Wednesday, March 5, 2014

ဝေဘူဆရာတော်ဘုရားကြီး၏သြ၀ါဒ

ဝေဘူဆရာတော်ဘုရားကြီး၏သြ၀ါဒ

အချိန်.....တစ်ခု အလုပ်.....နှစ်မျိုး အကျို.....များစွာ ရုပ်နဲ့နာမ်ကို မတွေ့ချင်ပေါင်ဆိုပြီးရှောင်လို့ တိမ်းလို့များရပါ့မလား။ ထွက်လေ၀င်လေ နှစ်ရပ်ဟာမွေးကတည်းကသေတဲ့အထိရှိနေ တာ။ ဘုရားဆုံးမတဲ့အတိုင်းရုပ်ပေါ်နာမ်ပေါ် ထားရတာ ပင်ပန်းသလား၊ပိုက်ဆံကောကုန် သလား၊ငှားရ ချေးရသေးသလား။ အချိန်ကော ကုန်သလား။တစ်ပါးသူကော သိ သလား။ ထားတာက ၀ီရိယ၊ ထားတဲ့အတိုင်း နေတာက ၀ီရိယိဒ္ဓိပါဒ်၊အခုထားအခုနေ အခု ပစ္စုပ္ပန်ချမ်းသာ။

ဒီချမ်းသာ ဆိုက်လာတော့ ၀ီရိယအရှင်သခင် သိတယ်။ သူများသွားမေးစရာမလိုဘူး။ တစ်နေ့ထက်တစ်နေ့ မတိုးတတ်ဘဲနေပါ့ မလား။ ဘယ်လူ၊ဘယ်နတ်၊ဘယ်ဗြဟ္မာမှ တားဆီးပိတ်ပင်လို့မရဘူး။ ဒီသူတော်ကောင်း ထံမှ ချမ်းသာကိုယူမယ်ဆိုပြီးအနိုင်အထက် လုယူလို့ကော ရနိုင်ပါ့မလား။ မြင့်မြတ်လိုက် တာဗျာ။

ဘယ်ဣရိယာပုတ်နဲ့မှ ဖြစ်တာ၊ဘယ်ဣရိယာ ပုတ်နဲ့တော့ မဖြစ်ဘူးလို့ကော ရှိရဲ့လား။ နေရာ ကောရွေးရဦးမှာလား၊ကိုယ်တစ်ယောက်တည်း နေရင်းကော၊စေတီရင်ပြင် ဗောဓိရင်ပြင်မှာ နေ ရင်းကော၊ သားတွေ သမီးတွေ မြေးတွေနဲ့နေ ရင်းကောရပါသဗျာ။

အဲ.....ခန္ဓာဝန်ကြီးက ရှိနေလေတော့ မိမိတို့ ရည်ရွယ်မှန်းထားတဲ့အလုပ်လဲ လုပ်နေရမှာပဲ။ ဒါပေမဲ့ဘုရားက အဲဒါအလုပ်မခေါ်ဘူး။ ဒါမှ အလုပ်တဲ့။ အဲသလိုလုပ်ရင်းကောဆောင်လို့ မရဘူးလား။ တစ်ချိန်တည်းမှာအလုပ်နှစ်ခုပြီး ပါသဗျာ။ ဒီဟာကိုဆောင်ရင်းနဲ့လုပ်တော့ ပိုပြီး အလုပ်ပြီးလွယ်တယ်၊အကျိုးပိုများတယ်မဟုတ် လား။ ဒီချမ်းသာကို သိပြီးလားဆိုမှဖြင့် အားချိန် နားချိန်မျှမထားဘဲတစ်ဆက်ထဲ ဆောင်ထားကြ တော့တာပဲ။

ကျေးဇူးရှင်ဝေဘူဆရာတော်ဘုရားကြီး (ဆုံးမတော်မူလေ့ရှိသော သြ၀ါဒတရားမှတ်စု )

Sittuyin Online version 1.1

Sittuyin Online version 1.1 ထွက်ပါပြီ။ အသစ်ပြင်ထားတဲ့ ဇယ်ကစားနည်း၊ ခက်ပါတယ်ဆိုတဲ့ AI ကြောင့် လွယ်တဲ့ AI နဲ့ ဆော့လို့ရမည့် AI setting level ၃ မျိုး၊ မိမိ save ဖိုင်တွေကို ဖုန်းထဲမှာမဟုတ်ပဲ cloud ပေါ်မှာ သိမ်းထားနိုင်မည့် Cloud Save တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ Sittuyin Online ကို

http://bit.ly/sittuyinမှာသွားရောက်ပြီး အခမဲ့ ဒေါင်လုဒ် လုပ်နိုင်ပြီဖြစ်ပါတယ်။ Unlock code ဖြေမရတဲ့ သူတွေလဲ ဗာရှင်းအသစ်တွေက ဒေါင်းလုဒ်လုပ်ရင် အဆင်ပြေသွားမှာ ဖြစ်ပါတယ် ခင်ဗျား။

Tuesday, March 4, 2014

မီးသွေးလိုလူ

မီးသွေးလိုလူ

ဤစကားလေးကို ဟိတောပဒေသ ဆုံးမစာလေ့ လာ ဖတ်ရှုစဉ်က သတိပြုမိခဲ့၏။ တိုက်တိုက်ဆိုင် ဆိုင်ပင် ရွှေဥမင် ဆရာတော်ကြီး၏ ဆုံးမသြ၀ါဒ စာအုပ်လေးတွင်လည်း ဤစကားလုံးကို အသုံး ပြု၍ ဆုံးမသြ၀ါဒ ပေးထားသည်ကို ဖတ်လိုက်ရ ၏။ ဟိတောပဒေသ ဆုံးမစာတွင် လူတော် လူ ကောင်းနှင့် လူဖျင်းလူမိုက်နှစ်မျိုးအနက် လူမိုက် သည် မီးသွေးနှင့်တူကြောင်း ဥပမာပေးထား၏။ မီးသွေးသည် မီးအပူရှိန် ရှိနေချိန်တွင် ပူလောင် နေပြီး မီးငြိမ်းသွားသည့်အခါတွင်ကား မည်းညစ် ပေကျံမှုကို ဖြစ်စေ၏။ မီးရှိသည့် မီးသွေးသည် ကိုင်သူကို ပူလောင်စေပြီး မီးငြိမ်းသွားသည့် မီး သွေးသည်ကား ကိုင်သူ၏ လက်ကို မည်းညစ် စေ၏။ ထို့အတူ လူမိုက်သည် မိမိကိုယ်တိုင် လည်း မကောင်းမှု ဒုစရိုက်များဖြင့်ပျက်စီးတတ် သကဲ့သို့ ပေါင်းဖော်သူမိတ်ဆွေအပေါင်းအသင်း များကိုလည်း မကောင်းမှုဒုစရိုက်များဖြင့်ပျက်စီး စေတတ်၏။ ထို့ကြောင့် လူမိုက်သည် စင်စစ် အားဖြင့် လူဟုဆိုသော်လည်း “တန်ဖိုးမရှိသည့် လူ၊ မီးသွေးလိုလူ”သာဖြစ်ကြောင်း ဆိုခြင်းဖြစ် ၏။

မှန်၏။ လောကတွင် မီးသွေးလိုလူများ အများ အပြားရှိ၏။ မိမိအတွက်လည်းအကျိုးမရှိ အများ အတွက်လည်းအကျိုးမပြုသည့် လူများသည် ဆုတ်ကပ်ကာလတွင် တဖြည်းဖြည်း တိုးပွားများ ပြားလာ၏။အသိဉာဏ်ကင်းပြီးအကြောင်းအကျိုး မသိ မိမိအတွက် တစ်ခုတည်းသာ ကြည့်သူများ၊ မိမိ ကောင်းစားမည်ဆိုလျှင် ဘယ်သူ သေသေ ငတေမာပြီးရော ဆိုသူများ၊ တစ်ဘ၀ တစ်နှပ်စာ ကြည့်ကာ ပစ္စုပ္ပန် အကျိုး တမလွန် အကျိုးကို မကြည့်သူများ၊ လုပ်ချင်တာတစ်ခုပဲ သိပြီး မိမိ အကျိုးလည်း မရှိ၊ အများအကျိုးလည်းမရှိသည့် လုပ်ရပ်များကို ဇွတ်အတင်းလုပ်နေသူများ စသူ စသူများသည် အတ္တလည်းမဖြစ် ပရလည်းမဖြစ် သည့် မီးသွေးလိုလူများသာ ဖြစ်ပါ၏။

ခေတ်ကာလက ဖန်တီးပေးလိုက်တော့လည်း လိုက်လုပ်ဖြစ်နေတာပေါ့ဟု ခေတ်ကာလကို အကြောင်းပြုကာ မကောင်းမှုများ လုပ်ဖြစ်နေ၊ လုပ်သာလုပ်စမ်းပါ၊ ဘာမှပူမနေနဲ့ နောင်ခါလာ နောင်ဈေးပေါ့ဟု မိမိလုပ်သည့် မကောင်းသည့် လုပ်ရပ်များကို မိမိနှင့်အတူ အခြားမိတ်ဆွေ အ ပေါင်းအသင်းများကိုပါလုပ်ဖြစ်အောင်တိုက်တွန်း နေသူများသည် စင်စစ် မီးသွေးလိုလူများသာဖြစ် ၏။

မြန်မာစကားတွင် ဆန်ကုန်မြေလေး ဟူသော စကားရှိ၏။ မကောင်းသည့်သူ၊ တန်ဖိုးမရှိသည့် သူ၊ မိုက်မဲသည့်သူ စသည့် သူများသည် လူ့ လောကတွင် အသက်ရှင်နေသော်လည်း မိမိ အတွက်လည်း အကျိုးမရှိ၊ အများအတွက်လည်း အကျိုးမပြုသည့်အပြင် နေ့စဉ် စားသောက်နေ သဖြင့် ဆန်သာကုန်ကုန်သွား၊ သူ့ကို ကမ္ဘာမြေ ကြီးပေါ်မှာ ထားပေးရသဖြင့် ထမ်းထားရသည့် မြေကြီးသာလေးလေးသွားသဖြင့် ထိုသို့သော သူများသည် ဆန်ကုန်ပြီး မြေကြီးသာ လေးလံ စေသည့်သူများ ဖြစ်ကြောင်းသုံးနှုန်း ပြောဆိုကြ ခြင်း ဖြစ်၏။ ထိုဆန်ကုန်မြေလေးများသည် မိမိ အတွက်လည်း အကျိုးမပြီး အများအတွက်လည်း အချည်းနှီးသာ ဖြစ်သဖြင့် မည်သည့် ဘက်က ကြည့်ကြည့် အကျိုးမဲ့စေသဖြင့်ပူလည်းမကောင်း၊ အေးလည်းမကောင်းသည့် မီးသွေးသဖွယ်ဖြစ်နေ သည့် လူသာဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။

မိမိအတွက်၊ အများအတွက် မည့်သည့်ဘက်မှ အကျိုးမရှိသော လူများသည် မီးသွေးလို လူများ သာဖြစ်ကြောင်း ဟိတောပဒေသ အဆုံးအမကို ဖတ်ရင်း အတိတ်က မီးသွေးလိုလူအချို့ကို သတိ ရမိ၏။ ထိုကဲ့သို့သော သူများသည် မည့်သည့် အချိန်၊ မည်သို့သော သူများနှင့်တွေ့နေစေကာမူ မီးသွေးကား မီးသွေးသာ ဖြစ်နေပေတော့၏။

နောက်ဆုံး မြတ်ဗုဒ္ဓကဲ့သို့အနှိုင်းမဲ့အရှင်နှင့် တွေ့ ကြုံခဲ့သော်လည်း အကျိုးမပြီး အချည်းနှီးဖြင့်မီး သွေးလိုလူအဖြစ် ဘ၀နိဂုံးချုပ်သွားခဲ့သူ အချို့ပင် ရှိခဲ့၏။

ဗုဒ္ဓလက်ထက်ရှိ မီးသွေးလိုလူများတွင် အထင်ရှား ဆုံးသူမှာ မြတ်ဗုဒ္ဓ၏ ယောက်ဖတော်ဖြစ်သည့် ရှင် ဒေ၀ဒတ်ပင်ဖြစ်၏။ ရှင်ဒေ၀ဒတ်သည် အမှန်ပင် မီး သွေးလိုလူ ဖြစ်ခဲ့၏။ မြတ်စွာဘုရားနှင့်တွေ့၊ ဘုရား သာသနာနှင့်ကြုံကာ အမြတ်ဆုံး ရဟန်းဘ၀ကို ရ နေခဲ့သော်လည်း ရဟန်းတရားကို ရအောင် အားမ ထုတ်ခဲ့သည့်အပြင် သူ့ကို အမှီပြုခဲ့သည့် အဇာတ သတ်ကဲ့သို့သော သူများကိုပင် မကောင်းမှု အကု သိုလ်ကြီးများ လုပ်ဖြစ်အောင် ဖျက်ဆီးခဲ့၏။ ရှင်ဒေ ၀ဒတ်၏ အသက်ရှင်ခဲ့မှုသည့် အကျိုးမရှိ အချည်းနှီး သက်သက်သာ ဖြစ်ခဲ့၏။ မီးသွေးသည် ပူနေသည့် အချိန် ကိုင်သူကို ပူလောင်စေပြီး၊ အေးနေသည့် အချိန် ကိုင်သူကို မည်းညစ်စေသကဲ့သို့ ရှင်ဒေ၀ဒတ် သည် အသက်ရှင်စဉ် အချိန်တွင် မိမိကိုယ်ကိုလည်း မဂ်ဖိုလ်မပြီး အချည်းနှီးသာ ဖြစ်စေ၊ သူတစ်ပါးကို လည်း ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုးမဲ့ကို ဖြစ်စေခဲ့ ပေ၏။

ယခုမျက်မှောက်ခေတ်တွင်လည်း ထိုကဲ့သို့ မီးသွေး လိုလူများကို အများအပြားတွေ့ဖူး၏။ မိမိကိုယ်တိုင် လည်း မကောင်းသည့် အကုသိုလ် ဒုစရိုက်များကို စိတ်ဝင်တစား လုပ်နေမိသကဲ့သို သူတစ်ပါးကိုလည်း မကောင်းမှု အကုသိုလ် ဒုစရိုက်များ လုပ်ဖြစ်အောင် တိုက်တွန်းပေးနေသူများသည် စင်စစ် မီးသွေးလိုလူ များပင် ဖြစ်၏။ တစ်ခါက တရားပွဲတစ်ခုသို့ ကြွစဉ် ဘုန်းကြီးနောက်ကွယ်တွင် ပြောနေကြသော ဒကာ လေးနှစ်ဦး၏ စကားများကို ပြန်လည်ကြားယောင်မိ ပါ၏။ တစ်ယောက်က ကျွန်တော်ဒီနိုင်ငံကိုမရောက် ခင်က အရက်လည်းမသောက်တတ်၊ ဖဲလည်းမရိုက် တတ်၊ လောင်းကစားလည်း မလုပ်တတ်ဘူး၊ အခု ဒီမှာလာပြီး ခင်ဗျားနဲ့တွေ့မှ ဒါတွေအကုန်လုပ်တ တ် သွားတယ်..ဟု နောက်သလို ပြောင်သလို ပြော၏။ ထိုအခါ နောက်တစ်ယောက်က မုဆိုးနားနီး မုဆိုး၊ တံငါနားနီးတံငါ ဆိုသလို မင်းလည်းငါနဲ့နီးတော့ ငါ့ ဆီက ပညာတွေ ရသွားတာပေါ့ကွာ.လို့ ပြန်ပြောသံ ကိုလည်းကြားလိုက်၏။ ထိုကလေးနှစ်ယောက်ပြော သံများသည် နောက်သလို ပြောင်သလို အပျော်သ ဘော ဖြစ်သော်လည်း စာရေးသူ အတွေးများကား မိတ်ကောင်းဆွေကောင်းနှင့် မကောင်းသည့် အဆွေ ခင်ပွန်းများ၏ သဘောများကို သတိတရ ဖြစ်စေခဲ့၏။

မိမိကိုယ်တိုင်လည်း မကောင်းမှု ဒုစရိုက်များကို ပြုလုပ်နေပြီး မိတ်ဆွေအပေါင်း အသင်းများကိုလည်း အပါယ်အထိ လားစေတတ်သည့် မီးသွေးလို လူမျိုး သို့မဟုတ် မကောင်းမှု၌ အပေါင်းအဖော်ဖြစ်သည့် မိတ်ဆွေတုနှင့် မိမိနှင့်အတူ မိတ်ဆွေအပေါင်းအ သင်း များကိုလည်း ကောင်းကျိုးကို ဖြစ်စေတတ်သည့် မိတ် ဆွေစစ်တို့၏ သဘောလက္ခဏာများကို သိင်္ဂါလောဝါဒ သုတ်တွင် ဖော်ပြထား၏။ ထိုသုတ်တွင်

၁။ သေရည်သေရက်သောက်ခြင်း၌ အပေါင်းအဖော်ဖြစ်ခြင်း၊

၂။ အခါမဲ့ခရီးသွားခြင်း၌ အပေါင်းအဖော် ဖြစ်ခြင်း၊

၃။ ပွဲလမ်းသဘင် ကြည့်ရှုနားထောင်ခြင်း၌ အပေါင်း အဖော်ဖြစ်ခြင်း၊

၎။ လောင်းကစားခြင်း၌ အပေါင်းအဖော်ဖြစ်ခြင်း ဟူ သော ဤလေးပါးသော အကြောင်းတို့ဖြင့် ပျက်စီး ကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေစစ် မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏။ ဟူ၍လည်း ကောင်း

၁။ မကောင်းမှုမှ တားမြစ်တတ်ခြင်း၊

၂။ ကောင်းမှု၌ သက်ဝင်စေရန် တိုက်တွန်းတတ်ခြ င်း၊

၃။ မကြားဖူးသောတရားစကားကိုပြောကြား တတ်ခြင်း၊

၎။ နတ်ပြည်ရောက်ကြောင်း ခရီးလမ်းကို ပြောကြား တတ်ခြင်းဟူသော ဤလေးပါးသော အကြောင်းတို့ ဖြင့် ချမ်းသာအတူ၊ ဆင်းရဲအတူဖြစ်သော ကောင်း သော စိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏ ဟူ၍လည်းကောင်း ဖော်ပြထား၏။

ထိုလက္ခဏာများကို ကြည့်ပါကမိတ်ဆွေတုနှင့်မိတ် ဆွေစစ်တို့၏ ကွာခြားချက်ကို ကောင်းစွာသိနိုင်၏။ အထူးသဖြင့် မိတ်ဆွေတု၏သဘောများသည် မျက် မှောက်ခေတ်လူ့လောကတွင်ပေါင်းသင်းနေကြသည့် လက်တွေ့ဘ၀များနှင့် ကိုက်ညီနေသည်ကို တွေ့ရ ၏။ စာရေးသူနှင့် နီးစပ်သည့် ကလေးများတွင်အချို့ လူငယ်များသည် အပေါင်းအသင်းကြောင့် ယခင်က မလုပ်ဖူးသည့် မလုပ်တတ်သည့် အလုပ်များကိုပင် လုပ်တတ်နေကြသည်ကို သတိထားမိနေ၏။ မြန်မာ ပြည်တွင် ရှိစဉ်က အရက်မသောက်တတ်၊ ဖဲမရိုက် တတ်သည့် ကလေးများသည် ယခုအခါတွင် အရက် သမားလေးများ၊ ဖဲသမားလေးများပင် ဖြစ်နေကြ၏။ ထိုကလေးများသည် မုဆိုးနားနီးမုဆိုး၊ တံငါနားနီး တံငါဆိုသလို အရက်သောက်တတ်၊ ဖဲရိုက်တတ်၊ လောင်းကစားလုပ်တတ်သည့် သူများနှင့် တွေ့ဆုံ ပေါင်းသင်းမိရာမှ ထိုအတတ်များ တတ်လာခဲ့ကြ၏။ ထိုလူငယ်လေးများနှင့် ပေါင်းသင်းနေထိုင် ပျော်မွေ့ နေသူများသည် ရှေးယခင်ကတည်းပင် ထိုအလုပ် များတွင်ကျင်လည်နေသူများဖြစ်၏။ ထိုသူတို့ကိုယ် တိုင်လည်း မိမိတို့ လုပ်ဆောင်နေကြသည့် အလုပ် များအပေါ်တွင် နောင်တမရ သတိသံဝေဂမဖြစ်ကြ ဘဲ ပျော်ပျော်ပါးပါးဖြင့် ရုန်းမထွက်နိုင် ဖြစ်နေကြ သည်ကိုသတိထားမိ၏။ မိမိတို့သည်မကော င်းသည့် အလုပ်များကို လုပ်နေသည်ကို သတိမပြုမိကြသည့် အပြင် အခြားသူများကိုပါ အတူလုပ်ဖြစ်ကြရန် ဆွဲ ခေါ်နေပေတော့၏။ မကောင်းမှု၌ အပေါင်းအဖော် ဖြစ်သည့် မိတ်ဆွေတုဟူသည် ၎င်းတို့ကို ဆိုရမလို ပင် ဖြစ်နေတော့၏။ သေချာသည်မှာ ထိုကဲ့သို့ မကောင်းမှု ဒုစရိုက်များတွင် မိမိကိုယ်တိုင်လည်း ပျော်ပျော်ပါးပါး လုပ်ဆောင်နေသကဲ့သို့ သူတစ်ပါး တို့အားလည်း အတူပါဝင်စေကာ မကောင်းမှု၌ အ ပေါင်းအဖော်ဖြစ်သည့် ထိုသူများသည် မိမိအကျိုး နှင့် သူတစ်ပါးအကျိုး နှစ်မျိုးလုံးကို ပျက်ဆီးစေပြီး ပစ္စုပ္ပန် သံသရာ ဆိုးကျိုးများကိုသာ ဖြစ်စေကြသည့် မီးသွေးလိုလူများသာ ဖြစ်နေကြခြင်းပင် ဖြစ်၏။

မည်သို့ပင်ဆိုစေ မီးသွေးလိုလူသည်လည်း ပြုပြင် လိုက်မည်ဆိုလျှင် နောက်ကျသည်ဟူ၍ မရှိပေ။ မကောင်းမှုကို မကောင်းမှုဟုသိပြီး ပြုပြင်နိုင်လျှင် အပြုကောင်းဖြစ်ကာ အပြုကောင်းလာလျှင် အ ကောင်းဖြစ်လာမည်သာ ဖြစ်ပါ၏။ မမှားသော ရှေ့နေ၊ မသေသော ဆေးသမား မရှိဟု ဆိုသကဲ့ သို့ အမှားမလုပ်မိသူ၊ မမှားဖူးသူမည်သည် မရှိလှ ပေ။ အမှားကို အမှားဟုသိပြီး အမှန်ဖြစ်အောင် ကြိုးစားမည်ဟူသော စိတ်ဆုံးဖြတ်ချက်ကိုသာ ပိုင် ပိုင်ချကာ ပြုပြင်ကြရန်သာ လိုအပ်ပေ၏။ မင်းကွန်း ဆရာတော် ဘုရားကြီး၏ ယခုလက်ရှိ အချိန်ထက် ကောင်းသောအချိန်သည် မရှိ ဟူသော စကားကို နှလုံးသွင်းဆင်ခြင်ကာ မိမိ၏ မကောင်းသည့်လုပ် ရပ်ကို ယခုချက်ချင်း ပြုပြင်နိုင်အောင် ကြိုးစားနိုင် ခြင်းသည်သာ ကျန်ခဲ့သည့် အတိတ်ကာလနှင့် မ ရောက်သေးသည့် အနာဂတ်ကာလများထက် သာ လွန်သည့် အကောင်းဆုံး အချိန်ဖြစ်ပါ၏။ သေချာ သည်မှာ မီးသွေးလိုလူသည်လည်း ပတ္တမြားလိုလူ ဖြစ်နိုင်သည်ဟူသည့် အချက်ပင်ဖြစ်၏။

ထို့ကြောင့် ရခဲလှသည့် လူ့ဘ၀ကို ရရှိထားသည့် အပြင် အကောင်းဆုံး ဘ၀ကို ပိုင်ဆိုင်ထားသည့် လူသားများသည် ရရှိထားသည့် မိမိတို့၏ အ ကောင်းဆုံးဘ၀တွင် တန်ဖိုးရှိသည့်သူများ၊ မိမိ အကျိုး သို့မဟုတ် အများအကျိုး၊သို့မဟုတ် မိမိ သူတစ်ပါး အကျိုးတစ်ခုခုကို ထူးချွန် အောင်မြင် အောင် လုပ်နိုင်သည့်သူများ မဖြစ်သော်လည်း မိမိလည်းမကောင်း၊ သူတစ်ပါးကိုလည်းမကောင်း ဖြစ်စေသည့် မီးသွေးလိုလူမျိုးကား မဖြစ်ကြရန် အ ထူးလိုအပ်လှ၏။ အကယ်၍မိမိသည် မီးသွေးလို လူ ဖြစ်နေခဲ့သည်ရှိသော် မိမိ၏ မကောင်းသည့် လုပ်ရပ်များကို ပြုပြင်နိုင်လျှင် နောက်မကျသေး သဖြင့် အမြန်ဆုံး ပြုပြင်နိုင်အောင် ကြိုးစားသင့်၏။ လက်ရှိအချိန်သည်သာ အကောင်းဆုံး အချိန်ဖြစ် သဖြင့် အကောင်းဆုံးအချိန်ကို မိမိလည်းအကျိုးမ ရှိ၊ အများအတွက်လည်းအကျိုးမရှိနိုင်သည့် မီးသွေး လိုလူမျိုး မဖြစ်အောင် ကြိုးစားနေထိုင်ရင်း မိမိဘ၀ ကို မိမိလှအောင်သာ သတိတရား လက်ကိုင်ထား ကာ ပြုပြင်နေထိုင်ကြပါဟုတိုက်တွန်း စကားပါးလိုက် ပါ၏။y

မနာပဒါယီ အရှင်ဝိစိတ္တ

Wednesday, January 22, 2014

engineering ဆိုင်ရာ စာအုပ်များ

Myanmar Civil Engineering Knowledge Share Center အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)

(၁)ဒီဇယ်အင်ဂျင် (ဦးအုန်းမြင့် (စက်မှုအင်ဂျင်နီယာ-စွမ်းအား))

http://www.mediafire.com/download/1v9iekjb00vh0nc/U_Ohn_Myint_dies el_.pdf

(၂)အေစီ မှ ဒီစီသို့ နှင့် ဒီစီမှ အေစီသို့ (ဦးအုန်းမြိုင်-[လျှပ်စစ်]) http://www.mediafire.com/download/vkb2pl14qq7vbis/AC_to_DC_-U_Ohn. .(onairmm).pdf

(၃)ရာစုသစ်အခြေခံအီလက်ထရွန်းနစ် (၀င်းထက်ဝင်း)(စ/ဆုံး) http://www.mediafire.com/? 7oq5yn190wlceu6

(၄)Learning Autocad 2010 (အောင်ဇော်လတ်) အပိုင်း (၁) http://www.mediafire.com/? c5a8hjh0w876ddh အပိုင်း (၂) http://www.mediafire.com/? vn98mvlrauxpmlj အထက်ပါစာအုပ်များနှင့် တွဲလေ့လာရန် Work File http://www.mediafire.com/? asdb6q21f1r034n

(၅)ခေတ်မီသံပန်းသံတံခါးပုံစံများစာအုပ် http://www.mediafire.com/download/5aum5ju2idr24ux/thanpandesigns.pdf

(၆)လေကြောင်းပညာသိချင်စရာ (လေသူရဲတစ်ဦး) http://www.mediafire.com/download/ea97ap7xc5jm9pp/laykyaungpyinyar.pdf

(၇)ခေတ်မီမော်တော်ယာဉ်ဆိုင်ရာ လျှပ်စစ်နည်းပညာများ (မင်းသိန်း-စက်မှု) ( part 1) http://www.mediafire.com/download/dcn9hmasdxx37le/Electricaltechfo rmotorcar_(part1).pdf ( part2) http://www.mediafire.com/download/6nosonia5qvgfif/

(၈)နှိုက်နှိုက်ချွတ်ချွတ်ခေတ်ပေါ်မော်တော်ကားထိ န်းသိမ်းနည်းလက်စွဲ (ဒိုဂျေဆန်း) http://www.mediafire.com/download/256r47t46jwqa90/JDOSAN_(part1).pdf http://www.mediafire.com/download/zha3ae19nqf8g2k/JDOSAN_(part2).pdf

(၉)လျှပ်စစ်အင်ဂျင်နီယာလက်စွဲ လုပ်ငန်းခွင်သုံးလက်တွေ့ပြစ်ချက်ရှာဖွေနည်းများ (ဦးကိုကိုလေး) http://www.mediafire.com/download/80nznkyw5vo5bg1/UKOKOLAy.pdf

(၁၀)ဂြိုလ်တုစလောင်းတပ်ဆင်နည်းန င့်ကျူးနစ်ကုတ်ဒ်နံပါတ်များ (ဦးသန်းဆင့်-နေ လင်းအီလက်ထရွန်းနစ်) http://www.mediafire.com/download/8vi29q8idd88786/Satellite.pdf

(၁၁)အဆောက်အအုံလုပ်ငန်းဆိုင်ရာ အင်ဂျင်နီယာလက်စွဲ http://www.mediafire.com/download/kh3jwkxbm88ziyd/building_enginee ring.pdf

မူရင်း= http://bluenavyblog.blogspot.com/2013/11/blog-post_19.html

Myanmar Civil Engineering Knowledge Share Center

Tuesday, January 21, 2014

"ပဋ္ဌာန်း(၂၄)ပစ္စည်း အဓိပ္ပါယ်အကျဉ်းလင်္ကာ"



"ပဋ္ဌာန်း(၂၄)ပစ္စည်း

အဓိပ္ပါယ်အကျဉ်းလင်္ကာ"

ဟေတုဆိုတာ ရင်းမြစ်တရားပေါ့

အာရုံများမတော့ အာရမ္မဏာ ။

ကြီးမှူးဖြစ်တာအဓိပတိပေါ့

အခြားမဲ့မတော့ အနန္တရာ ။

သမနန်မှာ ကောင်းစွာအခြားမဲ့

တကွဖြစ်ရဲ့ သဟဇာ။

အညမညာ ပြန်လှန်ဖြစ်၍

နိဿယဓလေ့ မှီခိုရာ။

အားကြီးမှီရာဥပနိဿ်မို့

ရှေး၌ဖြစ်လို့ ပုရေဇာ ။

နောက်မှ ပစ္ဆာ /အာသေဝနတော့

အဖန်တလဲလဲမှီဝဲတာ ။

ကမ္မဆိုတာ မျိုးစေ့ပေါ့ဗျ

ဝိပါကက အကျိုးပါ။

ထောက်ပံ့ခိုင်တာ အာဟာရပေါ့

အစိုးရတော့ ဣန္ဒြိယာ ။

ဈာနဆိုတာ ကပ်ရှုရလို့

မဂ္ဂကတော့ လမ်းကြောင်းပါ။

ယှဉ်ဖက်ဖြစ်တာ သမ္ပယုတ္တပေါ့

ဝိပ္ပယုတ်မတော့ မယှဉ်ပါ။

အတ္ထိဆိုတာ ရှိသည်ဖြစ်လို့

နတ္ထိပေမို့ မရှိပါ ။

ဝိဂတမှာ ကင်းသည်ဖြစ်၍

အဝိဂတဓလေ့ မကင်းပါ။

နှစ်ဆယ့်လေးဖြာ ပစ္စည်းတရားကို

မြတ်စွာဘုရားဟောခဲ့တာ ။

ချဲ့လျှင်မကုန်ချုံ့မလုံမို့

အထုံဓလေ့ ဖြစ်ဖို့ရာ။

သင်ပါ မှတ်ပါ ကျင့်ကြပါကွဲ့

မပျင်းကြနဲ့ ထိုက်သင့်စွာ ။

လေ့လာ ကျင့်ပါ။

{မှတ်ချက်။ ။ ဤလင်္ကာကို ကလေးတွေအတွက် ရည်ရွယ်ပြီး ၂၀၀၈ ခုနှစ်ကတည်းကရေးဖြစ်ခဲ့ပါတယ်။ ၂၀၁၀- ခုနှစ်၊ ဧပြီလမှာ "ရွာတိုင်းအတွက်ကဗျာလက်ဆောင်" ဘလော့ကလေးမှာ တင်ဖြစ်ခဲ့ပါတယ်။

အွန်လိုင်းစာမျက်နှာအချို့မှာ မူရင်းရေးသားသူ ဤအရှင်၏ အမည်ကို မဖော်ပြဘဲတဆင့်ကူးယူဖော်ပြနေကြတာ မျိုးတွေကို တွေ့ရပါတယ်။ဒီလင်္ကာနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုသော ဝေဖန် အကြံပြုချက်တွေ ရှိလာခဲ့ရင် မူရင်းရေးသားသူဤအရှင်နှင့်သာ သက်ဆိုင်နေတဲ့အတွက် တဆင့် ကူးယူဖော်ပြကြသူတွေအနေနဲ့မူရင်းရေးသားသူရဲ့ အမည်ကိုပါ ထည့်သွင်းဖော်ပြပေးကြဖို့အကြောင်း အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ်။ ဓာတ်ပုံကို Google မှ ရယူဖော်ပြပါတယ်။ မူရင်းပိုင်ရှင်များ ခွင့်ပြုတော်မူနိုင်ကြပါစေ။}

{ချဲ့၍လည်းမကုန်နိုင်၊ချုံ့၍လည်းမလုံနိုင်သော ပဋ္ဌာန်းတရားတော်မြတ်ကို စွမ်းနိုင်သမျှ သင်ကြားလေ့ကျင့်နိုင်ကြပါစေသတည်း။ }

မေတ္တာဖြင့် အရှင်ဝိသာရဒ (ရမ္မာဝတီ) 20/01/2014

ဦးနရပတိ ဆရာတော်ထံ မှ ပြန်လည် ကူးယူ မျှဝေ ပူဇော်ပါသည်။—wi
Posted via BlogPost

Friday, January 3, 2014

** * ..ကိုယ့်ဝန်လမ်းကို ထမ်းမှ တော်မည် ..* * *

လွတ်လပ်နေ့ အထိမ်းအမှတ်အဖြစ် ပြန်လည်ဖော်ပြလိုက်ပါသည်.... -----------------------------------------------------------------------၁၃၀၉-ခုနှစ်၊ပြာသိုလပြည့်ကျော်(၉)ရက်၊၁၉၄၈-ခုနှစ်၊ ဇန်န၀ါရီလ(၄)ရက်၊တနင်္ဂနွေနေ့တွင် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင်ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာရောက်ရှိကြောင်း အာဒိဝဋံသကာထေရ် ကြားသိတော်မူပါသဖြင့် ၀မ်းမြောက်တော်မူလှပါသောကြောင့် ရေးသားဖွဲ့စည်းအပ်သော ပါဠိ ဂါထာနှင့် မြန်မာစကားပြေ မြန်မာ ကဗျာတို့မှကောက်နှုတ်၍ ဖော်ထုတ်ပူဇော်အပ်ပါသည် ...။

** * ..ကိုယ့်ဝန်လမ်းကို ထမ်းမှ တော်မည် ..* * * = = = = = = = = = = = = = = = = = = = = = = = သာသနာစက်ရောင် - ထက်ယခေါင်မှ

လက်ပြောင်ဝေပ -အောင်မြေချမှု

ဆွဆွနု ပျို - လန်းလန်းစိုသား

နဂို မူလ- သဘာဝဖြင့်

မြပန်းချီဆေး- ကံရှိန် ရေး၍

သွေးဖြင့်တည်ထောင် - ကိုယ့်ပြည်ထောင်ကို

နောင်တစ်ဖန်ခေတ်- ပြန်မနစ်ဖို့

အားသစ်မွေးမြူ - အလေးမူလျက်

ရှင် လူနှစ်ခန်း- ကိုယ့်ဝန်လမ်းကို

ထမ်းမှတော်မည် - သွေးချစ်ရည်တို့

ကြည်တမြမြ - ကိုယ့်ငန်းမှလျှင်

မချသောစိတ် - မမှိတ် မျက်စိ

သတိခိုင်ကြည် - လုံ့လစည်လျက်

ဉာဏ်ရည်လင်းပွင့်- ကပ်လုံးတင့်အောင်

ဆင့်ဆင့်ကြိုးအား- သန်ကြစို့...။

အာဒိဝဋံသကာထေရ် အရှင်ဝိစိတ္တသာရာဘိဝံသ (အာဒိကမ္မိက တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက) ဓမ္မနာဒကျောင်းတိုက်၊မင်းကွန်းတောင်ရိုး၊ စစ်ကိုင်းတိုင်းဒေသကြီး

ထေရ၀ါဒမော်ကွန်းစာစောင် (အတွဲ ၁-၊အမှတ် ၁)မှ ထပ်ဆင့်ပူဇော်ပါသည်..။ ဦးနရပတိ ဆရာတော် မန်း/ ငြိမ်းချမ်းရေးပရိယတ္တိစာသင်တိုက်

ငယ်ချစ်ဦး

ငယ်ချစ်ဦး

တစ်သက် တစ်ခါ ၊ တစ်လွှာ တစ်ရွက် တစ်ခက် တစ်ပွင့် ၊ ငုံအဆင့်မို့ ရင့်လို့ပဲ ဝါဝါ ညှာတံပဲ ပြုတ်ပြုတ် ဖြုတ်ခနဲပဲ ကြွေကြွေ မြေမှာပဲ ရောက်ရောက် ဖွဖွလေးကောက်လို့ ပန်းခြောက်လေးဘဲ မြတ်နိုးမယ်...။
မောင်စိန်ဝင်း (ပုတီးကုန်း)

"ဟိတ်”ဆိုတဲ့ အဓိပ္ပါယ် အရှင်ဘုရား တပည့်တော် အခြေပြုပဌာန်းကိုဖတ်ရင်း နားမလည်ဘူးဖြစ်နေတယ် ပိာတ် ဆိုတာ ဘာကိုပြောတာလဲ ဘု၇ား ။ နွေးနွေးအောင် ( နေပြည်တော် ) ဘာသာရေး အမေးအဖြေကို တကယ်တမ်းတော့ မဖြေချင်ပါဘူး။ ဘာသာရေး အမေးအဖြေဆိုတာက ပညာရှင်ကြီးများရဲ့ အရာလို့ ယုံကြည်ထားမိလို့ပါ။ အခုတော့ ဖြေရတော့မယ်။ ပြောပြရတော့မယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်ကို ဖတ်နေတယ်ဆိုတော့လည်း ကိုယ့်တာဝန်နဲ့ မကင်းဘူးဖြစ်နေတယ်။ ဘာသာရေး စာတွေဖတ်တယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် ဝမ်းသာရမှာပါ။ အသိတစ်ယောက်ကို ပြောပြတယ်လို့ပဲ သဘောထားလိုက်ပေါ့ ဟိတ်ဆိုတာကို နားမလည်းဘူးဆိုတော့ ''ဟေတု ပစ္စယော'' ဆိုတဲ့ ဟိတ်ကိုပြောတာထင်တယ်။ ဟေတု ဆိုတဲ့ ပါဠိကို မြန်မာတို့က ဟိတ် လို့ မြန်မာသံနဲ့ ခေါ်လိုက်ကြတယ် ကုသလဆိုတဲ့ ပါဠိကို ကုသိုလ် ပြောသလိုမျိုးပေါ့ ။ အဓိပ္ပါယ်က ဟေတု (ဟိတ်) ဆိုတာ မြန်မာလို အကြောင်းတရား လို့ပြောတာပါ။ အကြောင်းတရားဆိုတာ ဘာကိုဖြစ်စေတတ်တဲ့ အကြောင်းတရားလည်းဆိုတော့ သာမာန်အားဖြင့် ကုသိုလ် နဲ့ အကုသိုလ် သို့မဟုတ် ကောင်းတာ နဲ့ မကောင်းတာကို ဖြစ်စေတတ် အကြောင်းတရားကို ဟေတု ဟိတ်လို့ခေါ်တာပါ။ အဲဒီ ဟိတ်ကလည်း (၆)မျိုးရှိပါတယ်၊ လောဘ ဒေါသ မောဟ နဲ့ အလောဘ အဒေါသ အမောဟ ပါ ရှေ့သုံးပါးက အကုသိုလ် မကောင်းကျိုးကို ဖြစ်စေတတ်ပြီး နောက်သုံးပါးကတော့ ကုသိုလ် ကောင်းကျိုးဖြစ်စေတတ်တဲ့ တရားပါ။ အဲဒါကိုပဲ ဟိတ်(၆)ပါးလို့ခေါ်ပြန်ပါတယ်။ လောဘကို လိုချင်ခြင်း တပ်မက်ခြင်းလို့ ဆိုရင် အလောဘကို မလိုချင်ခြင်း မတပ်မက်ခြင်းလို့ ဆိုရမှာပါ ။ လိုချင် တပ်မက်ခြင်း မရှိတဲ့သူအတွက် ပေးကမ်းခြင်း စွန့်လွှတ်ခြင်းဆိုတဲ့ စာဂ တရား သို့မဟုတ် ဒါနတရားဟာ အလိုလိုဖြစ်နိုင်ပါတယ်။ လိုချင်တပ်မက်ခြင်း ရှိသူအတွက်ကတော့ သူတစ်ပါး ကြီးပွါးချမ်းသာတာကို မနာလို မရှုစိတ် ဖြစ်ခြင်း ဣဿာ ကိုယ်ပိုင်ပစ္စည်းများကို တွန့်တိုခြင်း နှမြောခြင်း မစ္ဆရိယ ။မစ္ဆရိယဆိုလို့ တဆက်တည်း ပြောလိုက်ပါဦးမယ် ၊ စကားစပ်လို့ မစ္ဆရိယကလည်း (၅)ပါးရှိတယ်၊ ၁။ အာဝါသ မစ္ဆရိယ ၂။ လာဘ မစ္ဆရိယ ၃။ ကုလ မစ္ဆရိယ ၄။ ဝဏ္ဏ မစ္ဆရိယ ၅။ ဓမ္မ မစ္ဆရိယ အာဝါသ မစ္ဆရိယ - မစ္ဆရိယကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းမှတ်ပြီး အာဝါသ ဆိုတာက နေရာ ၊ နေရာထိုင်ခင်းနဲ့ ပါတ်သက်ပြီး နှမြောတွန့်တိုတာကို ပြောတာပါ။ တိုက်တွေ ခြံတွေကို မဆိုထားနဲ့ အယုတ်ဆုံး ပွဲကြည့်လို့ ကိုယ့်ဖျာမှာ သူများ ထိုင်မှာစိုးလို့ ခြေထောက်ကို ကားနိုင်သမျှ ကားပြီးထိုင်တာဟာလည်း မစ္ဆရိယ ပါပဲ အာဝါသ မစ္ဆရိယပေါ့။ အဲ့လို မဟုတ်ဘဲ အော်… သူလည်း ထိုင်ပါစေ ဆိုပြီး နေရာလေး ပေးလိုက်ရင် အာဝါသ ဒါန နေရာထိုင်ခင်း အလှူဖြစ်သွားမှာပေါ့။ လာဘ မစ္ဆရိယ -လာဘ်ရခြင်း၌ နှမြောတွန့်တိုခြင်း ၊ သူများရမည့် အခွင့်ရေးကောင်းတွေကို လက်လွှတ်အောင် ဆုံးရှုံးအောင် ပျက်စီးအောင် ကြံစည် ပြောဆို လုပ်ဆောင်တဲ့ သူဟာ လာဘ မစ္ဆရိယ ဖြစ်သူပါ။ ကုလ မစ္ဆရိယ- ကုလ ဆိုတာက အမျိုးပါ ဒါပေးမယ့် ဆွေးမျိုးတော်တဲ့ အမျိုးကိုသာ ပြောတာမဟုတ်ပါဘူး။ ရဟန်းတော်များဆို ဒကာ ဒကာမ၊ လူများဆို ဟိုသူငယ်ချင်းကို ဒီသူငယ်ချင်းနဲ့ မိတ်ဆက်မပေးနိုင်တာ မိတ်ဆက်ပေးလိုက်ရင် သူက ကိုယ့်ထက် ဟိုသူငယ်ချင်းကို ပိုပြီးခင်မင် ရင်နှီးသွားမှာ စိုးတာမျိုး အယုတ်ဆုံး ကိုယ်ချစ်သူက သူငယ်ချင်း ကောင်လေး ကောင်မလေးတွေနဲ့ စကားပြောတာကို '' နောက်ကို သူနဲ့ စကားမပြောနဲ့ ရောရောနှောနှော မနေနဲ့ မကြိုက်ဘူး" ဆိုတာတွေဟာ မစ္ဆရိယရဲ့ အစွမ်းလေးတွေပါ ကုလ မစ္ဆရိယ ပေါ့ ။ ဒါပေမယ့် တချို့ အဲဒီလို မစ္ဆရိယ လေးဖြစ်မှ ချစ်တယ်ထင်ပြန်ပါတယ်တဲ့။ ဝဏ္ဏ မစ္ဆရိယ- ဝဏ္ဏ ဆိုတာ ရုပ်အဆင်းကို ပြောတာပါ၊ ကိုယ်လှတာချောတာကို သူများကြည့်ရင် သဘောကျပေမယ့် ကြည့်တဲ့လူက ကိုယ့်ကျော်ပြီး ဟိုဘက်က ကိုယ့်ထက် ချောတဲ့လှတဲ့သူကို ကြည့်နေရင် စိတ်က ဟိုကအလှပေါ်မှာ နှမြောတွန့်တိုတာမျိုးပေါ့ ဥပမာ ဒေဝဒတ်လောင်းဟာ ဘဝတစ်ခုမှာ ရှင်ဘုရင်ဖြစ်ပြီး ဆင်ဖြူတော်ကြီးစီး တိုင်းခန်းလှည့်လည်တော့ လူတွေက ဆင်ဖြူတော်ကြီး လှကြောင်း ယဉ်ကြောင်း ပြောလို့ သူလိုရှင်ဘုရင်ကိုတော့ မပြောပဲ ဆင်ကိုပြောရမလားဆိုပြီး ဆင်ဖြူတော်ကို သတ်လိုက်တဲ့ အဖြစ်ဟာ ဝဏ္ဏ မစ္ဆရိယပေါ့ ။ ဓမ္မ မစ္ဆရိယ- ဒီဓမ္မ မစ္ဆရိယက တော်တော်လေး ဆန်းတဲ့ မစ္ဆရိယပါပဲ ၊ ကိုသိထားတဲ့ အသိပညာ ဗဟုသုတတွေကို သူများကို ပြောမပြချင်တာ သူများသိသွားမှာ စိုးတာ၊ ဓမ္မ မစ္ဆရိယ ဖြစ်တဲ့လူဟာ သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး အသိပညာ သို့မဟုတ် ဗဟုသုတ ရှိတဲ့လူတွေသာ အဖြစ်များလိမ့်မယ်။ ဒါကြောင့် အပြောများကြတယ်လေ " သိချင်ရင် ဝယ်ဖတ်" တို့ " ဆရာသား ချန်တယ် " တို့ ဆရာသားချန်တယ် ဆိုလို့ မြတ်စွာဘုရားရဲ့ လက္ခဏာတော်တွေကို သတိရမိတယ် မြတ်စွာဘုရား ပါရမီဖြည့်စဉ်တုန်းက သူဆရာဖြစ်တဲ့ ဘဝတိုင်းမှာ တပည့်တွေကို ပညာသင်ပေးတဲ့ အခါ ဆရာသား မချန်ပဲ ပညာကုန် သင်ပေးတဲ့ ကောင်းမှု့ကြောင့် ဘုရားဖြစ်တဲ့ ဘဝမှာ မြတ်စွာဘုရားရဲ့ ခြေထောက်တော်များဟာ သာမန်လူတွေလို နောက်ခြေသလုံးမှာဘု ထွက် ရှေ့ကအရိုးထွက် မနေပဲ ဧဏီ သားကောင်လို အသားဆိုင်ဟာရှေ့နောက်ညီမျှပြီး ပြေပြက်ချောမွှေ့တဲ့ ( ဧဏီဇင်္ဃတာ) လက္ခဏာတော် တစ်ခုအနေနဲ့ အကျိုးပေးတာပါတဲ့ တနည်းအားဖြင့် ဒါဟာ ဓမ္မ မစ္ဆရိယ ကင်းခြင်းရဲ့ အကျိုးလို့ ပြောရင်လည်း မမှားပါဘူး။ ဒေါသ - စိတ်ဆိုး စိတ်ကောက် မုန်းတီးခြင်းဆိုရင် အဒေါသ ကတော့ စိတ်မဆိုး စိတ်မကောက် ချစ်ခင်ခြင်း မေတ္တာတရားပေါ့ ။လူအများစုက မေတ္တာရှိတယ် မေတ္တာထားတယ်လို့ အပြောများကြပေမယ့် အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။ အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောမယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒီခေတ်မှာ မိုက်တယ် ဆိုတဲ့စကားတောင် ကောင်းတယ် သဘောကျတယ် နှစ်သက်တယ် လက်ခံတယ် ဆိုတဲ့သဘော အဓိပ္ပါယ်အနေနဲ့ သုံးနေတယ်ဆိုတော့ မေတ္တာကို ညွှန်းဆိုတဲ့ အဒေါသကိုလည်း မေတ္တာထားတယ် မေတ္တာရှိတယ် အစား အဒေါသရှိတယ် အဒေါသထားတယ်လို့ ပြောရင် ရမှာပါ ဘာဖြစ်လို့လည်းဆိုတော့ အဒေါသဆိုတာ မေတ္တာကိုပြောတာဖြစ်လို့ပါ။ မောဟ - အမှန်ကို မသိခြင်း ဆိုတော့ အမောဟက အမှန်ကိုသိခြင်း ပညာပေါ့ အဲဒီ ပညာကို တစ်လုးံချင်း အဓိပ္ပါယ်က ပ- အမျိုးမျိုး ၊ ညာ- သိတယ်။ အမျိုးမျိုးကို သိခြင်း ပညာ ၊ အကြောင်းအရာ တစ်ခုကို အမျိုးမျိုး ဘက်ပေါင်းစုံက သိတာ ပညာပါ ။ တစ်ဖက်သက် အမြင်ရှိတာမျိုးကို ပညာလို့ခေါ်လို့မရပါဘူး၊ မောဟ ဆိုတဲ့ အမှန်ကို မသိခြင်းဖြစ်လာပြီဆိုရင် လိုချင်ခြင်း လောဘလည်း ဖြစ်လာနိုင်သလို ဒေါသလည်း ဖြစ်လို့ လွယ်သွားပါပြီ။ ဥပမာလေး တစ်ခုပြောပြပါ့မယ် တစ်ခါက လူတစ်ယောက် မြစ်ထဲမြောပြီး ကျွန်းပေါ်ရောက်သွားတယ် ကျွန်းပေါ်မှာ လူတစ်ယောက်ဟာ ဦးခေါင်းပေါ်မှာ သင်တုန်းစက်ကြီးရဲ့ လှီးဖြတ်တဲ့ဒဏ်ကို ဆင်းရဲစွာခံစားနေရပါတယ်။ အဲဒီ သင်တုန်းစက်ကြီးကို ကြာပန်းကြီး ပန်ထားတယ် ထင်ပြီး မရမက တောင်းပြီး သူခေါင်းမှာပန်ပါတယ် ။ ခေါင်းပေါ်ရောက်တော့ သူထင်သလို ကြာပန်းမဟုတ်ဘဲ သင်တုန်းစက်ကြီး ဖြစ်နေပြီး အဲ့ဒီသင်တုန်းစက် လှီးဖြတ်တဲ့ဒဏ်ကို သူဟာ ဆင်းရဲစွာ ခံရပါတယ်တဲ့ ။ သင်တုန်းစက်မှန်း မသိလို့ လိုချင်ခဲ့တာပါ တနည်းအားဖြင့် အမှန်ကို မသိခြင်း မောဟကြောင့် လိုချင်ခြင်း လောဘဖြစ်တာပါ ။ နောက်ဥပမာ တစ်ခုပြောပါဦးမယ် စာတော့ နည်းနည်းရှည်သွားပြီထင်တယ်။ တစ်ရက်မှာ စိတ်ကျန်းမာရေး ပါရဂူဆရာဝန်ကြီး ဆေးရုံထဲမှာ လှည့်လည်တော့ လူနာတစ်ယောက်က ဆရာဝန်ကြီးကို မကြားဝံ့ မနာသာ စကားများနဲ့ ဆဲတယ်။ ဒါကို ဆရာဝန်ကြီးက စိတ်မဆိုးပဲ ပြုံးနေတယ်။ ဘာကြောင့်လဲ? ဆရာဝန်ကြီးက ဒီလူဟာ စိတ္တဇ ဝေဒနာသည်မှန်း သိလို့ပါ။ရောဂါသည်ရဲ့ အခြေနေမှန်ကို သိလို့ပါ။ အကယ်၍ ဆရာဝန်ကြီးက ဒီလူအကြောင်း မသိဘူးဆိုရင် ဆရာဝန်ကြီး စိတ်ဆိုးဒေါသ ဖြစ်နိုင်ပါတယ်။ အဲသလိုပါပဲ အမှန်ကို မသိခြင်းမောဟက စိတ်ဆိုခြင်း ဒေါသ ၊ လိုချင်ခြင်း လောဘ ဖြစ်နိုင်သလို ဆရာဝန်ကြီးလို ဝေဒနာသည်ရဲ့ အကြောင်းမှန်ကို သိခြင်း အမောဟ(ပညာ)က စိတ်မဆိုးခြင်း အဒေါသ(မေတ္တာ)ကို ဖြစ်စေပါတယ်။ ဒါက ဟေတု(ဟိတ် ၆ပါး)ရဲ့ အကျဉ်းသိလွယ်ရုံ မျှသာပါ။ ဒါဆိုရင် ဟိတ် ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ် ။ လောဘ ဒေါသ မောဟကို အတော်ကြီး ရင်းနှီးနေပေမယ့် အလောဘ အဒေါသ အမောဟကတော့ ပါဠိစာနဲ့ အထိအတွေ့အားနည်းတဲ့သူ အတွက်တော့ နည်းနည်းနားရှုပ်တတ်ပါတယ်။ လွယ်လွယ်မှတ်လိုက်ပေါ့ အလောဘ အဒေါသ အမောဟတွေမှာ ပါတဲ့ အ -ဆိုတဲ့စကားလုံးလေဟာ no သို့မဟုတ် negative ဆိုတာကို ပြောတာလို့ စိတ်ထဲကမှတ်ထားလိုက်ရင် လွယ်ပါတယ်။ ကျမ်းကိုး အရှင်ဇနကာဘိဝံသ ၏ အခြေပြုပဋ္ဌာန်း ။ ။ အခြေပြုသင်္ဂြိုဟ် လယ်တီဆရာတော် ၏ ပါရမီ ဒီပနီ ငါးရာ့ငါးဆယ် အနှစ်ချုပ် မိလိန္ဒ ပဉှာ(ကုသလာကုသလသမဝိသမ) ဇာတကအဋ္ဌကထာ(၁) ဒုမ္မေဓဇာတက ashinjawtika

from ဖြိုးမင်းဇော် http://ift.tt/2vPEFCf via IFTTT