ခြင်း မရှိစေရန် အထူးဂရုစိုက်ပြီး ဆောင်ရွတ်ပေးပါတယ်။


ကောသလမင်းကြီးသည် တစ်လ နှစ်လခန့်ကြာသည့်တိုင်အောင် ထိုမင်းလုလင်အပေါ်၌အပြစ်ရှာလို့မရတဲ့နောက်ဆုံးထိုမင်းလုလင်ကိုခေါ်ကာ နေပြည်တော်ကနေ တစ်ယူဇနာလောက်ဝေးတဲ့ ရေအိုင်သို့သွားစေ၍ အရုဏဝတီမည်တဲ့ မြေနီမှုန့်နှင့် ကုမုဒြာ ကြာပန်းတို့ကို ယူဆောင်ရန်စေခိုင်းလိုက်ပါတယ်။ညနေ မိမိ ရေးချိုးရန်အမီ ပြန်ရောက်မလာပါက အပြစ်ဒဏ်ပေးမည်ဟူ၍လည်းမိန့်ကြားလိုက်ပါတယ်။


ထိုမင်းလုလင်လည်း ဘုရင်၏ အမိန့်ကို ကြားတဲ့အခါ အလွန်ထိတ်လန့်တဲ့အတွက် အိမ်ကိုချက်ချင်းပြန်ပြီး ထမင်းထုပ်ကိုယူကာ အပူတပြင်းထွက်ခွာသွားပါတယ်။ရေအိုင်သို့ရောက်လျှင် ခဏတာ အနားယူပြီး အရုဏဝတီမြေမှုန့်နှင့် ကုမုဒြာကြာပန်းတို့ကို ယူဆောင်ကာ နေပြည်တော်သို့ပြန်ခဲ့ပါတယ်။မြို့တံခါးဝရောက်တော့ နေမဝင်သေးသော်လည်း တံခါးပိတ်ထားပြီး ဖြစ်သည်ကိုတွေ့တော့ မင်းကြီး၏ အထူးတမန်တော်ဖြစ်၍ တံခါးဖွင့်ပေးရန်တောင်းဆိုသော်လည်း မင်းကြီးက မည်သူမျှ ဖွင့်မပေးရန် အမိန့်ထုတ်ထားကြောင်း တံခါးမှူးက ပြန်ပြောပါတယ်။


ထိုမင်းလုလင်ဟာ မိမိအချိန်မီ ပြန်၍ရောက်လာကြောင်းကို တံခါးမှူးကိုသက်သေထား၍ မြေမှုန့်နှင့်ကြာပန်းတို့ကို ထားခဲ့ပြီး မြို့ပြင်ရှိကျောင်းတစ်ကျောင်းမှာသွားအိပ်ပါတယ်။မင်းပြစ်မင်းဒဏ်သင့်၍ ချစ်လှစွာသောဇနီးနှင့်ကွဲကွာရတော့မည်အဖြစ်ကိုလည်း တွေးပြီး ပူပန်နေတာကြောင့်ကောင်းစွာမအိပ်နိုင်ပဲဖြစ်နေပါတယ်။ ကောသမင်းကြီးကတော့ နောက်တစ်နေ့မှာ မင်းလုလင်ကိုသတ်ပြီး သူမိန်းမကို အပိုင်သိမ်းယူရမယ့်အဖြစ်ကိုတွေးပြီး အိပ်မပျော်ပဲဖြစ်နေပြန်ပါတယ်။


ညသန်းခေါင်းချိန်ရောက်တော့ နန်းတော်၏အပြင်မှ ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုကိုထူးဆန်းစွာပေါ်ထွက်လာတာကိုကြားရတော့ ထိတ်လန့်တုန်လှုပ်သွားပါတယ်။အဲဒီတစ်ညလုံးလည်း အိပ်မပျော်နိုင်ရှာတော့ပဲ နံနက်မိုးလင်းလျင် လင်းချင်း ပုရောဟိတ်ပုဏ္ဏားကိုခေါ်၍ အကြောင်းစုံကိုပြောပြပါတယ်။ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီးကြားလိုက်တဲ့အသံတို့ကို ကောင်းစွာ အနက်အဓိပ္ပါယ်ကိုဖော်နိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့်အထင်သေးမည်ဆိုတာကြောင့် ရမ်းသမ်းပြီး အဓိပ္ပါယ်ပြန်လိုက်ပါတယ်။ဘယ်လိုပြန်လိုက်သလဲလို့ဆိုတော့ အရှင်မင်းကြီးကြားလိုက်တဲ့ အသံက အရမ်းကိုကြောက်စရာကောင်းလှကြောင်း၊ အသက်အန္တရာယ်ပင်ထိခိုက်နိုင်ကြောင်းဖြစ်ပါတယ်လို့ လျှောက်ထားပါတယ်။ အဲဒီတော့မင်းကြီးလည်း အလွန်ကြောက်လန့်တာကြောင့် အဲဒီအန္တရာယ်ကို တားဆီးနိုင်မည့် ယတြာကိုအမြန်စီစဉ်ခိုင်းပါတယ်။


ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီး၏အမိန့်ဖြင့် သတ္တဝါတို့ကိုသတ်၍ (သဗ္ဗသတ)မည်သောယဇ်ပူဇော်မှုကိုပြုလုပ်ရန် ဆင်၊မြင်း၊ကျွဲ၊နွား၊အစရှိသော တိရိစ္ဆာန် အမျိုးမျိုးနှင့် သတို့သား သတို့သမီးများကို တစ်မျိုးလျှင် တစ်ရာစီ ရရှိအောင် ဖမ်းဆီးစေပါတယ်။ သားသမီး ဆွေမျိုးများဖမ်းဆီးခြင်းခံရသော မြို့သူမြို့သားများလည်း ဟစ်အော်ငိုကြွေးကြ၊တစ်ချို့လည်းတောထဲသို့ပြေးပုန်းကြနဲ့ သာဝတ္ထိမြို့ကြီးမှာ ကမ္ဘာပျက်သည့်အလားဖြစ်နေပါတော့တယ်။


ထိုအဖြစ်ပျက်တွေကို မလ္လိကာမိဖုရားကြီးကြားတော့ ကောသလမင်းကြီးကို ပုဏ္ဏားရဲ့ စကားကိုမယုံကြည်သင့်ကြောင်း၊ မြတ်စွာဘုရားရှင်ကိုသာ အကြောင်းအကျိုးသိအောင်လျှောက်ထားမေးမြန်းသင့်ကြောင်း လျှောက်ထားပါတယ်။ ကောသလမင်းကြီးလည်း မလ္လိကာမိဖုရားကြီးကိုခေါ်ကာ မြတ်စွာဘုရားသီတင်းသုံးတော်မူတဲ့ ဇေတဝန်ကျောင်းသို့သွားပြီး အကြောင်းစုံကိုမြတ်စွာဘုရားအားလျှောက်ထားပါတယ်။ဒီအခါမှာ မြတ်စွာဘုရားရှင်က ဒကာတော်မင်းကြီး မကြောက်ပါလင့်၊ ဘာအန္တရာယ်မှမရှိပါဟုမိန့်ကြားပြီး ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုအကြောင်းကို အနက်အဓိပ္ပါယ်ပေါ်လွင်အောင်ဟောတော်မူပါတယ်။


ထို ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုမှာ လောဟကုမ္ဘီငရဲ၌ကျခံနေရတဲ့ ငရဲသားလေးဦးတို့က အသီးသီး အော်ဟစ်လိုက်သည့်အသံများဖြစ်ကြောင်း၊ ထိုငရဲသားလေးဦးမှာ ရှေးဘဝက သူဌေးများဖြစ်ကြကြောင်း၊မိမိတို့ပိုင်ဆိုင်တဲ့ ငွေများကို အကျိုးရှိအောင်အသုံးမချဘဲ ကာမပိုင်ယောင်္ကျားရှိတဲ့မိန်းမ၊ကာမပိုင်ယောင်္ကျားမရှိတဲ့ မိန်းမ စတဲ့ မိန်းမများကိုငွေဖြင့်ဖြားယောင်းပြီး သောက်စားမူးရစ် ပြီး မှားယွင်းစွာ ဖောက်ပြန်ခဲ့ကြကြောင်း၊ထိုမကောင်းမှုများကြောင့် သေလွန်သည့်အခါ လောဟကုမ္ဘီငရဲသို့ကျရောက်ပြီး ဆင်းရဲဒုက္ခများခံစားရ၍နောင်တ .. တရားရရှိကြောင်းထုတ်ဖော်ပြောကြားတဲ့စကားသာဖြစ်ကြောင်း၊ သူတို့ပြောလိုတဲ့ စကားကို အပြည့်အဝဆုံးအောင်မပြောနိုင်ရှာပဲ အစ တစ်လုံးစီသာပြောဆိုနိုင်ပြီး အောက်သို့ပြန်ပြီးနစ်မြုပ်သွားကြကြောင်း၊


ငရဲသားလေးဦးတို့အနက် ပထမဆုံးတစ်ဦးမှာ "ဒုဇ္ဇီဝိတ မဇီဝိမှ" သူဌေးသားဘဝက မကောင်းသော အသက်မွေးမှုပြုခဲ့မိခြင်းကို ပြန်လည်ပြောဆိုလိုသော်လည်း ရှေ့ဆုံး(ဒု)ဆိုတဲ့စကားတစ်လုံးကိုသာပြောနိုင်ပြီး အောက်သို့ပြန်လည်နစ်မြုပ်သွားကြောင်း၊ဒုတိယငရဲသားက "သဋ္ဌိဝဿသဟဿနိ"နှစ်ပေါင်းခြောက်သောင်းတိုင်အောင် ငရဲ၌ကျခံရပုံကို ညည်းညူပြောဆိုခြင်းသာဖြစ်ကြောင်း ထိုသို့ပြောဆိုသော်လည်း စကားဆုံးအောင်မပြောနိုင်ပဲ(သ)တစ်လုံးထဲသာပြောဆိုပြီး အောက်သို့နစ်မြုပ်သွားကြောင်း၊တတိယ ငရဲသားက "နတ္ထအန္တော ကုတောအန္တော" ငရဲဒုက္ခ၏အဆုံးအဆ မထင်ပုံကိုညည်းညူလိုသော်လည်း(န)တစ်လုံးသာညည်းညူနိုင်ခြင်းသာဖြစ်ကြောင်း၊ စတုတ္ထငရဲသားအနေနဲ့ ကျွန်န်ုပ်သည် နောင်ဘဝတွင် ကောင်းသော အလုပ်ကိုသာအားထုတ်မည်ဟူသော အဓိပ္ပါယ်ဖြင့် သောဟံနူန ဣတော ဂန္တွာ စသော ဂါထာကို ရွတ်ဆိုလျက်(သော)ဟူသော အစ တစ်လုံးသာပြောဆိုနိုင်ပြီး အဆုံသတ်သွားကြောင်းဟောတော်မူပါတယ်။


မြတ်စွာဘုရားရဲ့ (ဒု၊သ၊န၊သော)ဟူသော အဓိပ္ပါယ်ကိုနားကြားပြီးတဲ့အခါမှာတော့ ကောသလမင်းကြီး အင်မတန်ကြောက်လန့်တုန်လှုပ်သွားပြီး နောက်နောင် သူတစ်ပါး မယားများအား ပြစ်မှားခြင်းမှ လုံးဝ ရှောင်ကြဉ်ပါတော့မည်ဟုဆုံဖြတ်ချက်ချမှတ်ပြီး ၊ထိုအခိုက်တန့်မှာပင် ကြာပန်းသွားယူသော မင်းလုလင်လည်း မြတ်စွာဘုရားရှင်ထံကိုရောက်လာတော့ ကာယကံရှင်များ စုံညီနေချိန်တွင် မြတ်စွာဘုရားရှင်က ထပ်မံပြီး "အိပ်မပျော်ဘဲ နိုးကြားနေသူအား ညတာသည်ရှည်၏" "ခရီးပန်းသူအား တစ်ယူဇနာခရီးသည် ရှည်လျား၏" "တရားကိုမသိသော လူမိုက်တို့အား သံသရာသည် ရှည်ကြာလှပေ၏"ဟူသော တရားဒေသနာတော်ကိုဟောကြားတော်မူပါတယ်။ တရားအဆုံးမှာ မင်းလုလင်သည် သောတာပန်အဖြစ်သို့ရောက်ရုံမျှမက မင်းပြစ်မင်းဒဏ်မှလည်းကင်းလွတ်သွားပါတယ်။ ကောသလမင်းကြီးလည်းယဇ်ပူဇော်ရန်ဖမ်းဆီးထားသော သတ္တဝါအားလုံးကိုချက်ချင်းလွှတ်ပေးရန် အမိန့်ပေးလိုက်ပါတယ်။ အသက်ဘေးမှ လွတ်ကင်းသွားတဲ့ သူများလည်း မလ္လိကာမိဖုရားကြီးကို ကျေးဇူးတင်၍ မဆုံးနိုင်အောင်ရှိနေပါတော့တယ်။


ဒီဒေသနာတော်အရ(ဒု၊သ၊န၊သော)ဆိုတဲ့ အပြစ်သည် အင်မတန်ပင်ကြောက်မက်ဖွယ်ရာ၊သံဝေဂယူဖွယ်ရာပင်ဖြစ်ပါတယ်။ အားလုံးသော သူများလည်း သူဌေးသားလေးဦးရဲ့ အဖြစ်ဆိုးနဲ့ မကြုံအောင် ကိုယ်ကျင့်သီလကိုစောင့်ထိန်းကြပါလို့ အသိပေးနှိုးဆော်လိုက်ရပါသည်။ အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)။ မိမိသိသမျှပွဲကိုပြန်လည်မျှဝေပေးခဲ့ပါတယ်ခင်ဗျာ....။။။


Sunday, April 28, 2013

ချဉ်ပေါင်ဖူး၏ကျန်းမာရေးအကျိုးကျေးဇူးများ

ချဉ်ပေါင်ဖူး၏ကျန်းမာရေးအကျိုးကျေးဇူးများ 29.4.2013


ချဉ်ပေါင်ဖူးကို ထောင်းပြီးစားတာ၊ချက်ပြီး စားတာ စသဖြင့် အမျိုးမျိုးဟင်းလျာပြင်ဆင်ကာစားလေ့ရှိကြပါတယ်။ ချဉ်ပေါင်ဖူးကို လတ်လတ်ဆတ်ဆတ် စားတာက ခြောက်အောင်ထားပြီး စားတာထက် အင်တီအောက်ဆီးဒင့် ပမာဏပိုများတာကြောင့်ကျန်းမာရေးအကျိုးကျေးဇူး ပိုများတယ်လို့လည်းလေ့လာမှုတွေကဆိုထားပါတယ်။ ဒါ့အပြင် ချဉ်ပေါင်ဖူးမှာအောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေရှိတာကိုလည်းလေ့လာမှုတွေအရ သိရပါတယ်။


ကိုယ်အလေးချိန်ကိုထိန်းပေးခြင်း


ကီဘန်စန်းမလေးရှားတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ချဉ်ပေါင်ဖူးမှာ HCA (hydroxycitric acid)လို့ ခေါ်တဲ့ သြဂဲနစ်အက်စစ်ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျော့ကျရေး ဖြည့်စွက်ဆေးထဲမှာ လတ်တလော ထည့်သွင်းပြီးသုံးနေကြောင်းဆိုပါတယ်။ ဒါ့အပြင် ချဉ်ပေါင်ဖူးမှာဗီတာမင်စီနဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်အန်သိုဆိုင်ယာနင်နှစ်မျိုးစလုံး များစွာ ပါဝင်ပါတယ်။


ရောဂါဝေဒနာကို ခုခံနိုင်စွမ်းရှိခြင်း


ချဉ်ပေါင်ဖူးမှာ ဗီတာမင်စီနဲ့ အင်သိုဆိုင်ယာနင်ဆိုတဲ့ အင်တီအောက်ဆီးဒင့်ပါဝင်မှု မြင့်မားတာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေပြီးခန္ဓာကိုယ်ရဲ့ ရောဂါဝေဒနာတွေကိုတွန်းလှန်နိုင်တဲ့အဆင့်ကို တိုးတက် ကောင်းမွန်စေနိုင်ပါတယ်။တချို့ တိုင်းပြည်တွေမှာ ချဉ်ပေါင်ဖူးကို သွေးတိုးတာကို ထိန်းချုပ်နိုင်ဖို့လိုမျိုး ကောင်းကျိုးတွေ ရရှိဖို့အတွက် အသုံးပြုလာကြပါတယ်။


ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်ခြင်း


ချဉ်ပေါင်ဖူးမှာ ဗီတာမင်အေ၊ဗီတာမင် B2၊ဗီတာမင် B3၊ ဗီတာမင်စီ ၊ပရိုတင်းဓာတ်၊ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သဘာဝအဆီ၊ ကာဗိုဟိုက်ဒရိတ်တို့ ပါဝင်ပါတယ်။


ဗီတာမင်စီကြောင့်ကောင်းကျိုးများစွာ ရရှိခြင်း


ချဉ်ပေါင်ဖူးမှာ ပါဝင်တဲ့ ဗီတာမင်စီကြောင့် အနာကျက်စေပါတယ်၊ဆဲလ်တွေ ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်၊သွားဖုံးကို ကျန်းမာစေပါတယ်၊ သွားတွေကိုကျန်းမာစေပါတယ်၊ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်စေပါတယ်၊ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကနေ ကာကွယ်ပေးပါတယ်၊အိုမင်းမှုဖြစ်နှုန်းကိုလျှော့ချပေးပါတယ်၊ ကင်ဆာရောဂါတချို့ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်၊ သံဓာတ်စုပ်ယူမှု အားကောင်းစေပါတယ်၊အဆုတ်ကို ကျန်းမာစေပါတယ်၊မကြာခဏအအေးမိဝေဒနာ မဖြစ်အောင် ကာကွယ်ပေးပါတယ်၊မကြာခဏကူးစက်ပိုးဝင်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်..အစရှိတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။


ကယ်လ်စီယမ်ကြောင့်ကောင်းကျိုးများစွာ ရရှိခြင်း


ချဉ်ပေါင်ဖူးမှာ ပါဝင်တဲ့ ကယ်လ်စီယမ်ကြောင့်အရိုးတွေကို သန်စွမ်းကျန်းမာစေပါတယ်၊နာ့ဗ်ကြောရဲ့လုပ်ငန်းဆောင်တာ တွေကို ကောင်းမွန်စေပါတယ်၊ ကြွက်သား လုပ်ငန်းဆောင်တာ ကို ကောင်းမွန်စေပါတယ်၊ သွေးခဲအောင်လှုံ့ဆော်ပေးပါတယ်၊ ခြေထောက်နဲ့ လက်ထုံကျဉ်မှု လျော့ပါးစေပါတယ်၊အရိုးပုံပျက်နို င်ခြေ သက်သာစေပါတယ်၊ သွားတွေကိုကျန်းမာစေပါတယ်.. အစရှိတဲ့ ကောင်းကျိုးတွေကိုရရှိစေပါတယ်။


ကင်ဆာနှင့် သွေးတိုးရောဂါကိုဟန့်တားနိုင်ခြင်း


လေ့လာမှု တစ်ရပ်အရ ချဉ်ပေါင်ဖူးဟာ သွေးတိုးတာကို လျော့ကျစေနိုင်ကြောင်းသိရပါတယ်။ ချဉ်ပေါင်ဖူးဟာ သွေးကြောတွေကို ကျယ်စေပြီး သွေးစေးပျစ်မှု လျော့ကျစေကာ ဆီးသွားများစေတဲ့အစွမ်းရှိလို့ပါ။တခြားလေ့လာမှု တစ်ရပ်အရ ချဉ်ပေါင်ဖူးမှာပါတဲ့ အန်သိုဆိုင်ယာနင်ကကင်ဆာဆဲလ်တွေကို သေစေနိုင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ် ဟန့်တားနိုင်ကြောင်း သိရပါတယ်။


ပျားတုပ်ခံရတဲ့အခါ

ပျားတုပ်ခံရတဲ့အခါ 29.4.2013


(၁) ပျားဆူးနုတ်ပါ ပျားတုပ်ခံရပြီးပျားဆူးစူးကျန်ခဲ့တဲ့အခါ တတ်နိုင်သလောက်ြ မန်မြန် နုတ်ပစ်ပါ။ဆူးကိုညှစ်မထုတ်ပါနဲ့။ဇာဂနာဖြစ်စေ၊ စက္ကူစဖြစ်စေသုံးပြီးဆူးနုတ်ပစ်ပါ။


(၂) အနာသက်သာအောင်လုပ်ပါ ပျားတုပ်ခံရသည့်နေရာကို ရေခဲဖြင့်(၁၀)မိနစ်ခန့်အုပ်ထားပါ။ သင်္ဘောသီးရှိလျှင်အနည်းငယ်လှီး၍ အနာပေါ်အုပ်ထားပါ။ ရေခဲနှင့် သင်္ဘောသီးမရှိလျှင် သွားတိုက်ဆေးနှင့်လိမ်းပေးပါ။ ဆေးဆိုင်မှ Calamine လိမ်းဆေးဝယ်လိမ်းနိုင်ပါသည်။ သို့သော်မည်သည့် ပိုးမွှားကိုက်ခံရသည်ဖြစ်စေ ပရုတ်ဆီလိမ်း ခြင်းရှောင်ကျဉ်ပါ။


(၃) အရောင်သက်သာအောင်လုပ်ပါ Nemadrylဆေး(၂၅) မီလီ ဂရမ်မှ (၅၀) မီလီဂရမ်အထိ သောက် သုံးခြင်းဖြင့်ပျားဆိပ်ဒဏ်သက်သာခြင်း၊ အရောင်ကျခြင်း၊အယားသက် သာခြင်းစသည့် အကျိုးကျေးဇူးများရနိုင်သည်။


(၄) ဓါတ်မတည့်လက္ခဏာများကို သတိပြုပါ ခန္ဓာကိုယ်တွင်းပုံမှန်မဟုတ်သည့်အဖုအပိမ့်များထွက်ခြင်း၊ အသက်ရှူရခက်ခဲခြင်းစသည်တို့ကို ဂရုတစိုက်စောင့်ကြည့်ပါ။ ပျားတုပ်ခံ ရသူ(၁) ရာခိုင်နှုန်းခန့်ဓါတ်မတည့် သည့်ဝေဒနာကို ဆိုးဆိုးရွားရွားခံစားရပြီး (၃) ရာနှုန်းခန့် ဓါတ်မတည့် ဝေဒနာ အသင့်အတင့်ခံစားရသည်။အရေပြားအနှံ့အဖုအပိမ့်များ၊ အသက်ရှူခက်ခဲခြင်းများဖြစ်ပေါ်ပါကနီးစပ်ရာဆေးရုံသို့သွားပါ။


အရက် နှင့် ဘုံဘဝ

အရက် နှင့် ဘုံဘဝ

===========

အရက်ကို ဆေး၌ အနည်းငယ်ရောစွက်၍အရက်နံ့ပျောက် လျှင်ဆေးဟူသောအမှတ်ဖြင့် သောက်ပါက အပြစ်မရှိပါ ၊


အရက်ကို သူ့အတိုင်း လူးဆေးအဖြစ် သုံးနိုင်ပါတယ်၊


ကျန်းမာရေးနှင့်ပတ်သက်၍သင့် လျော်ရာဆေးနှင့်တွဲဖက် ၍ အရက်သေစာ ကို သောက်ဆေးအဖြစ် သုံးစွဲ ရာတွင် အရက်နံ့,အရက်အရသာရှိနေပါကသုရာမေရယ သိက္ခာ ပုဒ် ပျက်ပါလိမ့်မည်၊


အရက်ကို အရက်အတိုင်း ဆေးအဖြစ်သောက်လျှင်တော့ ဆိုဖွယ်ရာမရှိဧကန် သုရာမေရယသိက္ခာပုဒ်ပျက်၍ အကု သိုလ်ဖြစ်ပါတယ်။


ဘုရားရှင်ဟောကြားထားသော ကံငါးပါးတွင် တစ်ပါးအပါ အဝင်ဖြစ်သော ထိုသုရာမေရယကို သုံးစွဲခြင်းဖြင့်အပါယ် ငရဲ၊တိရစ္ဆာန်၊ ပြိတ္တာဘုံကို ကျရောက်နိုင်ပါတယ်၊


သေရည်အရက်ကိုသောက်ခြင်း၏အပေါ့ဆုံးအသေးငယ် ဆုံး အကျိုးမှာ ရူးသွပ်ခြင်းကို ဖြစ်စေတတ်ပါတယ်၊


အရက်သေစာသောက်စားခြင်း ကိုအမှီပြု၍အခြားအကု သိုလ်ကံများကို မလွန်ကျူးသေးပါကထိုသောက်စားခြင်းမှ ရှောင်ကြဉ်လျက် သမထ ဝိပဿနာတရား ရှုမှတ်ခြင်းဖြင့် ထိုအပြစ်မှကင်းလွတ်နိုင်ပါတယ်။


(ဆရာတော် ဦးဇောတာလင်္ကာရ-ဓမ္မာနန္ဒ ဝိဟာရ)..


Saturday, April 27, 2013

Thermistor

Thermistor.....


A thermistor is a type of resistor whose resistance varies significantly with temperature, more so than in standard resistors. The word is a portmanteau of thermal and resistor. Thermistors are widely used as inrush current limiters, temperature sensors, self-resetting overcurrent protectors, and self-regulating heating elements. Thermistors differ from resistance temperature detectors (RTD) in that the material used in a thermistor is generally a ceramic or polymer, while RTDs use pure metals. The temperature response is also different; RTDs are useful over larger temperature ranges, while thermistors typically achieve a higher precision within a limited temperature range, typically −90 °C to 130 °C.


UAVs မောင်းသူမဲ့လေယာဉ်များ

UAVs

An unmanned aerial vehicle (UAV), commonly known as a drone, is an aircraft without a human pilot on board. Its flight is controlled either autonomously by computers in the vehicle, or under the remote control of a pilot on the ground or in another vehicle.


There are a wide variety of drone shapes, sizes, configurations, and characteristics. Historically, UAVs were simple remotely piloted aircraft, but autonomous control is increasingly being employed.


They are deployed predominantly for military applications, but also used in a small but growing number of civil applications, such as policing, firefighting, and nonmilitary security work, such as surveillance of pipelines. UAVs are often preferred for missions that are too "dull, dirty, or dangerous" for manned aircraft.


ရေခဲတောင်ပေါ်က ထူးဆန်းသော ပိုးနွယ်ရှင်ခေါ်ရှီးပဒီး အပင်ငယ်ကလေးများ

ရေခဲတောင်ပေါ်က ထူးဆန်းသော ပိုးနွယ်ရှင်ခေါ်ရှီးပဒီး အပင်ငယ်ကလေးများ


ရေခဲတောင်ပေါ်က ထူးဆန်းသော ပိုးကောင်တစ်ဖြစ်လဲ အပင်ငယ်ကလေးများ ဒီတစ်ပတ် စိတ်ဝင်စားမိတဲ့ အကြောင်းအရာလေးတစ်ခုကို ရေးချင်ပါတယ်။ အဲဒါကတော့ ကျွန်မတို့ ကချင်ပြည်နယ်ရဲ့ရေခဲတောင်ပေါ်မှာ ပေါက်ဖွားပြီးဆေးဘက်ဝင် တန်ဖိုးကြီးလှတဲ့ရှီးပဒီးလို့ခေါ်ကြသော အကောင်တစ်ပိုင်း ၊နွယ်ပင်တစ်ပိုင်းအကြောင်းကို လက်လှမ်းမီသလောက်ရှာဖွေကြည့်ထားတာလေး ဖော်ပြချင်ပါတယ်။


ရေခဲတွေဖုံးလွမ်းနေတဲ့ တောင်တန်းကြီးတွေမှာ ဆေးဘက်ဝင်တဲ့ရှားပါးသစ်ပင်များနဲ့တိရိစ္ဆာန်များကိ တွေ့ရှိရပါတယ်။ဆောင်းမှာ ပိုးကောင်၊ နွေမှာ သစ်ပင် လို့ ခေါ်ကြတဲ့ထူးထူးဆန်းဆန်း ဖြစ်ပေါ်လာတဲ့ဒီ ရှီးပဒီးဟာ အလွန်မြင့်မားတဲ့ရေခဲတောင်တွေမှာသာ တွေ့ရှိရပါတယ်။ေ ပပေါင်း များစွာ မြင့်မားတဲ့ ရေခဲတောင်တွေ ရှိရာ ဒေသဖြစ်တဲ့ဟိမဝန္တာတောင်တန်းဖြာဆင်းရာတရုတ်၊ တိဘက်၊ နီပေါ၊ဘူတန်နဲ့ မြန်မာပြည်မြောက်ဖျား ရေခဲတောင်တန်းတွေမှာတွေ့ရှိနိုင်ပါတယ်။တရုတ်တိုင်းရင်း ဆေးဝါးတွေမှာ ထည့်သွင်းဖော်စပ်ကြပြီးဈေးလည်း အလွန်ကြီးတဲ့ ဆေးဘက်ဝင်အမျိုးအစား ဖြစ်ပါတယ်။


ပိုးနွယ်ရှင်ခေါ်ရှီးပဒီးဖြစ်ပေါ်လာပုံက ထူးထူးဆန်းဆန်းလို့ ပြောရမှာပါဘဲ။အကောင်မဖြစ်ခင် သန္ဓေ သားလောင်း ဖြစ်တဲ့ပိုးဥကောင်လေးတွေဟာ ဆောင်းရာသီအချိန်မှာ အလွန် အေးလွန်းတာကြောင့်မြေကြီးထဲမှာ ဆေးဘက်ဝင် မဂျစ်ဥ၊ ခန်းတောက်မြစ်တို့ကိုစားသုံးပြီး ဆောင်းခိုနေခဲ့ပါတယ်။


အဲဒီလိုဆောင်းခိုနေတဲ့အချိန်မှာပိုးလောင်းကောင် လေးတွေဟာမြေကြီးအောက်မှာ ငြိမ်သက်နေသော်လည်းကပ်ပါမှိုတစ်မျိုးရဲ့တွယ်ကပ်ြ ငိတွယ်ခြင်းခံရပြီး၎င်းကပ်ပါးမှိုဟာပိုးလောင်း ကောင်လေးတွေကို ဖုံးလွှမ်းသွားခဲ့ပြီးနွေရာသီရောက်ချိန်မှာ ပိုးလောင်းကောင်လေးများရဲ့ဦးခေါင်းပေါ်ကနေမြက်ပင်နဲ့ ဆင်တဲ့ ဦးချိုသဖွယ် အညှောင့်ကလေးထွက်လာခဲ့ပါတယ်။အဲဒီ အညှောင့်ကလေးတွေဟာ ၅စင်တီမီတာကနေ ၁၅စင်တီမီတာအထိ ရှည်လျားစွာ ထွက်ပေါ်လာတတ်ပါတယ်။ ဒေသခံတွေရဲ့ အဆိုအရတော့အဲဒီအချိန်ဟာ ပိုးကောင်ဘဝကနေ နွယ်ပင်အဖြစ် ရှင်သန်ချိန်ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ဒါကြောင့်လည်းရေခဲချိန်မှာပိုးကောင်၊ ရေခဲတွေအရည်ပျော်ပြီးမြေကြီးတွေမြင်ရချိန်မှာတော့အပင် ဖြစ်လာတယ်လို့ ဆိုပါတယ်။


၎င်းရေခဲများအရည်ပျော်ချိန်မှာမြေအောက်က ပိုးလောင်းကောင်လေးတွေရဲ့ ဦးခေါင်းကနေ အပင်လေး ထွက်လာတဲ့အခါဒေသခံ တောင်ပေါ်သားများကရှာဖွေ စုဆောင်းကောက်ယူ ကြပါတယ်။တောင်ပေါ်ဒေသတွေမှာ ရှေးယခင်ကတည်းကဆေးဘက်ဝင်တယ်လို့ သိခဲ့ကြတာကြောင့်လည်း၎င်းပိုးကောင်လေးများကို ရှာဖွေ စုဆောင်းသူများပြားလှပါတယ်။


ကျန်းမာရေးအတွက် အလွန်အကျိုးပြုပြီး ဆေးဘက်ဝင်လှတဲ့ ရှီးပဒီးပိုးကောင်လေးတွေဟာ ဈေးကောင်းလည်း အလွန်ရပါတယ်လို့သိရပါတယ် ။ကျွန်တော်ဖတ်မိတဲ့ စာလေးတစ်ခုမှာဆိုရင် အဲဒီအကောင်လေးတစ်ကောင်ကို မြန်မာငွေတစ်သောင်းခွဲခန့် ပေးရပြီး တစ်ပိသာကို အမေရိကန် ဒေါ်လာ ၃ဝဝဝဝ လောက် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။


ပေ တစ်သောင်းကျော်မှာတွေ့ရတဲ့ ပိုးကောင်လေးတွေကပိုပြီး ဈေးကောင်းရတယ်လို့သိရပါတယ်။ ရေခဲတွေအရည်ပျော်ပြီးမြေကြီးတွေပေါ်လာချိန်မှာတော့ လူစုလူဝေးတွေ ရောက်လာပြီးရှီးပဒီးပိုးနွယ်လေးများကို ရှာဖွေကြပါတယ်။


ရှီးပဒီးခေါ်ပိုးနွယ်လေးရဲ့ အစွမ်းထက် ဆေးဘက်ဝင်မှုတွေက တော်တော်ကိုများပြားပါတယ်။ အရသာမှာ ချိုပြီးဆိမ့်တဲ့အရသာရှိတယ် ဆိုပါတယ်။၎င်းရှီးပဒီး ပိုးကောင်လေးတွေကို အခြောက်လှမ်းပြီးအမှုန့်ပြုလုပ်ကာ ရောင်းချတတ်ကြပါတယ်။


အဟာရဓာတ် ပါဝင်မှု များပြားတဲ့အတွက်ဖျားနာပြီး နလံထစလူနာတွေ အမြန်ဆုံး ကျန်းမာရေးကောင်းမွန်လာစြေ ခင်းကျောက်ကပ်ကိုကောင်းမွန်စေခြင်း၊ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာများ ချောမွေ့စေခြင်း၊ဓာတ်မတည့်ခြင်းကို သက်သာစေခြင်း၊ ချောင်းဆိုး၊ရင်ကြပ်ရောဂါများကို သက်သာစေခြင်း၊ ကင်ဆာဖြစ်ပွားခြင်းကိုလျော့နည်းစေခြင်း သွေးဥများကို တိုးပွားစေခြင်းသွေးရည်ကြည်အတွက် ပရိုတိန်းများဖြစ်ပေါ်စေခြင်း၊ သွေးဖိအားများခြင်း၊နည်းခြင်းကို ပုံမှန်အတိုင်းဖြစ်စေနိုင်ခြင်း၊ အမျိုးသားများအတွက် ခွန်အားတိုးပွားစေခြင်း၊ကိုယ်ခံအားကို မြင့်မားစေခြင်း၊အဆုပ်ရဲ့လုပ်ငန်းဆောင်တာများကို ကောင်းမွန်စေခြင်း၊အမျိုးသမီးများဓမ္မတာကောင်းမွန်စေခြင်း ၊ နုပျိုစေခြင်း၊ အရေးအကြောင်းများကို ပျောက်ကင်း သက်သာစေခြင်းစသဖြင့် အကျိုးများလှတယ်လို့ သိရပါတယ်။


ရှားပါးတာကြောင့်ရော ၊ ဆေးဘက်ဝင်တာကြောင့်အတွက်ပါ တန်ဖိုးကြီးလှပါတယ်။ နေ့စဉ်ပုံမှန် အားဆေးအဖြစ် သောက်သုံးကြသူများလည်း ရှိကြပါတယ်။ ၄င်းပိုးဆေးနွယ်( ရှီးပဒီး) များကို တရုတ်၊ ဂျပန်၊ ကိုးရီးယားစသည့်နိုင်ငံများက ဝယ်ယူကြကြောင်း သိရပါတယ်။


အချို့သော အားကစားသမားတွေ ဟာလည်း ကိုယ်ခံစွမ်းအား မြင့်မားပြီးအမောအပန်းခံနိုင်ဖို့ရန်အတွက် ပိုးနွယ်ပင်ကို အမြဲတမ်းမှီဝဲ စားသုံးကြတယ်လို့ဆိုပါတယ်။


မြန်မာပြည် မြောက်ဖျားကချင်ပြည်နယ်ရဲ့ မြင့်မားလှတဲ့ ရေခဲတောင်တွေထက်မှာ ရှာဖွေတွေ့ရှိနိုင်တဲ့အကောင် တစ်ပိုင်း နွယ်ပင်တစ်ပိုင်းရှီးပဒီး ကိုစနစ်တကျလေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်ပြီးယနေ့ ခေတ်စားလှတဲ့ ကိုရီးယားဂျင်ဆင်းတို့လို စီးပွားဖြစ်မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင် မယ် ဆိုရင်တော့ ဒေသခံတွေအတွက် သဘာဝ ပတ်ဝန်းကျင်လည်းထိခိုက်ပျက်စီးမှုကြီးကြီးမားမား မရှိတဲ့အပြင် ဝင်ငွေတိုးရုံသာမက၊ အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေပါရရှိတိုးပွားလာစရာ ရှိကြောင်းစိတ်ကူးယဉ်အိပ်မက်မိပါတော့တယ်။


"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT