Saturday, November 16, 2013

မန္တလေး မဟာမြတ်မုနိသမိုင်းကြောင်း _________________________

မန္တလေး မဟာမြတ်မုနိသမိုင်းကြောင်း _________________________


ဂေါတမဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရိစဉ် စစ်မှန်သော ဗုဒ္ဓ၏ကိုယ်ပွားသာလျှင် ဖြစ်တန်ရာ၏ဟု ရခိုင်လူမျိုးများ အယုံအကြည်ရှိသော မဟာမုနိရုပ်ရှင် တော်မြတ်ကြီးသည် ရခိုင်လူမျိုးတို့ သမိုင်း မှတ်တမ်းအားလုံး၏ ကိုးကားချက်ဖြစ်သည်။ ထိုသမိုင်းမှတ်တမ်းများအရ ထေရ၀ါဒဗုဒ္ဓဘာသာရှိခဲ့ပြီးနောက် မျက်မှောက်ထုံးတမ်းစဉ်လာများကို ထည့်သွင်းထားရှိခဲ့သည်။ သီရိလင်္ကာ၏ ပါဠိစာပေမှ ကျယ်ကျယ်ပြန့်ပြ န့် ဆင်းသက်ကြီးထွားလာမှုရှိပြီး ပုဂံ၏ လွှမ်းမိုးမှုအောက်မှာ ကိုးကွယ်မှု ဘာသာအယူဝါဒအဆင့်ဆင့်ထိ ကျယ်ပြန့်လာခဲ့ပါသည်။ စန္ဒသူရိယ ဘုရင်မင်းမြတ် ရခိုင်ပြည်ကို အုပ်ချုပ်ခဲ့စဉ် အချိန်အခါက ဗုဒ္ဓရုပ်ထုတော်က သွန်းလုပ်ခဲ့သည်ဟု ရိုးရာဓလေ့ ထုံးတမ်းစဉ်လာယုံကြည်မှု ထားရှိခဲ့သည်။ စန္ဒသူရိယဘုရင်မင်းမြတ် သည် ဗုဒ္ဓ၏ ဟောကြားပြသမှုတို့၏ သတင်းကို ကြားသိရပြီး ဗုဒ္ဓကိုရိုသေကိုးကွယ်ရန် ဆန္ဒပြင်းပြလာသည် ဟု အဆိုရှိလေသည်။ အိန္ဒိယနိုင်ငံ သာဝတ္ထိပြည်တွင် သီတင်းသုံးနေထို င်တော်မူသော ဂေါတမမြတ်ဗုဒ္ဓသည ထိုအကြောင်းအရာကို သိရှိလာသောကြောင မြတ်ဗုဒ္ဓက သူ၏တပည့်သာဝက တစ်ပါးဖြစ်သော အရှင်အာနန္ဒာအား ပြောပြလေသည်မှာ “ကြောက်မက်ဖွယ်ေ ကာင်းသော ရေနဂါးများ အုပ်ချုပ်ထားသည် ကြီးမားကျယ်ပြန့်သော မြစ်ပင်လယ်သမုဒ္ဒရာ "ကို ဖြတ်ကျော်လာရမည်ဖြစ်၍ ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသောခရီးသည် စန္ဒသူရိယဘုရင်မင်းမြတ်အတွက် အလွန်အန္တရာယ်ရှိလိမ့်မည်။ ထို့ကြောင့် တပည့်ရဟန္တာ (၅၀၀) နှင့်အတူ ဂေါတမမြတ်ဗုဒ္ဓသည် ကောင်းကင်ခရီးဖြ င့် ကြွချီတော်မူလာပြီး ကျောက်တော်မြို့၏ တဖက်ကမ်းရှိ မောရပဗ္ဗတတောင်၌ ဆင်းသက်ရပ်နားတော်မူခဲ့လေသည်။ ဤတွင် မြတ်ဗုဒ္ဓ၏ ရှေးရှေးဘ၀ပေါင်းများစွာက ကျင်လည်တော်မူခဲ့သောနေရာတို့တွင မြတ်ဗုဒ္ဓ၏ ဓါတ်တော်များကို ဌာပနာထည့်၍ ဘုရားပုထိုးများစွာတို့ကို တိုင်းပြည်အနှံ့ တည်ထားကိုးကွယ်လာကြလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ် ဗျာဒိတ်တော်ပေးခဲလေသည်။ ဤကဲ့သို့ မြတ်ဗုဒ္ဓ၏ ဗျာဒိတ်ပေးချိန် တွင်" မဟာပထ၀ီမြေကြီးသည် တုန်လှုပ်လာပြီး ပင်လယ်သမုဒ္ဒရာရေတို့သည် ရေနွေးအိုးဆူသကဲ့သို့ ဆူပွက်လာခဲ့လေသည်။" စန္ဒသူရိယဘုရင်မင်းမြတ်သည် ဤနိမိတ်ဆောင်သော လက္ခဏာများ၏ ဆိုလိုရင်းကို သူ၏ဗေဒင်ဆရာ၊ ဟူးရားတတ်တို့အား မေးမြန်းစုံစမ်း လျှက် တုန်လှုပ်ထိတ်လန့်ရခြင်းဖြစ်လေသ ည်။ ဂေါတမမြတ်ဗုဒ္ဓ ရခိုင်ပြည်ကို ရောက်ရှိလာသည့်အကြောင်းအရင်းကို စန္ဒသူရိယဘုရင်မင်းမြတ် သိရှိတော်မူသောအ ခါ ရာပေါင်းများစွာ သော အခြွေအရံတို့နှင့်အတူ သူ၏မိဖုရားခေါင် ကြီး စန္ဒရမာလာ၊ သူ၏မှုးမတ် တိုင်းသူပြည်သားတို့နှင့်အတူ ပဗ္ဗတတောင်ပေါ်သို့ သွားရောက်ကြလေသည်။ ဘုရင်မင်းမြတ်သည် ဂေါတမမြတ်ဗုဒ္ဓအား အရိုအသေပေးပြီးေ နာက် ဗုဒ္ဓက သူ့အား "ပဋိစ္စသမုပ္ပါဒ်စ က်ဝိုင်းတရားတော်"ကို ဟောကြားသင်ပြခဲ့လေသည်။ ယင်းပြီးနောက် မြို့တော်တွင်(၇) ရက်ကြာ သီတင်းသုံးနေထို င်တော်မူမည်ကို ဗုဒ္ဓကသဘောတူလက်ခ လေသည်။ မြို့တော်မှ မြတ်ဗုဒ္ဓမထွက်ခွာမှီ မြတ်ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း (၅၀၀၀)တိုင်တိုင် ကြည်ရိုလေးစားမှုခံရမည်ဖြစ်သော ဆံတော်ဓါတ်နှင့် မြတ်ဗုဒ္ဓ၏ရုပ်ထုကိုယ်ပွားတော်တစ်ဆူထားခဲ့မည်ဟု ဗုဒ္ဓသဘောတူလက်ခံ လေသည်။ နန်းတော်ရာ၏ အရှေ့မြောက်ဘက် သီရိဂုတ္တတောင်ကုန်းပေါ်တွင် အလေးအမြတ်ထားရှိသော ဗုဒ္ဓရုပ်ထုတော်က ကောင်းကင်ဘုံ ဗိသုကာပညာရှင် နတ်များ၏ဘုရင် သိကြားမင်းနှင့် အတူ စန္ဒသူရိယဘုရင်မင်းမြတ်အပါအ၀င် တိုင်းသူပြည်သားတို့က တည်ထားကိုးကွယ်ြ ကလေသည်။ ရုပ်ထုတော်အတွင်းပိုင်းသို့ ဂေါတမမြတ်ဗုဒ္ဓ၏ ရင်ငွေ့တော်ဓါတ် ထည့်လိုက်သောအခါ ဂေါတမမြတ်ဗုဒ္ဓနှ စ်ဆူရှိလာသကဲ့သို့ ဖြစ်ပေါ်လာလေသည်။ အံ့သြကြည်ညိုစရာကောင်းလှသော လက္ခဏာရပ်များ ပေါ်ထွက်လာလေသည်။ မဟာပထ၀ီမြေကြီး တုန်လှုပ်လာပြီး ရုပ်ထုတော်သည် တဖြည်းဖြည်း အသက်ရှိသကဲ့သို့သူ၏ နောင်တော် ဂေါတမမြတ်ဗုဒ္ဓအား ကြိုဆိုသည့်အနေအ ထားနှင့် မတ်တပ်ထရပ်လေသည်။ ထို့နောက် ဂေါတမမြတ်ဗုဒ္ဓသည် သူ၏သာဝက တပည့်ရဟန်းတော်များနှင့်အတူ သံတွဲဘက်သို့ ကောင်းကင်ခရီးဖြ င့် ကြွချီတော်မူလေသည်။ ယင်းအချိန်အတွင်း စန္ဒသူရိယဘုရင်မင်းမြတ်သည် သူ၏ မူးမတ်သေနာပတိတို့နှင့်အတူ အကြောင်းကိစ္စတို့ကို တိုင်ပင်ပြီးနောက် မြတ်ဗုဒ္ဓ၏စစ်မှန်သော ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ပြီး ပွဲလမ်းသဘင်များ ကျင်းပခဲ့လေသည်။" ရုပ်ထုတော်၏ ထူးခြားချက်များမှာ ရောင်ခြည်တော်ြေ ခာက်သွယ် ထွက်ရှိလေသည်။ ရိုသေကိုင်းရှို င်းသူများမှာ အနီးကပ်ဖူးမျှော်လာသောအခါ ရောင်ခြည်တော်များ ထွက်ရှိပြီး အယုံအကြည်မရှိသူများ ဖူးမျှော်သောအခါ ရောင်ခြည်တော်များ မှေးမှိန်သွားလေ ရှိသည်"ဟု အဆိုရှိခဲ့လေသည်။ ရုပ်ထုတော်တည်ရှိသော နေရာ၏ပတ်ဝန်းကျင အရပ်လေးမျက်နှာတို့တွင် အစောင့်အရှောက်အဖြစ် ကျောက်ရုပ်ထုများထားရှိပြီး မကောင်းသော အကြံအစည် ရည်ရွယ်ချက်တို့နှင့် ဗုဒ္ဓရုပ်ပွားတော်အနီးသို့ လာရောက်သူတို့အား အဝေးသို့ ရှောင်ရှားသွားေ စသည်။ ဝေသာလီခေတ်မှ ပထမဘုရင်တိုင်အောင် ဗုဒ္ဓရုပ်ထုတော်အတွက် ကျောက်ပလ္လင်တစ်ခ တည်ဆောက်ပြီး သိမ်တော်ကို ပြန်လည်တည်ဆောက်သည်ဟု အဆိုမှတပါး အခြားမည်သည့်အကြောင်းအရာကိုမှ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။ ဝေသာလီမှ ပထမဆုံးဘုရင်၏ အရိုက်အရာကို ဆက်ခံသူသည် မဟာမုနိသိမ်တော်အား ပြန်လည်မွမ်းမြံ ပင်ဆင်မှု ပြုလုပ်ခဲ့သည်။ သီရိလင်္ကာနှင့် ပုဂံမှ ဘုန်းတော်ကြီးများသည် ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ရန် ရောက်ရှိလာခဲ့ကြသည်။ ပျူ-ဗမာနှင့် မွန်ဘုရင်များက မဟာမုနိ သိမ်တော်ကြီးအတွ င်း အလေးအမြတ်ထားသော ဗုဒ္ဓရုပ်ထုတော်အား ပိုင်ဆိုင်လိုသော ရည်ရွယ်ချက်များနှင့် ရခိုင်ပြည်ကိုကျူးကျော်ဝင်ရောက် လာခဲ့ကြသည်ဟု အဆိုရှိလေသည်။ သို့သော်လည်း မည်သည့်ဘုရင်တစ်ပါးမှ အောင်မြင်မှု မရှိခဲ့ပေ။ တချို့သည် သိမ်တော်ကြီးအား ပြန်လည်ပြုပြင် မွမ်းမံရန် ကတိက၀တ်ပြုခဲ့ကြသည်။ (၁၂) ရာစုအချိန်တွင် သိမ်တော်နှင့် ဗုဒ္ဓရုပ်ထုတော် ပျောက်ဆုံးခဲ့သည်။ သို့သော်လည်း လေးမြို့ခေတ်မှ ဘုရင်တပါး၏ အရိုက်အရာဆက်ခံသူများသည် ယုံကြည်မှုကို ဆက်လက်ထောက်ခံခြင်းဖြင့် ရုပ်ထုတော်နှင့် သိမ်တော်ကြီးတို့ကို ပြန်လည်ရှာဖွေတွေ့ရှိပြီး သိမ်တော်အား ပြန်လည်ဆောက်ခဲ့ ကြလေသည်။ မြောက်ဦးမင်းဆက်ကို တည်ထောင်သူ ဘုရင်မင်းစောမွန်သည် သူ၏မြို့တော်မှ မဟာမုနိသို့ လမ်းတခုဖောက်လုပ်တည်ဆောက်ပြီး မင်းမျိုးမင်းနွ ယ်တို့၏ ရိုးရာထုံးတမ်းစဉ်လာ များအရ ဘုရားဖူးခရီးစဉ် တစ်ခုစတင်ခဲ့လေသည်။ (၁၆) ရာစုတွင် ဘုရင်းမင်းဗာသည် မြောက်ဦးမြို့မ သျှစ်သောင်းဘုရားအပါအ၀င် တိုင်းပြည်အနှံ့ တွင် တည်ရှိနေသော ဘုရားကျောင်းအဆောက်အဦး အများအပြားတို့အတွင်း မူရင်းနှင့် ဆင်တူဖြစ်သော မရေမတွက်နိုင်သည မဟာမုနိရုပ်ပွားတော်များကို ထုလုပ်ထားရှိရန် အမိန့်တော်ချမှတ်ခဲ့လေသည်။ ၁၇၈၄-ခု တွင် မြန်မာဘုရင် ဘိုးတောင်ဘုရားသည် ရခိုင်ပြည်ကို သိမ်းပိုက်လေသည်။ ထို့နောက် မဟာမုနိရုပ်ရှင် တော်မြတ်အား မန္တလေးသို့ သယ်ယူသွားခဲ့သည် ။ ထိုရုပ်ရှင်တော်မြတ်ကြီးအား မြန်မာပြည်တွင် ယနေ့ထိတိုင် အလေးမြတ်ဆုံးထားသော ရုပ်ထုတော်အဖြစ် ဆက်လက်မှတ်ယူထား ကြဆဲဖြစ်သည်။ ဆုံးရှုံးသွားသော အမွေအနှစ်ကြောင့်  ရခိုင်ပြည်သူတို့အား နက်နက်နဲနဲ စိတ်ထိခိုက်စေခဲ့သည်။ ဆက်လက်ပြီး မကြာမီ ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို ရခိုင်ပြည်သူတု ဆက်လက်ခံရလေသည်။(၁၈၆၇) ခုနှစ်တွင် မဟာမုနိသိမ်တော်ရာ အနီးပတ်ဝန်းကျင်မှ တွေ့ရှိသော ကျောက်ရုပ်ထုတော်တစ်ဆူအတွက် ဘုရားသိမ်တော်ကိုတည်ဆောက်ခဲ့ကြသည်။ လွန်ခဲ့သော နှစ်(၈၀)အတွင်းက နဂိုမူရင်းအတိုင်း သိမ်တော်ကြီးကို ပြန်လည်ပြင်ဆင်မွမ်းမံမှုတို့ကု လုပ်ဆောင်ခဲ့သည်။ ယင်းအချိန်တွင် အောက်ရင်ပြင်များကို ပြန်လည်ထိမ်းသိမ်းပေးပြီး မန္တလေး၌ရှိသော မူရင်းမဟာမုနိ ထိုင်တော်မူပုံစံ ကြေးရုပ်ထုတော် အသစ်တစ်ဆူကို သွန်းလုပ်ခဲ့ကြသည်။ ယနေ့အခါမှာ မဟာမုနိဘုရားသိမ်တော်နေရာသည် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးတို့၏ အရေးကြီးသော ဗဟိုအချက်အချာ တစ်ခုအဖြစ် ပြန်လည်စည်ကားလာခဲ့သည်။ မဟာမုနိသိမ်တော်သည် နန်းတော်ရာကုန်း၏ အရှေ့မြောက်ထောင့်၌ရှိသော တောင်ပူစာတစ်ခုကို လွှမ်းခြုံပြုလုပ်ထားသော နေရာတစ်ခုဖြစ်သည်။ ရှေးနှစ်ပေါင်း ရာစုများစွာကပင် မဟာမုနိဘုရားသိမ်တော်တွင် ဘုရားဖူးခရီးသည်များ စည်ကားသိုက်မြိုက်နေသော ဗဟိုအချက်အချာလည်းဖြစ်ပြီး ကျူးကျော်ဝင်ရောက်သူများ လက်အောက် ရခိုင်ပြည် ကျရောက်ပြီး ရခိုင်ပြည်သူပြည်သားများ ဆင်းရဲဒုက္ခခံစားခဲ့ရလေသောအခါ ယာယီအားဖြင့် ဘုရားဖူးခရီးသည်များ နည်းပါးမှုရှိခဲ့လေသည်။ မူရင်းအဆောက်အဦး၏အကြွင်းအကျန် လုံးဝမရှိခဲ့သော်လည်း ယင်း၏ မူရင်းပုံစံတစ်ခုဖြစ်သည်ကို ကောင်းကင်ဓါတ်ပုံများတွင် တွေ့မြင်နိုင်သည်။ ဘုရားသိမ်တော်ကို ထောင့်မှန်စတုဂံနံရံနှစ်ဆင့် က ၀ိုင်းရံထားရှိပြီး သိမ်တော်၏အရှေ့ဘက် အနောက်ဘက်တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ၀င်ပေါက်လေးပေါက ဖောက်ထားပြီး အရှေ့ဘက်ဝင်ပေါက်ကိုအဓိက ၀င်ပေါက်အဖြစ် ထားရှိသည်။ ပထမဆုံး ရင်ပြင်၏ အရှေ့တောင်ထောင့် နှင့် အရှေ့မြောက်ထောင့်တို့တွင် ဗုဒရုပ်ထုတော်ကြီးအား ရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ ကိုယ်လက်သန့်စင်ရန်အတွက် အသုံးပြုရန် ရေကန်ကြီးနှစ်ခု ထားရှိပါသည်။ အိန္ဒိယအရှေ့မြောက်ပိုင်း "နာလန္ဒ" ၌ရှိသော ထင်ရှားကျော်ကြားသော ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများ စုဝေးနေထိုင်သော နေရာတစ်ခုဖြစ်ပြီး ရှေး (၆) ရာစုမှပင် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာသော အဓိက ဂူဘုရားကျောင်းေ တ်ာတွင် ယခင်မူရင်းနည်းတူ အနီးစပ်ဆုံး ပုံစံဖြစ်သော ဘုရားကျောင်းဆောင်ကို တွေ့ရှိနိုင်လေသည်။


Friday, November 15, 2013

ဝိပဿနာအားထုတ်သော ယောဂီတို့မှတ်သားဖွယ်ရာအဖြာဖြာ

ဝိပဿနာအားထုတ်သော ယောဂီတို့မှတ်သားဖွယ်ရာအဖြာဖြာ

ယောဂီတို့ကိုယ်တွင် အလျဉ်းမရှိအပ်သော တရားဆယ်ပါး ----------------------------------------------------------၀ိပဿနာ မဂ်ဖိုလ်ဥာဏ်ရရန အားထုတ်လိုသော ယောဂီပုဂ္ဂိုံလ်၏ အဇ္ဈတ္တစိတ်သန္တာန်အတွင်းဝယ် အောက်ပါဆယ်ပါးသောတရားများ အပြတ်ကင်းရှင်းရ ပါမည်။ ၁။ ၀တ္တုကိလေသာ နှစ်ဝသောကာမတို့ကို လုံးဝအလိုမရှိရခြင်း ၂။ တရားအားထုတ်ရာ၌ ပျင်းရိမှု့ကင်းရ ခြင်း ၃။ ဆာလောင်နှစ်သိမ့်မှု့ကို သည်းခံနိုင်ခြင်း ၄။ က္ကုဋ္ဌာရုံမှန်သမျှ တပ်မက်မှု့ကင်းရခြင်း ၅။ ထိန မိဒ္ဓ စိတ်စေတသိတ် တို့၏ လေးလံငိုက်မျဉ်းမှု့ကင်းရခြင်း ၆။ မိမိအားထုတ်သောတရားအပေါ်၌ သံသယကင်းရခြင်း ၇။ တရားအားထုတ်ရာနေရာ၌ ကြောက်ရွံ့မှု့ကင်းရခြင်း ၈။ ငါတကားဟု မာန်မာန ထောင်လွှားမှု့ ကင်းရခြင်း ၉။ ဂုဏ် ပကာသန လာဘ်လာဘ ပေါများမှု့ အလိုမရှိရခြင်း ၁၀။ မိမိကို အထင်ကြီးရအောင် သူတစ်ပါးအပေါ် မူမမှန်သော စိတ်ထား မရှိရခြင်း

ဝိပဿနာအားထုတ်သော ပုဂိံ္ဂုလ် ဖြတ်ရန် တရား ဆယ်ပါး ----------------------------------------------------------မဂ်ဖိုလ်တရားကို ရလို၍အားထုတ်ကြသော ယောဂီ ပုဂိံ္ဂုလ်တို့သည် ကြောင့်ကြမှု့(ဗလိဗောဓ) ဆယ်ပါးတို့ကို တင်းကြပ်စွာဖြတ် တောက်ပြစ်ရပါမည်။

-တိုက်တာ ကျောင်းကန်များ -အလုပ်အကျွေး ဒါယကာ ၊ ဥပသကာများ -ဘုန်းကံ လာဒ်လာဘများ -တပည့် သာမဏေ သံဃာများ -ဘုရားတည် ကျောင်းဆောက်စသော န၀ကမ္မအလှုများ -အပင့်အဖိတ် ရက်ရှည်ခရီးသွားစရာများ -ဥပဇ္ဈာယ် အန္တေ၀ါသိက စသော သာသနာ့ဆွေမျိုးများ၊ မိဘစသည့်ဆွေမျိုးများ -မကျန်းမမာ အနာရောဂါများ -စာချ စာကျက် စာတတ် ကျမ်းဂန် စာပေကိစ္စများ -တန်ခိုးပြခြင်းစ သော က္ကုဒ္ဓိပါဒ်အရာများ

တရားအားထုတ်သူတို့အတွက် ပုဗ္ဗဘာဂ ပဋိပဒါတရား -------------------------------------------------------ပုဗ္ဗဘာဂ ပဋိပဒါတရားဆိုသည်မှာ တရား၏ရှေ့အဖို့၌ ကျင့်ရမည့် ကျင့်စဉ်များဟု အဓိပ္ပါယ်ရ၏။ တရားဘာဝနာအားထုတ်ခြင်းဖြင့် ပဋိပတ်လုပ်ငန်းကို လုပ်ဆောင်သူတို့ တွင် ဦးစွာရှိရမည့် တရားများဟု ဆိုလိုခြင်းဖြစ် ပါ၏။

ထို ပုဗ္ဗဘာဂ ပဋိပဒါတရားများကို ဦးစွာကျင့်ကြံ့ မှု့ရှိမှသာလျင် မိမိပွားများအား ထုတ်သော တရားဘာဝနာ၏အရသာ ခံစားရရှိမည်ဖြစ်သည်။ ယင်း ပုဗ္ဗဘာဂ ပဋိပဒါတရား (၁၄) ပါးရှိသည်။

၁။ သက္ကော - လုံ့လစွမ်းရည်နှင့် ပြည့်စုံရမည်။ ၂။ ဥဇုစ - ဖြောင့်မတ်သူ ဖြစ်ရမည်။ ၃။ သုဟုဇုစ - လွန်စွာဖြောင့်မ တ်သူဖြစ်ရမည်။ ၄။ သုဝစောစ - ဆို ဆုံးမလွယ်သူ ဖြစ်ရမည်။ ၅။ မုဒုစ - နူးညံ့ပျော့ပျော င်းသူဖြစ်ရမည်။ ၆။ အနတိ မာနိစ - မာန်မာန မရှိသူဖြစ်ရမည်။ ၇။ သန္တုဿကောစ - ရောင့်ရဲလွယ်သြူ ဖစ်ရမည်။ ၈။ သုဘရောစ - မွေးမြူလွယ်သူဖြစ်ရမည်။ ၉။ အပ္ပကိစ္စောစ - ကိစ္စ၀ိစ္စ နည်းသူဖြစ်ရမည်။ ၁၀။ သလ္လဟုက၀ုတ္တိစ - ပေါ့ပါးသောအသက်ေ မွးမြူမှု့ရှိရမည်။ ၁၁။ သန္တိန္ဒြိယောစ - ငြိမ်သက်သော က္ကုနြေ္ဒ` ရှိသူဖြစ်ရမည်။ ၁၂။ နိပကောစ - ရင့်ကျက်သောပညာရိသူဖြစ်ရမည်။ ၁၃။ အပ္ပဂဗ္ဘောစ - ကိုယ် နှုတ် နှလုံး ချောမွေ့သူဖြစ်ရ မည်။ ၁၄။ ကုလေသွ နနုဂိဒ္ဓေါ - အမျိုးတို့ မတွယ်တာ ၊ မရှိသူဖြစ်ရမည်။

ဤတရား ၁၄ ပါးနှင့်ပြည့်စုံ၍ တရားအားထုတ်ကျင့်ကြံပွားများပါက မိမိအားထုတ်သောတရား၏ အထွက်အထိပ် မုချ ရောက်နိုင်မည်ဖြ စ်၏။

(သျှင်သီရိ)

Published with Blogger-droid v2.0.10

Wednesday, November 13, 2013

မြန်မာနိုင်ငံ နည်းပညာတက္ကသိုလ်များ သမိုင်းကြောင်း

မြန်မာနိင်ငံ နည်းပညာ တက္ကသိုလ်များရဲ. သမိုင်းကြောင်း


၁၉၂၄ - ရန်ကုန်တက္ကသိုလ်ရဲ. အင်ဂျင်နီယာ ဌာနကို ၁၉၂၄ ခုနှစ်မှာ ရန်ကုန်မြို့တွင်း (ယခု ရန်ကုန်ပြည်သူ့ဆေးရုံကြီး) နေရာမှာ တိုးချဲ. အဆောင်အဖြစ် စတင်ဖွင့်လှစ်ခဲ့တယ် ။ စတင်ဖွင့်လှစ် စဉ်က ကျောင်းသား ၁၇ ဦး နှင့် ကထိက ၂ ဦးသာ ရှိပါတယ် ။ Civil engineering ဘာသာရပ်ကိုသာ သင်ကြားခဲ့ပါတယ် ။


၁၉၂၇ - ရန်ကုန်တက္ကသိုလ်ရဲ. အင်ဂျင်နီယာဌာနကို ၁၉၂၇ ခုနှစ်မှာ အင်းစိန်မြို.နယ် BOC college of engineering and mining အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ် ။ ပထမ တည်နေရာနဲ.မြောက်ဘက် ၄ မိုင်အကွာမှာပါ ။


၁၉၃၈ - စက်မှုစွမ်းအား (mechanical engineering) ၊ လျှပ်စစ် စွမ်းအား (electrical engineering) ဒီဂရီ သင်တန်း ၂ ခုကို စတင်သင်ကြားခဲ့ပါတယ် ။


၁၉၄၆ - စစ်ကြီး ပြီးဆုံးတဲ့အချိန်မှာ ရန်ကုန်တက္ကသိုလ် ရဲ. အင်ဂျင်နီယာ ဌာန ကို ပိုပြီး တိုးချဲ.ခဲ့ပါတယ် ။


၁၉၅၄ - လေးနှစ် ဒီဂရီ အင်ဂျင်နီယာ သင်တန်း များ Mining, Chemical, Metallurgy and Architecture အတန်းတွေကို ထပ်မံတိုးချဲ့ခဲ ပါတယ် ။


၁၉၅၅ - Textile engineering ဌာနကို ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ် ။


၁၉၅၇ - Water and Sanitation Engineering ဒီဂရီ သင်တန်းကို စတင်သင်ကြားခဲ့တယ် ။ အဲ့ဒီ သင်တန်းဟာ ၁၉၆၁ မှာ ကျောင်းသား ဦးရေ နည်းပါးတဲ့ အကြောင်းပြချက်နဲ. ရပ်ဆိုင်းခဲ့ရတယ် ။


၁၉၅၈ - နိင်ငံတော် အစိုးရက ငွေကျပ် ၁၅ သန်း အသုံးပြုပြီးတော့ BOC ကောလိပ် ပတ်ဝန်းကျင်မှာ အဆောက်ဦး သစ်များဆောက်လုပ်ခဲ့တယ် ။ အဲ့ဒီနှစ်မှာပဲ ဘာမားဆိုဗီယက် သဘောတူညီချက်အရ အင်းစိန် ကြို့ကုန်း မှာ ကောလိပ်တခု ဆောက်လုပ်ခဲ့ပါတယ် ။


၁၉၆၁ - ရန်ကုန်တက္ကသိုလ်ရဲ. အင်ဂျင်နီယာ ဌာန ကို အင်းစိန် ကြို့ကုန်းမှာ Burma Institude of Technology (BIT) အဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ် ။


၁၉၆၄ - Burma Institude of Technology ကို Rangoon Institute of Technology, (RIT) အဖြစ်ပြောင်းလဲ ပြီးတော့ ရန်ကုန်တက္ကသိုလ်မှ ခွဲထွက်ပြီးတော့ သီးခြား စက်မှုတက္ကသိုလ် အဖြစ်ရပ်တည်နိင်ခဲ့ပါတယ် ။


၁၉၉၀ - Rangoon Institute of Technology, (RIT) ကို Yangon Institute of Technology, (YIT) အဖြစ် နာမည်ပြောင်းလဲခဲ့ပါတယ် ။


၁၉၉၁ - The Mandalay Institute of Technology, (MIT) ကို စတင်ဖွင့်လှစ်ခဲ့ပါတယ် ။


၁၉၉၇ - နည်းပညာတက္ကသိုလ်များကို ပညာရေး ၀န်ကြီးဌာန လက်အောက်မှ သိပ္ပံနဲ့နည်းပညာ ၀န်ကြီးဌာန လက်အောက်သို့ပြောင်းလဲခဲ့တယ် ။ Phd ဒေါက်တာ ဘွဲ့များအထိ ပြည်တွင်းမှာပဲ သင်ကြားရေး တိုးချဲ့ ဖွင့်လှစ်ခဲ့တယ် ။


၁၉၉၈ - ပြည် နည်းပညာတက္ကသိုလ် ကိုဖွင့်လှစ်ခဲ့တယ် ။ YIT နဲ့ Nanyang Technological University, NTU, in Singapore တို့ကို ချိတ်ဆက်ခဲ့တယ် ။ Yangon Institute of Technology, (YIT) ကို Yangon Technological University (YTU) အဖြစ်နာမည်ပြောင်းလဲခဲ့ပါတယ် ။


၁၉၉၉ - YTU နဲ့Universiti Teknologi Malaysia, UTM, Malaysia. တို့ချိတ်ဆက်ခဲ့ တယ် ။ ရန်ကုန်နည်းပညာတက္ကသိုလ် (လှိုင်သာယာနယ်မြေ) (ယခု ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်) ကိုဖွင့်လှစ်ခဲ့တယ် ။


၁၉၉၉ - အစိုးရနည်းပညာကောလိပ် (GTC) များကို မြန်မာ နိင်ငံ မြို့အနှံ အပြားမှာ ဖွင့်လှစ်သင်ကြားကာ AGTI , BTech , BE အဆင့်ဆင့် ၅ နှစ်တက်ရောက်ရသော အင်ဂျင်နီယာဘွဲ့ သင်ကြားရေး စနစ်ကို စတင်ခဲ့ပါတယ် ။


၂၀၀၅ - နည်းပညာ ကောလိပ်များရဲ့ တူညီဝတ်စုံ ကို စတင်သတ်မှတ်ခဲ့ပါတယ် ။


၂၀၀၇ - အစိုးရနည်းပညာကောလိပ်များကို နည်းပညာ တက္ကသိုလ်များအဖြစ် ပြောင်းလဲခဲ့တယ် ။ AGTI , BTech , BE အဆင့်ဆင့် ၅ နှစ်တက်ရောက်ရသော အင်ဂျင်နီယာဘွဲ့ သင်ကြားရေး စနစ်ကို တော့မပြောင်းလဲခဲ့ပါဘူး ။


၂၀၁၂ - YTUနှင့် MTU ကိုအဆင့်မြင့် နည်းပညာ တက္ကသိုလ်များအဖြစ်အသစ်တစ်ဖန် ပြန်လည်ဖွင့်လှစ်ပြီး အင်ဂျင်နီယာ တိုက်ရိုက် ၆ နှစ်သင်တန်းသတ်မှတ်ခဲ့ပြီး ကျောင်းတကျောင်း တွင် ကျောင်းသား ဦးရေ ၂၅၀ သာတက်ရောက်စေခဲ့ပါတယ် ။ ကျန်ရှိသော နည်းပညာတက္ကသိုလ်များမှာ AGTI မှ အင်ဂျင်နီယာဘွဲ့ အထိ ၇ နှစ်တက်ရောက်စေခဲပါတယ် ။


၂၀၁၃ ယနေ့ချိန်ထိ -နည်းပညာတက္ကသိုလ်များမှာ တွင် B.Tech ၄ နှစ် BE ၂ နှစ် ၊ စုစုပေါင်း ၆နှစ် အင်ဂျင်နီယာဘွဲ့ စနစ်ကို ပြောင်းလဲ စတင်ရန်စီစဉ် ။


အစိုးရ စက်မှုလက်မှု အထက်တန်းကျောင်း (GTHS) ကျောင်းသားတွေကိ နည်းပညာတက္ကသိုလ်တွေမှာဆက်တက်လို့ မရတော့ဘဲ GTI ကျောင်းတွေမှာပဲ တက်ခွင့်ပေးခဲ့ပြီး AGTI ဒီပလိုမာထိသာ ပေးမည့် စနစ်တခု အကောင်အထည် ဖော်ရန်စီစဉ် ။


Source: - Rangoon Institute of Technology - 1966-67 Official Handbook


Yangon Technological University Official Handbook - May, 1999 Yangon Technological University Official Handbook - May, 1999


Tuesday, November 12, 2013

သံဃိကဒါနဆိုတာ

"သံဃိကဒါနဆိုတာ"


သံဃိကဒါနဆိုတာ ဒက္ခိဏ၀ိဘင်္ဂသုတ်အရ


(၁) ဘုရား အပါအ၀င်ဖြစ်တဲ့၊ ဘုရားခေါင်းဆောင်တဲ့၊ ဘုရားအမှူးရှိတဲ ဥဘတောသံဃာအား လှူဒါန်းခြင်းဟာ ပထမသံဃိကဒါနပဲ။


(၂) မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသွားတဲ့အခါမှာ နှစ်ဖက်သံဃာကို ပင့်ပြီးတော့ လှူရင်လည်း သံဃိကဒါနပဲ ဖြစ်တယ်။ နောက်


(၃) ဘိက္ခုသံဃာသက်သက်ကို လှူရင်လည်းပဲ သံဃိကဒါနပဲ။ နောက်


(၄) ဘိက္ခုနီသံဃာသက်သက်ကို လှူရင်လည်းပဲ သံဃိက ဒါနပဲ။ နောက်တစ်ခု


(၅) ဘိက္ခုသံဃာထဲမှ ရွေးချယ်ပြီးတော ဘယ်နှစ်ပါးကြွပါ၊ ဘယ်နှစ်ပါးပေးပါ ဆိုပြီး လှူရင်လည်းပဲ သံဃိကဒါနပဲဖြစ်တယ်။ နောက်


(၆) ဘိက္ခုနီသံဃာထဲကနေပြီး ရွေးချယ်ပြီး လှူရင်လည်း သံဃိကဒါနပဲလို့


သံဃိကဒါန (၆)မျိုးကို ဒက္ခိဏဝိဘင်္ဂသုတ်မှာ ခွဲခြားပြီးဟောတ ယ်။


ပုဂ္ဂလိကဒါနနဲ့ သံဃိကဒါန ဒီနှစ်ခုအနက် ပုဂ္ဂလိကအလှူဟာ သံဃိကအလှူထက် အကျိုးကြီးတယ်လို့ ငါဘုရား ဘယ်နည်းနဲ့မှ မဟောဘူး လို့ မြတ်စွာဘုရားက မိန့်တော်မူတယ်။ သံဃိကအလှူက ပိုပြီး အကျိုးကြီးတယ်။ ....နောက်ဆုံးမှာ မြတ်စွာဘုရားက ဖြည့်စွက်ပြီး ဟောလိုက်တဲ့ တရားတစ်ခုရှိတယ်။ နောင်ခေတ်ရောက်လာတဲ့အခါမှာ ဂေါတြဘူဆိုတဲ့ ရဟန်းတွေ ပေါ်လာလိမ့်မယ်တဲ ။ ဂေါတြဘူဆိုတာ ရဟန်းတွေရဲ့ အနွယ်သဘောလောက်ပဲ ရှိပါတယ် (သို့မဟုတ်) စစ်မှန်တဲ့အနွယ်တွေကို ဖျက်ဆီးပြီးတော့ နောက်ထပ်ပေါ်လာတဲ့ အနွယ်အသစ်ပေါ့။ ..... နောက်ဆုံး ဘယ်အဆင့်ထိရောက် တုန်းဆိုရင် "ကာသာဝကဏ္ဌာ" သင်္ကန်းရောင်လေးကို လည်ပင်းမှာ စည်းထားတာလေးပဲရှိတယ်၊ ကျန်တာ လူဝတ်နဲ့ အတူတူပဲ။ ....မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ် ၂၅၀၀ တည်းက ကြိုတင်ပြီး အမိန့်ရှိခဲ့တာ အမှန်ပဲ။ "ဂေါတြဘုနော ကာသာဝကဏ္ဌာ" လည်ပင်းလေးမှာပဲ သင်္ကန်းရောင်လေး ပတ်ထားတယ် (သို့မဟုတ်) ဘာသာရေးအခမ်းအနားလေးရှိမှ သင်္ကန်းကို ခြုံလိုက်တယ်။ ဒီ့ပြင် အချိန်မှာ လူပဲ။ ဒုဿီလာ ပါပဓမ္မာ ကိုယ်ကျင့်တရားလည်း မရှိဘူးတဲ့။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ နောက်တစ်ခေတ်မှာ ပေါ်လာလိမ့်မယ်တဲ့။ ဒီလိုပေါ်လာတဲ့အခါမှာတောင် သံဃိကဒါန လှူချင်တယ်ဆိုရင သံဃာကို ရည်စူးပြီးတော့ အဲဒီပုဂ္ဂိုလ်တွေ ကို လှူရင် အကျိုးရပါတယ်တဲ့။ ရည်စူးတယ်ဆိုတာ သံဃာအစစ်ကို ရည်စူးတာ။ သူတို့ကို အာရုံပြုစရာအနေနဲ့သာထားတာ။ သူတို့ရဲ့ (lineage) အနွယ်အဆက်က သံဃာအစစ်။ အနွယ်အဆက်မှာ ဆိုပါစို့၊ လူဆိုရင် ဘိုးဘွား၊ မိဘ၊ တီတွတ်၊ ကျွတ်ဆက်၊ ကျွတ်ဆက်ကနေ သူတို့မျိုးရိုးကို လှမ်းပြီးတော့ ဂုဏ်ပြုတာမျိုးလိုပေါ့။ "အစဉ်အလာက သံဃာအစစ်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာ အကျင့်သီလ မရှိတော့တဲ့ လည်ပင်းကို သင်္ကန်းစလေး ပတ်ထားရုံ၊ ဘုန်ကြီးမှန်း သိရုံလေးလောက်တင်ရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေကို သံဃာအစစ်ကို ရည်စူးပြီးလှူရင်တောင်မှ အဲဒီ သံဃိကဒါနဟာ အတိုင်းအတာမရှိ၊ အတိုင်းမဲ့ အကျိုးရှိတယ်" လို့ မြတ်စွာဘုရားက ဒက္ခိဏ၀ိဘင်္ဂသုတ်မာဟောထားတယ်။ အဲဒီတော့ မြတ်စွာဘုရားက သံဃိကဒါနထက် ပုဂ္ဂလိကဒါနက သာတယ်လို့ ငါဘုရား မဟောနိုင်ဘူး ဒါကြောင့် မိထွေးတော် ဂေါတမီကို သံဃာကိုလှူပါတဲ့။ ဒါ မြတ်စွာဘုရားရဲ့ ကရုဏာပဲ။ ကရုဏာထားပုံချင်း မတူဘူး။ မိထွေးတော် ဂေါတမီက သူ့ကို သနားသောအားဖြင့် သူ့အ၀တ်ကို အလှူခံပါ။ ကိုယ်တိုင်ဝတ်ပါတဲ့။ ဘုရားက ကရုဏာထားတာက ငါဝတ်ရင် ငါတစ်ယောက်တည်းပဲဖြစ်မယ်၊ သံဃာကို လှူလိုက်မယ်ဆိုရင် သံဃိကဒါနဖြစ်ပြီး သူ့မှာ နှစ်ဖက်ကအကျိုးရမယ်။ ငါ့အပေါ်မှာ စေတနာထားလို့ရတာက အကျိုးတစ်ခု၊ သံဃာအပေါ်မှာ စေတနာထားလို့ ရတာကတစ်ခု၊ ပိုပြီးတော့ အကျိုးရစေချင်တဲ မြတ်စွာဘုရားရဲ့ ကရုဏာဟာ ပိုပြီးကြီးမားတဲ့ ကရုဏာ ဖြစ်တယ်နော်။ ....ဘာဖြစ်လို့တုန်းဆိုရင် ဘုရားကိုလှူတဲ့ အလှူဒါနနဲ့ သံဃာကိုလှူတဲ့ အလှူဒါနကို ယှဉ်ရင် ဘုရားကိုလှူတာက ပုဂ္ဂလိကဒါန၊ သံဃာကိုလှူတာကတော့ သံဃိကဒါန။ အဲဒါကြောင့် အကျိုးပေးတာချင်း၊ အကျိုးရတာချင်း မတူဘူးတဲ့။


အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝ သ(Ph.D)။


နိယျာနိကသာသနာ နှင့် မြတ်ဒေသနာများစာ အုပ်။


ဒက္ခိဏဝိဘင်္ဂသုတ်အနှစ်ချုပ် တရားတော်မှ ကောက်နုတ် ကူးယူပူဇော်ပါတယ်


"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT