မြတ်ဗုဒ္ဓ၏မှာစကား(အသက်ရှည်လိုသော်) -------------------------------------------အသက်ရှည်လိုသူသည်အောက်ပါမြတ်ဗုဒ္ဓ၏အမှာစကားကို သိရှိနားလည်သင့်သည်။ (၁)သပ္ပါယကာရီ= သင့်လျှော်ရာကိုပြုလေ့ရှိရမည်။ (၂)သပ္ပါယေ မတ္တံ ဇာနာတိ= သင့်လျှော်ရာ၌အတိုင်းအရှည်ကိုသိရမည်။ (၃ )ပရိဏတဘောဇီ= ကြေညက်လွယ်သောအစာကိုသာစားရမည်။ (၄)သီလ၀ါ= ကိုယ့်ကျင့်သီလပြည့်စုံရမည်။ (၅)ကလျာဏမိတ္တော=မိတ်ဆွေကောင်းရှိရမည်။ အထက်ပါအင်္ဂါ(၅)ပါးနှင့်ပြည့်စုံလျှင်အသက်ရှည်နိုင်၏။(ဗုဒ္ဓ) "ဤလူ့ ဇာတ်၌၊လျှောက်ပတ်ကျင့်ငြား၊လျှောက်ပတ်စားနှင့်၊ ဆေးဝါးစာကြေ၊ သွားထွေကာလ၊ဗြဟ္မစာရီ၊ဤငါးလီမူ၊လောကီလူပေါင်း သက်ရှည် ကြောင်းတည်း။"(မဃဒေ၀)။
Saturday, May 25, 2013
ဘုရားရှင်ဟာ ခန္ဓာဘုရားလား ဥာဏ်ဘုရားလား?
ဘုရားရှင်ဟာ ခန္ဓာဘုရားလား ဥာဏ်ဘုရားလား? ဘုရားရှင်သည် လူသားဇာတ်တစ်ဦးဖြစ်ပါတယ်။ လူတွေခန္ဓာကိုယ် လို ဘုရားရှင်မှာလဲ ခန္ဓာကိုနဲ့ပါပဲ၊ သို့သော် ဘုရားရှင်ရယ်လို့ အမည် ရခြင်းသည် သဗ္ဗညုတဥာဏ်တော် တည်နေလို့ပါပဲ။ ဘုရားရှင်၏ သန္တာန်သို့ သဗ္ဗညုတဥာဏ်တော် မရောက်မီက ငါသည် ဘုရားဖြစ်၏ လို့ ၀န်ခံတော်မမူခဲ့ပါဘူး။ သဗ္ဗညုတ ဥာဏ်တော်ကိုရပြီးမှသာ ဘုရား ရယ်လို့ မိမိကိုယ်ကို ၀န်ခံတော်မူခဲ့ပါတယ်။ဒါပေမယ့် သဗ္ဗညုတဥာဏ် တော်ဟာ ဒီအတိုင်းကြီးတည်နေတာမဟုတ်ဘူး ခန္ဓာကိုယ်တော်ကို မှီပြီတည်နေတာပါ။ကော်နဲ့ ကပ်ထားသလိုမျိုးတည်နေတဲ့ သြပသိလေ သိကာ-တည်နေပုံမျိုးမဟုတ်ဘူး။အရာမျှလောက်တည်နေတဲ့ ၊ ဝေသ ယိက-တည်နေပုံမျိုးလည်းမဟုတ်ဘူး။အနီးကပ်တည်နေတဲ့ သာမီပိ ယာ-တည်နေပုံမျိုးလဲ မဟုတ်ဘူး။ခန္ဓာကိုယ်တော်တစ်ခုလုံးကို မွှမ်း ထုံးပြီးတည်နေတဲ့ဗျာပိကာ-တည်နေပုံမျိုးဖြစ်တယ်။ ဥပမာအနေနဲ့ လောကမှာ အမွှေးနံ့အထုံလိုပဲ။ အမွှေးထုံကို လိုချင်တဲ့သူဟာ နံ့သာ တုံးကို ယူလိုက်တယ် ဆိုပါစို့၊ အဲဒီနံ့သာခဲကို သူလိုချင်တာတော့မ ဟုတ်ဘူး။အမွှေးနံ့သာကိုလိုချင်တာ။ဒါပေမယ့် အနံ့ရဲ့ တည်ရာ နံ့သာတုံးကိုပါယူရတယ်။အဲဒီလိုပဲ ဘုရားလို့ဆိုလိုက်တာနဲ့ ဥာဏ် တော်ရဲ့တည်ရာ ခန္ဓာတော်ကိုပါ ကောက်ယူရပါတယ်။
ဥာဏ်တော်သာဘုရားလို့ ဆိုလိုက်ရင်ဒေ၀ဒတ်က ဘုရားရှင်ကို သွေးစိမ်းတည်အောင်လုပ်တာ အနန္တရိယကံထိုက်စရာ အကြောင်း မရှိဘူး။ ဓါတ်တော်မွေတော်တွေကို ပူဇော်တာလည်းအကျိုးမရှိ ဘူး။အဲလိုဖြစ်သွားလိမ့်မယ်။အဲလိုယူပြီးဖျက်ဆီးမှုတွေလုပ်ရင် ပဉ္စာနန္တရိယကံလောက်နီးပါး အပြစ်ဖြစ်လိမ့်မယ် ဘာဖြစ်လို့ အဲဒီလိုပြောတာလဲဆိုရင် ပေတ၀တ္ထုအဋ္ဌကထာ ၁၉၆-၇ မှာ အဇာ တသတ်မင်းကြီးက ဘုရားရှင်ရဲ့ဓါတ်တော်များကို အမွေရပြီးတဲ့ အခါ ခုနစ်နှစ်၊ခုနစ်လ၊ခုနစ်ရက်လုံးပူဇော်တဲ့အခါ ကြည်ညိုတဲ့သူ တွေက နတ်ပြည်ရောက်ကြပြီး မကြည်ညိုပစ်မှားကြတဲ့ သူတွေက ပြိတ္တာဖြစ်ကြရတယ်တဲ့။ ဒါဆိုရင် အဖြေကတော့ ဘုရားဆိုတာ ခန္ဓာရောဥာဏ်ရောကို ဆိုလိုတာလို့ မှတ်ယူနိုင်ပါပြီ။ တည်တောဆရာတော်၏ ဗုဒ္ဓ၀ါဒဆိုင်ရာအမေးအဖြေများ(၁) ကို ကောက်နှုတ်ရေးသားသည်။
အဝေးသင်တက္ကသိုလ်ပညာရေးသုံးသပ်ချက် ................................................... (ဒေါက်တာကျော်သူရ)
အဝေးသင်တက္ကသိုလ်ပညာရေးသုံးသပ်ချက်
................................................... (ဒေါက်တာကျော်သူရ)
အဆင့်မြင့်ပညာရေးနယ်တွင် အဝေးသင်ပညာရေးစနစ်ကို ထည့်သွင်းအကောင်အထည်ဖော်ရာ၌ဝေဖန်ဆန်းစစ်စရာ များ ရှိပါသည်။ရည်ရွယ်ချက်ကောင်းများဖြင့် ထူထောင်ထားသော်လည်း မျှော်မှန်းသလောက် ခရီးရောက်သလားဆိုတာကို သုံးသပ်ရန် လိုပါသည်။ အလုပ်လုပ်ရင်း ပညာရှာနိုင်သော အခွင့်အလမ်း ဖွင့်ထားပေးသော်လည်းတက္ကသိုလ်ပညာရေး လောကတွင် မလိုလားအပ်သော အကျိတ်အခဲလေး များကိုလည်း ပေါ်ပေါက်စေသည်။ပေါ်လွင်အောင် ဆိုရသော် Assignment ခေါ်စာစဉ်လွှာပေးပို့ခြင်းမှ အစ၊ အနီးကပ် သင်ကြားခြင်းအလယ်၊စာအဖြေလွှာတွေ စစ်ဆေးခြင်းအဆုံးအပွန်းအရှကလေးများရှိနေပါသည်။ထို့ထက် လူပြောအများဆုံးပြဿနာတစ်ရပ်မှာ အဝေးသင်တက္ကသိုလ်မှ ရရှိသော ဘွဲ့များ၏ အရည်အသွေး အာမခံချက်ပင်ဖြစ်သည်။ထိုသို့ ဖြစ်ရခြင်းအတွက် အကြောင်းများစွာ ရှိသော်လည်းအတွင်းစည်းမှ မြင်ရသမျှကို တင်ပြချင်ပါသည်။ပွင့်လင်းလွတ်လပ်မှု ရှိလာချိန်တွင် မိမိအထင်၊မိမိအမြင်ကိုချပြဖို့ ဝန်းကျင်ကောင်းတွေ ရှိလာ၍ဖြစ်သည်။
အဝေးသင်တက္ကသိုလ်သည် သူ့ချည်းသီးသန့် ရပ်တည်ဆောင်ရွက်နိုင်ခြင်း မရှိဘဲ နိုင်ငံတစ်ဝန်း ဖြန့်ခွဲထားသော တက္ကသိုလ်များ၏ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့နှင့်သင်ကြား၊ စီမံရေးရာဝန်ထမ်း အင်အားစုများအားအသုံးပြုကာ မောင်းနှင် အသက်သွင်းရခြင်းဖြစ်သည်။ အဝေးသင်ပညာရေးဖြင့် ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်များကို သင်ကြားပေးသော်လည်း လက်တွေ့ တန်းဆင်းရသော သိပ္ပံဘာသာတွဲကို လေ့လာသော ကျောင်းသား၊ ကျောင်းသူ အရေအတွက်သည် ဝိဇ္ဇာတွဲယူသူ၏အစွန်းထွက် ပမာဏသာ ရှိသည်။ထို့ကြောင့် အဝေးသင် ဝိဇ္ဇာတက္ကသိုလ် ပညာရေးဟုပင် ခေါ်ရမလို ဖြစ်နေသည်။ ထို့ကြောင့် ဝိဇ္ဇာရွှေခေတ်ဟု အဝေးသင်တက္ကသိုလ် သင်ကြားမှု ပုံစံအား အမည်တပ်သူကတပ်ကြသည်။သိပ္ပံဘာသာတွဲ ဆရာ၊ ဆရာမများသည် အခြေခံပညာရေးတွင်ဆင်းကာ ကျူရှင်ပြချိန်တွင် ဝိဇ္ဇာ ဘာသာတွဲမှ တက္ကသိုလ် ဆရာ၊ ဆရာမများသည် အဝေးသင်ပညာရေးတွင် အကြီးအကျယ် ကျူရှင်ပြနိုင်သောကြောင့် ဝိဇ္ဇာရွှေခေတ်ဟု ဆိုခြင်းဖြစ်သည်။ ဝိဇ္ဇာဘာသာတွဲ ဆရာ၊ဆရာမများထဲမှ ထူးထူးရှယ်ဟု သတ်မှတ်ရမည့် Eliteဆရာအတန်းစားမှာ မြန်မာစာနှင့် အင်္ဂလိပ်စာ ဆရာ၊ဆရာမများဖြစ်ပြီးအခြေခံပညာနှင့် အဆင့်မြင့်ပညာတွင်ပါ ခွချက်လုပ်နိုင်သူများ ဖြစ်သောကြောင့်ပင်။
အဝေးသင်ကျောင်းသား၊ ကျောင်းသူများအား နေ့တက်ကျောင်းသား၊ ကျောင်းသူများထက ပို၍ရင့်ကျက်ကာ ကိုယ်ပိုင် အသိစိတ်ဓာတ်ဖြင့်စာကို လေ့လာနိုင်မည်ဟု ယူဆသော်လည်း လက်တွေ့တွင် ထိုယူဆချက်သည် ခိုင်မာအားကောင်းခြင်း မရှိပါ။ အစိုးရအလုပ် သို့မဟုတ် အပြင်အလုပ် လုပ်ရင်းပင် မိမိတို့ယူထားသော ဘာသာရပ်များကို Self-Study လုပ်ရင်းဘွဲ့ရပညာတတ်များဖြစ်သွားဖို့ဆိုတာသည် စံသတ်မှတ်ချက် ဖြစ်သော်လည်းအများစုသော အဝေးသင်ကျောင်းသား၊ ကျောင်းသူများသည် သင်ခန်းစာများကိုကြိုတင်လေ့လာခြင်းမရှိဘဲ အနီးကပ်သင်ခါနီးမှ ကျူရှင်အားကိုးဖြင့် တစ်ပွဲတိုး အောင်ရန် လုံးပန်းကြတာ များပါသည်။ထိုသို့ လုပ်ဆောင်ခြင်းကြောင့် တက္ကသိုလ် အသိုင်းအဝိုင်းတွင် ကျူရှင်ဈေးကွက် ကြီးသည် ဟီးထကာ နေတော့သည်။အဆိုပါကျူရှင်၏နောက်ဆက်တွဲ ဆိုးကျိုးများမှာ ဆရာ၊ ဆရာမများအကြားအကြီးအကျယ် စိတ်ဝမ်းကွဲခြင်း၊ ညီညွတ်မှုမရှိခြင်းနှင့် ထက်အောက် အပြန်အလှန်လေးစားမှု လျော့နည်းခြင်းများပင်ဖြစ်သည်။ ကျူရှင်ရသူနှင့်မရသူအကြားဝင်ငွေကွာဟချက် ကြီးမားလာသည့်အတွက် ရသူက မော်ကြွားသလောက် သိပ်မရသူကမနာလိုစိတ်ပွားကာ အဆင့်မြင့်ပညာရေး ဝန်ထမ်းများဟုပင်ခေါ်ဆိုထိုက် ပါသလားဟု ဆဝါးဆင်ခြင်စရာ စိတ်အခြေခံများတွေ့နေရပေသည်။
သက်ဆိုင်ရာ ပါမောက္ခ (ဌာနမှူး)များက မျှမျှတတ ထိန်းကျောင်းပေးပါက ကျူရှင်ကိစ္စအတွက အက်ကြောင်းသံများဌာနအတွင်း၌သိပ်မထွက်သော်လည်း ဌာနမှူးကိုယ်တိုင်က ကျူရှင်ဈေးကွက်ကိုစီးပွားဖြစ် လုပ်ကိုင်ပါက အကွဲအပြဲ အတိုင်အတောကိစ္စများသည် ဖုံးမနိုင်ဖိမရဖြစ်တတ်ပါသည်။ကျူရှင်ကို စီးပွားဖြစ်လုပ် ငန်းသဖွယ် လုပ်ကြသည့်အတွက် ရာထူးပိုကြီးသူက မိမိရာထူးအား ရောင်းစားပြီးဈေးကွက်ဝေစုကို စိုးမိုးသကဲ့သို ရာထူးငယ်သူ များကလည်းအုပ်စုဖွဲ့(Grouping) လှုပ်ရှားကြရာ တကယ့်စီးပွားရေးအုပ်စုကွဲများကဲ့သို့ ပြိုင်ဆိုင်မှုသည်ပြင်းထန် လှပေသည်။ကျူရှင်ဈေးကွက်တွင် ဆရာ၊ ဆရာမများအတွက် ဘာသာရပ် ကျွမ်းကျင်မှုထက် လူမှုဆက်ဆံရေးသည် ပို၍ပင် အဓိက ကျလာသည်။ စီးပွားဖက် ဆရာ၊ဆရာမများနှင့် ပလဲနံပ သင့်ဖို့အတွက် တပည့်အပေးအယူ များလည်း ရှိလာသည်။Founder ခေါ်ကျောင်းသား၊ကျောင်းသူများ စုစည်းပေးသူသည် ကျူရှင်စီးပွားရေး အုပ်စုတွင် သြဇာကြီးမားသူများ ဖြစ်လာသည်။ တစ်ပွဲတိုး သင်ကြားမှုဖြစ်သည့်အတွက် ကျူရှင် Notesများ သည် ပြဋ္ဌာန်းစာများမှ အမြီးနုတ်၊ ခေါင်းနုတ်ဖြင့် ပီဘိ Power- Pointsများ ဖြစ်ကုန်တော့သည်။အတိုဆုံးဖြတ်တောက် သင်ပေးနိုင်သော ဆရာ၊ ဆရာမသည် ကျောင်းသား၊ ကျောင်းသူများအတွက် အာဂဆရာများဖြစ်လာ သည်။ ရယ်စရာနှင့် ပေါ်ပင် အကြောင်းအရာများပြောတတ်ဖို့သည် ကျူရှင် ဆရာ၊ ဆရာမဖြစ်ဖို့ မရှိမဖြစ် အရည်အချင်းများ ဖြစ်လာသည်။ အချို့ကျူရှင်ဆရာများသည် ကျူရှင်မပြပါက ဟာသမင်းသားပင် လုပ်၍ရပါသည်။ ရာထူး အခံရှိသူများက လုပ်ပိုင်ခွင့်ဖြင့် ဆွယ်ကာ သင်တဲ့အပုဒ် ပါမလာလည်း ချသာရေးဟု ညွှန်ကြားသလို၊ မနေ့တစ်နေ့ကမှ ဆရာဖြစ်လာသူတွေ ကလည်းဈေးကွက်ဝေစုကို တတ်နိုင်သမျှ များများ ရချင်ကြသည်။တစ်ပြည်လုံး အတိုင်းအတာဖြင့် အောင်မှတ်များကိုစလုတ်တိုက်ညှိချိန်တွင် ကျောင်းသား၊ ကျောင်းသူ များသည် ခေတ်ပျက်ဘွဲ့ရများအဖြစ် အသုတ်လိုက် ဘွဲ့ရကုန်တော့သည်။ထိုဘွဲ့ရများလုပ်ငန်းခွင်ဝင်တော့ အဝေးသင်ဘွဲ့ကို မခန့်ချင်သလိုလိုဖြစ်လာခြင်းသည် အရည်အသွေးအာမခံချက်ကြောင့်ဖြစ်သည်။
ကျူရှင်သည် ဆရာ၊ဆရာမများအတွက် အပိုဆောင်း ဝင်ငွေရကာ လူနေမှုဘဝပိုမိုအဆင်ချောစေဖို့ဟု မူလက သဘောသွားသော်လည်းနောက်ပိုင်းတွင်စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်လာသည်။အချို့ဆရာများနှင့် Founder များသည် အဝေးသင်ဝန်ထမ်းများနှင့် ပေါင်းကာ ကျောင်းသား၊ကျောင်းသူများ၏လိပ်စာများအရောက ကြော်ငြာကမ်းခြင်း၊ After Sale Serviceဟု ခေါ်ရမလားမသိ ...။အမှတ်များကြည့်ပေးခြင်း၊ အောင်မှတ်ရအောင် ဖြည့်ပေးခြင်းအပြင် အောင်စာရင်း ကိုပင် အသိပေး အကြောင်းကြားခြင်းကြောင့် ဝန်ဆောင်မှုစီးပွားရေးအဆင့်သို့ပင် တက်လှမ်း နိုင်တော့သည်။ ထိုသို့ ဝန်ဆောင်မှုကောင်းသော ကျူရှင်များသည် အောင်ပွဲခံကာ ရေပန်းစားတော့သည်။ မြိုးမြိုးမြက်မြက် ရဖူးသော ကျူရှင်ဆရာ၊ဆရာမများသည် ဤလုပ်ငန်း အဆင်ချော၊ သက်တမ်းရှည်ဖို့အတွက် ဌာနအတွင်းအထက်ဖား၊ အောက်ဖိ Policy ကို အသက်သွင်းကြသည်။ကျူရှင်ဖြင့် တိုက်ဆောက်၊ ကားစီးပင် လုပ်နိုင်သော ဆရာ၊ဆရာများရှိလာသောကြောင့် အောင်မြင်သူ နှင့် မအောင်မြင်သူအကြားကွာဟချက်သည် ကြီးမားလာပါသည်။ဌာနမှူး လည်းဖြစ်၊ ကျူရှင်နှင့်လည်း မကင်း၊ မေဂျာကလည်းကြီးဆိုပါက တစ်နှစ်၊တစ်နှစ် စာရင်းချုပ်လိုက်ပါက မျက်လုံးပြူးစရာ ကိန်းဂဏန်းများ ရှိတတ်၍သာမန်စီးပွားရေးလုပ်ငန်းရှင်လောက်ကတော့ ရယ်တာပေါ့ဟုပင် ဆိုရမည်။ကျူရှင်ဟူသော မိုးခါးရေကို သောက်ရင်းစံကိုက်သင်ကြားရေး၊သုတေသနပြုရေး ဆိုတာတွေနဲ့ တက္ကသိုလ်ဆရာ၊ ဆရာမအချို့ အလှမ်းဝေးလာသည်။ တက္ကသိုလ်ဆရာ၊ဆရာမတစ်ဦး၏ အောင်မြင်မှု အတိုင်းအတာကို ရေးသောကျမ်း၊ ထုတ်ဝေသော စာအုပ်ဖြင့်မတိုင်းဘဲ ကျူရှင်ဘယ်ရွေ့ဘယ်မျှ ပြနိုင်သလဲ ဆိုတာနှင့် တိုင်းတာလာကြသည်။ကျူရှင်ဆရာ၊ ဆရာမအချို့သည် တပည့်များမိမိတို့ကို မည်ရွေ့မည်မျှ သိတတ်ကြောင်း၊မည်သို့သော ပစ္စည်းများဖြင့် လာရောက်ဂါရဝပြုကြောင်းကို ဂုဏ်ဖော်ကာ ပြောကြားရင်း ကြည်နူးရွှင်ပျ ကျူရှင်ဆရာဘဝကို အခါအခွင့်ရပါက ကြွားကြသည်။ပိုးပုဆိုးကဘယ်နှထည်၊ ရိုးရိုးပုဆိုးက ဆိုင်မှာပင် ပြန်သွင်းရကြောင်း၊ တော်ရုံ ပုစွန်ခြောက်လော က်တော့ အိမ်ကခွေးကို အပျင်းပြေစားဖို့ကျွေးသတဲ့၊ ဒီနားကပ်က ဘယ်လောက်တန်တာ၊iPhoneတို့၊ iPad တို့ကို ကလေးသုံးယောက်လုံးကို ဝယ်ပေးထားပြီးပြီဆိုတဲ့ အမြင့်လုံးတွေ ကြားရတိုင်းကျူရှင်တွင်မအောင်မြင်တဲ့မိမိ မုဒိတာမပွားနိုင်တော့ပေ။ဆရာ၊ ဆရာမငယ်များ ကလည်း ကျူရှင်တွေ အောင်မြင်သူ ဆရာကြီး၊ဆရာမကြီးများကို ပိုမိုနည်းနာခံ ရိုကျိုးကြပေသည်။ဆရာတပည့် ဆက်ဆံရေးသည် အသိပညာဖလှယ်ခြင်းမဟုတ်တော့ဘဲ ဝန်ဆောင်မှုတစ်ခုကို အရောင်းအဝယ်ပြုသည့် ပုံစံမျိုး တွေ့ရခြင်းသည် အဝေးသင်တက္ကသိုလ် ပညာရေး၏ လက်ရှိအခြေအနေပင်ဖြစ်သည်။
ကျောင်းသား၊ကျောင်းသူများဘက်ကလည်း ငါတို့ငွေကြေးပေးပြီးဝန်ဆောင်မှု ဝယ်တာပဲဆိုပြီး မလေးမခန့်ရှိလာသည်။သိက္ခာကို ရိက္ခာအတွက် ရောင်းစားမှုတွင် ဆရာတပည့်ဆိုတာ လမ်းတွေ့ရင်ပင် နှုတ်ဆက်ချင်မှ ဆက်တာမို့အဝေးသင်ကျူရှင် ဆရာများသည် တစ်ခါသုံးဆရာများအဖြစ်သို ရောက်သွားပေသည်။ဒီကြားထဲ ဒေသစွဲ၊ လူမျိုးစွဲက လည်း အခိုင်အမာ အမြစ်တွယ်နေသည့် ဒေသခံဆရာနှင့် ရန်ကုန်၊ မန္တလေးဆရာ၊ ဆရာမများအကြား ကျူရှင်တိုက်ပွဲသည် တွေ့မရှောင်နှင့်ကြာကြာဝါးတို့ ဗိုလ်လုကြသလိုပင်။ အဝေးသင်ဌာနခွဲ များရှိ ဝန်ထမ်းများ၏ မောက်မာမှု၊ ခွင်ဖန်မှုတွေကလည်းမှတ်သားလောက်ပါသည်။ အချို့ဝန်ထမ်းများAssignment ကူးတင်ပေးသော ဝန်ဆောင်ခသည် သာမန်ကျူရှင်ဆရာ တစ်ဦးထက်ပင် ပိုတာမျိုးလည်းသိုးသိုးသဲ့သဲ့ ကြားမိပါသည်။ကိုယ်တိုင် ကြုံရတာကတော့ Assignment များဌာနအလိုက် သွားထုတ်ချိန်တွင် ဝန်ထမ်းစာရေး၊ စာရေးမတွေက ခုံပေါ်မှာထိုင်၊အရာထမ်း ဆရာ၊ ဆရာမတွေက ကြမ်းပြင်ပေါ်တွင်Assignment ရေတွက်လက်ခံရသည့် အနေအထားအချို့ ရှိပါသည်။Assignment အထုပ်တွေကို တစ်ခါတစ်ရံ သယ်မရတော့ ငယ်စဉ်အခါ ပညာကောင်းစွာ မရှာလို့ ဒီလိုအလေးအပင်မ ရတာပါလားဟု နောင်တရမိသည်။
အဝေးသင်ကျောင်းသား၊ ကျောင်းသူများကိ အနီးကပ်သင်ခြင်း၊ဝေစုအနည်းငယ်ကို ကျူရှင်သင်ရင်း၊ စာစစ်ခြင်းများလက်တွေ့ ဆောင်ရွက် ရာတွင် အမည်ခံဘုရားစူးတပည့်များ၏သင်ကြားပေးသော အကြောင်းအရာများကို လက်ခံနားလည်နိုင်စွမ်း၊ သတ်မှတ်ပြင်ဆင်ပေးသော အပုဒ် ကိုပင် ကျက်နိုင်စွမ်း၊ အလေးထားဖြေဆိုမှု အပိုင်းများတွင် စိုးရိမ်ရေမှတ်က တွေ့နေရတော့ မိမိတို့၏နောင်ရေးကို စိုးရိမ်မိပါသည်။ သူတို့က အတက်၊ကိုယ်တွေက အကျတွင် တက်လူတွေ အရည်မှည့်ရင်ဖြင့်ငိုရချေသေး ဖြစ်တော့မည်။ နေ့တက်ကျောင်းသားတွေ Semester နှစ်ခု၊ ရှစ်လစာ သင်ရသော စာများကို Self-Study မရှိဘဲ အနီးကပ် ၁၀ ရက်ဖြင့် ပြတ်အောင်ဖြတ်ရသော ကျောင်းသား၊ ကျောင်းသူတို့၏အခြေအနေတွင် ဘွဲ့ရပညာတတ် တစ်ဦး၏ ရင့်ကျက်တည်ငြိမ်မှုကို ရှာဖွေရသည့် ပုစ္ဆာသည် အတော်ခက်ခဲပါသည်။နိုင်ငံတကာလို Online ပညာရေးမျိုးအဝေးသင် တက္ကသိုလ်တွင် အကောင်အထည် မဖော်နိုင်ပါက အဝေးသင်တက္ကသိုလ်တက်ခွင့် ကျောင်းသားအရေအတွက်ကို စိစစ်လက်ခံဖို့ လိုမည်ထင်ပါသည်။နံရံတွင် ချိတ်ဖို့ ဘွဲ့ဓာတ်ပုံတစ်ပ အတွက် ပညာရှာသောခေတ်သည်ကုန်သင့်ပြီဟု ထင်ပါသည်။ ဘွဲ့လက်မှတ်တစ်ခုအတွင်း၌အမှန်တကယ် သိမြင်သဘောပေါက်မှု ဂုဏ်ရည်ကိန်းအောင်းနေဖို့ လိုပါသည်။ နိုင်ငံတကာလိုပင်အကြောင်းအရာ တစ်ခုကို ခြုံငုံသိမြင်မှသာ ဘွဲ့ယူသင့်ပြီး လုပ်စားကိုင်စားအတွက် အောင်လက်မှတ်တစ်ခုခု ကိုင်ကာ စီးပွားရှာနိုင်မည့် စီးပွားရေးအခင်းအကျင်းလိုပါသည်။ငွေကြေးနှင့် အချိန်ပေးနိုင်မှသာ ဘွဲ့ယူပါဟု တိုက်တွန်းရတော့မည် ဖြစ်သည်။ မိမိသည်လည်း အဝေးသင်တက္ကသိုလ်ထွက်ဖြစ်ရာ အဝေးသင်တက္ကသိုလ်ပညာရေးကို အပြုသဘော သုံးသပ်ချက် မပြုနိုင်သေး၍စိတ်မကောင်းပါ။ သို့ရာတွင် အချို့ပြဿနာ များသည် အစိမ်းချုပ် ချုပ်ရမည့် အနေအထားအချို့ ရှိပါသည်။မြန်မြန်ကောင်းဖို့ဖြစ်သည်။
ယနေ့ကာလတွင် နိုင်ငံတကာနှင့် သူစိမ်းပြင်ပြင်ရှိသော အစွန်းရောက် အမျိုးသားရေးရှေ့တန်းတင် နိုင်ငံအချို့မှလွဲ၍ ပညာရေးသာ ပထမ၊ပညာရေးသာ ဒုတိယ၊ ပညာရေးသာ တတိယဟု တစာစာအော်နေချိန်တွင် အဝေးသင်တက္ကသိုလ် ပညာရေး၏လက်ရှိအခင်းအကျင်းသည် ပညာရနံ့ ကင်းနေသည် ဟု သုံးသပ်ချင်ပါသည်။နိုင်ငံတကာရှိ အဝေးသင်ပညာရေး စနစ်မျိုးရအောင်ဖိဖိစီးစီး မဆောင်ရွက်နိုင် သေးသရွေ့ အဝေးသင် တက္ကသိုလ်ထွက် ဘွဲ့ရများ၏အရည်အသွေးအာမခံချက်သည် မယုံမရဲ ရှိနေမည်သာ။
"..မွန်ဘုရင်မကြီး ရှင်စောပု၏ဘ၀ အကြောင်း (ပဉ္စမပိုင်း) .."
"..မွန်ဘုရင်မကြီး ရှင်စောပု၏ဘ၀ အကြောင်း (ပဉ္စမပိုင်း) .."
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-
Posted by drmyochit
ရွှေတိဂုံစေတီတော်မြတ်တွင် ဘုရင်မကြီးလှူဒါန်းခဲ့သော ကောင်းမှု၊ အလှူဒါနများနှင့်စပ်လျဉ်း၍စေတီတော်ကြီး များ၏သမိုင်းနှင့်မွန်သမိုင်းတို့၌ဖော်ပြသည်မှာ ရှင်စောပုသည် စေတီတော်ကြီးတွင်ထီးဖြူလေးစင်း၊ ရွှေသပိတ်လေးလုံး၊ ရွှေပန်းကန် လေးလုံး(ပန်းကန်တလုံးလျှင်ဆန်တတင်းချက် ဝင်သည်။)ငွေပန်းကန်ရှစ်လုံး၊ ရွှေဇွန်းလေးစင်း၊ငွေဇွန်းရှစ်စင်း၊ (ဇွန်းတစင်းလျှင်ဆန်တစလယ်ချက် ဝင်သည်။) ဆွမ်းသင်ပုတ်တော်၄၄ခွက်၊ရေအိုးကြီးလေးလုံး၊ ထွေးအင်လေးလုံး၊ကုလားစည်လေးလုံးနှင့် စောင်းတန်းမုခ် လေးဘက်လေးဆောင်တို့ကို လှူဒါန်းခဲ့သည်။
ထို့ပြင် စေတီတော်ကြီး၏ဝေယျာဝစ္စ ဆောင်ရွက်ရန် တံခါးစောင့်၊တံမြက်လှဲ၊ပန်းတင်သမား၊ ဆီမီးခွက် ထွန်းသမား စသည်တို့ကိုလည်းလှူထား၍ စေတီတော်ကြီးအား မွမ်းမံပြုပြင်ရန် ပန်းထိမ်ဖိုလေးဖိုနှင့် ပတ်ဝိုင်းလေး ဝိုင်းကိုလည်း ထားရှိသည်။
ဘုရင်မကြီးသည် စေတီတော်ကြီးအတွက် ထိုမျှ ပြည့်စုံ လုံလောက် စွာ လှူဒါန်းထားပြီးလျှင် နေ့စဉ်နေ့တိုင်းလည်း ဥပုသ်သီတင်း ဆောက်တည်သည်။အနောက် ဘက် စောင်းတန်းမှ ကုန်းပေါ်သို့တက်၍ဆံတော်ရှင်စေတီေ တ်ာကြီးကို ကြည်လင်သဒ္ဓါကြီးမားစွာဖြင့် ဖူးမြော် ကြည်ညိုလေ့ ရှိပေသည်။
ဘုရင်မကြီး ရှင်စောပုသည် သက္ကရာဇ် ၈၃၄ ခုနှစ် သက်တော် ၇၉ နှစ်တွင် ဒဂုန်မြို့၌စံနေစဉ် ကံကုန် သည်။ ပြည်ထောင်စု မြမာရာဇဝင်တလျှောက်တွင် တစ်ပါးတည်းသောပြည်ကြီးရှင် ဘုရင်မကြီးပေတည်း။
ခမည်းတော်၊ မောင်တော်၊သားတော်၊တူတော်နှင့် သမက်တော်တို့သည် မင်းချည်းနှင်နှင်ဖြစ်ကြ၍ ကိုယ်တိုင်လည်း တချိန်က အင်းဝဘုရင်လေးပါး၏မိဖုရားအဆက်ဆက် တင်မြှောက်ခြင်းခံခဲ့ရသော ထူးခြားသည့် မဟာသွေး မဟာဆီ တစ်ပါးဖြစ်ပေသည်။
ဘုရင်မကြီး ဒဂုန်တွင် စံမြန်းစဉ်က ဘုရင်မကြီး၏ စံအိမ်တော်သည် ရွှေတိဂုံအနောက်ဘက်ရှိ စစ်တပ်နေ ရာဖြစ် မ ည်ဟု ခန့်မှန်းရကြောင်းရွှေတိဂုံသမိုင်းတစ်စောင်တွင် ဖော်ပြသည်။
ရွှေတိဂုံဆံတော်ရှင်မြတ်၏အနောက်တောင်ဘက်၌ မြို့နန်းတည်၍ ဆောက်လုပ်ထားသော စံအိမ်တော်၌အသက် ထက်ဆုံး နေထိုင်ပြီးလျှင်ဥပုသ်သီလ စောင့်ထိန်းကာ တရားဘာဝနာ စီးဖြန်းလေ့ရှိသည်။ရွှေတောင်ကြီး ပမာ ရွှေရောင်တဝင်းဝင်းနှင့် တင့်တယ်သပ္ပာယ်စွာ ရှိနေသော ဆံတော်ရှင်စေတီကြီးကို ဇရာရော ဂါ ဖိစီး၍ဇိဝိနြေ္ဒချုပ်လု ဆဲခါနီးအထိ သမာဓိ တည်စွာဖြင့် အာရုံပြုကာ လက်အုပ်ချီ၍ ကြည်ညိုမြတ်နိုးရှိခိုးလျက်ပင် ကံတော်ကုန်သည် ဟု ဆိုကြလေသည်။
ဘုရင်မကြီး နတ်ပြည် စံလွန်သော အခါတွင် အလောင်းတော်ကို ဟံသာ ဝတီသို့ ပြန် မယူဘဲ ဘုရင်မကြီးပျော်မွေ့ သည့် ဒဂုန်(ရန်ကုန်)တွင် သင်္ဂြိုဟ်ခဲ့သည်။
ဒဂုန်မြို့ မြေနီကုန်းရဲတပ်စခန်းနှင့်စမ်းချောင်းအကြားတွင် ရှင်စောပုကုန်းဟုယနေ့တိုင် ခေါ်ဝေါ်နေ ကြသော အရပ်ရှိ ရာ ထို အရပ်သည် ရှင်စောပု ၏သင်္ချိုင်းတော် ရှိရာ အရပ်ဟု ယူဆ ကြသည်။ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊၀င်ဆာလမ်း ကိုလည်းရှင်စောပု လမ်းဟု ယနေ့ တိုင် မည့်ခေါ် လေသည်။
ဘုရင်မကြီး အသုံးပြုခဲ့သည်ဟုဆိုသော ရွှေခေါင်းဆောင်း တစ်ခုကို လန်ဒန်မြို့ဝိတိုရိယနှင့် အယ်လဗတ်ပြ တိုက်ကြီးတွင် ယနေ့တိုင် ပြသ ထားလေသည်။ ____________________________________ Myanmar faCeb()()k Society ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
"..မွန်ဘုရင်မကြီး ရှင်စောပု၏ဘ၀ အကြောင်း (ပဉ္စမပိုင်း) .
"..မွန်ဘုရင်မကြီး ရှင်စောပု၏ဘ၀ အကြောင်း (ပဉ္စမပိုင်း) .."
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-
ရွှေတိဂုံစေတီတော်မြတ်တွင် ဘုရင်မကြီးလှူဒါန်းခဲ့သော ကောင်းမှု၊ အလှူဒါနများနှင့်စပ်လျဉ်း၍စေတီတော်ကြီး များ၏သမိုင်းနှင့်မွန်သမိုင်းတို့၌ဖော်ပြသည်မှာ ရှင်စောပုသည် စေတီတော်ကြီးတွင်ထီးဖြူလေးစင်း၊ ရွှေသပိတ်လေးလုံး၊ ရွှေပန်းကန် လေးလုံး(ပန်းကန်တလုံးလျှင်ဆန်တတင်းချက် ဝင်သည်။)ငွေပန်းကန်ရှစ်လုံး၊ ရွှေဇွန်းလေးစင်း၊ငွေဇွန်းရှစ်စင်း၊ (ဇွန်းတစင်းလျှင်ဆန်တစလယ်ချက် ဝင်သည်။) ဆွမ်းသင်ပုတ်တော်၄၄ခွက်၊ရေအိုးကြီးလေးလုံး၊ ထွေးအင်လေးလုံး၊ကုလားစည်လေးလုံးနှင့် စောင်းတန်းမုခ် လေးဘက်လေးဆောင်တို့ကို လှူဒါန်းခဲ့သည်။
ထို့ပြင် စေတီတော်ကြီး၏ဝေယျာဝစ္စ ဆောင်ရွက်ရန် တံခါးစောင့်၊တံမြက်လှဲ၊ပန်းတင်သမား၊ ဆီမီးခွက် ထွန်းသမား စသည်တို့ကိုလည်း လှူထား၍ စေတီတော်ကြီးအား မွမ်းမံပြုပြင်ရန် ပန်းထိမ်ဖိုလေးဖိုနှင့် ပတ်ဝိုင်းလေး ဝိုင်းကိုလည်း ထားရှိသည်။
ဘုရင်မကြီးသည် စေတီတော်ကြီးအတွက် ထိုမျှ ပြည့်စုံ လုံလောက် စွာ လှူဒါန်းထားပြီးလျှင် နေ့စဉ်နေ့တိုင်းလည်း ဥပုသ်သီတင်း ဆောက်တည်သည်။အနောက် ဘက် စောင်းတန်းမှ ကုန်းပေါ်သို့တက်၍ဆံတော်ရှင်စေတီေ တ်ာကြီးကို ကြည်လင်သဒ္ဓါကြီးမားစွာဖြင့် ဖူးမြော် ကြည်ညိုလေ့ ရှိပေသည်။
ဘုရင်မကြီး ရှင်စောပုသည် သက္ကရာဇ် ၈၃၄ ခုနှစ် သက်တော် ၇၉ နှစ်တွင် ဒဂုန်မြို့၌စံနေစဉ် ကံကုန် သည်။ ပြည်ထောင်စု မြမာရာဇဝင်တလျှောက်တွင် တစ်ပါးတည်းသောပြည်ကြီးရှင် ဘုရင်မကြီးပေတည်း။
ခမည်းတော်၊ မောင်တော်၊သားတော်၊တူတော်နှင့် သမက်တော်တို့သည် မင်းချည်းနှင်နှင်ဖြစ်ကြ၍ ကိုယ်တိုင်လည်း တချိန်က အင်းဝဘုရင်လေးပါး၏ မိဖုရားအဆက်ဆက် တင်မြှောက်ခြင်းခံခဲ့ရသော ထူးခြားသည့် မဟာသွေးမဟာဆီ တစ်ပါး ဖြစ်ပေသည်။
ဘုရင်မကြီး ဒဂုန်တွင် စံမြန်းစဉ်က ဘုရင်မကြီး၏ စံအိမ်တော်သည် ရွှေတိဂုံအနောက်ဘက်ရှိ စစ်တပ်နေ ရာဖြစ် မ ည်ဟု ခန့်မှန်းရကြောင်းရွှေတိဂုံသမိုင်းတစ်စောင်တွင် ဖော်ပြသည်။
ရွှေတိဂုံဆံတော်ရှင်မြတ်၏အနောက်တောင်ဘက်၌ မြို့နန်းတည်၍ ဆောက်လုပ်ထားသော စံအိမ်တော်၌အသက် ထက်ဆုံး နေထိုင်ပြီးလျှင်ဥပုသ်သီလ စောင့်ထိန်းကာ တရားဘာဝနာ စီးဖြန်းလေ့ရှိသည်။ရွှေတောင်ကြီး ပမာ ရွှေရောင်တဝင်းဝင်းနှင့် တင့်တယ်သပ္ပာယ်စွာ ရှိနေသော ဆံတော်ရှင်စေတီကြီးကို ဇရာရော ဂါ ဖိစီး၍ဇိဝိနြေ္ဒချုပ်လု ဆဲခါနီးအထိ သမာဓိ တည်စွာဖြင့် အာရုံပြုကာ လက်အုပ်ချီ၍ ကြည်ညိုမြတ်နိုး ရှိခိုးလျက်ပင် ကံတော်ကုန်သည် ဟု ဆိုကြလေသည်။
ဘုရင်မကြီး နတ်ပြည် စံလွန်သော အခါတွင် အလောင်းတော်ကို ဟံသာ ဝတီသို့ ပြန် မယူဘဲ ဘုရင်မကြီး ပျော်မွေ့ သည့် ဒဂုန်(ရန်ကုန်)တွင် သင်္ဂြို ဟ်ခဲ့သည်။
ဒဂုန်မြို့ မြေနီကုန်းရဲတပ်စခန်းနှင့် စမ်းချောင်းအကြားတွင် ရှင်စောပုကုန်းဟုယနေ့တိုင် ခေါ်ဝေါ်နေ ကြသော အရပ်ရှိ ရာ ထို အရပ်သည် ရှင်စောပု ၏သင်္ချိုင်းတော် ရှိရာ အရပ်ဟု ယူဆ ကြသည်။ရန်ကုန်မြို့၊ စမ်းချောင်းမြို့ နယ်၊၀င်ဆာလမ်း ကိုလည်းရှင်စောပု လမ်းဟု ယနေ့ တိုင် မည့်ခေါ် လေသည်။
ဘုရင်မကြီး အသုံးပြုခဲ့သည်ဟုဆိုသော ရွှေခေါင်းဆောင်း တစ်ခုကို လန်ဒန်မြို့ဝိတိုရိယနှင့် အယ်လဗတ်ပြ တိုက်ကြီးတွင် ယနေ့တိုင် ပြသထားလေသည်။
Posted by drmyochit ____________________________________
-
မြန်မာ့ ဓားအမျိုးမျိုး ✏ ✏ ✏ ✏ ဓါးတွေရဲ့အကျဉ်းချူံးးလေးပါ ဓားမ၊ ဓားနှီး၊ ဓားချွန်၊ ဓားကုပ်၊ ဓားရှည်၊ ဓားမြှောင်၊ ဓားမရှည်၊ ဓားပါး၊ ဓားပေါက...
-
“တစ်ခုသော သင်္ကြန်အခါ” လာလာလေ လိုက်ခဲ့တော့ တို့စရိုက် တို့ဘာသာ နှစ်ဆန်းခါ ပိတောက်ကြွားချိန်မို့ ကစားကာ ရေကြည်ကြည်နဲ့ ပီပေသည် မြန်မာမျိုးကိုလ ...




