Sunday, June 2, 2013

ခြံပေါက်ဝကနွားနဲ့တူတဲ့ ချက်ချင်းအကျိုးပေးတဲ့ကံတွေအကြောင်း

ခြံပေါက်ဝကနွားနဲ့တူတဲ့ ချက်ချင်းအကျိုးပေးတဲ့ကံတွေအကြောင်း မှတ်သားမိသမျှပါ...


အကျိုးပေးတဲ့ကံတွေအကြောင်းကို အဘိဓမ္မတ္ထ သင်္ဂဟကျမ်း၊ ၀ီထိမုတ်ပိုင်းလာ ကမ္မ စတုက္က ၊ပါကဒါန ပရိယာယ စတုက္က ပိုင်း….တွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။


နေ၀င်ချိန် နွားရိုင်းသွင်းချိန်၌ ၊ နွားများကို ခြံတွင်းသို့ ပြန်လည်မောင်းသွင်းရာဝယ် သန်မာထွားကြိုင်းသောနွားများက ခြံတွင်းသို့ ဦးစွာ ၀င်ရောက်ကြပြီး ၊အားအင်နည်းပါးသော နွားအိုကြီးများကနောက်မှသာဝင်ရောက်နိုင်ကြပါသည်။ သို့သော် နောက်နေ့ နံနက် နွားခြံကို ပြန်ဖွင့်သောအခါဝယ် ၊ မသန်စွမ်းသော်လည်း ၊နွားခြံတွင်းသို့သွင်းခဲ့စဉ်က နောက်ဆုံးမှ ၀င်လာနိုင်ခဲ့သဖြင့် ခြံပေါက်တံခါး အနီးတွင်ရောက်ရှိနေသော နွားအိုကြီးများကခြံပြင်သို့ ဦးစွာ ထွက်နိုင်ကြသကဲ့သို့


အကျိုးပေးလှည့်အစဉ်အားဖြင့် ကံ (ပါကဒါန ပရိယာယ )၄ ပါးရှိပါသည်။


၁၊ ဂရုကံ ၂၊ အာသန္နကံ ၃၊ အာစိဏ္ဏကံ ၄၊ ကဋတ္တာကံ တို့ ဖြစ်ကြရာဝယ်


ဂရုကံသည် အခြားကံများက မတားမြစ်နိုင်အောင် အလွန်အား ကြီးသောကံဖြစ်ပြီးကုသိုလ်အရာတွင် မဟဂ္ဂုတ်ကံ ၊ အကုသိုလ်အရာတွင်ပဉ္စာနန္တရိယကံတို့ဖြစ်ပါ သည်။ သေလွန်သည်၏ အခြားမဲ့၌အမြဲ ဧကန် အကျိုးပေး သောကံဖြစ်သည်။


အာသန္နကံသည် သေခါနီးအချိန်တွင် အောက်မေ့အပ် ၊ ပြုလုပ်အပ်သောကံဖြစ်ပါသည်။


အာစိဏ္ဏကံသည်ကား အမြဲ မပြတ်ဝတ် တစ်ခုအဖြစ် လေ့ကျင့် ၊ ပြုလုပ် ၊တိုးပွားထားသောကံဖြစ်ပါသည်။


ကဋတ္တာကံမှာမူ ဂရုကံ ၊ အာသန္နကံ ၊ အာစိဏ္ဏကံ အဖြစ်သို့မရောက်ဘဲ ယခုဘ၀၌အမှတ်တမဲ့ပြုမိထားသော သာမာန်ကံ များနှင့် ရှေးရှေးဘ၀များ၌ပြုအပ်ခဲ့ပြီးသောကံများ ဖြစ်ပါသည်။


သတ္တ၀ါတို့သေလွန်သောအခါဝယ် ၊ဂရုကံ မရှိပါက သေခါနီးအချိန်တွင်ပြုထားသော အာသန္နကံ ကအကျိုးပေးမြဲ ဖြစ်ပါသည်။အာသန္နကံသည် အားနည်းပါးသော်လည်း နွားခြံ၏ အ၀တွင်ရောက်ရှိနေသဖြင့် ဦးစွာထွက်နိုင်သော နွားအိုကြီးကဲ့သို့ဒုတိယဘ၀အစဦးတွင်အရင်ဆုံးအကျိုး ပေးခွင့်ရရှိခြင်းဖြစ်ပါသည်ဟု သင်ယူမှတ်သားထားပါကြောင်း


အိပ်စက်ခြင်း

(အိပ်စက်ခြင်း)

(မေး )၁။လူသားတို့သည် ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်စက်ခြင်းကို ပြုကြသည်၊ ထိုသို့ အိပ်စက်ကြရာတွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားသော အခါ အသိစိတ်ကလေး မရှိတော့ပါ၊ထိုအသိစိတ်ကလေး အဘယ်သို့ ရောက်သွားပါသလဲဘုရား။ ၂။ လူများကဲ့သို့ နတ်များမှာလည်းပင်ပန်းနွမ်းနယ်မှု ရှိပါသလား၊ နတ် တို့အိပ်စက်မှု မရှိဆိုသော် ညအခါ အဘယ်သို့ အချိန်ကုန်လွန်ေ စပါ သလဲဘုရား။ (ကေသီ-တောင်ဥက္ကလာပမြို့ )


(ဖြေ ) လူတို့တွင် ပဋိသန္ဓေစိတ် ဘ၀င်စိတ် စုတိစိတ်-ဟူ၍ စိတ်သုံးမျိုးရှိသည်။ ပဋိသန္ဓေအခါမှ စုတိ ( သေဆုံးကွယ်လွန် )သည်အထိ ဘ၀င်စိတ်ဟူ သော ဘ၀ ၏အစိတ်အပိုင်း စိတ်အမျိုးအမည်တမျိုးမှာ စိတ်သာဖြစ်သည်၊ မည်သည့်အာရုံကိုမျှ မယူ မသိသော စိတ်မျိုး ဖြစ်သည်၊ အကြောင်းအားလျော်စွာ မြင်စိတ် ကြားစိတ် စသည့် အာရုံငါးပါးဆိုင်ရာ ၀ိညာဉ် (အသိစိတ် )များပေါ်ပေါက်လာမှသာ ဘ၀င်စိတ်များ ပြတ်၍၄င်းအသိစိတ်များဖြစ်ပေါ်ရပါသည်၊ အသိစိတ် တခုနှင့်တခု အကြားမှာပင် ဘ၀င်စိတ်များက ၀င်၍ ဖြစ်ပါသေး သည်၊ တနေ့တာလုံးမြင် ကြား နံ လျက် ထိသိစိတ်များ တမျိုးပြီးတမျိုး ဖြစ်သည်၊ လုပ်ငန်းကိစ္စတို့ကြောင့် ပင်ပန်းနွမ်းနယ်သွားသောအခါ ထိနမိဒ္ဓခေါ်စိတ် စေတသိက်တို့ထိုင်းမှိုင်း နွမ်းနယ်ခြင်းဖြစ်ပြီးမြင်ကြားစသော အသိစိတ် များ ပြတ်သွားသည်၊ ထိုအခါ ဘ၀င်စိတ်ခေါ်မသိစိတ်များသို့ သက်ရောက် ဖြစ်ပေါ်သွားပါသည်။ ယင်းသည်ပင် အိပ်စက်ခြင်းသဘော ဖြစ်ပါသည်၊ အပန်းပြေ၍ ထိနမိဒ္ဓတို့ ပျောက်ကွယ်ပြီး မြင် ကြားအသိစိတ်များ ပေါ်လာပြန်သော် ဘ၀င်ခေါ်မ သိစိတ်များပြတ်၍အိပ်ရာမှ နိုးလာရပါသည်၊ ( ဤသည်တို့ကို ထောက်၍ နားမလည်နိုင်သည်ကို ဘ၀င်မကျပါဘူး-ဟု ဆိုသော ဤခေတ်စကားလုံး မှန်မမှန် စဉ်းစားစေလိုပါသည် )။


နတ်တို့သည် လူတို့ကဲ့သို့ပင်ဘ၀င်စိတ် ရှိသော်လည်း လုံ့လ၀ီရိယထုတ် ၍ စားသောက်နေထိုင်ရသော ဘ၀မျိုးမဟုတ်ပါ၊ ပင်ပန်းနွမ်းနယ်ခြင်းထိ နမိဒ္ဓများပြားခြင်း မရှိနိုင်ပါ၊ လူတို့ကဲ့သို့ အိပ်စက်ရမှု ဘ၀င်သို့ သက် ရောက်ရမှု မရှိနိုင်ပါ၊ ခေတ္တခဏ အနားယူရုံမျှဖြင့်ကိစ္စပြီးနိုင်ပါ သည်၊ နေ လ တို့မှာလည်း ၄င်းတို့ အောက်၌သာ ရှိ၍နေ့-ည-ဟူ၍လည်း နတ် ပြည်တွင် မရှိပါ၊ ၄င်းတို့၏ သက်တမ်းသတ်မှတ်မှုမှာလည်းလူတို့ကဲ့သို့ နေ့ ည လ-နှစ် မျိုးဖြင့် သတ်မှတ်ဖွယ်ရာ မရှိ၊ ကုသိုလ်ကံအားလျော်စွာ သတ်မှတ်စရာရှိသည်-ဟု ယူဆနိုင်ပါသည်။


( ဘဒ္ဒန္တ တိလောကသာရ-ဖြေသည်)


အာနာပါန သတိပဋ္ဌာန် ဘာဝနာ

အာနာပါန သတိပဋ္ဌာန် ဘာဝနာ။


အာနာပါန သတိပဋ္ဌာန် ဘာဝနာအတွက် ရှေးဦးပြုဖွယ်ရာများကို တရား စတင် အားထုတ်သူတို့ သိရှိနိုင်စေရန် တင်ပြအပ်ပါတယ်။


"ရှေးဦးစွာဘုရားရှိခိုးပါ၊သီလဆောက်တည်ပါ၊ ရတနာမြတ်သုံးပါးနဲ့အရိယာသူတော်စင်တွေကျေးဇူးရှင်တွေအပေါ်ပြစ်မှားမိခဲ့တဲ့ အပြစ်များရှိရင်ဝန်ချတောင်းပန်ကန်တော့ပါ၊ပြီးလျှင်ဘုရားရှေ့မှာဖြစ်စေ၊ အဆင်ပြေရာမှာဖြစ်စေ၊ကြာကြာထိုင်နိုင်မဲ့အနေအထားမျိုးနဲ့ထိုင်ပါ။ နှာသီးဖျားလေးမှာ မိမိစိတ်ကလေးကိုစိုက်ထားပါထွက်သွားသောလေကိုထွက်လေလို့မှတ်ပါ၊ ဝင်လာတဲ့လေကိုဝင်လေလို့မှတ်ပါ၊ မိမိစိတ်ကလေးကိုနှာသီးဖျားကလေးမှာသတိလေးနဲ့ကပ်ထားပြီးထွက်လေ ဝင်လေကိုရှု့မှတ်နေပါ။


ထွက်လေထွက်သွားရာ၊ ဝင်လေဝင်သွားရာကိုစိတ်ကလိုက်မသွားပဲနှာသီးဖျားလေးမှာသာစိတ်စိုက်ထားပြီးရှု့မှတ်နေပါ။စိတ်ကလေးမငြိမ်သက်ပဲဟိုရောက်ဒီရောက်ဖြစ်နေပါလိမ့်မယ်၊ စိတ်မပျက်ပါနဲ့၊ပျံ့လွင့်နေတဲ့စိတ်ကလေးကိုနှာသီးဖျားပေါ်ပြန်ပြီးခေါ်တင်ပါ။ ထွက်လေဝင်လေကိုကြိုးစားပြီးမှတ်နေပါ။


အဲ့ဒီလိုမှတ်နေတုန်းပဲစိတ်ကလေးကထွက်သွားတတ်ပါတယ်၊ သတိနဲ့ပြန်ပြီးခေါ်ပါ၊ဒါဟာဖြစ်ရိုးဖြစ်စဉ်ပါပဲ။ တစ်ဖြေးဖြေးနဲ့စိတ်ကလေးငြိမ်သက်လာပါလိမ့်မယ်၊ သတိပဋ္ဌာန်ဆိုတဲ့အတိုင်းသတိပြဋ္ဌာန်းတဲ့တရားဖြစ်ပါတယ်၊ သတိအားကောင်းလာတာနဲ့သမာဓိပေါ်လာပါတယ်၊ သတိနဲ့သမာဓိရင့်ကျက်လာလေရှု့မှတ်အားကောင်းလေလေဖြစ်လာပါမယ်၊ တစ်ခြားအာရုံတွေအပေါ်စိတ်မရောက်တော့ပဲထွက်လေဝင်လေအပေါ်မှာသာစိ တ်ကိုတည်ငြိမ်စွာထားနိုင်လာတာတွေ့လာရပါမယ်။


ဒီအာရုံအပေါ်မှာပဲမြဲမြဲမြံမြံ တည်ကြည်ငြိမ်သက်လာရင်စိတ္တဝိသုဒ္ဓိဖြစ်ပါပြီ ။ မိမိကမ္မဋ္ဌာန်းအာရုံပေါ်မှာစိတ်ကိုနိုင်နင်းစွာထားနိုင်တာကိုသမာဓိတည်ပြီလို့နား လည်ရပါတယ်။ကျေးဇူးတော်ရှင်ဝေဘူဆရာတော်ဘုရားကြီးက-ဒီအာနာပါနနည်းကိုတစ်ပြည်လုံးကြွရောက်ဟောကြားတော်မူခဲ့ပါတယ်၊၂၄-နာရီပြည့်အောင်တစ်ဆက်တည်းအားထုတ်ကြဖို့တဖွဖွတိုက်တွန်းတော်မူပါတ ယ်။၂၄-နာရီဣရိယာပုတ်လေးပါးလုံးနဲ့အာနာပါနသတိနဲ့နေနိုင်အောင်ကြိုးစားကြဖို့မိန် ကားတော်မူပါတယ်။


အဲ့ဒီလိုထွက်လေဝင်လေအာရုံအပေါ်မှာစိတ်စူးစိုက်ပြီးနေနိုင်အောင်သတိ ဝီရိယတို့နဲ့ကြိုးစားပေးရင်ခဏိကသမာဓိ၊ဥပစာရသမာဓိတို့ဟာမကြာခင် ဖြစ်လာနိုင်ပါတယ်။ မိမိတို့၏ ရရှိလာသော သမာဓိဖြင့် ပရမတ် နာမ် ရုပ်များကိုရှုပွားကာ ဝိပဿနာဘာဝနာသို့ ကူးပြောင်းကြရပါမယ်။


လောက်သေရွက် ၏ အစွမ်း

လောက်သေရွက် ၏ အစွမ်း


လောက်သေရွက် .....အော် သူလည်း စွမ်းပါသည် ။


လောက်သေ ပင် သည် လေ၊ သလိပ် သည်းခြေကို နိုင်၏ ။ အသက်ကို ရှည်စေ ၏။ ကာမကို အားပေး ၏။ရောဂါ


ဖြစ်စေသော ပိုးများ ကို ပယ်တတ် ၏။အဆီကို တိုးပွား စေ၏ ။ အူတို့ ကိုတွန့်ရှုံ့ စေတတ် ၏။အဖျား ...ရောဂါ


၊ အဖျားရောဂါ ကြောင့် ဖြစ်သော စိတ်မသက်သာ မှု ၊ လေရောဂါ၊ မြင်းသရိုက် ၊ ဖောရောင်ခြင်း၊ပန်းနာ ချောင်းဆိုး


၊ရေငတ်နှင့် အန်ခြင်း တို့ကို ပျောက်စေနိုင်သည်။


ဆီးတွင် သွေးပါသော ရောဂါ အတွက် အမြစ်ကို ငရုတ်ကောင်း အနည်းငယ် ထည့်ကျိုပြီးဆီးပြွန် ချောင်းမှ ၎င်း ပြုတ်


်ဆေး ကို ဖန်ပြွန် ပိုက် စသည်ဖြင့် သွင်းပေး သော် ပျောက်၏။ အရွက် မနုမရင့် ကို ပြုတ်၍ သုပ်စား ခြင်း၊ တို့စားခြင်း


ဖြင့် ၀မ်းကိုက် ရောဂါ ၊၀မ်းဖော ၀မ်းရောင် ရောဂါ ၊ ကလေးများသန်ဝမ်းကိုက် ခြင်း၊ ရင်ပြည့်ရင်ကယ်ြ ဖစ်ခြင်းပျောက်


၏။အရွက်ကို လက်ဖက် ခြောက် ကဲ့သို့ သောက်သုံးသော် ဆီးပူ ဆီးအောင့် ရောဂါ နှင့် အရေပြားရောဂါ ပျောက်၏။


၎င်းအရွက်ကို အခြားသော ဆေးပင် တို့နှင့် ပေါင်းစပ်၍ဆီးရွှင် ဆေးအဖြစ်ဖော်စပ် သုံးနိုင်သည်။ လောက်သေရွက်


နှင့် ထားဝယ် မှိုင်းရွက် ကို ရေနွေးဖြော ၍ သုပ်စား သော် ဆီးပူ ၊ဆီးအောင့် ၊ ၀မ်းကိုက် ၊ သွေ့းဝမ်းသွား၊သွေးမြင်း


သရိုက် ၊ မီးယပ် သွေးလွန် တို့ကို ရပ်တန့် စေသည်။ လောက်သေ ရွက်ခြောက် ၊ ဖလံတောင် ဝှေး ရွက်ခြောက်တို့က


ဆတူ အမှုန့် ပြု ၍ အုန်းဆီ နှင့် ဖျော် စပ်ပြီးနေပူပူတွင်လှန်း၍ အပေါ်ဆီအကြည်ကိုနားတွင်းသို့ အစက်ချခြင်း၊ကြက်


တောင်နှင့် ကြပ်ပေးခြင်းပြုလုပ်ပါကနားပြည်ယို ၊နားကိုက် ရောဂါ များပျောက်ရန်နားတွင်းရှိပိုးများကိုသေစေသည်။


လိမ်းဆေး အဖြစ် သုံးပါက ၀ဲနာ၊အနာစက်နာ ၊အနာမီးလျှံ ၊ အိုင်းနာ၊ဒက်နာများ ပျောက်၏။လောက်သေရွက်၊စံကား


စိမ်း ပွင့်ခြောက်တို့ကို နှမ်းဆီ စစ်စစ်နှင့် စိမ်ပြီး ခေါင်းလိမ်းဆီအဖြစ် သုံးပါက ခေါင်းကိုက် ၊ ခေါင်းပူ ၊ ဗောက်ထခြင်း ၊


ယားခြင်း ၊သန်းပေါခြင်း များ ပျောက် ၍ ဦးနှောက် ကို ကြည်လင် စေသည်။


လောက်သေရွက် နှင့် ဆောက်ပြာရွက် ၂ မျိုးကို ပြုတ်၍ ရေနွေးနွေးဖြင့် မီးဖွားပြီးနောက် မိခင်ကိုလည်းကောင်း ၊


ကလေးကို လည်းကောင်းချိုးပေးပါကကျဗဟုံးရောဂါ၊ မွေးကတည်းကပါလာတတ်သောသူငယ်နာမျိုးစုံ၊အကြောတက်


၊ အကြောကပ် ရောဂါနှင့် မိဘကိုယ်မှ ကူးစက်တတ် သောရောဂါ များကိုကာကွယ်နိုင် ၏။လောက်သေရွက်ကိုကိုယ်


်ပူ ချွဲထ ၊အညှော်ဝင် ၊ချောင်းဆိုးနှာစေး၊ နှာပိတ် ရောဂါ အတွက် လည်းဆေးဖော် စပ်သုံးနိုင် ၏ ။


လောက်သေရွက် ၊ ရေခရာ ရွက် ၊ နနွင်းရိုးရိုး အရွက် ဆတူ အကျွမ်းလှော်၍ နှမ်းဆီတွင်ဖျော်လိမ်းပါကကလေးများ


ချက်ကြိုး ချက်တိုင် ကိုက်ခြင်း ပျောက်၍ချက်ကြိုး ကြွေလွယ်၏ ။ နို့ချောင်းပိတ်၊ နို့နာ၊ နို့ပျဉ်းထသောမိခင် များကို


လိမ်းပေးကလျင်မြန်စွာ သက်သာ ပျောက်ကင်းစေ၏ ။ ကလေးများ အနာစက်၊ ၀ဲစို၊အိုင်းနာ ကို လောက်သေရွက်


အကျွမ်းလှော်၍ ရေနံကြီးစစ် စစ် နှင့် လူးလျှင် ပျောက်၏။


ကျွဲ နွား များ အနာပေါက်၍လောက်ကောင် များကျခြင်း ၊င ပိအိုးတွင်လောက်ကောင်များကျခြင်းအတွက်၎င်းလောက်


သေရွက် ကို ထောင်း၍အမှုန့်ဖြူး ပေးသော်လောက်များသေကြေပျက်စီး ပြီး အနာများ ကို လည်းအသားနုတက်၍


ကျက်စေ၏။စအို မျှော့ ၀င်ကာ ရောဂါ အတွက်လောက်သေရွက်၊ ကြွက်နားပေါင်းရွက်၊ ကြက်မွေး (ကြက်တောင်မှ


အမွေး)၎င်း၃ ပါးဆတူ စု၍ ပြုတ်ပြီးအငွေ့ကိုချွေးအောင်းသကဲ့သို့ အိုးပေါ်တွင်ထိုင်ပြီးအခိုးအငွေ့ များအခြားသို့


မထွက် နိုင်ရန် ခါးအောက်ပိုင်းနှင့် အိုးကို ပါ အ၀တ်ထူထူရစ်ပတ်၍အငွေ့ မှိုင်းခံပါကမျှော့များအကောင်လို က်သော်


လည်းကောင်း၊ကြေပြုတ်၍သော်လည်းကောင်း ကျလာစေ ၏ ။


လောက်သေရွက် နှင့် ကြွက်နားပေါင်းဆတူပြုတ် ၍ လက်ဖက်ရည်ကြမ်းပန်းကန်လုံးနှင့်လည်းခပ်ပူပူသောက်ပေးရ၏


credit>>>Mg Mandalay


သယမ္ဘူဉာဏ် ဆိုတာ ဘယ်ဟာမျိုးလဲ၊ သဗ္ဗညုတဉာဏ်လား

သယမ္ဘူဉာဏ် ဆိုတာ ဘယ်ဟာမျိုးလဲ၊ သဗ္ဗညုတဉာဏ်လား


ဒကာ။ ။“ဆရာမကူ သယမ္ဘူဉာဏ်မြတ်ဖြင့် တတ်တတ်ထင်ထင် ကိုယ်တော်တိုင် သိမြင်တော်မူသော” ဆိုတဲ့ နေရာမှာ ဘယ်ဟာတွေကို ဘယ်လို သိမြင်တာကို ခေါ်ဆိုပါသလဲ ဆရာတော်၊ သဗ္ဗညုတဉာဏ်မျိုးလား။ ဆရာ။ ။သယမ္ဘူဉာဏ်ဆိုတာ ဘုရားအလောင်းတော် များ ဘုရားဖြစ်လိမ့်မည်ဟု ဗျာဒိတ်တော်ခံယူ ရရှိပြီးတဲ့အခါ ငါ ဟာ...ဘုရားဖြစ်ဖို့ရာ ဘယ်လို အကျင့်တရားပါရမီများကို ကျင့် ပွားအားထုတ်သွားရမှာလဲဟု ဆင်ခြင် စဉ်းစားလိုက်သည်နဲ့ တပြိုင် နက် ထက်မြက်သော စိတ်တော်ထဲမှာ ရနိုင်ရေးအတွက် ပါရမီဆယ် ပါး အပြားသုံးဆယ်နဲ့စွန့်ခြင်းကြီးများ စရိယတရားများဟာ အလိုလို ထင်ထင်ရှားရှား ဘွားခနဲ ဘွားခနဲ အပိတ်အပင် အတားအဆီးမရှိဘဲ သိမြင်သိမြင်ကာ ပေါ်ပေါ်လာတာကို “ဆရာမကူ သယမ္ဘူဉာဏ် တော် မြတ်” လို့ခေါ်တယ်။ သဗ္ဗညုတဉာဏ်ဆိုတာက(ဘုရားအဖြစ်ရောက်မှ) အရဟတ္တမဂ် ဉာဏ်နဲ့ မရှေးမနှောင်းဖြစ်ပေါ်လာတဲ့ မသိတာဆိုလို့ ဘာမှမရှိတဲ့ အကြွင်းမရှိ ကုန်အောင်စုံသိတဲ့ ဉာဏ်ကို ခေါ်ဆိုတာ။ လိုရင်းသိမှတ်ဖို့က ဘုရားမဖြစ်ခင်ဗျာဒိတ်ရပြီးသား အလောင်းတော်ကြီးများ ဘုရားဖြစ်ရန်အတွက် ဘုရားဖြစ်နိုင်ဖို့ ဖြည့် ကျင့်ရမည့် ပါရမီတရားများကိုအလိုလိုသိလာတဲ့ “ပါရမီပဝိစယ” ဉာဏ်တော်ကို သယမ္ဘူဉာဏ်မြတ်လို့မှတ်ရမယ်၊ သဗ္ဗညုတဉာဏ် ကိုတော့ ဘုရားဖြစ်မှ ပေါ်လာတဲ့ ဉာဏ်လို့မှတ်၊ တခြားစီပဲ၊ ကဲ... နားလည်လောက်ပါပြီနော်။ ဒကာ။ ။မှန်ပါ့၊ သယမ္ဘူဉာဏ်နဲ့ သဗ္ဗညုတဉာဏ်ကို ကွဲပြားစွာသိရလို့ကျေးဇူးတင်လှပါတယ် ဆရာတော်။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


Sunday, May 26, 2013

စကားဟူသည်

စကားဟူသည်

တနေ့သ၌မြတ်စွာဘုရားသခင်သည် စကားပြောခြင်းနှင့် ပတ်သက်၍ အကျိုး-အပြစ်တို့ကို ဤသို့ မိန့်ကြားတော်မူ၏။ ရဟန်းတို့-စကားများသော ပုဂ္ဂိုလ်သည် အပြစ် ၅-မျိုးရှိ၏၊ ယင်းတို့မှာ-၁။ မဟုတ်မမှန် ပြောမိတတ်၏။ ၂။ အခင်အမင်ပျက်အောင် ပြောမိတတ်၏။ ၃။ ကြမ်းတမ်းစွာ ဆိုမိတတ်၏။ ၄။ အကျိုးမဲ့စကားကိုဆိုမိတတ်၏။ ၄။ သေသည့်အခါငရဲသို့ ကျရောက်ရတတ်၏။


ရဟန်းတို့-ပညာဖြင့် နှိုင်းချိန်၍စကားပြောဆိုတတ်သူသည် အကျိုး ၅-မျိုးရှိ၏။ ယင်းမှာ-၁။ မဟုတ်မမှန် မပြောမိတတ်။ ၂။ အခင်အမင်ပျက်အောင် မပြောမိတတ်။ ၃။ ကြမ်းတမ်းသောစကားမဆိုမိတတ်။ ၄။ အကျိုးမဲ့စကား မဆိုမိတတ်။ ၅။ သေသည့်အခါနတ်ပြည်သို့ ရောက်ရ၏။


ရဟန်းတို့-စကားပြောဆိုသော ပုဂ္ဂိုလ်၌ အကျိုး-အပြစ်တို့သည် ဤ၅-မျိုးတို့တည်း-ဟု မိန့်တော်မူ၏။


( အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ် ဗဟုဘာဏိသုတ် )


Saturday, May 25, 2013

အဘယ်မှာ ဖန်ဆင်းလို့ ရမည်နည်း (ကုသိုလ်-အကုသို လ်နှင့် ၄င်းတို့၏အကျိုးတရားများ)

အဘယ်မှာ ဖန်ဆင်းလို့ ရမည်နည်း (ကုသိုလ်-အကုသို လ်နှင့် ၄င်းတို့၏အကျိုးတရားများ) ****************************** *************************** ကံဆိုတာ ပြုလုပ်ဆောင်ရွတ်မှု(ကာယကံ)။ပြောဆိုမှု(ဝစီကံ)။ကြံစည်မှု(မနောကံ)တွေကို ကံလို့ခေါ်တယ်ဆိုတာကို အကျဉ်းချုပ်မှတ်သားလိုက်ပါ။အဲဒီ ကံဟာ အကုသိုလ်ကံ(မကောင်းကံ)။ကုသိုလ်ကံ(ကောင်းကံ)ဆိုပြီးနှစ်မျိုးရှိပါတယ်။ မကောင်းတဲ့ကံ အကုသိုလ်ကံက ၁။ပါဏာတိပါတ -သူ့အသက်သတ်မှု။ ၂။အဒိန္တွာဒါန -သူဥစ္စာခိုးမှု။ ၃။ကာမေသုမိစ္ဆာစာရ-သူ့အိမ်ယာလွန်ကြူးမှုဆိုပြီး( ၃)မျိုးရှိပါတယ်။အဲဒီအကုသိုလ်ကံ(၃)မျိုးက ကိုယ်နဲ့ပြုလုပ် တာဖြစ်လို့ ကာယကံလို့ခေါ်ပါတယ်။


နောက်-နှုတ်ဖြင့်ပြောဆိုတဲ့ ဝစီကံဆိုတာရှိပါတယ်။ ၁။မုသာဝါဒ-လိမ်လည်ပြောဆိုမှု။ ၂။ပိသုဏဝါစာ -အချစ်ပျက်အောင်(သူတစ်ပါးတို့၏ခ င်မင်မှုကိုပျက်ဆီးအောင်)ကုန်းတိုက်မှု။ ၃။ဖရုသဝါစာ -ကြမ်းတမ်းသောစကားကိုပြောဆိုမှု။ ၄။သမ္ဖပ္ပလာပဝါစာ-အကျိုးမဲ့စကားပြောဆိုမှု။ဒါက ဝစီကံလေးပါးပါ။


နောက်-စိတ်ထဲကကြံစည်တဲ့ မနောကံဆိုလည်း(၃ )ပါးရှိသေးတယ်။ ၁။အဘိဈ္ဇာ -သူတစ်ပါးဥစ္စာ သူတစ်ပါးစီးပွား ကို(မတရား)လိုချင်မှု။ ၂။ဗျာပါဒ-သူတစ်ပါးကိုပြစ်မှားမှု။ ၃။မိစ္ဆာဒိဌိ -မှားယွင်းသည့် အယူအဆ(အယူမှား)။ဒါက စိတ်နဲ့ကြံစည်ပြီးဖြစ်တဲ့ အကုသိုလ် မနောကံ(၃)ပါးပါ။ မကောင်းတဲ့ အကျင့်စရိုက်တွေဖြစ်လို့ ဒုစရိုက်လို့လည်းခေါ်တယ်။အကုသိုလ်ကံလို့လည်းခေါ်တယ်။


ကောင်းတဲ့ကုသိုလ်ကံ ဆိုတာ အဲဒီမကောင်းတဲ့ အကုသိုလ်တွေကို မပြုပဲ ရှောင်ကြဉ်ရင် ကုသိုလ်ဖြစ်တယ်။ (ဥပမာ)ခြင်တစ်ကောင်ကို သတ်လိုက်ရင် ပါဏာတိပါတကံဖြစ်ပြီး အကုသိုလ်ကံဖြစ်ပါတယ်။ ဒါပေမယ့်မသတ်ပဲ ရှောင်ကြဉ်လိုက်ရင် အကုသိုလ်မဖြစ်ပဲ ကုသိုလ်ဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ကုသိုလ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဒုစရိုက် မကောင်းမှုကို ရှောင်ကြဉ်လိုက်ရုံနဲ့ ကုသိုလ်သဘောက မကုန်သေးပါဘူး။ ဒါန -ပေးကမ်းလှူဒါန်းမှု။ သီလ -ကိုယ်ကျင့်တရား ကောင်းမွန်မှု။ထိန်းသိမ်းမှု။ ဘာဝနာ -သမထ ဝိပဿနာပွားမှု။ ဒါတွေလည်းကုသိုလ်လို့ခေါ်တယ်။ထို့ပြင်အခြား ကုသိုလ်ရေးဆိုင်ရာ အမူအရာ(ပုညကြိယာ ဝတ္ထု)ဆိုတာရှိသေးတယ်။ ၁။ဒါန -ပေးကမ်းလှူဒါန်းမှု။ ၂။ သီလ -ကိုယ်ကျင့်တရားကောင်းမွန်မှု ထိန်းသိမ်းမှု(သ က်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများလိုက်နာမှု) ၃။ဘာဝနာ -ကုသိုလ်တရားဖြစ်ပေါ်တိုးပွားစေမှု။(သမထ ဝိပဿနာပွားမှု)။ ၄။အပစာယန -မိဘ ဆရာသမား စသည့် မိမိထက် အသက်သိက္ခာရာထူးဂုဏ်သိန် ကြီးမားသူတို့ကိုအရိုအသေပေးမှု။ ၅။ဝေယျာဝေစ္စ - ဘုရား တရား သံဃာ မိဘဆရာသမား စသူတို့ရဲ့လုပ်ငန်းဆောင်တာများကိုဆောင်ရွတ်ပေးမှု။ ၆။ပတ္တိဒါန-မိမိပြုလုပ်လှူဒါန်းဆောင်ရွတ်ခဲ့သော ကုသိုလ်အဖို့ကို (မိမိနှင့်ထပ်တူ)ရကြစေဟူသော သဘောထားဖြင့်အမျှပေးဝေမှု။ ၇။ပတ္တာနုမောဒန -သူတစ်ပါးတို့ကပေးဝေသည့် ကုသိုလ်ကောင်းမှု၏အပေါ်တွင် ဝမ်းမြောက်ကြည်နူးစွာသာဓုခေါ်ဆိုမှု။ ၈။ဓမ္မဿဝန -တရားနာခြင်း။ ၉။ဓမ္မဒေသနာ -အများချမ်းသာစေဖို့ဖြူစင်သောစေတနြာ ဖင့် ဟောပြောပို့ချမှု။ ၁၀။ဒိဌိဇုကမ္မ -အယူဖြောင့်အောင်ယူမှု။(ကုသိုလ်က အကုသိုလ် ကံနှင့် ၄င်းတို့၏ အကျိုးတရားများကိုအမှန်မြင် အမှန်သိလျှင် ဒိဌိဇုကမ္မပုညကြိယာဝတ္ထုဖြစ်၏)။ဒါ တွေအားလုံးချုပ်လိုက်တော့ ဒါန သီလ ဘာဝနာပါပဲ။ ကာမာဝစရ ကုသိုလ်ကံလို့ခေါ်ပါတယ်။ဒါနသီလ ဘာဝနာ ဖြစ်သွားပုံက ဒီလိုပါ။ဒါနအုပ်စုထဲမှာ ပတ္တိဒါန။ပတ္တာနုေ မာဒနာ နှစ်ပါးဟာ စွန့်ခြင်းသဘောရှိလို့ ဒါနအုပ်စုထဲကို ထည့်သွင်းရတာဖြစ်လို့ ဒါနလို့ခေါ်လို့ရပါတယ်။ အပစာယနနှင့် ဝေယျာဝေစ္စ နှစ်ပါးက ဖြည့်ကျင့်ရတဲ့အ တွက်ကြောင့် စာရိတ္တသီလဖြစ်ပါတယ်။ဒါကြောင့် သီလအမျိုးအစားထဲထည့်သွင်းရတာဖြစ်လို့ သီလလို့ခေါ်ပါတယ်။ ကျန်တဲ့ ဓမ္မဿဝန။ဓမ္မဒေသနာနှင့် ဒိဌိဇုကမ္မကတော့ ဘာဝနာထဲကိုထည့်သွင်းရပါတယ်။ဒါကြောင့် ပုညကြိယာဝတ္ထုဆယ်ပါးဆိုတာ ဒါနသီလ ဘာဝနာလို့ပြောခြင်းဖြစ်ပါတယ်။ဒါနသီလ ဘာဝနာ ကိုကံလိုခေါ်တယ်။ဘာကံလဲလို့ဆိုတော့ ကာမာဝစရကုသိုလ်ကံလို့ခေါ်ပါတယ်။ကာမာဝစရကုသိုလ်ကံဆိုတာ ကာမဘုံမှာဖြစ်လို့ကာမာဝစရကုသိုလ်ကံလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ဦးဇင်းတို့ဗုဒ္ဓဘာသာအလိုအရ သုံးဆယ့်တစ်ဘုံရှိပါတယ်။


ငရဲ တိရိစ္ဆာန် ပြိတ္တာ အသုရကာယ်ဆိုတဲ့အပါယ်လေးဘုံ။ လူဘုံ။နတ်ပြည်ခြောက်ထပ်(နတ်ဘုံခြောက်ဘုံ) အရူပလေးဘုံ။ ရူပတစ်ဆယ်ခြောက်ဘုံဆိုပြီးသုံးဆယ့်တစ်ဘုံရှိပါတယ်။ (အပါယ်လေးဘုံရယ် လူဘုံရယ် နတ်ဘုံခြောက်ဘုံ )ပေါင်းတော့ တစ်ဆယ့်တစ်ဘုံက ကာမဘုံလို့ခေါ်တာပါ။ ဒါဖြင့် ဒါန သီလ ဘာဝနာ ကုသိုလ်ကံတွေသည် ကာမဘုံမှာဖြစ်လို့ကာမာဝစရကုသိုလ်ကံလို့ခေါ်တာပါ။နောက် အရူပါဝစရကုသိုလ်ကံ။ရူပါဝစရကုသိုလ်ကံရယ် မဂ်ကုသိုလ်ရယ်ဆိုပြီး ကုသိုလ်အမျိုးစားတွေရှိပါသေးတယ်။ အရူပါဈာန်တွေကတော့ အရူပါဝစရကုသိုလ်ကံ။ ရူပဈာန်တွေကတော့ ရူပါဝစရကုသိုလ်ကံ။ ဝိပဿနာအားထုတ်လို့ သောတာပန်စသည်တည် သွားအောင်အားထုတ်တာကတော့ မဂ်ကုသိုလ်ပေါ့။ စသည်ဖြင့်ပေါ့လေ ကုသိုလ်ကံအမျိုးစားတွေရှိနေတာပါ။


ဒီတော့ကံဆိုတာ ဆိုခဲ့ပြီးတဲ့အတိုင်း ကောင်း မကောင်း ဆောင်ရွတ်မှုကို ကံလို့ခေါ်တာပါ။ နောက် ကံရဲ့အကျိုးတရားဆိုတာက အဲဒီ ကိုယ်ပြုလိုက်တဲ ကောင်းမှု။မကောင်းမှုအလိုက် သက်ရောက်မှုတွေပါပဲ။ ဥပမာ-သူ့အသတ်သတ်မှုဆိုတဲ့ မကောင်းမှုအကုသိုလ်ကိုလုပ်ရင် သတ်မှတ်ထားတဲ့ဥပဒေများနှင့်ငြိစွန်းပြီး ပြစ်ဒဏ်ကျမယ်။ဥပမာလူတစ်ယောက်ကိုသတ်လိုက်ရင်။ သူတစ်ပါးဥစ္စာကိုခိုးယူလုယက်ရင်စသည်ဖြင့်မကောင်း မှုပြုတယ်ဆိုပါစို့။အဲဒီလူဟာ မသေခင်မှာလည်း တရားဥပဒေအရအရေးယူခံရသလို။သေပြီးလို့နောက်ဘ ဝကျရင်လည်းအသက်တိုခြင်း။ဆင်းရဲခြင်း စသည်ဖြင့်ပေါ့လေ မကောင်းကျိုးကိုပြန်ပြီးခံစားရတယ်။ အခုဘဝ တစ်ချိုးဆို အမိဝမ်းထဲမှာတင်သေသွားတာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတာတွေကိုကြည့်ရင် အဲဒီပုဂ္ဂိုလ်များဟာ အတိတ်က သူတစ်ပါးအသက်ကို သတ်ဖြတ်ခဲ့လို့ဆိုတာ သိသာပါတယ်။ယခုဘဝမှာစည်းစိမ်ဥစ္စာနည်းပါးဆင်းရဲကြတာဟာလည်းသူတစ်ပါးပစ္စည်းက မတရားခိုးယူ လုယက်ခဲ့လို့ဆိုတာသိနိုင်ပါတယ်။ဒါက အကျဉ်းလောက် ဥပမာပေးခြင်းဖြစ်ပါတယ်။ဒါက အကုသိုလ်ကံရဲ့အကျိုးအပြစ်တွေပါ။ ကုသိုလ်တွေပြုရင်လည်းကောင်းကျိုးချမ်းသာတွေဖြစ်မယ်။ ဒီဘဝမှာအသက်ရှည်တယ်။အနာကင်းတယ်.ကျန်းမာတယ်ဆိုတာ အကြောင်းမဲ့သက်သက်မဟုတ်ပဲ အတိတ်က ကိုယ်ပြုလုပ် စောင့်ထိန်းခဲ့တဲ့သီလကြောင့်ပါ။ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတယ်ဆိုတာလည်း အလှူအတန်းတွေပြုလုပ်ခဲ့လို့ပါ။အသက်ရှည်တယ် အဆင်းလှတယ် ချမ်းသာကြီးတယ် ခွန်းအားကြီးတယ် ဆိုတာတွေလည်းအကြောင်း


မရှိပဲဖြစ်လာတဲ့အကျိုးတရားမဟုတ်ဘဲ ကိုယ်ပြုထားတဲ့ ကုသိုလ်ကံ တွေကြောင့် ဒီအကျိုးတရားတွေ ခံစားရတယ်ဆိုတာ အသေချာမှတ်စေချင်ပါတယ်။ကိုယ်က သူတစ်ပါးကိုကူညီတယ်ဆိုရင်လည်း အဲဒီကုသိုလ်နဲ့ အလားတူ တန်ပြန်တဲ့ အကျိုးသက်ရောက်မှုတွေဖြစ်လာမှာပါ။သူတစ်ပါးကိုကူညီလိုက်လို့ ကိုယ့်အလှည့်ကျရင်လည်းတစ်ခြားသူတစ်ပါးက ပြန်ပြီးကူညီတဲ့သဘောပါပဲ။ဒါက ကုသိုလ်ကံရဲ့အကျိုးတရားတွေပါ။ဒီလိုဆိုကုသိုလ်ကံ အကုသိုလ်ကံကိုလည်းသိလောက်ပြီး။ကုသိုလ်ကံ အကုသိုလ်ကံတွေရဲ အကျိုးတရားတွေကိုလည်းသိလောက်ပါပြီ။မယုံမရှိပါနဲ့။ မယုံဘူးဆိုရင်လက်တွေ့စမ်းသပ်ပါ။တကယ်မှန်ပါမှလ က်ခံပါ။ဒါကဗုဒ္ဓမြတ်စွာဘုရားရဲ့တရားပါ။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ဝါဒပါ။ဗုဒ္ဓရဲ့တရား ဗုဒ္ဓရဲ့ဝါဒက ဇွတ်မှိတ်ပြီးမယုံခိုင်းပါဘူး။ဇွတ်မှိတ်ပြီးယုံကြည်ခိုင်းတဲ့ဝါ ဒမဟုတ်ပါဘူး။မယုံရင်စမ်းသပ်ကြည့်လို့ရတဲ့ အာမခံချက် ရာခိုင်နှုန်းအပြည့်ပေးနိုင်တဲ့တရားပါ။အာမခံရဲရဲကြီးပေးထားတဲ့ဝါဒပါ။ အားလုံးသောဒကာ ဒကာမများအကုသိုလ်ဟူသမျှေ ရှာင်ကြဉ်ပြီး ကုသိုလ်တရားများကိုအသက်ထက်ဆုံြး ပုလုပ်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေဟု ဆန္ဒပြုလိုက်ပါသည်။ အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)


"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT