Tuesday, December 3, 2013

ပရိတ် (သို့) အရံအတား

ပရိတ် (သို့) အရံအတား


မြန်မာဗုဒ္ဓဘာသာအများ ရွတ်ပွားသရဇ္ဈာယ ပူဇော်လေ့ရှိကြသည့် ပရိတ်ဟူသော စကားသည် ပရိတ္တဟူသော ပါဠိစကားကို မြန်မာမှုပြုထားသ ည့် ပါဠိပျက် ဝေါဟာရတစ်ခုဖြစ် သည်။ ပရိတ္တဟူသည် အရံအတားဟု အဓိပ္ပါယ်ရ၏။ မိမိထံသို့ ကျရောက်လာမည့် ဘေးအန္တရာယ်များ မကျရောက်လာစေရန် သစ္စာတရားဖြင့် အဓိဋ္ဌာန်ထားကာ ပရိတ်အရံအတားဖြင တားဆီးကာကွယ်ခြင်းပင် ဖြစ်၏။ ဤပရိတ်တော်များသည် မြတ်စွာဘုရားရှင သက်တော်ထင်ရှား ရှိစဉ်ကပင် ဘုရားရှင်နှင့် တပည့်ရဟန္တာထေရ်ရှင်များက ဘေးရန်အန္တရာယ်များ ကျရောက်နေသည့် အရပ်ဒေသ၊ ပုဂ္ဂိုလ်များထံ ကြွရောက်၍ ရွတ်ပွားချီးမြှ င့်တော်မူကာ အန္တရာယ်များ ကင်းရှင်းစေရန် အရံအတားပြုပေးထားသည့် အစစ်အမှန် ဒေသနာတော်များပင် ဖြစ်၏။ ဆိုင်ရာ အခြေအနေသို့လိုက်ကာ သင့်လျော်သည့် ပရိတ်တော်ကို ရွတ်ပွားပေးတော်မူခဲ့သည့် မြတ်ဗုဒ္ဓနှင့် တပည့်သား သံဃာတော်များ၏ ပရိတ်တော်များသည် ပိဋကတ်တော်များတွင် အခိုင်အမာ မှတ်တမ်းအဖြစ် ရှိနေပြီးဖြစ်၏။ ယနေ့ခေတ် မြန်မာဗုဒ္ဓဘာသာဝ င်များ ရွတ်ပွားပူဇော်လျက်ရှိသည့် ပရိတ်ကြီး (၁၁)သုတ်ဟူသည် ပိဋကတ်တော်တွင် မှတ်တမ်းတင်ထားသည့် ပရိတ်တော်များအား ရွေးနှုတ်ကာ အလွယ်တကူ ပူဇော်နိုင်ရန် ပြုလုပ်ထားသည့် ဘုရားဟော မူရင်းများပင် ဖြစ်ပါ၏။


ပရိတ်တော်များ၏ အဓိက အချက်မှာ ရတနာသုံးပါး၏ ဂုဏ်တော်များနှင ကံစွမ်းများကို အထင်အရှား ထုတ်ဖော်ပူဇော်ရ င်း သစ္စာပြုထားချက်များပင် ဖြစ်၏။ “ကတိသစ္စာတည်သောခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏”ဟူသော စာဆိုအတိုင်း သစ္စာကို အခြေပြုကာ ကျရောက်လာမည့် ဘေးအန္တရာယ်များကို ဂုဏ်တော်အစွမ်း၊ ကုသိုလ်အစွမ်း၊ သစ္စာအစွမ်းမျာြး ဖင့် အရံအတားပြု ကာကွယ်ပေးခြင်းပ င်ဖြစ်၏။ ပရိတ်တော်များ၏ အကျိုးသက်ရောက်မှုသည် ကျရောက်လာမည့် ဘေးအန္တရာယ်များ မကျရောက်စေရန်နှ င့် ကျရောက်ပြီး ဘေးအန္တရာယ်များ ပပျောက်စေရန် အထူးအကျိုးပြုပေးခြင်းပင် ဖြစ်၏။


ထို့ကြောင့်လည်း ဗုဒ္ဓဘာသာ မြန်မာများက မိမိတို့ အိမ်ဂေဟာများသို့ ပင့်ဖိတ်ကာ သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူပူဇော်ပြီး အန္တရာယ်ခပ်သိမ်း ပပျောက်ငြိမ်း၍ ကောင်းကျိုးချမ်းသာ ဖြစ်ပါစေရန် ပရိတ်တော်များကု ရွတ်ပွားသရဇ္ဈယ်စေခြင်း ဖြစ်၏။ မိမိတို့ အိမ်ဂေဟာ အနီးဝန်းကျင် အတွင်းရှိ မြင်အပ်၊ မမြင်အပ်သည့် အနှောက်အယှက်များ၊ အန္တရာယ်များ မကျရောက်စေရန် ပရိတ်တရား ရွတ်ပွားစေကြခြင်း ဖြစ်၏။


သတိပြုရမည်မှာ အန္တရာယ်ဟူသည် အပြင်အန္တရာယ်နှင့် အတွင်းအန္တရာယ်ဟူ၍ နှစ်မျိုးရှိရာတွင် ပရိတ်တော်များကား အပြင်အန္တာရာယ်ကိုသာ အထူးသဖြင့် အရံအတားပြု ကာကွယ်ပေးခြင်း ဖြစ်ပြီး အတွင်းအန္တရာယ်များကိုကား မိမိ၏ သတိ၊ ပညာများဖြင့်သာ မိမိကိုယ်တိုင် အရံအတားပြု ကာကွယ်ကြရမည်သာ ဖြစ်ပါ၏။ အတွင်းအန္တရာယ်ဟူသည်ကား မိမိကိုယ်ကို ပူလောင်စေသည့် လောဘ၊ ဒေါသ၊ မောဟ၊ မာနစသည့် ကိလေသာတရားများပင် ဖြစ်ပါ၏။ ထိုအတွင်းအန္တရာယ်များ အတွက်ကား ပရိတ်တရားများထက် မိမိ၏ သတိပညာတရားများက ပို၍လိုအပ်လှသည် သာ ဖြစ်၏။ သို့သော် ပရိတ်ရွတ်ကာ သမထအကျင့်အဖြစ် သမာဓိများ တိုးပွားနေလျှင်ကား အတွင်းရန်ဖြစ်သည့် ကိလေသာ တရားမျးကို အတိုင်းအတာ တစ်ခုအထိ အရံအတား ပြုပေးနေမည်သာ ဖြစ်ပါ၏။


ပရိတ်တော်များ၏ ဖွင့်ဆိုမှုများသ ည် မေတ္တာတရားကို အခြေခံကာ ဂုဏ်တော်များဖြင့် ထုံလွှမ်းထားသည့် ဖွင့်ဆိုမှုများ ဖြစ်သဖြင့် ရွတ်ပွားပူဇော်သူများကို အပြင်အန္တရာယ်များဖြစ်သည့် မကောင်းသည့် နတ်များ၊ နာနာဘာဝများ၏ နှောက်ယှက်မှုများမှ တားဆီးပေးပြီး သူတော်ကောင်းများ၏ တန်ပြန်ချစ်ခင်နှစ်သက် မြတ်နိုးမှုကို ရရှိစေနိုင်ပေ၏။ ပရိတ်ဒေသနာတော်များသည် မည်သည့်သတ္တဝါကိုမျှ ဆင်းရဲဒုက္ခရောက် စေသည့် အကြောင်းအရာ ဖွင့်ဆိုချက်များ မပါရှိသဖြင့် ပရိတ်ရွတ်ခြင်းအားဖြင့် ရွတ်ဆိုသူများအား တစ်စုံတရာ ဆိုးကျိုးဖြစ်ပေါ်နိုင်ဖွယ်အကြောင်း မရှိလှပေ။ ထို့အပြင် ဤပရိတ်ဒေသနာတော်များ၏ ထူးခြားမှုအဖြစ် ရွတ်ဆိုပူဇော်သူ၏ စိတ်စေတနာနှင့် မေတ္တာတရားအပေါ်အေ ခြခံကာ သိသာသည့် တန်ပြန်အကျိုးပေး သက်ရောက်မှုများကိုပင် ရရှိခံစားနိုင်မ ည်မှာ အသေအချာပင် ဖြစ်၏။ ဤသည်မှာ လက်တွေ့ကျင့်ကြံသူများ လက်တွေ့ခံစားနိုင်သည့် တရားတော်၏ သန္နိဋ္ဌိကဂုဏ်တော် အဖွင့်အတိုင်းပင် ဖြစ်၏။


သို့သော် ပရိတ်တရား ရွတ်ပွားပူဇော်ြ ခင်းအားဖြင့် ဓမ္မာနုဿတိ ဘာဝနာဖြစ်နေပြီး အပြင်ရန်များကို မေတ္တာတရားဖြင့် အရံအတားပြုပေးနေ မည် ဖြစ်သော်လည်း မိမိ၏ အတွင်းရန်များဖြ စ်သည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန စသည့် ကိလေသာတရားများကိကား ပရိတ်ရွတ်ပေးသည့် သံဃာတော်များ၊ ပရိတ်ရွတ်ပေးသည့် ပုဂ္ဂိုလ်များက ကင်းငြိမ်းသွားေ စရန် အရံအတား အကာအကွယ် ပြုပေးနိုင်မည်မဟုတ်ဘဲ မိမိ၏ အတွင်းရန်များကို မိမိ၏ သတိတရား၊ ပညာတရား သမထ၊ ဝိပဿနာ ကျင့်စဉ်များဖြင်သာ အရံအတားပြု ကားကွယ်ပေးနိုင် မည်ဖြစ်၏။


ဆိုလိုသည်မှာ ပရိတ်တော်များ ရွတ်ပွားသရဇ္ဈာယ်ခြင်းနှင့် ပတ်သက်၍ ပရိတ်တော်ဟူသည် အပြင်ပမှ ကျရောက်လာမည့် မြင်အပ်မမြင်အပ် သည့် အန္တရာယ်များကို အရံအတားပြု တားဆီးကာကွယ်ပေးနိုင်သည့် ဓမ္မဒေသနာများ ဖြစ်သဖြင့် ရွတ်ပွားသူများ၊ ရွတ်ပွားပေးသူများ အနေဖြင့် အပြင်အန္တရာယ်များကို ပရိတ်တော်များဖြ င့် အကာအကွယ် အရံအတား ပြုထားနိုင်သော်လည်း အတွင်းအန္တရာယ်များ ဖြစ်သည့် ကိလေသာရန်များကိုကား တစ်စုံတယောက်က မကျရောက်စေရန် အရံအတား ကာကွယ်မှုများ မလုပ်ပေးနိုင်ဘဲ မိမိကိုယ်တိုင်သာ သတိကို အခြေခံသည့် သီလ၊ သမာဓိ၊ ပညာ အကျင့်တရားမျာြး ဖင့် အရံအတားပြု ကာကွယ်ကြရမည် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ မိမိသည်သာ မိမိ၏ အတွင်းအန္တရာယ်များကို ကာကွယ်ရမည်သာ ဖြစ်ပါ၏။


ထို့ကြောင့် မြတ်ဗုဒ္ဓ၏ ပရိတ်တရား ဒေသနာတော်များကို ရွတ်ပွားပူဇော်ကာ အန္တရာယ်များမှ အရံအတားပြု ကာကွယ်လိုကြသည့်သူများအနေဖြင့် အတွင်းအပြင် အန္တရာယ်များကို ပရိတ်တရား ရွတ်ပွားပူဇော် နာယူခြင်း အားဖြင့်လည်းကော င်း သီလကို အခြေခံသည့် သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာများကို ဆောက်တည်ကျင့်ကြံခြင်း အားဖြင့်လည်းကော င်း ကာကွယ်ကြရမည် ဖြစ်ပါကြောင်း ပရိတ် (သို့) အရံအတားအကြောင်း တစ်စိပ်တဒေသ အသိမျှလိုက်ရပါသည်။


မေတ္တာဖြင့် မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)


ရဲဘော် သုံးကျိပ်

ဲရဲဘော် သုံးကျိပ်


၁.သခင်အောင်ဆန်း(ဗိုလ်တေဇ) 13.2.1915 မှ 19.7.1947 ၂.သခင်ရှုမောင်(ဗိုလ်နေ၀င်း) 6.7.1910(14.5.1 911) မှ 5.12.2002 ၃.သခင်ကျော်စိန်(ဗိုလ်မိုးညို) 6.10.1917 မှ 9.4.1960 ၄.သခင် ခင်မောင်ဦး(ဗိုလ်တာရာ) 13.4.1919 မှ 6.2.1993 ၅.သခင်ငွေ (ဗိုလ်စောအောင်) 28.4.1914 မှ 26.2.1942 ၆.သခင်စောလွင် (ဗိုလ်မင်းခေါင် )18.10.1920 မှ 24.8.1983 ၇.သခင်စံမြ (ဗိုလ်တောက်ထိန် )17.1.1911 မှ 18.4.1996 ၈.သခင်စံလှိုင် (ဗိုလ်မှူးအောင် )30.8.1910 မှ 9.11.2004 ၉.သခင်စိုး(ဗိုလ်မြင့်အောင်)14.11.1917 မှ24.6.1945 ၁၀.ကိုဆောင်း (ဗိုလ်ထိန်ဝင်း) 17.5.1914 မှ --.11.1945 ၁၁.သခင်တင်အေး(ဗိုလ်ဘုန်းမြင့် )3.1.1920 မှ 28.7.1989 ၁၂.သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ) 8.4.1911 မှ 23.1.1973 ၁၃.ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) 2.11.1918 မှ 28.1.1989 ၁၄.သခင်ထွန်းလွင်(ဗိုလ်ဗလ) 17.3.1917 မှ 1.11.1998 ၁၅.သခင်ထွန်းရွှေ (ဗိုလ်လင်းယုန်) --.10.1917 မှ 8.4.1974 ၁၆.သခင်ထွန်းအုပ် 7.12.1907မှ 23.1.1970 ၁၇.သခင်ဗဂျမ်း(ဗိုလ်လရောင်) 28.5.1911 မှ 9.7.1969 ၁၈.သခင်မောင်မောင် (ဗိုလ်ဥာဏ) --.--.1914 မှ 4.4.1942 ၁၉.ကိုရွှေ(ဗိုလ်ကျော်ဇော် )30.11.1918 မှ10.10.2012 ၂၀.သခင်လှ(ဗိုလ်မင်းရောင် )26.9.1917 မှ 6.11.1988 ၂၁.သခင်လှဖေ (ဗိုလ်လက်ျာ) 30.8.1911 မှ 27.11.1978 ၂၂.သခင်လှမောင်(ဗိုလ်ဇေယျ) 10.12.1913 မှ 16.4.1968 ၂၃.သခင်လှမြိုင် (ဗိုလ်ရန်အောင်) 2.3.1917 မှ 26.12.1967 ၂၄.သခင်သစ် (ဗိုလ်စောနောင်) 2.9.1920 မှ 30.1.1976 ၂၅.သခင်သန်းညွန့် (ဗိုလ်ဇင်ယော်) 21.11.1919 မှ 31.12.1993 ၂၆.သခင်သန်းတင်(၁) (ဗိုလ်သန်းတင်) 27.8.1920မှ --.9.1941 (ထိုင်ဝမ်) ၂၇.သခင်သန်းတင်(၂) (ဗိုလ်မြဒင်) --.--.1920 မှ --.1.1942(ဇင်းမယ်) ၂၈.သခင်အေးမောင်(ဗိုလ်မိုး) 21.3.1918 မှ8.3.1942 ၂၉.သခင်အောင်သန်း(ဗိုလ်စင်္ကြာ) 1.7.1915 မှ 6.9.1969 ၃၀.ကိုအောင်သိန်း (ဗိုလ်ရဲထွဋ်) 25.2.1922 မှ 27.11.2013 (ကျမ်းကိုး ...ကျော်ငြိမ်း(သုေ တသန အရာရှိ) ရေးသည့် ရဲဘော်သုံးကျိပ်)...


Monday, December 2, 2013

"သာသနာလင်္ကာရစာမေးပွဲအကြောင်း''

"သာသနာလင်္ကာရစာမေးပွဲအကြောင်း''


သာသနာလင်္ကာရဆိုသည်မှာ-သာသနာလင်္ကာရ၏ အဓိပ္ပာယ်မှာ “ဗုဒ္ဓမြတ်စွာသာသနာတော်၏ အဆင်တန်ဆာ(သို့မဟုတ်) ဗုဒ္ဓမြတ်စွာ သာသနာတော်ကို အလှဆင်သော ပုဂ္ဂိုလ်” ဟု အဓိပ္ပာယ်ရသည်။ အင်းဝခေတ် တောင်ဖီလာဆရာတော်အား ဆက်ကပ်ခဲ့သော ဘွဲ့ဖြစ်သည်။ [ သာသန-သာသနာတော်၏+အလင်္ကာရ-တန်ဆာ။]


သာသနာတော်ကို တန်ဆာဆင်ရာတွင်-(၁) ပရိယတ္တိ = စာပေကျမ်းဂန်သင်ကြားပို့ချမှု၊ `(၂) ပဋိပတ္တိ =ဘုရားဟောတရားတော်အတိုင်း ကျင့်ကြံမှုဟူသော အလုပ်(၂)မျိုးဖြင့် တန်ဆာဆင်ရ၏။ ထိုအလုပ်(၂)မျိုးလုပ်နေသူကိုသာ သာသနာတော်ကို အလှဆင်လျက် တင့်တယ်စေသော “သာသနာတော်၏အဆင်တန်ဆာ”ဟု ဆိုရသည်။


ပရိယတ္တိသာသနာ၏ပဓာနကျမှု-


တရားထူးတရားမြတ်ရဖို့ကျင့်ကြံရ၏၊ ကျင့်ကြံဖို့ ကျင့်ကြံနည်းကို သိရ၏၊ ကျင့်ကြံနည်းသိဖ ရှေးဦးစွာ သင်ကြားရ၏၊ ထို့ကြောင့် ပရိယတ် ပဋိပတ်အလုပ်(၂)မျိုးတွင် ပရိယတ်အလုပ်သည် ပဓာနဖြစ်၏။ သင်ကြားမှုပရိယတ်ကြောင့် သိကျင့်လိုက်နာဖွယ်ရာများကို သိရခြင်းဖြစ်၏၊ သိကျင့်လိုက်နာဖွယ်များကို သိဖို့ သိကျင့်လိုက်နာဖွယ်တွေ များစွာပါရှိသော ပါဠိတော် အဋ္ဌကထာများကို သင်ကြားကြရ၏၊ ထိုသို့ သင်ကြားရာတွင် လွယ်ကူလျှင်မြန် ထိရောက်သော နည်းစနစ် အရေးကြီးသည်။


"မဟာဂန္ဓာရုံကျောင်းတိုက်၏ပညာရေးစနစ်"


မဟာဂန္ဓာရုံကျောင်းတိုက်၏ ပညာရေးစနစ်ကို သာသနာ့အာဇာနည်တစ်ပါး ဖြစ်တော်မူသော ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော်သည် “စာသင်ရင်းကျင့်၊ ကျင့်ရင်းစာသင်”ဟူသော ရည်ရွယ်ချက်ဖြင့် အကျင့်ပဋိပတ်နှင သင်ကြားမှုပရိယတ်တို့ တစ်ထပ်တည်းကျအောင် မဟာဂန္ဓာရုံပညာရေးစနစ်ကို …


အတန်းအားဖြင့် ၁။ မူလတန်း သင်ချိန် (၆)လ `၂။ ပထမတန်း ရှေ့ပိုင်း (၆)လ ၃။ ပထမတန်း နောက်ပိုင်း (၆)လ ၄။ ပထမဆင့် (၆)လ ၅။ ဒုတိယဆင့် (၆)လ ၆။ တတိယဆင့် (၆)လ အားဖြင့် အတန်း (၆)တန်းခွဲ၍ ချမှတ်တော်မူခဲ့ပါသည်။


(ယခုမှာ ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်များ၌ နှစ်ပေါက်ကြိုးစားကြရသည်။)


မူလတန်းအဆင့်တွင်-(က) ရတနာ့ဂုဏ်ရည်၊ (ခ) ရုပ်ပုံရှင်ကျင့်ဝတ်၊ (ဂ) ပါဠိသိက္ခာနှင့် သဒ္ဒါအကျဉ်း၊ (ဃ) နာမ်ဂိုဏ်း အာချာတ်ဂိုဏ်း တို့ သင်ကြားရပါသည်။ ၄င်းတို့ကို သင်ယူရသော စာသင်သံဃာတော်တိ့ သည် ရတနာသုံးပါး ဂုဏ်တော်အနက် အဓိပ္ပာယ်များ၊ သီလယူပုံ၊ သီလအကျိုး အပြစ် ပုံဝတ္ထု၊ ကံ, ကံ၏အကျိုး စသည်များသိရခြင်း။ သရဏဂုံယူ၊ သင်္ကန်းတောင်းပုံ,ကပ်ပုံ၊ လိင်, ဒဏ်, သေခိယ, ခန္ဓကဝတ်, ဓုတင်များ သိရခြင်း။ ကတ္တား ကံကြိယာ, ဝိသေသန, ဝိသေသသျ စသည်ထားပုံနှင့် ပါဠိစီ အနက်ပေးတတ်လာခြင်း။ နာမ်ဂိုဏ်း (၁၃)ဂိုဏ်းနှင့် အာချာတ်ရုပ်များ စဉ်တတ်လာခြင်းစသော အကျိုးကျေးဇူးကိ ရရှိနိုင်ပါသည်။ (2003 ခုနှစ်ထုတ်၊ တစ်ဘဝသာသနာ စာမျက်နှာ (၂၄၄)တွင် အကျယ်လေ့လာနိုင်ပါသည်။)


ပထမတန်း (ရှေ့ပိုင်း)တွင်-(က) ဓမ္မပဒအဋ္ဌကထာ (ယမကဝဂ်) (ခ) အခြေပြုသဒ္ဒါ (သန္ဓိ၊ နာမ်၊ အာချာတ်) (ဂ) ကထာသလ္လာပသိက္ခာတို့ သင်ကြားရပါသည်။


၎င်းတို့ကို သင်ယူရသော စာသင်သံဃာတော်တိ့ သည် ဓမ္မပဒဇာတ်လမ်းများသိရခြင်း၊ သန္ဓိ နာမ် အာချာတ် ရုပ်များတွက်တတ်လာခြင်း၊ ပါဠိစကားပြောလေ့ကျင့်၍ ပြောတတ်လာနိုင်ြ ခင်းစသော အကျိုးကျေးဇူးများကို ရရှိပါသည်။ (2003 ခုနှစ်ထုတ်၊ တစ်ဘဝသာသနာ စာမျက်နှာ (၂၄၄-၂၄၅)တွင် အကျယ်လေ့လာနိုင်ပါသည်။)


ပထမတန်း(နောက်ပိုင်း)တွင်-(က) ဓမ္မပဒအဋ္ဌကထာ (အပ္ပမာဒဝဂ်) (ခ) အခြေပြုသဒ္ဒါ (ကိတ်၊ ဥဏာဒ်၊ ကာရက) (ဂ) သင်္ဂဟနှင့် အခြေပြုသင်္ဂြိုဟ် (အောက် ၃-ပိုင်း)တို့ကို သင်ကြားရပါသည်။


၎င်းတို့ကို သင်ယူရသော စာသင်သံဃာတော်တိ့ သည် ဓမ္မပဒဇာတ်လမ်းများပိုမို သိရခြင်း၊ ကိတ်၊ ဥဏာဒ်၊ ကာရကရုပ်များ တွက်တတ်လာခြင်း၊ သင်္ဂြိုဟ်သရုပ်များ သဘောပေါက်လာခြင်း စသော အကျိုးကျေးဇူးများ ရရှိပါသည်။ (2003 ခုနှစ်ထုတ်၊ တစ်ဘဝသာသနာ စာမျက်နှာ ၂၄၅)တွင် အကျယ်လေ့လာနိုင်ပါသည်။)


ပထမဆင့်တွင်-(က) ဝိနည်းမဟာဝါပါဠိတော် (ခ) အင်္ဂုတ္တိုရ်ပါဠိတော် (ဧကနိပါတ်မှ တိကအကုန်) (ဂ) ဓမ္မပဒအဋ္ဌကထာ (ယမကဝဂ်နှင့် အပ္ပမာဒဝဂ်) (ဃ) အခြေပြုသဒ္ဒါ (သန္ဓိ၊ နာမ်၊ အာချာတ်၊ ကာရက) (င) အခြေပြုသင်္ဂြိုဟ် (အောက်သုံးပိုင်းနှင့် သဘာဝအရကောက်)စသည်တို့ကို သင်ကြားရပါသည်။


၎င်းတို့ကို သင်ယူရသော စာသင်သံဃာတော်တိ့ သည် ဘုရားဟောပါဠိတော်ကို တိုက်ရိုက်ကိုင်၍ အနက်လှည့် နားလည် သဘောပေါက်လာခြင်း၊ သုတ္တန်များ၊ ဇာတ်ကောင်းများ၏ အကြောင်း နားလည်လာခြင်း၊ သင်္ဂြိုဟ်ကိုလည်း ဇာတ်ကောင်းများ၏ သဘော သဘာဝဖြစ်ပုံ၊ ၄င်းကို ယှဉ်ဖက်တရားစသည် ရှာဖွေထုတ်တတ်လာခြင်းစသော အကျိုးကျေးဇူးများ ရရှိလာသည်။ (2003 ခုနှစ်ထုတ်၊ တစ်ဘဝသာသနာ စာမျက်နှာ ၂၄၅-၂၄၆)တွင် အကျယ်လေ့လာနိုင်ပါသည်။)


ဒုတိယဆင့်တွင်-(က) စူဠဝါနှင့် ပရိဝါပါဠိတော်များ (ခ) အင်္ဂုတ္တိုရ်ပါဠိတော် (စတုက္ကနိပါတမှ ဆက္ကနိပါတအကုန်) (ဂ) ဓမ္မပဒအဋ္ဌကထာ (စိတ္တဝဂ်မှ ဒဏ္ဍဝဂ်အကုန်) (ဃ) အခြေပြုသဒ္ဒါ (အစမှ အဆုံးအထိ) (င) အခြေပြုသင်္ဂြိုဟ် (အောက်၆-ပိုင်းနှင့် ဝီထိချပုံ) စသည်တို့ကို သင်ကြားရပါသည်။ ၄င်းတို့ကို သင်ယူရသော စာသင်သံဃာတော်တိ့ သည် ဝိနည်းသဘောဆိုင်ရာ ဝါဒများ နားလည်လာခြင်း၊ သုတ္တန်များ၏ လက္ခဏာများ သိလာခြင်း၊ ဓမ္မပဒဇာတ်များထဲမှ ဇာတ်ကောင်းများ၏ စိတ်ဖြစ်ပုံ၊ အာရုံ၊ ဘုံ၊ ပုဂ္ဂိုလ်စသည်ကို သိရခြင်းစသော ကျေးဇူးများကို ရရှိပါသည်။ (2003 ခုနှစ်ထုတ်၊ တစ်ဘဝသာသနာ စာမျက်နှာ ၂၄၆)တွင် အကျယ်လေ့လာနိုင်ပါသည်။)


တတိယဆင့်တွင်-(က) ပါရာဇိကဏ်နှင့် ပါစိတ်ပါဠိတော်များ (ခ) အဂုင်္တ္တိုရ်ပါဠိတော်(သတ္တကနိပါတ်မ ဧကာဒသကနိပါတ်အကုန်) (ဂ) ဓမ္မပဒအဋ္ဌကထာ (အကုန်) (ဃ) အခြေပြုသဒ္ဒါ(အကုန်) (င) အခြေပြုသင်္ဂြိုဟ် (အကုန်)အပြင် ပဋ္ဌာန်းပစ္စည်းပြိုင်နည်းစသည်တို့ကို သင်ကြားရပါသည်။ ၄င်းတို့ကို သင်ယူရသော စာသင်သံဃာတော်တိ့ သည် ဝိနည်းသဘော၊ အဂုင်္တ္တိုရ်လာ လက္ခဏာများ၊ ဓမ္မပဒဇာတ်ကောင်များမှ ပဋ္ဌာန်းနည်း သွယ်ပုံ ပဋိစ္စသမုပ္ပါဒ်နည်းသွယ်ပုံ အမျိုးမျိုးကို သိရခြင်းစသော အကျိုးကျေးဇူးများ ရရှိပါသည်။ (2003 ခုနှစ်ထုတ်၊ တစ်ဘဝသာသနာ စာမျက်နှာ ၂၄၆)တွင် အကျယ်လေ့လာနိုင်ပါသည်။)


မဟာဂန္ဓာရုံပညာရေးစနစ်အရ သင်ကြားလာခဲ့သော စာသင်သာသံဃာတော် တစ်ပါး၏ သာသနာအရည်အချင်းမှာ (၃)နှစ်ခန့်မျှဖြင့် ဝိနည်း(၅)ကျမ်းလုံး ပေါက်မြောက်ခြင်း၊ သုတ္တန်ပါဠိတော်အ င်္ဂုတ္တိုရ်(၁၁)ကျမ်းလုံး ပေါက်မြောက်ခြင်း၊ ဓမ္မပဒအဋ္ဌကထာကြီး(၂)အုပ်လုံး ပေါက်မြောက်ခြင်း၊ သဒ္ဒါ သင်္ဂြိုဟ်များအကုန်ပေါက်မြောက်ခြင်းအပြင် ဆိုင်ရာဆိုင်ရာ အဋ္ဌကထာ ဋီကာများကိုလည်း ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။


အထက်ပါ အတန်းစဉ် သုံးဆင့်ကို အောင်မြင်မှသာ သာသနာလင်္ကာရစာမေးပွဲကို ဖြေဆိုခွင့်ရပြီး “သာသနာလင်္ကာရအကျော်ဘွဲ့”ကို ရရှိနိုင်ပါသည်။ (ခြွင်းချက်အနေဖြင့် သာသနာလင်္ကာရစာမေးပွဲဝင်နိုင်သည့် အရည်အချင်းရှိပါကအထက်ပါသုံးဆင့် မအောင်မြင်သော်လည်း ဖြေဆိုခွင့်ပေးပါသည်။)


ဤသို့ကျေးဇူးကြီးမားလှသော ပညာရေးမူစနစ်အရ ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်များကို “မဟာဂန္ဓာရာမိကသာ သနာလင်္ကာရ”ဟူသော အမည်ဖြင့် နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၂၃)ကြိမ်မြောက် ရှိခဲ့ပါပြီ။


ဦးဖိုးကျား (၁၈၉၁-၁၉၄၃)

ဦးဖိုးကျား (၁၈၉၁-၁၉၄၃)


မြန်မာသက္ကရာဇ် ၁၂၅၂ခုနှစ်၊ နှောင်းတန်ခူးလြ ပည့်၊၁၈၉၁-ခုနှစ်၊ မတ်လ(၂၃)ရက် တနင်္လာနေ့တွင် အဖ-ပရိက္ခရာကုန်သည် ဦးဖေနှင့် အမိ ဒေါ်ဒေါင်းတို့က ဟင်္သာတခရိုင် နိဗ္ဗာန်ရွာ၌ဖွား မြင်သည်။ သားချင်း(၄)ဦးတွ င် အငယ်ဆုံးဖြစ်သည်။ ပညာရေး


၁၈၉၇ - အသက်(၆)နှစ်အရွယ်၌နိဗ္ဗာန်ရွာ ဦးသာသနကျောင်းတွင် ပညာစသင်သည်။ ၁၉၀၀ - အသက်(၉)နှစ်အရွယ်တွင် လေးမျက်နှာမြို့နယ် ကံကုန်ရွာ ဆရာတော်၏ကျောင်း၌ ပညာဆက်လက် ဆည်းပူးသည်။ ထိုကျောင်းမှမြန်မာ(၇)တန်းစာမေးပွဲနှင့် ဆရာဖြစ်သင်အောင် မြင်သည်။ ဆရာဖြစ်သင်အောင် ပြီး ပုသိမ်ခရိုင် အသုတ်မြို့တွင် အလယ်တန်းပြဆရာအြ ဖစ်ဆောင်ရွက်။ တစ်ဖန် ကျောင်းဆရာအလုပ် မှထွက်၍ ပုသိမ် မြို့တိုင်တရာ(စ ကောကရင်)ကျောင်းတွင် ပညာဆက်လက်ဆည်းပူးသည်။


၁၉၀၇ - မြန်မာသက္ကရာဇ် (၁၂၇၈)ခုတွင်-ထိ တိုင်တရာကျောင်းမှပင် အင်္ဂလိပ် မြန်မာ(၉)တန်းအောင်မြင်သည်။ ထို့နောက် ဆန်စက်တစ်ခုတွင် တာလီစာရေးဝင်လုပ်ပြန်သည်။ ခေတ္တသာလုပ်ပြီး ပညာဆက်လက်ဆည်ပူးလိုပြန် သဖြင့် တိုင်တရာကျောင်းတွင်ပင် ဆက်လက်ဆည်းပူးသည်။


၁၉၁၇ - အသက်(၂၇)နှစ်အရွ ယ်တွင် ထိုတိုင်တရာကျောင်းမှပင် အင်္ဂလိပ်မြန်မာ(၁ ၀)တန်းအောင်မြင်ခဲ့။ ထိုနှစ်တွင်ပင် ဂျပ်ဆင်ကောလိပ်ဆက်တက်သည်။ (မြန်မာစာ၊ မြန်မာသမိုင်း)ကို လိုက်စားခဲ့သည်။ ဂျပ်ဆင်ကော လိပ်တွင် ဦးဖိုးလတ် (နောင်ယဉ်ကျေးမူအတွင်းဝန်)၊ ဦးမြင့်(နောင်-ေ နရှင်နယ်ဦးမြင့် ) တို့နှင့်အတူ ဗုဒ္ဗ္ဓဘာသာ အသင်းတည်ထောင်သည်။ ဦးဖိုးလတ်၊ ဦးမြင့်တို့၏ လမ်းညွှန်မှုဖြင့် ပါဠိဆရာစော၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ဆရာလွန်း( သခင်ကိုယ်တော်မှိုင်း)တို့ထံတွင် တပည့်ခံ၍ မြန်မာမှု၊မြန်မာစာပေ၊ မြန်မာ့သမိုင်းတို့ကို ဆည်းပူးသည်။ ဦးဖိုးကျားသည် ကျောင်းသားကြီးဘ၀ကပင် မြန်မာ့အလင်းသတင်းစာ၌ စာပေအရေးအသားကိုအစပြုခဲ့သည်။ ၁၉၂၂-ခုနှစ်ခန့်တွင် ဘီအေစာမေးပွဲ အောင်သည်။ နိုင်ငံရေး


၁၉၂၀ - ရန်ကုန်တက္ကသိုလ် အက်ဥပဒေကိစ္စနှင့် သပိတ်မှောက်ရာ (ဦးဖိုးလတ်၊ ဦးမြင့်)တို့နှင့်အတူပါဝင်ခဲ့။ ဦးဖိုးလတ်၊ ဦးမြင့် တို့နှင့် အတူ ဦးဖိုးကျားသည် ဂျက်ဆင်ကောလိပ်တွင် ဗုဒ္ဓဘာသာ အသင်းကို တည်ထောင်ခဲ့သည်။ စကား အဟော အပြော ကောင်းသူ ဦးဖိုးကျားသည် မြန်မာပြည်အရပ်ရ ပ်သို့ လှည့်၍ သပိတ်တရား ဟောသည်။ သုံးခွတွင်တရားဟောရာ နယ်ချဲ့ဗြိတိသျှ တရားဥပဒေ နှင့် ငြိစွန်းသည်ဆိုကာ ဒဏ်ငွေ(၁၀၀)ကျပ်အတပ်ခံရသည်။ နောက်ပိုင်းတွင် ဗြိတိသျှပညာရေးနှင့်စင်ပြိုင် အမျိုးသားပညာရေး တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။


အင်္ဂလိပ် သက္ကရာဇ် ၁၉၂ဝ ပြည့်နှစ်တွင် ကျောင်းသား သပိတ်ကြီး ဖြစ်ပေါ်လာသော အခါ၌ မူကား မျိုးချစ်စိတ် ရင့်သန်ရင်း ရှိသော ဦးဖိုးကျား သည်လည်း လက်ပိုက် လျစ်လျူ ရှု၍ မနေနိုင်။ ပါဝင် ဆင်နွှဲကာ အမျိုးသား ကျောင်းများ ပေါ်ပေါက် လာသည်နှင့် တပြိုင်နက် အမျိုးသား ပညာဝန် အဖြစ် အစိုးရ ရာထူးကို မယူဘဲ ဆောင်ရွက် ခဲ့လေသည်။ ထိုစဉ် အတွင်း ပညာဝန် အဖြစ် ထမ်းရွက်ရင်းလည်း ကျမ်း အမျိုးမျိုးကို ပြုစုသည်။ တိမ်မြုပ် ပျောက်ကွယ် နေသည် တို့ကိုလည်း တည်းဖြတ် ပုံနှိပ် ထုတ်ဝေ ဖြန့်ဖြူးသည်။


၁၉၂၁ - အမျိုးသားပညာရေး ကောင်စီ(စီအင်အီး)၌ ဦးစိုးဝင်း၊ မစ္စတာအိုင်းယား တို့နှင့်အတူ အမျိုးသားပညာရေးအား ကြိုးပမ်းဆောင်ရွက်၍ အမျိုးသားပညာဝန်အဖြစ် တာဝန်ထမ်းဆောင်။ စာပေရေးသားပြုစု ခြင်း


အမျိုးသားတက္ကသိုလ်၊ အမျိုးသားကျောင်းများ ပေါ်လာသောအခါ မြန်မာစာ၊ မြန်မာ့သမိုင်းတိ့ကို လေးထားသင်ကြားပေးခဲ့သည်။ ၁၉၂၇-ခုနှစ်တွင် မိမိနေထိုင်ရာ (ထိုစဉ်က)ကာလဘတ် လမ်း နေအိမ်တွင် မြန်မာ့ဂုဏ်ရည် ပုံနှိပ်စက် နှင့် မြန်မာ့ဂုဏ်ရည် စာအုပ်တိုက်တို့ကို တည်ထောင်သည်။ လွတ်လပ်ရေးရပြီး ခေတ်တွင် ဦးဖိုးကျားကို ဂုဏ်ပြုသောအားဖြ င့် ကာလဘတ်လမ်းကို မြန်မာ့ဂုဏ်ရည်လမ်းဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ မြန်မာရာဇ၀င်ကို သင်ကြားလေ့လာနိုင်စေရန် လွယ်ကူသော စကားပြေဖြင့်မြန်မာ့ဂုဏ်ရည်ဟူသော စာတစ်အုပ်ကို ရေးသားပြုစုခဲ့သ ည်။ ထို့နောက် ထိုစာအုပ်ကိုပင် အနည်းငယ်ပြင်ဆင် ၍မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာပထမတွဲနှင့်ဒုတိယတွဲနှစ်တွဲထုတ်ဝေခဲ့သည်။


ကျောင်းများတွင် လေ့လာသင် ကြားနိုင်ရန်နှင ဗုဒ္ဓ၀ါဒီမြန်မာလူမျိုးတို့ လွယ်လင့်တကူ ဖတ်ရှူနိုင်စေရန် ငါးရာ့ငါးဆယ် ကောက်နှုတ်ချက်များကို ပြုစုရေးသားခဲ့။ ထို့ပြင် ဦးပုညအတ္ထုပ္ပတ္တိနှင့်ရေသည်ပြဇာတ်။ ဦးပုညအတ္ထုပ္ပတ္တိနှင့် ၀ိဇယပြဇာတ်။ ပေါရာဏအဘိဓာန်၊ ပုသိမ်ရာဇ၀င်နှင်ဦးထွန်းရှိန် အတ္ထုပ္ပတ္တိတို့ကိုလည်း ပြုစုရေးခဲ့သည်။ ပညာဝန်အဖြစ်ဆောင်ရွက်စဉ် အတွေ့အကြုံများကိုလည်း ကိုယ်တွေ့ဝတ္ထုများအမည်ဖြင့် တိုးတက်ရေးမဂ္ဂဇ င်းတွင် ရေးသားခဲ့သည်။ သတင်း စာ၊ဂျာနယ်၊မဂ္ဂဇင်းများတွင်လည်းထူးခြားထက်မြက်သော ဆောင်းပါးများရေးသားခဲ့သည်။ အိမ်ထောင်ရေး


၁၉၂၉ - မက္ကဆင့်ကုမ္ပဏီစာရေးကြီး ဦးမောင်ကလေး၊ သိမ်ကြီးဈေးကွမ်းရွဲကြီး ဒေါ်ဒ်ါသိန်းတို့၏သမီး မအေးကြည်နှင့် ကာလဘတ်လမ်း အိမ်၍ပင် လက်ထပ်သည်။ ၁မအေးကြည်သည် ပုံနှိပ်စက်ဘက်က ဂရုစိုက်၍ လုပ်သည်။ မအေးကြည်သည် ၁၉၃၉ ခု နှစ်ဦးတွင် ကွယ်လွန်ခဲ့လေသည်။ သားတစ်ဦး(ဇော်ဝင်းကျား) တစ်ယောက်သာ ထွန်းကားခဲ့သည်။ ဦးဖိုးကျားသည် ဒု-ကမ္ဘာစစ်ပြီးသည်အထိ အမျိုးသားပညာဝန် အဖြစ် ဆောင်ရွက်ခဲ့သည်။ နောက်ဆုံးအချိန်


၁၃၀၃ - စစ်အတွင်း အင်းစိန်ခရိုင် ထန်းတပင်မြို့တွင် စစ်ဘေးတိမ်းရှောင်ရင်း နှောင်းတန်ခူးလြ ပည့်ကျော်(၆)ရက်၊ ၁၉၄၂-ခုနှစ်၊ ဧပြီလ(၁၁)ရက်၊ သောကြာနေ့တွင် ထန်းတပင်မြို့တွင်ကွယ်လွန်ခဲ့သည်။ ထင်ရှားသည့်စာအုပ်အချို့


ကိုယ်တွေ့ဝတ္ထုများ (၆)တွဲ ခေတ်မီ မြန်မာရာဇဝင် အကျဉ်းချုပ် - (၁၉၃၇ ခုနှစ်) ငါးရာ့ ငါးဆယ် ကောက်နုတ်ချက်များ ပုသိမ်ရာဇဝင် - ၁၉၂ဝ ပြည့်နှစ် ပေါရာဏ အဘိဓာန် မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ(၂)တွဲ ဦးထွန်းရှိန် အတ္ထုပ္ပတ္တိ - (၁၉၂၃ ခုနှစ်) စလေဦးပုည အတ္ထုပ္ပတ္တိနှင့် ရေသည်ပြဇာတ် ဦးပုည အတ္ထုပ္ပတ္တိနှင့် ဝိဇယပြဇာတ် သီပေါမင်းပါတော် မူ အရေးတော်ပုံ ၃၇မင်း မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယနဂိုဏ်း အလောင်းတော်ကဿပ အလယ်တန်း မြန်မာရာဇ၀င်အကျဉ်း


ကိုးကား


ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုသော ‘နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း’ စာအုပ် (ပညာရွှေတောင် စာအုပ်တိုက် ၂ဝဝ၃ ခုနှစ်၊ ဧပြီလ၊ ပထမ အကြိမ်)


(မည်သူမဆို မျှဝေယူနိုင်သညShwe Eaim Si ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်)


ဓုတင် ဆိုသည်မှာ

ဓုတင် ဆိုသည်မှာ


ဓုတင် ဆိုသည်မှာ ကိလေသာကို ခါထွက်ကြောင်း ခေါင်းပါးစေသည့် အကျင့်တရားများ ဖြစ်သည်။ အကျဉ်းအားဖြင့် ဓုတင် ၁၃-ပါး ရှိသည်။


၁။ ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို စွန့်လျက် ပံ့သကူ သင်္ကန်းကို ဆောင်ခြင်းဟူသော ပံ့သကူ ဓုတင်၊


၂။ လေးထည်မြောက် သင်္ကန်းကို စွန့်လျက် သုံးထည်သော သင်္ကန်းကိုသာ ဆောင်ခြင်းဟူသော တိစီဝရိက် ဓုတင်၊


၃။ လာဘ်ပို လာဘ်လျှံကို ပယ်၍ ဆွမ်းခံ၍ရသော ဆွမ်းကိုသာ သုံးဆောင်ခြင်း (ပိဏ္ဍပါတ် ဓုတင်)


၎။ လျှပ်ပေါ်လော်လီ အိမ်စဉ်ကျော်၍ ခံယူခြင်းကို ပယ်လျက် အိမ်စဉ် မကျော်မလှပ် ရပ်၍ရသော ဆွမ်းကို သုံးဆောင်ခြင်း (သပဒါနစာရိက ဓုတင်)


၅။ နေရာအထူးထူး၌ စားခြင်းကို ပယ်လျက် တစ်ထိုင် တစ်နေရာတည်း၌ စားခြင်းကို ဆောင်ခြင်း (ဧကာသနိုက် ဓုတင်)


၆။ နှစ်ခွက်မြောက်ေ သာ ဆွမ်းဟင်းကို ပယ်၍ တစ်ခွက်တည်းနှင့်သာ သုံးဆောင်ခြင်း (ပတ္တပိုဏ် ဓုတင်)


၇။ ဆွမ်းစပြီး စားနေစဉ် ကပ်လာသော ဘောဇဉ်ကို တော်ပြီတန်ပြီ ဆိုပြီး ကပ်ယူစားခြင်းကို ပယ်ခြင်း (ခလုပစ္ဆာဘတ် ဓုတင်)


၈။ ဂါမ၀ါသီ ကျောင်းသင်္ခမ်းကို ပယ်၍ တောရကျောင်း၌ နေခြင်းကို ဆောက်တည်ခြင်း (အာရညကင် ဓုတင်)


၉။ အမိုး အကာရှိသော ကျောင်းကို ပယ်၍ လွင်တီးခေါင်၌ နေခြင်း (အဗ္ဘောကာသိက ဓုတင်)


၁၀။ သုဿာန် မဟုတ်သော နေရာကို ကပ်လျက် သုဿာန်၌ နေခြင်း (သုဿာန် ဓုတင်)


၁၁။ အမိုးအကာရှိသော ကျောင်းကို ပယ်လျက် သစ်ပင်ရင်း၌ နေခြင်း (ရုက္ခမူဓုတင်)


၁၂။ နေရာကောင်း ကျောင်းဆောင်ကို ပယ်၍ ဖြစ်စဉ်အတိုင်း နေခြင်း (ယထာသန္တတိ ဓုတင်)


၁၃။ အိပ်ခြင်းကို ပယ်၍ ထခြင်း၊ ထိုင်ခြင်း၊ စင်္ကြံသွားခြင်းကို ဆောင်ခြင်း (နိသဇ္ဇိ ဓုတင်) တို့ ဖြစ်၏။


ဤဓုတင်များကို ဆောင်ခြင်းဖြင့် -


(၁) အသက်မွေး စင်ကြယ်ခြင်း၊


(၂) ချမ်းသာကျိုး ရှိခြင်း၊


(၃) အပြစ်မရှိ၊


(၄) သူတစ်ပါးတို့အား ဒုက္ခမပေး၊


(၅) ဘေးမရှိ၊


(၆) သူတစ်ပါးကို မနှိပ်စက်၊


(၇) အမှန် ကြီးပွား၏၊


(၈) ကုသိုလ်တရား မဆုတ်ယုတ်၊


(၉) မာယာ စဉ်းလဲခြင်း မရှိ၊


(၁၀) သေခြင်းကို စောင့်တတ်၏၊


(၁၁) တောင့်တတိုင်း ပေး၏၊


(၁၂) သတ္တ၀ါ အားလုံးကို ဆုံးမတတ်၏၊


(၁၃) စောင့်စည်းသော အကျိုး ရှိ၏၊


(၁၄) လျောက်ပတ်သော အကျင့် ဖြစ်၏၊


(၁၅) ကိလေသာတို့ မမှီမကပ်နိုင်၊


(၁၆) ကိလေသာမှ လွတ်၏၊


(၁၇) ရာဂကုန်၏၊


(၁၈) ဒေါသကုန်၏၊


(၁၉) မောဟကုန်၏၊


(၂၀) မာန်တက်မှုကို ပယ်၏၊


(၂၁) ၀ိတက်ကို ဖြတ်၏၊


(၂၂) ယုံမှားသင်္ကာမှ ကူးမြောက်၏၊


(၂၃) အပျင်းကို ပယ်ဖျောက်၏၊


(၂၄) မမွေ့လျော်ခြင်း ကို ဖျောက်၏၊


(၂၅) သည်းခံတတ်၏၊


(၂၆) အတုမရှိ မြတ်သော အကျင့်တည်း၊


(၂၇) မနှိုင်းယှဉ်အပ်ေ သာ ဂုဏ်ရှိ၏၊


(၂၈) နိဗ္ဗာန်သို့ ရောက်၏- ဟူသော အကျိုးထူး အကျိုးမြတ်များကို ရနိုင်သည်။


Credit to Myoukoo Syadaw's article & website


မေတ္တာဖြင့် ဝေမျှသူ အနှိုင်းမဲ့စာတိုပေစများ (www.infinitydhamma.com)


Sunday, December 1, 2013

ပဋိစ္စသမုပ္ပါဒ်မသိလျှင်

ပဋိစ္စသမုပ္ပါဒ်မသိလျှင်.. •••••••••••••••••••••• အကြောင်းအကျိုးအမှန်ကိုမသိသည့်အတွက်ကြောင့် သတ္တဝါတွေဟာသံသရာထဲကမလွတ်နိုင်ကြတာ၊


ဘာသာတရားတွေအမျိုးမျိုးပေါ်ထွန်းတာဟာလည်း ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ အကြောင်းတရားနဲ့ အကျိုးတရားကို မသိလို့ဘဲ၊ အကြောင်းအကျိုးတရားကို အမှန်အတိုင်းသိမ ယ်ဆိုရင် ဘာသာအယူအဆတွေ ကွဲပြားနေစရာဘာမှ အကြောင်းမရှိဘူး၊


ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့ တဲ့ ဒေသနာတော်တွေထဲမှာ ပဋိစ္စသမုပ္ပါဒ်ဟာ အလွန်အရေးပါတယ်။


မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟာ ဘုရားအဖြစ်သို့ ရောက်ပြီးတဲ့နောက်မှာ ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင်သုံးသပ်သ လို ပဋိစ္စသမုပ္ပါဒ်ကိုလည်း ဆင်ခြင်းသုံးသပ်တယ်၊


အနုလုံ,ပဋိလုံဆင်ခြင်သုံးသပ်တဲ့အခါ သဘာဝတရားတွေထဲမှာ “ပဋိစ္စသမုပ္ပါဒ် နဲ့နိဗ္ဗာန်” ဟာအလွန့်အလွန်မြင် နိုင်ခဲတဲ့တရားတွေ, သတ္တဝါတွေသဘောကျလောက်အောင်ရှင်းပြဖို့လည်း အလွန်ခက်တဲ့တရားတွေလို့ - ဆင်ခြင်သုံးသပ်တ ယ်။


မြတ်စွာဘုရားသခင်ရဲ့ စိတ်ထဲမှာ သတ္တဝါတွေရဲ့ အနေအထား,တရားတော်ရဲ့နက်နဲခက်ခဲမှု -ဒီနှစ်ခုနှိုင်းယှဉ်လိုက် တဲ့အခါအလွန့်အလွန် အလှမ်းကွာနေတာသိရလို့.. ဒီတရားတွေကို ရှင်းပြရင် ငါပဲ ပင်းပန်းရုံရှိမှာပဲလို့ -မြတ်စွာဘုရားဟာရုတ်တရက်အလှမ်းကွာလွန်းအားကြီးတာနဲ့ တရားဟောဖို့ရန် ဝန်လေးသွားတဲ့သေ ဘာလေး ဖြစ်ပေါ်လာတယ်၊


အဲဒီအချိန်မှာသဟမ္ပတိဗြဟ္မာကြီးပေါ်လာပြီး တောင်းပန်တယ်၊


ဒါ ပဋိစ္စသမုပ္ပါဒ်ကိုဆင်ခြင်သုံးသပ်ပြီးတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့စိတ်ဓာတ်၊ ပဋိစ္စသမုပ္ပါဒ်မှ နားမလည်ရင်.. သံသရာရဲ့ ထွက်ပေါက်ရဖို့ရာအလွန်ခဲယဉ်းတယ်။


(ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ )


"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT